♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Tuesday, May 12, 2015

Android Phone မှ ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုနဲ့ App များကို ဖွက်ထားပေးမယ့် Hide It Pro

Android Phone ပိုင်ရှင်တွေအနေနဲ့ ဖုန်းထဲမှာ အခြားသူများမမြင်တွေ့စေချင်တဲ့ ဓါတ်ပုံ၊ ဗီဒီယို စတဲ့ဖိုင်တွေ ရှိကောင်းရှိနိုင်ပါတယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ အရေးကြီးဖိုင်တွေနဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေကို ဖွက်ပေးနိုင်တဲ့ Apps များစွာ ရှိပေမယ့် ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်း စတဲ့ ဖိုင်အမျိုးအစားမျိုးစုံကို ဖွက်ပေးထားနိုင်တဲ့အပြင် Apps များကိုပါ ဖွက်ပေးထားနိုင်တာကတော့ Hide It Pro လို့ အမည်ရတဲ့ App ဖြစ်ပါတယ်။

Hide It Pro ကို အင်စတောလုပ်ပြီးရင် Audio Manager အမည်နဲ့ App Drawer မှာ ရှာတွေ့နိုင်ပါတယ်။ Audio Manager လို့ အမည်ပြောင်းလိုက်တဲ့အတွက် ဖိုင်တွေကို ဖွက်ပေးတဲ့ App မှန်း အခြားသူများက
မသိနိုင်​​တော့ပါဘူး

Audio Manager ကို ပထမဆုံး အကြိမ်ဖွင့်ရင် တကယ့် Hide It Pro App ကို အသုံးပြုဖို့ အပေါ်ထိပ်ဆုံးမှ Audio Manager စာသားကို ဖိထားဖို့ ပြောမှာပါ။

ဖိထားပေးပါ။ စက္ကန့်အနည်းငယ် အကြာမှာ Hide It Pro ထဲ​ရောက်​သွားမှာပါ
: ပထမဆုံး အနေနဲ့ Hide It Pro ကို အခြားသူတွေဖွင့်လို့မရအောင် PIN or Password ထည့်​​ပေးပါနှစ်​သက်​ရာ​ပေါ့
နောက်အဆင့်မှာ PIN or Password မေ့သွားရင် သင့်ကို ပြန်လည် အသိပေးဖို့အတွက် သင့်ရဲ့ အီးမေးကို ထည့်​​ပေးပြီးအို​ကေနိပ်​ပါ
ပြီးရင်တော့ Audio Manager Screen ကို ပြန်ရောက်သွားမှာပါ။

ထိပ်ဆုံးမှ စာသားကို ဖိထားပြီး PIN or Password ထည့်​​ပေးပါ
ဒါဆိုရင် ဖိုင်တွေဖွက်နိုင်တဲ့ Vault စကရင်ကို ရောက်သွားမှာပါ။ ဓါတ်ပုံတွေကိုဖွက်ဖို့အတွက် Photos ကိုနိပ်​ပါ
New Album ကိုနှိပ်ပါ။
နောက်အဆင့်မှာ ညာဘက်အပေါ်ထိပ်မှ Plus Button ကိုနိပ်​ပါ
ဖွက်ချင်တဲ့ ဓါတ်ပုံများကို ရွေးချယ်ပြီး အောက်ခြေမှ Hide ကိုနိပ်​ပါ
ပြီးရင်​​တော့​နောက်​ဆုံးအို​ကေ​ပေါ့ဗျာ
ဒီနည်းအတိုင်းပဲ သီချင်း၊ ဗီဒီယိုများကို ဖွက်ထားနိုင်ပါတယ်။

App များကို ဖွက်ဖို့အတွက်တော့ Vault Screen မှ Hide Apps ထဲသွားပါ။ ညာဘက်ကနေ ဘယ်ဘက်ကို ပွတ်​ဆွဲသွားပါ
All Apps ကဏ္ဍအောက်မှာ သင့်ဖုန်းမှ Apps အားလုံးကို ပြသထားမှာ ဖြစ်ပြီး ဖွက်ချင်တဲ့ Apps ကို တစ်ချက်နှိပ်ပါ။
ဒါဆိုရင် အဲဒီ Apps တွေကို Home Screen မှာရော App Drawer မှာပါ အခြားသူတွေ မြင်တွေ့နိုင်မှာ မဟုတ်တော့ပါဘူး။ သင်အသုံးပြုချင်တဲ့ အချိန်ကျမှ Hide It Pro ထဲသွားပြီး ဖွင့်နိုင်ပါတယ်။

Hide It Pro or Audio Manager ဟာ ဖုန်းတိုင်းမှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ App လို့တောင် ပြောလို့ရပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဖိုင်တွေကို ကာကွယ်ထားချင်ရင်တော့ ကောင်းမွန်တဲ့ App တစ်ခုပါ။ Android 2.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

http://www.google.co.th/search?q=hide+it+pro+apk+free+download&revid=937648599&sa=X&ei=W_xRVdnhGJO4uATFz4DwBw&ved=0CEAQ1QIoAw

Or

http://www.google.co.th/search?q=hide+it+pro+apk&revid=937648599&sa=X&ei=W_xRVdnhGJO4uATFz4DwBw&ved=0CD8Q1QIoAg

Or

http://www.google.co.th/search?q=hide+it+pro+download&revid=90939670&sa=X&ei=ovxRVZyWKo-wuASvi4E4&ved=0CD0Q1QIoAA

For iphone

http://www.google.co.th/search?q=hide+it+pro+for+iphone&revid=90939670&sa=X&ei=ovxRVZyWKo-wuASvi4E4&ved=0CEIQ1QIoBQ

For pc

http://www.google.co.th/search?q=hide+it+pro+for+pc&revid=90939670&sa=X&ei=ovxRVZyWKo-wuASvi4E4&ved=0CD4Q1QIoAQ

အဆင်​​ပြေပါ​စေ 
အောက်​မယ်​ပုံ​လေး​တွေ​နော်

Myartko Orange

✌✌✌✌✌✌✌✌✌✌✌✌✌

No comments:

Post a Comment