♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Wednesday, July 22, 2015

ADB အကြောင်း ပြောကြရအောင် (၁+၂+၃)

အဟောင်းpost မဖတ်ရသေးသော ညီအကိုတွေ အတွက် Post 3ခုအား တစ်စုတည်း ဖော်ပြထားပါတယ်။
ADB File ယူရန် ---> https://www.mediafire.com/folder/xmywsgcxb1oss/ADB
Android SDK ယူရန် -------> https://developer.android.com/sdk/index.html
Software သမားတစ်ယောက် လုပ်တော့မယ်ဆို ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက ADB Comment Line တွေအကြောင်းပါ။ADB ကဘာတွေကောင်းတယ် ၊ ဘယ်လောက်ထိ အသုံးဝင်လဲဆိုတာကို ကိုယ်တိုင်လေ့လာကြည့်မှရမှာပါ။
စတင်ခြင်း
ADB = Android Debug Bridge ကိုအတိုကောက် ခေါ်ဝေါ်တာပါ။
Coumputer နဲ့ Android Phone တွေကိုချိတ်ဆက်တဲ့ အခါမှာ ADB Driver ကို Coumputer ကသိနေဖို့လိုအပ်ပါတယ်။ADB ကိုသိနေမှသာ Android Command တွေကို ခိုင်းစေနိုင်မှာပါ။
Android Device တွေဟာ အမျိုးအစားများတော့ သက်ဆိုင်ရာ ADB Driver လဲလိုအပ်ကောင်း
လိုအပ်ပါလိမ့်မည်။အဓိက လိုအပ်တာကတော့ Google Driver ပါ။ဘာကြောင့်လဲဆိုတော့ Android ဆိုတာကြီးကို Google ကပိုင်ဆိုင်တာပါ။တစ်နည်းအားဖြင့် မူပိုင်ရရှိထားတာပါ။
ADB ဆိုတာ Android SDK မှာပါတဲ့ toolkit တစ်ခုပါ။ Adb ကိုကသုံးပြုနိုင်တဲ့ နည်းလမ်း ၂ခုရှိပါတယ်။
တစ်ခုကတော့ Android SDK ပါ။ နောက်တစ်ခုကတော့ adb.exe ၊ adb Winapi.dll ၊ adbWinUsbapi.dill စုစုပေါင်း (၃)ဖိုင်ပဲလိုအပ်တာပါ။သို့သော်လဲ fastboot.exe လဲထည့်ထားသင့်ပါတယ်။ဒါကြောင့် စုစုပေါင်း
(၄)ဖိုင် ဖြစ်သွားပါလိမ့်မည်။အဲ့ဖိုင်လေးဖိုင်ကို folder တစ်ခုထဲထည့်ပြီးတော့ rename ကို adb လို့ ပေးပြီးတော့ “ C” device အောက်မှာထားပေးပါ။fastboot.exe ကိုဘာကြောင့်ထည့်လဲဆိုတော့ adb နဲ့ ဆင်တူတဲ့ fastboot Command တွေအကြောင်းတွေပါနေလို့ပါ။
ဟုတ်ကဲ့ စာဖတ်သူအနေဖြင့် နည်းလမ်း ၂ ခုကဘာကွာလဲ မေးခဲ့မယ်ဆိုရင်တော့ ဖြေစရာကရှိပါတယ်။
အဲ့တာက ဘာလဲဆိုတော့ Android SDK (Android-sdk - platform-tools )ကနေသုံးမယ်ဆိုရင်တော့ googel က SDK ကို အမြဲတမ်း update လုပ်ပေးနေတာကြောင့် ADB ကိုအသုံးပြုတဲ့အခါ adb is out of date (or) can not start android daemon ဆိုတဲ့ error ကိုတွေ့ရမှာမဟုတ်ပါဘူး။
အဲလိုသာ လုပ်ပြီးပြီဆိုရင်တော့ စာဖတ်သူဟာ adb ကို စတင် အသုံးပြုလို့ ရတဲ့ သူ တစ်ယောက်ဖြစ်နေပါပြီ။
နောက်နေ့ကြရင် adb ကနေ ဘာတွေလုပ်လို့ရတယ်။Android device ၇ဲ့ System တွေကို ဘယ်လိုပြာင်းလဲလို့ရတယ်ဆိုတာကို ဥာဏ်မီသလောက် ရေးပေးပါ့မယ်။စာရေးသူဟာလဲ လူထဲက လူတစ်ယောက်မို့ အမှားနဲ့ မကင်းနိုင်ပါဘူး။ဒါကြောင့် မှားတာပါရင် ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။
Post တွေကိုလည်း အများအပြား တင်ပေးချင်ပါတယ်။ရေးပေးချင်ပါတယ် သို့သော်လည်း စာရေးသူရဲ့
ဝမ်းစာဟာ စာရေးတဲ့ အလုပ်မဟုတ်တာကြောင့် တစ်ထွာလောက်ရှိတဲ့ ၀မ်းဗိုက်လေးကို ပြည့်ဖို့ အတွက်
