♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Thursday, April 23, 2015

Skype new version

Android Phone မှာ Facebook သုံးနေရင်း၊ ဘရောက်စာကနေ ၀က်ဆိုက်များ ကြည့်နေရင်းနဲ့ Skype မှာ Video Call ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ Skype ရဲ့ Video Call Window ကို အခြား App များရဲ့ အပေါ်ကနေ Floating Window အနေနဲ့ ပြသပေးနိုင်ပါပြီ။

Android Phone မှာ Multitask ပြုလုပ်ချင်သူများအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Skype Version အသစ်မှာ iPhone ကနေ ပေးပို့တဲ့ ဓါတ်ပုံများကိုလည်း Android ကနေ လက်ခံရယူနိုင်ပါပြီ။ Chats ဟာလည်း ပိုမိုလျှင်မြန်လာပြီး စာသားများကို Bold, Italic, Strikethrough စသဖြင့် Format ပြုလုပ်ပြီး ပေးပို့နိုင်ပါပြီ။

Skype က အဲဒီစွမ်းဆောင်ချက်ကို တက်ဘလက်များအတွက် ထည့်သွင်းပေးထားတာ တစ်နှစ်နီးပါးရှိပါပြီ။ စမတ်ဖုန်းများရဲ့ အရွယ်အစားက ကြီးမားလာပြီး Multitask ပြုလုပ်လာနိုင်တဲ့အတွက် Skype က အဲဒီ စွမ်းဆောင်ချက်ကို ဖုန်းမှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

Android အတွက် Skype Version အသစ်ကို အောက်က လင့်​မှာရယူပါ

https://www.google.co.th/search?site=webhp&q=skype+new+version+update&revid=324729102&sa=X&ei=TdM4VbX6L9LJuASM2IDYBQ&ved=0CEIQ1QIoAA

အဆင်​​ပြေပါ​စေ

Credit: Org

Myartko Orange

✨✨✨✨✨✨✨✨✨✨✨✨✨

No comments:

Post a Comment