♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥
Friday, July 24, 2015
Pattern Lock အား Root Access, USB Debugging မဖွင့် ထားပဲ ဘယ်လိုဖြုတ်မလည်း
စမ်းသပ်​ခဲ့​သောအမျိုးစား
1.Samsung Galaxy Y
2.Samsung Galaxy Y Duos
ကျွန်တော်တို့ ဖုန်း Services သမားအများစုက Pattern Lock ဆိုရင်
၎င်း Pattern ကိုဖြုတ်ဖို့အတွက် ၄င်းဖုန်းအတွင်းမှာ Root Access ရှိ
ရမယ်။ USB Debugging ဖွင့်ထားရမယ်ဆိုတာတွေပဲများပါတယ်။ အခု
ကျွန်တော်ပြောမယ့်အကြောင်းရာလေးကတော့ Pattern Lock ဖြည်လို့
မရတဲ့ ဖုန်းကိုဘာ Root Access မှလည်းမလိုဘူး။ ဘာ Usb Debugging
ဖွင့်ထားစရာလည်းမလိုပဲလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်လေးဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တဲ့ဖိုင်လေးကိုတော့အောက်ဖော်ပြပါနေရာမှာဒေါင်းလိုက်
ပါ။
လိုအပ်သောဖိုင်နေရာများ ……..
1.cwm.zip ကိုဒီနေရာမှာဒေါင်းလုပ်ဆွဲပါ
2.delete_passward.zip ကိုလည်း ဒီနေရာမှာဒေါင်းလုပ်ဆွဲပါ
http://www.google.co.th/search?safe=images&q=delete+zip+file+in+php&revid=1504954199&sa=X&ved=0CEIQ1QIoAWoVChMIoIauufL1xgIVTZCOCh2jBQ1c
Download Link အားလုံးမှာ မည်သည့်ကြော်ငြာမှခံထားခြင်းမရှိပါ။
စတင်လုပ်ဆောင်ချက်…..
အရင်ဆုံး သင်ဒေါင်းလုပ်ဆွဲထားတဲ့ csm.zip နဲ့ delete_password.zip
နှစ်ဖိုင်ကို သင့် ဖုန်း Memory Card အတွင်းသို့ထည့်လိုက်ပါ
ထို့နောက် သင့်ဖုန်းအား ပါဝါပြန်ဖွင့်ရမှာဖြစ်ပါတယ်။ ပါဝါဖွင့်တဲ့နေရာမှာ
နှိပ်ရမယ့်ခလုပ်တွေက Volume Up+ Power+ Home Button တို့ကို
တစ်ပြိုင်တည်းနှိပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက
Volume Up နေရာမှာ Down ကိုနှိပ်လိုက်တာနဲ့ Downloading
Mode ထဲကိုဝင်သွားမှာဖြစ်ပါတယ်။ဒါကြောင့် မှားမနှိပ်မိဖို့ သတိပြုပါ။
ကဲဆက်လိုက်ရအောင်လားဗျာ… ဒီနောက် သင့်ဖုန်းအတွင်းမှာပေါ်လာမယ့်
Screen Message တွေကတော့
-reboot system now
-apply update from sdcard
-wipe data/factory reset
-wipe cache partition
စသဖြင့် Recovery Mode အတွင်းတွင်ရွေးချယ်စရာလေးမျိုးကိုတွေ့ရမှာ
ဖြစ်ပါတယ်။ ဒီနောက်တော့ကျွန်တောတို့က  ဒုတိယ ရွေးချယ်စရာဖြစ်သော
“apply update from sdcard” ဆိုတာအပေါ်အောက် အသံအတိုးအကျယ်
လုပ်တဲ့ လခုတ်နဲ့ သွားပီး ရွေးချယ်မယ်ဆိုပါက Home Button ကို နှိပ်ပေးလိုက်
ရပါမယ်။ဒီနောက်တော့စောနက သင်ထည့်ထားသော zip File နှစ်မျိုးထဲမှ ပထမတစ်
ခုအနေနဲ့ cwm.zip ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒီအခါမှာ အ၀ါရောင်အဖြစ်မြင်ရမှာ
ဖြစ်ပါတယ်။ ထို့နောက် “install zip from sd card” ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်
ပါတယ်။ထို့နောက်တဆက်တည်းမှာပဲ “choose zip from sd card” ဆိုတာကိုရွေး
ချယ်ပေးပီး “delete_password.zip” ကိုရွေးချယ်ပေးရဦးမှာဖြစ်ပါတယ် ပီးရင်တော့
Yes ကိုနှိပ်ပေးလိုက်ပါ။ထို့နောက်တော့ System ကို သူ့အလိုအလျောက်လုပ်
ဆောင်သွားပီး Reboot ကျသွားပါလိမ့်မယ်။ System Reboot ကျသွားပီးသွားပီ
ဆိုရင်တော့ ပြန်တက်လာတဲ့အခါမှာ Pattern Lock ပြုတ်သွားပီး System Setting
ထဲမှာ Default အတိုင်း Without Security ဖြစ်နေတာကိုပျော်ရွှင်စွာတွေ့မြင်ရမှာ
ဖြစ်ပါတယ်။အားလုံးပဲ အဆင်ပြေမယ်လို့ယုံကြည
်မျှော်လင့်ပါတယ်။
လေးစားစွာဖြင်
Credit:
Cristiano Zarni@ ဦးဇာနည်
6 comments:
  1. အကို​ရေ delete password zip က​ဒေါင်းမရဘူးဗျာ
    Page not font ဖြစ်​ပြီ ကူညီပါအုံး
    ReplyDelete
  2. ​လေးစားစွာဖြင့်​.. ......
    ReplyDelete
  3. Huawei မှာသုံးလို့ရလားအကို
    ReplyDelete
  4. ဒေါင်းလိုရဘူး
    ReplyDelete
  5. ဒေါင်းလိုရဘူး
    ReplyDelete
  6. ဒေါင်းလိုရဘူး
    ReplyDelete