♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Monday, July 20, 2015

စမ်းသပ်အသုံးပြုသင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခု

Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင်ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေဟာ အရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြပါတယ်။ ကွန်ပြူတာတွေ ဖြစ်ကြတဲ့အတွက် လျှို့ဝှက်နက်နဲတဲ့ စွမ်းဆောင်ချက်တွေလည်း ပါရှိလာကြပါတယ်။ အဲဒီအထဲက လူတွေ သိပ်အသုံးမပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေကို ရေးသားပေးလိုက်ပါတယ်။

၁။ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုပါ။

Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်းပေးထားပါတယ်။ နာမည်ကြားရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်းကစားရာမှာ ဂရပ်ဖစ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developar optionကို
တွေမြင်​နိုင်​ပါပြီ

၂။ သင့်ဖုန်းကို နှေးကွေးစေတဲ့ Apps များကို ရှာဖွေဖော်ထုတ်ပါ။

Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေအနေအားလုံးကို ဖော်ပြပေးနိုင်ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို နှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင်ပါတယ်။ RAM စားသုံးမှုများတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်​ရဲ့ဖုန်းကို​ပေါ့ပါး
မြန်ဆန်​​စေနိုင်​ပါတယ်

၃။ မှန်ဘီလူးကို အသုံးပြုပါ။

Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံးဝင်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာမဆို သုံးချက်နှိပ်လိုက်တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက်နှိပ်ပြီး နောက်ဆုံးအချက်မှာ ဖိထားရင် ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင်ရမှာပါ။ သာမာန်အတိုင်း သုံးချက်နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Mode ကနေထွက်ဖို့ သုံးချက်ပြန်နှိပ်ပေးပါ။ Magnification Mode မှာ နေရာပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်းနှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။
Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch. Zoom ထဲက​နေမှန်​ဘီလူးကိုအသုံးပြုနိုင်​ပါတယ်

၎။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။

Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက်ဖတ်ပြပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း လူသိနည်းကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကိုရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကိုရွေးပေးနိုင်ပါတယ်။ ပြီးရင်တော့ TTS ကို အထောက်အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။ ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက်​ဖတ်​ပြခိုင်းနိုင်​ပါတယ်​။

Via:djtl ကိုသူရ







1 comment:

  1. အစ်​ကို inter auto open ဖြစ်​​နေလို့ ကူညီပါအုံး အစ်​ကို site မှာ ရှာတာလဲ မ​တွေ့ဘူး link ​လေး တစ်​ချက်​​လောက်

    Facebook .....Cable Skip Box ကို CB က​နေပို့​ပေးလို့ အဆင်​​ပြေမလား မသိဘူး

    ReplyDelete