အလုပ်တွေ လုပ်နေရပါတယ်။ဒီအတွက် တစ်ပတ်ကို သုံး၊ လေးပုဒ်လောက်သာ ရေးနိုင်တာကိုတော့ နားလည်ပေးပါလို့ မျှော်လင့်ရင်း အပိုင်း (၂)ကို ဆက်ပြီးတော့ ဖတ်ပေးကြပါအုံးလို့ မျှော်လင့်ပါတယ်။
ADB အကြောင်း ပြောကြရအောင် အပိုင်း (၃)
ကဲ ဆက်ပြောကြည့်မယ်ဂျာ။ADB တွေကို ဘယ်လိုအသုံးဝင်တယ် ဆိုတာကို သိရအောင် လုပ်ရအောင်
ပထမဦးဆုံး window ရယ် R ရယ်တွဲနှိပ်လိုက်ပါ။box တစ်ခုကျလာပါလိမ့်မယ်။cmd လို့ရိုက်လိုက်ပါ။box တစ်ခုထပ်ကျလာပါလိမ့်မယ်။အဲမှာ adb help လို့ရိုက်ကြည့်လိုက်ဗျာ။ အများကြီးကြလာပါမယ်။အဲ့လောက် ရှုပ်နေတာတွေက ဘာတွေလဲ ဆိုတော့ ကျွန်တော်တို့ အခုလေ့လာနေတဲ့ ADB ရဲ့ အသုံးဝင်ပုံတွေ ကျလာတာပါ။အရမ်းရှုပ်တယ် မထင်ပါနဲ့ သူနဲ့ တူတဲ့ အကြောင်းအရာလေးတွစုလိုက်ပါမယ်။စာဖတ်သူတို့ကတော့ စုစရာ မလိုအောင် အလွယ်ဆုံးနည်းလမ်းလေးတွေနဲ့ ရှင်းပြပေးပါ့မယ်။
Project 1
Install , uninstall , updateing for mobile applaction.
မိုလ်ဘိုင်းဖုန်း ထဲသို applaction များ တင်ခြင်း ၊ ဖျက်ခြင်း
ပထမဦးဆုံး ဖိုလ်ဒါ တစ်ခုဆောက်ပါ။
ဖိုဒါထဲသို့ Download ဆွဲထားတဲ့ folder ထဲမှ ဖိုင်(၄)ဖိုင်ကို Copy ထည့်ပါ။
ဖိုင် ၄ ဖိုင် ထည့်ထားသော Folder ၏ နေရာလွတ်တွင် Shift နှင့် Right Click တွဲနှိပ်လိုက်ပါ။
Open command window here ဆိုပြီးတော့ ပေါ်လာပါလိမ့်မယ်။
adb devices လို့ရိုက်ထည့်ကြည့်ပါ။
ကွန်ပြူတာ နှင့် ချိတ်ဆက်ထားသော device ရဲ့ driver ကိုဖော်ပြပေးပါလိမ့်မည်။
ချိတ်ဆက်ထာမှုရှိတယ်ဆိုရင်တော့ List of devices attached 0123456789ABCDEF
ဆိုပြီးတော့ ပြသပါလိမ့်မည်။
ချိတ်ဆက်ထားမှုမရှိလျှင် List of devices attached ဟုဖော်ပြပါလိမ့်မယ်။
ချိတ်ဆက်ထားမှုရှိပါက ဖုန်းကို reboot ချချင်ပါက adb reboot လိုရိုက်နိုင်ပါတယ်။
ဒါမမဟုတ် ကိုယ်က recovery ၀င်ချင်ပါက adb reboot recovery လို့ရိုက်ပြီးဝင်နိုင်ပါတယ်ဂျာ။
တစ်ကယ်လို့ စာဖတ်သူရဲ့ ဖုန်းဟာ Samsung ဖုန်းဆိုရင်တော့ Download mode ဆိုတာကိုဝင်နိုင်ပါသေးတယ်။
adb reboot download ပါ။
နောက်တစ်ခုကတော့ adb reboot bootloader ပါ သူကတော့ Coumputer နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းကို
Bootloader (သို့) fastboot mode ကိုဝင်ရောက်နိုင်မှာပါ။
ဒါတွေအကုန်လုံးက အခြေခံ ADB Command တွေပါ။
ချုံ့လိုက်မယ်ဆို
adb devices - ချိတ်ဆက်ထားသော device ရှိမရှိ ကြည့်ရန်။
adb reboot - ချိတ်ဆက်ထားသော device ကို reboot ချရန်။
adb reboot recovery – ချိတ်ဆက်ထားတဲ့ device ကို recovery mode ၀င်ရန်။
adb reboot download - samsung device တွေကို download mode ၀င်ရန်။
adb reboot bootloader- ချိတ်ဆက်ထားသော device ကို bootloader mod (or) fastboot mode ၀င်ရန်။
ကဲဆက်ကြရအောင်လို့ ADB အကြောင်းလေးတွေ…….
adb install (applaction name) – ဒါလေးကတော့ Coumputer မှာရှိနေတဲ့ Android applaction တွေကို တစ်ခါတည်း Mobile Phone ထဲကို တစ်ခါတည်း install လုပ် (ထည့်သွင်း)တာပါ။
