♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Friday, August 7, 2015

Audio နဲ့ Video Podcast များကို နားဆင်ကြည့်ရှုနိုင်မယ့် Podcast Addict

ဝက်ဆိုက်များစွာက သူတို့ရဲ့ သတင်း၊ ဆောင်းပါးများကို ဖတ်ရှုဖို့ မအားလပ်သူများအတွက် Audio နဲ့ Video Podcast များကို ဖန်တီးပေးထားပါတယ်။ 

အဲဒီ Podcast များကို ကွန်ပြူတာနဲ့ မိုဘိုင်း ကိရိယာများမှာ Apps များကို အသုံးပြုပြီး နားဆင် ကြည့်ရှုနိုင်ပါတယ်။ 
Podcast ရဲ့ အားသာချက်ကတော့ အပြေးလေ့ကျင့်နေစဉ်၊ လမ်းလျှောက်နေစဉ်၊ ကားမောင်းနေစဉ်မှာ စာဖတ်ရှုစရာမလိုဘဲ နားဆင်နိုင်တာ ဖြစ်ပါတယ်။ 
Podcast များကို ဒေါင်းလုပ်ပြုလုပ်ထားနိုင်တဲ့အတွက် အချိန်မရွေးပြန်လည် နားဆင်နိုင်ပါတယ်။ 
Android Phone မှာ Podcast များကို နားဆင်နိုင်မယ့် App တစ်ခုက Podcast Addict ဖြစ်ပါတယ်။
 App မှာ Audio , Video Podcast များကို နားဆင် ကြည့်ရှုနိုင်သလို YouTube Channels နဲ့ RSS News Feed များကိုလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။ 
ABC, BBC , CNN , ESPN တို့လို Networks များမှ Podcasts များကိုလည်း နားဆင်နိုင်ပါတယ်။ 

iTunes နဲ့ Google Reader မှ Podcasts Subscripton များကိုလည်း Import လုပ်နိုင်ပါတယ်။

အောက်​ကလင့်​မယ်​ပုံနဲ့တကွဆက်​ကြည့်​ပါ။
Podcast Addict ကို ပထမဆုံး အကြိမ်ဖွင့်ရင် အသုံးပြုနည်းအချို့ကို ပြသပေးမှာ ဖြစ်ပါတယ်။ 

အိုကေ ကို နှိပ်ပါ။ Podcast တစ်ခုကို Subscribe လုပ်ဖို့ Main screen အ​ပေါ်ကအ​ပေါင်းခလုပ်​ကိုနိပ်​ပါ။

နာက်အဆင့်မှာ Search Engine ကို နှိပ်ပါ။

သင် နားဆင်ချင်တဲ့ ၀က်ဆိုက်အမည်ကို ရိုက်ထည့်ပေးပါ။ 
Audio ကိုပဲ နားဆင်ချင်ရင် Audio ကို ရွေးချယ်ပေးပါ။ ပြီးရင်​searchကိုနိပ်​ပါ

ဝက်ဆိုက်ရဲ့ Podcast ပေါ်လာရင် Subscribe ခလုတ်ကို နှိပ်ပါ။ 
အဲဒီ Podcast မှာ ပါတဲ့ Episodes အရေအတွက်နဲ့ ဖြန့်​ချီတဲ့ရက်​စွဲကိုလည်းပြ​ပေးထားပါ
တယ်။

Back ခလုတ်ကို နှိပ်ပြီး Podcasts ကဏ္ဍကို ပြန်သွားရင် သင် Subscribe လုပ်ထားတဲ့ Podcast ကို တွေ့ရမှာ ဖြစ်ပါတယ်။

podcastကိုတချက်နိပ်ပါ။

ဒါဆိုရင် Episode များကို တွေ့ရမှာ ဖြစ်ပါတယ်။

Episode တစ်ခုကို ဖိထားရင် Quick Action Menu ပေါ်လာမှာ ဖြစ်ပြီး Play ကို နှိပ်ရင် Podcast ကို နားဆင်နိုင်မှာ ဖြစ်ပါတယ်။ 
Offline နားဆင်နိုင်ဖို့ ဒေါင်းလုပ်ပြုလုပ်ထားနိုင်သလို Mark Read အဖြစ် သတ်မှတ်ဖို့၊ Favorite ထဲ ထည့်သွင်းဖို့နဲ့ အခြား Options များကိုလည်းေ​​​​တွ့မယ်​ဖြစ်​ပါတယ်​။

Play ကို နှိပ်ရင် Audio Player နဲ့ ဖွင့်ပြမှာ ဖြစ်ပြီး Play , pauseလုပ်​နိုင်​မှာဖြစ်​ပါတယ်​။

Player ရဲ့ အပေါ်ထိပ်မှ 1.0x ကို နှိပ်ရင် အသံကို အနှေး၊ အမြန် ချိန်ညှိနိုင်မယ့် Speed Adjustment Box ပေါ်လာမှာ ဖြစ်ပါတယ်။

 On ပြောင်းပေးပြီး နှေးချင်ရင် – မြန်​ချင်​ရင်​+နိပ်​ပါ။
ဘယ်ဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး အောက်ခြေမှ ဆက်​တင်​ကိုနိပ်​ပါ။

Network ထဲသွားရင် Default အားဖြင့် WiFi ဆက်သွယ်မှုကို အသုံးပြုမှသာ Streaming လုပ်မယ့် Option ကို ရွေးချယ်ထားပါတယ်။ 

Mobile Data နဲ့ နားဆင်​ချင်​ရင်​streamingမှာ
အမှန်​ခြစ်​ဖြုက်​​ပေးပါ။

Podcast Addict ဟာ စွမ်းဆောင်ချက်တွေ များပြားတဲ့ App တစ်ခု ဖြစ်ပြီး Chromecast နဲ့ Android Wear တို့ကိုလည်း Support လုပ်နိုင်ပါတယ်။ 

အခမဲ့ ဗားရှင်းကို အသုံးပြုရင် App ရဲ့ အောက်ခြေမှာ ကြော်ညာဘားတန်းလေးတစ်ခုကို ပြသပေးမှာ ဖြစ်ပါတယ်။ 
Donate Version မှာတော့ ကြော်ညာ မပါရှိပါဘူး။

အောက်​မယ်​ပုံ​လေး​တွေကြည့်​ပါ။
Podcast addict apk ကို​အောက်​မယ်​​ဒေါင်းယူပါ။ 
free





အဆင်​​ပြေပါ​စေ ။

✌ ♥ ✌ ♥ ✌ ♥ ✌ ♥ ✌ ♥ ✌ ♥ 


No comments:

Post a Comment