♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Sunday, August 9, 2015

စာအုပ်၊ သတင်းစာနဲ့ မဂ္ဂဇင်း တို့ကို eBook အနေနဲ့ ၀ယ်ယူဖတ်ရှုနိုင်မယ့် Wun Zinn

Wun Zinn မှာ သုတ၊ ရသ ကဏ္ဍစုံလင်တဲ့ စာအုပ်ပေါင်း များစွာ အပြင် ဈေးကွက်အတွင်း အရောင်းရဆုံး မဂ္ဂဇင်းတွေ၊ သတင်းစာတွေကို eBook အနေနဲ့ ၀ယ်ယူဖတ်ရှုနိုင်ပါတယ်။ 

ဝန်ဇင်းမှာ eBook Reader ပါရှိတဲ့အတွက် ၀န်ဇင်းမှ စာအုပ်များကို ဖတ်ရှုဖို့ အခြား App များ မလိုအပ်တော့ပါဘူး။ 

ဘယ်နေရာရောက်ရောက် ဖုန်းကနေ စာအုပ်၊ ဂျာနယ်၊ သတင်းစာနဲ့ မဂ္ဂဇင်းများကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

 MPT Phone Bill နဲ့ စာအုပ်ဝယ်နိုင်အောင် ပြုလုပ်ပေးထားတာကလည်း အဆင်ပြေပေမယ့် ကျန်တဲ့ အော်ပရေတာများနဲ့ပါ ပူးပေါင်းနိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ မြင်မိပါတယ်။

 နိုင်ငံရပ်ခြားမှ ၀ယ်ယူဖို့အတွက် Visa , Master Card တွေကို အသုံးပြုနိုင်ပါတယ်။ 

ဝန်ဇင်းမှာ ရောင်းချတဲ့ စာအုပ်များဟာ စာရေးဆရာများနဲ့ စာပေတိုက်များရဲ့ ခွင့်ပြုချက်ဖြင့် ရောင်းချတာ ဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် စာရေးဆရာများရဲ့ မူပိုင်ခွင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

ဝန်ဇင်းကို ပထမဆုံး အကြိမ်ဖွင့်ရင် Font Check လုပ်မှာပါ။ အမှန်မြင်ရရင် ရပါသည်ကို နှိပ်ပါ။ 

မမြင်ရရင် မရပါကိုနိပ်​ပြီးညွှန်​ကြားချက်
်​အတိုင်းလုပ်​​ဆောင်​ပါ။

Font Check ပြီးရင် အင်တာနက် ဖွင့်ပြီး ၀န်ဇင်း အကောင့်တစ်ခု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 

သင့်ရဲ့ fb acc နဲ့လည်းအသုံးပြုလို့ရပါတယ်​။ 

ပြီးရင် MPT ဖုန်းဘေဖြင့် စာအုပ်များ ၀ယ်ယူနိုင်အောင် ဖုန်းကို အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ 

ဖုန်းနံပါတ် အတည်ပြုရန် ကို နှိပ်ပြီး သင့်ဖုန်းနံပါတ်ကို ထည့်ပေးရင် ဖုန်းထံ ကုဒ်များကို ပို့ပေးမှာ ဖြစ်ပါတယ်။ 

ကုဒ်များကို အတည်ပြု ကုဒ်ထည့်ရန်မှာ ထည့်ပေးပါ။

( ကျွန်တော့်ရဲ့ CDMA 800GHz ဖုန်းမှာတော့ Verify လုပ်လို့မရဘဲ “ Can’t access to server “ ဆိုတဲ့ Error ကို ရရှိပါတယ်။ လိုင်းမကောင်းလို့လား ဖုန်းကို Support မလုပ်​တာလားမ​ပြောတတ်​ပါဘူး)

ပြီးရင်တော့ ၀န်ဇင်းရဲ့ Home Screen ကို ရောက်ရှိပါပြီ။ 
အပေါ်ထိပ်မှာ စာအုပ်များ၊ သတင်းစာများနဲ့ မဂ္ဂဇင်းများ ဆိုပြီး ကဏ္ဍ၃ခုခွဲခြားပြသထားပါတယ်​။

ဝန်ဇင်းမှာ အခကြေးငွေနဲ့ ရောင်းချတဲ့ စာအုပ်များအပြင် အခမဲ့ စာအုပ်များ ကဏ္ဍလည်း ပါရှိပါတယ်။ 
ဝယ်ယူချင်တဲ့ စာအုပ်ကို တစ်ချက်နှိပ်ပါ။ Sample ကို နှိပ်ရင် စာအမြည်းကို ဒေါင်းလုပ်ရယူပေးမှာပါ။ 

