♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Thursday, July 9, 2015

Mail Server အကြောင်း

အဓိကတော့ Exchange Mail Server အကြောင်း ရေးချင်တာပါ။ မြန်မာ Forum တွေထဲမှာလည်း Exchange Mail Server အကြောင်း Forum ရေးထားတာ သိပ်မတွေ့မိသေးပါဘူး။မြန်မာလို စာအုပ်တွေလည်း မရှိပါဘူး။ ဒါကြောင့် Network ကို လေ့လာသူတွေ အထောက်အကူ ရလိုရများ ရေးလိုက်ပါတယ်။ ကျွန်တော်လည်း Networking ဘက် စလိုက်တုန်းက Exchange Server အကြောင်းကို  စပ်ကြား စပ်ကြား ကြားမိပါတယ်။ အဲ့တုန်းကတော့ Exchange Server ဆိုတာ Phone ရုံးမှာသုံးတဲ့ Server ကြီးများလားလို့။ Exchange Server လို့ပြောတာနဲ့ ဖုန်းရုံးဘဲ ပြေးပြေးမြင်မိပါတယ်။ နောက်မှ Exchange Server ဆိုတာ Mail Server ကြီးပါလား လို့သိခဲ့တာပါ။ Network field မှာကတော့ Sharing ပြီးရင် Email ကတော့ တော်တော်လုပ်ရတယ်ဗျ။ Mail Rule ချပေးတာတို့၊ Email Backup၊ Restore လုပ်ရတာတို့၊ Email Setup လုပ်ပေးရတာတို့ပေါ့။ အဓိကတော့ Mail Server ထိုင်ပေးရတာပါ။ Mail server ထိုင်ပြီးမှသာ user တွေ တစ်ယောက်နဲ့ တစ်ယောက် ရုံးအတွင်းမှာ Email ပို့နိုင်ကြမှာလေ။ internet မတပ်ထားလည်း ရုံးအတွင်းမှာ user တွေအချင်းချင်း email ပို့နိုင်ကြမှာပါ။ Internet တပ်ထားပြီး External mail account ရှိရင် (ဒါမှမဟုတ်) Public IP ရှိပြီး domain name ၀ယ်ထားရင် လည်း user တွေ လက်ရှိရုံးအတွင်းမှာသုံးနေတဲ့ email account ကို ဘဲသုံးပြီး internet ထဲသို့ email ပို့နိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာက user တစ်ယောက်ရဲ့ email client (microsoft outlook ဖြစ်ဖြစ်၊ outlookexpress ဖြစ်ဖြစ်) မှာ  email account တစ်ခုဘဲ  ရှိနေမှာဖြစ်ပါတယ်။Local မှာ email ပို့ဖို့အတွက် email account တစ်ခု၊ အပြင်ကို email ပို့ဖို့အတွက် email account တစ်ခုဆိုပြီး ရှိနေမှာ မဟုတ်ပါဘူး။ ရုံးထဲမှာဘဲ ပို့ပို့ အပြင်ကိုဘဲပို့ပို့ email account တစ်ခုဘဲ သုံးပြီး ပို့ရုံပါဘဲ

ဟုက်​ကဲ့ဒီလင့်​မယ်
ဆက်​ဖတ်​လိုက်​ရ​အောင်နိပ်ဝင်ပါ။

http://www.google.co.th/url?sa=t&source=web&cd=15&ved=0CC0QFjAEOAo&url=http%3A%2F%2Fitmansailay.blogspot.com%2F2013%2F12%2Fmail-server.html%3Fm%3D1&rct=j&q=Email%20%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC&ei=9oyeVeqRBMf-ugT6hK-gDA&usg=AFQjCNEUA3987mceapgNr8PR1yEdaALP1w




No comments:

Post a Comment