♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Friday, May 22, 2015

လက်ဝှေ့ယမ်းလိုက်တာနဲ့ Alarm ကို Silence လုပ်ပေးမယ့် Wave Alarm

ကျောင်းသားများအတွက်သာမက အလုပ်လုပ်ကိုင်နေကြရတဲ့ လူတွေအတွက် မနက်တိုင်းမှာ အချိန်မီနိုးထနိုင်ဖို့ Android Phone များမှာ Alarm Clock App တွေထည့်သွင်းပေးထားကြပါတယ်။ ဖုန်းတွေမှာ နဂိုပါတဲ့ Alarm Clock App တွေထက် စွမ်းဆောင်ချက်ပိုများတဲ့ App တွေကို ဖန်တီးပေးထားကြပါတယ်။ အဲဒီထဲက တစ်ခုက Wave Alarm ဖြစ်ပါတယ်။ Wave Alarm ကို အသုံးပြုရင် အိပ်ယာနိုးထချိန်မှာ ဖုန်းကို လိုက်ရှာပြီး ခလုတ်တွေနှိပ်ပြီး Silence လုပ်ရတဲ့ ဒုက္ခကင်းဝေးမှာ ဖြစ်ပါတယ်။ ဖုန်းအရှေ့မှာ လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ Wave Alarm က Silence လုပ်ပေးမှာ ဖြစ်ပါတယ်။ Wave Alarm က ဖုန်းရဲ့ အရှေ့ဘက်ကင်မရာကို အသုံးပြုပြီး သင် လက်ဝှေ့ယမ်းလိုက်တာကို သိရှိတာ ဖြစ်ပါတယ်။

Wave Alarm ကို အင်စတောလုပ်ပြီးရင် Alarm, Intervals နဲ့ Settings ဆိုတဲ့ ကဏ္ဍသုံးခုကို စကရင်ရဲ့ အပေါ်မှာ ပြသပေးမှာပါ။ Alarm တစ်ခုဖန်တီးဖို့​အောက်​နားမှcreate alarmကိုနိပ်​ပါ
အချိန်သတ်မှတ်ဖို့အတွက် 12:05 ကိုနှိပ်ပါ။
အချိန်သတ်မှတ်ပြီးရင် AM or PM ရွေးချယ်ပေးပါ။ Ringtone ကိုလည်း ပြောင်းလဲနိုင်သလို Repeat ဖြစ်​​အောင်​ပြုလုပ်​နိုင်​ပါတယ်​။ပြီးရင်​okနိပ်​ပါ။
နောက်အဆင့်မှာ အောက်ခြေမှ Add ခလုတ်ကို နှိပ်ပါ။
သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Alarm မြည်​ပါလိမ့်​မယ်
လက်ကို ဖုန်းအရှေ့ဘက်မှာ ဝှေ့ယမ်းပေးလိုက်တာနဲ့ အသံတိတ်​မှာဖြစ်​ပါတယ်
Wave Alarm မှာ Timer လည်းပါရှိပြီး Intervals ကဏ္ဏမှာလည်းအသုံးပြုနိုင်​ပါတယ်
အချိန်သတ်မှတ်တာကတော့ အပေါ်ကနည်းအတိုင်းပဲ ဖြစ်​ပါတယ်
Start ခလုတ်ကို နှိပ်ပြီး Timer ကို စတင်နိုင်ပါတယ်။ အချိန်ပြည့်သွားရင် အသံမြည်ပြီး အသိပေးမှာ ဖြစ်​ပါတယ်
Settings ကဏ္ဍမှာတော့ Camera Sensitivity ကိုချိန်ညှိနိုင်ပါတယ်။ သာမာန်အားဖြင့်တော့ နဂို Settings က အဆင်ပြေပါတယ်။ ဒါပေမယ့် လက်ဝှေ့ယမ်းလို့ အသံတိတ် မသွားဘူးဆိုရင်တော့ Camera Sensitivity ကို တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်း Alarm ကို အသုံးပြုနေကြသူတွေအတွက် Wave Alarm က ပိုမိုအဆင်ပြေတဲ့ နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ Wave Alarm ကို Android 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

https://goo.gl/Hlzz5E
Or

http://www.apk4fun.com/apk/1711/

Or
http://www.apkfull.info/2014/08/wave-alarm-v31-full-apk.html?m=1

Or
http://www.androidapk.ws/app/wave-alarm-apk

အသုံးပြုနိုင်​ပါပြီ

Djtl မှ

✌✌✌✌✌✌✌✌✌✌✌✌✌

No comments:

Post a Comment