♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Monday, May 18, 2015

Metro Ethernet

Metro Ethernet ဆိုတာဟာ ကွန်ပျူတာကွန်ရက်တစ်ခုဖြစ်ပါတယ်။ ၎င်းကွန်ရက်ဟာ သတ်မှတ်ထားသောမြို့ပြနယ်ပယ်ဧရိယာတစ်ခုအတွင်း ချိတ်ဆက်ထားသောကွန်ရက်အတွင်း Carrier Ethernet အဖြစ်အသုံးပြုနိုင်တဲ့ နည်းပညာကိုခေါ်တာပါ။ Metro Ethernet ဟာ ငွေကြေးကုန်ကျမှုနည်းပါးခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ bandwidth ကိုစီမံခန့်ခွဲမှုပြုနိုင်ခြင်းနှင့် scalability တို့ကိုအများစုသော proprietary ကွန်ရက်များအတွက် သာလွန်ကောင်းမွန် စေရန်ပေးစွမ်းနိုင်ပါတယ်။ Metro Ethernet ဟာ စီးပွားရေးဆိုင်ရာ local area netwoks (LANs) နှင့်ချိတ်ဆက်နိုင်သလို အင်တာနက်သို့မဟုတ် wide area network (WAN) အတွင်းသုံးစွဲနေသော လူတစ်ဦးချင်းစီနှင့်ဆက် သွယ်နိုင်ပါတယ်။
မြို့ကြီးများတွင်းတွင်ရှိနေသော ကော်ပရေးရှင်းများ၊ ပညာရေးအင်စတီကျူးရှင်းများနှင့် အစိုးရအေဂျင်စီများတို့က Metro Ethernet နည်းပညာကိုသုံးစွဲပြီး ရုံးခန်းများသို့မဟုတ် ၎င်းတို့ရဲ့လုပ်ငန်းနယ်ပယ်များအတွင်းချိတ်ဆက်ပြီး intranet အဖြစ် အသုံးပြုနိုင်ပါတယ်။ Metro Ethernet စနစ်ဟာ Star network သို့မဟုတ် mesh network topology ကိုသုံးစွဲကြပါတယ်။ ကိုယ်ပိုင် router များသို့မဟုတ် server များရှိပြီး ကေဘယ်ကြိုးများသို့မဟုတ် fiber optic media များနှင့် ချိတ်ဆက်ထားတာဖြစ်ပါတယ်။
Bandwidth တူညီတဲ့ SONET/SDH သို့မဟုတ် PHD interface တို့ထက် တန်ဖိုးနည်းပါးပါတယ်။ Metropolitan Area Network ဟာ service provider နဲ့သုံးစွဲသူတွေနှစ်ဦးစလုံးအတွက် ကောင်းကျိုးတွေများစွာရှိပါတယ်။ ငွေကြေးသုံးစွဲနိုင်မှုနည်းပါးတဲ့ ကျေးလက်ဒေသတွေအတွက်သင့်တော်ပါတယ်

No comments:

Post a Comment