ဥပမာပြောရရင်တော့ ကိုယ်သွင်းချင်တဲ့ apk က D ထဲမှာရှိတယ်။သွင်းချင်တဲ့ apk နာမည်က Zapya.apk
ဟုတ်ပြီ အဲတာဆို ရိုက်ကမဲ့ စာက “ adb install D:\Zapya.apk” လို့ရိုက်ကမှာပါ။
Adb install –r (applaction name) – ‘ကိုယ့်မှာရှိတဲ့ solftware ကိုမဖြုတ်ပဲ upgrade လုပ်တာပါ။
ဥပမာပြောရရင် ကိုယ်က Coc ဆော့နေတယ် ။ကိုယ့် COC ကလည်း Gmail နဲ့ မချိတ်ထားမိဘူး။တစ်ကယ်လို့ update လုပ်ရင်လဲ ဆော့ထားတာလေး ပျက်သွားမယ် ။အဲ့လိုအခြေနေလေးမှာ ဒီ commend တစ်ကြောင်းက တော်တော်လေး အသုံးဝင်တယ်ဗျ။
ကဲ တစ်ခုလောက် ထပ်လုပ်ကြည့်မယ်ဗျာ။ ကိုယ်ထဲ့ချင်တဲ့ COC က D မှာရှိတယ်။ Local D ထဲမှာ ဒီအတိုင်းတော့ရှိနေတာမဟုတ်ဘူးဗျ။ဖိုလ်ဒါထဲထည့်ထားတာ ဖိုလ်ဒါ နာမည်က Game လို့နာမည်ပေးထားတယ်။apk နာမည်က Clash of Clan.apk လို့ထားပါတော့၊
ဒါဆို ရိုက်ကမဲ့ Commend u “adb install –r D:\Game\Clash of Clan.apk” ဆိုပြီးတော့ ရိုက်ကမယ်ဗျ။
Adb install –s (applaction name) – ဒါလေးကတော့ ကိုယ့်ဖုန်းထဲကို install လုပ်တဲ့အခါ internal ထဲကိုမထည့်ပဲ external storage(SD Card) ထဲကိုပဲသွင်ပေးမှာပါ။
Adb uninstall (package name) – ဒါကတော့ ဖုန်းထဲမှာ install လုပ်ထားတဲ့ applaction တွေကို uninstall လုပ်တာပါ။သို့ပင်မဲ့ အရင် commend တွေလို applaction name နဲ့ပြန်ဖြုတ်လို့မရတော့ဘူး။သူကတော့ ဒီ applaction package name ကို ထည့်မှရတော့မှာပါ။
Adb uninstall –k “Package name” - သူကတော့ ကိုယ်က Game တစ်ခုခုကို ဆော့တယ်။အကြောင်းကြောင်းကြောင့် ဖျက်ပစ်ရမယ်။ဒါပင်မဲ့ နောက်တစ်ခါ ပြန်ထည့်ရင် အရင်နေရာကပဲ ပြန်ဆော့ချင်တဲ့ အခါ အသုံပြုပါတယ်။ပြောမယ်ဆိုရင် applaction ကိုသာ ဖျက်ပြစ်ပြီး Data မဖျက်ချင်တဲ့ အခါ သုံးပါတယ်။
ကျွန်တော် ပြောခဲ့ဘူးတဲ့ အခြေခံ Commend လေးတွေ ကိုပြန်ချရေးကြည့်မယ်နော်။
1. adb devices - ချိတ်ဆက်ထားသော device ရှိမရှိ ကြည့်ရန်။
2. adb reboot - ချိတ်ဆက်ထားသော device ကို reboot ချရန်။
3. adb reboot recovery – ချိတ်ဆက်ထားတဲ့ device ကို recovery mode ၀င်ရန်။
4. adb reboot download - samsung device တွေကို download mode ၀င်ရန်။
5. adb reboot bootloader- ချိတ်ဆက်ထားသော device ကို bootloader mod (or) fastboot mode ၀င်ရန်။
6. adb install (applaction name.apk) – computer ထဲမှ applaction ကိုဖုန်းထဲသို့ ထည့်ခြင်း။
7. adb install –r (applaction name.apk) - ရှိပြီးသား software ကိုမဖြုတ်ပဲ upgrade လုပ်ခြင်း။
8. adb install –s (applaction name.apk) – sd Card (or) External Storage တွင် applaction installလုပ်ခြင်း။
9. adb uninstall (package name) – ဖုန်းတွင်ရှိပြီးသား applaction အား uninstall ပြုလုပ်ခြင်း။
10. adb uninstall –k “package name” - ဖုန်းတွင်ရှိသော applaction ဖြုတ်ရာတွင် data မပျက်ချင်သော နေရာတွင်သာ သုံးသည်။

Credit:Org








No comments:

Post a Comment