ဝယ်ဖို့အတွက် buy ကိုနိပ်​ပါ။နောက်​တဆင့်​မယ်
Comfirm နိပ်​ပါ။

MPT Phone Bill ဖြင့် ၀ယ်ယူရန် MPT ခလုတ်ကို နှိပ်ပါ
ပြင်ပ အရောင်းဆိုင်များမှာ ရောင်းတဲ့ ၀န်ဇင်း ခဲခြစ်ငွေဖြည့်ကဒ်များကို ၀ယ်ယူထားသူဆိုရင်တော့ ငွေဖြည့် ကုဒ်ထည့်ရန်ကို နှိပ်ပါ။

 နိုင်ငံခြားမှ လူများအတွက် Visa/ Master Card များဖြင့် သော်လည်းကောင်း ထိုင်းရောက်မြန်မာများအတွက် truemove ကက်​ဖြင့်​ဝယ်​နိုင်​ပါတယ်​။

Home Screen ရဲ့ ဘယ်ဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး ကိုယ်ပိုင်စာအုပ်စင်ထဲသွားရင် သင်ဝယ်ယူထားတဲ့ စာအုပ်များအပြင် အခမဲ့ ရယူထားတဲ့ စာအုပ်များ၊
ဒေါင်း​လော့အမြည်းများကို
တွေ့နိုင်​ပါတယ်​။


ဖတ်ချင်တဲ့ စာအုပ်ကို တစ်ချက်နှိပ်ရင် ၀န်ဇင်းရဲ့ eBook reader က​နေဖွင့်​​ပေးမှာဖြစ်​ပါတယ်​။

Menu ကနေ ကိုယ်ပိုင်အကောင့်ထဲသွားရင် ငွေဖြည့်ရန် ကဏ္ဍကို တွေ့ရမှာပါ။ 
သင့်ရဲ့ ၀န်ဇင်းအကောင့်ထဲကို ကြိုတင်ငွေဖြည့်ထားနိုင်မှာ ဖြစ်ပါတယ်။ 
လက်ကျန် Credit စစ်ရန်မှာ ကြိုတင်ဖြည့်ထားတဲ့ ငွေရဲ့ လက်ကျန် ပမာဏကို သိနိုင်ပါတယ်။ 

သင့်ဖုန်း ပျောက်သွားလို့ပဲဖြစ်ဖြစ် ၊ ပျက်ဆီးသွားလို့ပဲ ဖြစ်ဖြစ် သင် ၀ယ်ယူထားတဲ့ စာအုပ်များ ပျောက်ဆုံးသွားမှာကို စိတ်ပူစရာမလိုပါဘူး။ 

ဖုန်းအသစ်မှာ သင့်ရဲ့ ၀န်ဇင်းအကောင့်နဲ့ Log In ၀င်ပြီး ၀ယ်ပြီး စာအုပ်များ ပြန်​လည်​ရယူရန်​မှာရယူနိုင်ပါ​တယ်​။

ကိုယ်ပိုင်အချက်အလက်မှာ အကောင့်ကို Log Out လုပ်နိုင်ပါတယ်။ 
ဆိုင်များမှာ ခဲခြစ်ငွေဖြည့်ကဒ်ရောင်းတဲ့ ဆိုင်များရဲ့ တည်နေရာနဲ့ ဖုန်းနံပါတ်တို့ကို တွေ့နိုင်ပါတယ်။

ဝန်ဇင်းရဲ့ Menu ကို နှိပ်ပြီး စာရေးဆရာများ ကဏ္ဍမှာ စာရေးဆရာများကို အက္ခရာစဉ်အလိုက် စီစဉ် ပြသပေးထားပါတယ်။

 နှစ်သက်ရာ စာရေးဆရာရဲ့ စာအုပ်များကို ရှာဖွေနိုင်မှာပါ။ Menu အောက်မှ စာအုပ်အမျိုးအစားများမှာတော့ ကဏ္ဍအလိုက် စာအုပ်များကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဝန်ဇင်းဟာ စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများအတွက် သာမက စာရေးဆရာများကို အကျိုးပြုတဲ့ App တစ်ခုဖြစ်ပါတယ်။ 

အခု App User Guide မှာ Android Version အသုံးပြုနည်းကို ရေးပေးထားတာ ဖြစ်ပြီး iOS Version ကိုလည်း ဖြန့်ချီပေးထားပါတယ်။ 

ဝန်ဇင်းကို Android 2.2 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။






အောက်​ကလင့်​ကလည်းယူရပါတယ်​။





အဆင်​​ပြေပါ​စေ ။

✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ 


No comments:

Post a Comment