♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Monday, July 20, 2015

Facebook Sticker များကို ဓါတ်ပုံများမှာ ထည့်သွင်းပေးမယ့် Stickered for Messenger

Facebook က သူ့ရဲ့ စတစ်ကာလေးများကို ဓါတ်ပုံများမှာ ထည့်သွင်းနိုင်တဲ့ Stickered for Messenger ဆိုတဲ့ Android နဲ့ iOS App ကို ဖြန့်ချီပေးလိုက်ပါတယ်။ App ကို အသုံးပြုပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံများမှာ စတစ်ကာများကို ထည့်သွင်းနိုင်သလို စတစ်ကာများနဲ့အတူ ဓါတ်ပုံရိုက်နိုင်ပါတယ်။

Stickered for Messenger ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ။ App ကိုဖွင့်လိုက်ရင် ကင်မရာကို ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။ ဖုန်းထဲက ဓါတ်ပုံတစ်ခုကို ရွေးချယ်ဖို့အတွက် ဘယ်​ဖက်​​အောက်​​ခြေမှဓါက်ပုံ​အိုင်​ကွန်​ကိုနိပ်​ပါ

ဖုန်းထဲမှ ဓါတ်ပုံတစ်ခုကို ရွေးပါ။ ပြီးရင်တော့ ညာဘက်အပေါ်ထောင့်မှ အပေါင်း လက္ခဏာ အိုင်ကွန်ကို နှိပ်​ပါ

နောက်အဆင့်မှာ စတစ်ကာလေးများကို တွေ့ရမှာပါ။ ထည့်သွင်းချင်တဲ့ Sticker Pack တစ်ခုကို တစ်ချက်နှိပ်ပါ။ Aaကိုနိပ်​ရင်​ဓာက်​ပုံ​ပေါ်မှာစာများထည့်​သွင်းနိုင်​မှာဖြစ်​ပါတယ်

ဓာက်​ပုံ​ရွေးထည့်​ပါ
ွအကြီးအ​သေးလိုအပ်​သလိုချိန်​ပါ
ပုံ​လေးကိုဖိပြီးစိတ်​ကြိုက်​​နေရာချနိုင်​ပါတယ်

စတစ်ကာတွေထည့်သွင်းပြီးရင်တော့ ဖုန်းမှာ သိမ်းဖို့အတွက် ညာဘက်အောက်ခြေမှ မျှားပုံကို နှိပ်ပါ။ သူငယ်ချင်းများထံ ဓါတ်ပုံကို ပေးပို့ဖို့အတွက် အောက်ခြေမှ Messenger Icon ကိုနှိပ်ပါ။ ဓါတ်ပုံကို ပေးပို့ချင်တဲ့ သူငယ်ချင်းများကို ရွေးချယ်ပြီး မျှားအိုင်​ကွန်​ကိုနိပ်​ပါ

ဒါဆိုရင် App ရဲ့ Home Screen ကို ပြန်ရောက်သွားမှာပါ။ နောက်ထပ် ဓါတ်ပုံတစ်ခုကို စတစ်ကာထည့်သွင်းဖို့အတွက် Back Button ကိုနှိပ်ပေးရမှာပါ။ ဒါဆိုရင် ကင်မရာကို ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ App က စတစ်ကာလေးများနဲ့ အတူ ဓါတ်ပုံရိုက်ကူးနိုင်ဖို့ ပံ့ပိုးပေးထားပါတယ်။ အပေါင်း လက္ခဏာ အိုင်ကွန်ကို နှိပ်ပြီး စတစ်ကာလေးများထည့်သွင်းနိုင်ပါတယ်။ ပြီးရင်တော့ အောက်​​ခြေအလယ်​မှခလုပ်​ကိုနိပ်​ပြီ့း​ဓာက်​ပုံရိုက်​ပါ

ရိုက်ကူးထားတဲ့ ဓါတ်ပုံကို ဖုန်းမှာ သိမ်းဖို့ ညာဘက်အောက်ခြေမှ မျှားအိုင်ကွန်ကို နှိပ်ပါ။ Messenger ခလုတ်ကို နှိပ်ပြီး သူငယ်ချင်းများထံ ပေးပို့နိုင်​ပါတယ်​။

Stickered for Messenger ကို Android 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download Stickered for Messenger

သူ့မူရင်းလင့်​က playstore ကပါ
ကျ​နော်​ဒီက Apk4fun link
ထည့်​​ပေးလိုက်​ပါတယ်

လင့်​ကိုနိပ်​ပါ​နောက်​တဆင့်​မယ်
အောက်​နားဆင်းပါလင့်​၎ခု​တွေ့ပါမယ်
ကြိုက်​ရာလင့်​ကိုနိပ်​ပါ
ဆက်​၀င်​သွားတဲ့လင့်​မယ်​​ဒေါင်းရန်​​ပေါ်လာပါလိမ့်​မယ်

http://www.apk4fun.com/apk/32030/


No comments:

Post a Comment