♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Monday, May 18, 2015

Emotional Intelligence (EI) ဆိုတာ

Emotional Intelligence (EI) ဆိုတာဟာ လူမှုဆက်ဆံရေးအပြုအမှုကို သွက်လက်မြန်ဆန်စေရန် လိုအပ်သော လူမှုအတတ်ပညာနှင့် ထိုးထွင်းသိမြင်နိုင်မှုစွမ်းရည်တို့၏နယ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။
ဉာဏ်ရည်ဉာဏ်သွေးဆိုသည်မှာ ခွဲခြားသတ်မှတ်ရန်အတွက် ကျယ်ပြန့်လွန်းလှတာပါ။ အဲဒီအထဲမှာ ရည်မှန်းချက်ပန်းတိုင်ရောက်ရန် ပြုပြင်ပြောင်းလဲနိုင်တဲ့ အမူအကျင့်လည်း ပါဝင်ပါတယ်။ ကိုယ်ပိုင်ဗဟုသုတနှင့် လူမှုကိစ္စများ၌ အသားကျအောင် ပြုပြင်နေထိုင်နိုင်စွမ်းတို့အပေါ် တွန်ချိန်ညှိလုပ်ကိုင်နိုင်မှုတို့သည် Emotional Intelligence ရဲ့ အဓိကထားတဲ့ ဉာဏ်ရည်ဉာဏ်သွေး လက္ခဏာသွင်ပြင် ဖြစ်ပါတယ်။ ဒီစကားလုံးဟာ Developing emotional intelligence ဆိုတဲ့ခေါင်းစဉ်နဲ့ စိတ်ခံစားမှုကို ဒေါက်တာဘွဲ့အတွက်စာတမ်းတင်ခဲ့တဲ့ Wayne Poyne ရဲ့စာတမ်းကနေ ပထမဆုံးထွက်ပေးလာခဲ့တာပါ။ Payne ရဲ့ thesis မှာတော့ လူမှုသမိုင်းဖြစ်စဉ်အတွင်းရှိ စိတ်ခံစားမှုအကြောင်းကို အဓိကထားလေ့လာခဲ့ပါတယ်။ ဒီကိစ္စတွေမှာ ကိုလိုနီပြုခံရမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ ဖျားနာမှု၊ ဘာသာရေးပဋိပက္ခ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကဲ့သို့ ကျယ်ပြန့်တဲ့ပြဿနာရပ်တွေ ပါဝင်ပါတယ်။ စိတ္တဗေဒနှင့် ပြုမူလုပ်ဆောင်ချက်ဆိုင်ရာ သိပ္ပံစာရေးဆရာဖြစ်သူ Daniel Goleman ဟာ ၁၉၉၅ ခုနှစ်မှာရေးသားတဲ့ စာအုပ်မှာ Emotional Intelligence ဆိုတဲ့ သဘောတရားတွေပါဝင်ခဲ့ပြီး Emotional Intelligence ဆိုတဲ့အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်။ ၎င်းစာအုပ်ဟာ လူကြိုက်များခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ၎င်းရဲ့ဒုတိ ယစာအုပ် Working With Emotional Intelligence ကိုထုတ်ခဲ့ပါတယ်။ Goleman ကတော့ Emotional Intelligence ဟာ အောင်မြင်မှုရဲ့ အကြီးမားဆုံး ကြိုတင်ခန့်မှန်းချက်တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ Goleman နဲ့အခြားသူများက IQ (intelligence quotient) နှင့်တန်းတူ EQ (emotional intelligence quotient) ကို စမ်းသပ်စစ်ဆေးနိုင်ဖို့ ပြုလုပ်ခဲ့ကြပါတယ်။ IQ စမ်းသပ်မှုကိုတော့ သင်္ချာစွမ်းရည်နဲ့စမ်းသပ်ပြီး EQ စမ်းသပ်မှုကတော့ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံနိုင်တဲ့ ပုဂ္ဂလစွမ်းရည်အပေါ်မှာ ပိုမိုအဓိကထားပါတယ်။ ၎င်းးရဲ့အရည်အသွေးနဲ့ စွမ်းရည်ကို ချင့်တွက်ဖို့အတွက်ကတော့ ကိုယ်ပိုင်အသိနဲ့ စာနာစိတ်ကဲ့သို့သော စိတ်အရည်အသွေးတို့ဖြင့် တိုင်းတာတွက်ချက်ပါတယ်။ Goleman က Emotional intelligence ဆိုတာဟာ ဘုံရည်မှန်းချက်ကိုရောက်ဖို့အတွက် အတူတကွ လုပ်ဆောင်မှုအတွက် ဖော်ပြလုပ်ဆောင်တဲ့ စိတ်ခံစားမှုကိုရည်ညွှန်းပြီး အဓိပ္ပါယ်ဖွင့်နိုင်တယ်လို့ ဆိုပါတယ်။ Goleman ရဲ့အဆိုအရ Emotional intelligence ရဲ့ အဓိကအရည်အသွေးလေးခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Self-Awareness (ကိုယ်ပိုင်အသိတရား)
- Self-Management (ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲနိုင်မှု)
- Social Awareness (လူမှုရေးအသိတရား)
- Relationship Management (လူမှုဆက်ဆံရေးတွင် စီမံခန့်ခွဲလုပ်ကိုင်နိုင်စွမ်း)

source >>>အင်တာနက်ဂျာနယ်

No comments:

Post a Comment