♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Thursday, September 3, 2015

နည်းပညာလေ့လာသူများ သတိထားရမယ့် pdf virus အန္တရာယ်

ကိုအောင်ကျော်ခိုင် (ပုသိမ်) page မှ ရှယ်ပေးခြင်းဖြစ်ပါတယ်

ဒီပို့စ်ကတော့ ကျွန်တော် တော်တော်ညံ့ခဲ့ကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်ပို့စ်ပါ

ကျွန်တော်က နည်းပညာပိုင်းကို တော်တော်လေး အားသန်တဲ့အလျောက် အွန်လိုင်းပေါ်က
နည်းပညာနဲ့ပတ်သက်တဲ့ မြန်မာဝက်ဆိုဒ်တွေ နိုင်ငံခြားဝက်ဆိုဒ်တွေထဲမှာပဲ အချိန်ကုန်နေလေ့ ရှိတဲ့လူတစ်ယောက်ပါ။ 

အဲဒီလို နည်းပညာဆိုဒ်တွေကနေ ဆော့ဝဲလေးတွေရလာတဲ့အခါ စမ်းသုံးကြည့်တယ်။ 

အဆင်လည်းပြေ အသုံးလည်းဝင် Virus အန္တရယ်လည်းကင်းတယ်ဆိုတာသေချာရင် တခြားသူတွေရောသုံးဖို့ ကျွန်တော့်ဘလော့မှာ ပြန်တင်ပြီး
 Share လုပ်ပေးပါတယ်

နည်းပညာပိုင်းတွေထဲမှာ Programming Language အချို့နဲ့ ဆော့ဝဲ Cracking အပိုင်း HTML Template အပိုင်းတွေကို အလေးပြုပြီး လေ့လာပါတယ်အဲဒီလို ကျွန်တော့်လေ့လာတဲ့အပိုင်းနဲ့ပတ်သက်တဲ့ ebook တွေကိုလည်း ကြုံရင်ကြုံသလို
Download ယူပြီး Offline လေ့လာပါတယ်

 အဲ .. တစ်နေ့တော့ C++ စာအုပ်လေးတစ်အုပ် တွေ့တာနဲ့ Download ယူထားလိုက်ပါတယ်။ အဲဒီစာအုပ်ကို ဖွင့်ဖတ်လိုက်တဲ့အခါမှာ ထူးထူးခြားခြား Message Box လေးပွင့်လာပါတယ်။ 

Pdf ဖိုင်ကို အခုလို Message Box လေးနဲ့အတူ တွဲပွင့်လာတာကို အဲဒီတော့မှ ကြုံဖူးတာပါ။ အဲဒီမှာပဲ နည်းပညာပိုင်းရူးသွပ်တဲ့ ကျွန်တော့်ရဲ့ဝမ်းတွင်းရူးစိတ်ကြောင့် အဲဒီစာအုပ်ကို သေသေချာချာလေ့လာကြည့်ဖြစ်ပါတယ်။

 အဲ ... အဲဒီစာအုပ်ကို သုံးကြိမ်မြောက်ဖွင့်ဖတ်တဲ့အချိန်မှာပဲ ၀င်းဒိုးဟာ Restart ဆိုပြီး ကျသွားလိုက်တာ
ပြန်တက်မလာတော့ပါဘူး ..

 ဒါနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ၀င်းဒိုးကို ပြုပြင်ကြည့်ပါတယ်

နောက်ဆုံး Recovery Image သုံးပြီး ၀င်းဒိုးကို Repaire လုပ်ဖို့ကြိုးစားတာတောင်မှ ၀င်းဒိုးက ပြန်တက်မလာနိုင်တော့လို့ ၀င်းဒိုးအသစ်ပြန်တင်လိုက်ရပါတယ်။

 ဇာတ်လမ်းက ဒီမှာတင်မပြီးသေးပါဘူး ..
အဲဒီအသစ်တင်လိုက်တဲ့ ၀င်းဒိုးကလည်း တစ်ခေါက်ပဲ ဖွင့်သုံးလိုက်ရသေးတယ် 

နာရီဝက်လောက်အကြာမှာ Restart ဆိုပြီး ပိတ်သွားလိုက်တာပထမ တစ်ကြိမ်လိုပဲ ပြန်မပွင့်ခဲ့တော့ပါဘူး .. ဒါနဲ့ ကျွန်တော်က Hard disk ကြီးတစ်ခုလုံးကို format ရိုက်ပြီး Clean Install နည်းနဲ့ ၀င်းဒိုးအသစ်ကို ပြန်တင်လိုက်မှ ၀င်းဒိုးဟာ အရင်လိုပဲအဆင်ပြေပြေနဲ့ ပြန်သုံးလို့ရသွားပါတယ် 

ဒါနဲ့ ကျွန်တော်လည်း အဲဒီ ebook ကို အွန်လိုင်းကနေ ပြန်ဒေါင်းယူပါတယ်။ ပြီးတော့ ၀င်းဒိုးကို Defreeze အရင်အုပ်ပါတယ်

ပြီးတော့ အဲဒီ ebook ကို ဖွင့်ဖတ်ပါတယ် .. အရင်လိုပါပဲ .. Message Box လေးတက်လာပြီး Restart ကျသွားပါတယ်
 Defreeze အုပ်ထားတာဖြစ်တဲ့အတွက် မူလအခြေအနေမပျက် ၀င်းဒိုးပြန်တက်လာနိုင်ပါတယ် ဒါနဲ့ ကျွန်တော်က အဲဒီ ebook ကို Antivirus နဲ့ Scan လုပ်ကြည့်ပါတယ် ဗိုင်းရပ်မတွေ့ပါဘူး။ 

Online Virus Scan တွေနဲ့ပါ ထပ်စစ်ပါတယ် .. ဗိုင်းရပ်မတွေ့ပါဘူး ..
ဒါနဲ့ အဲဒီ ebook ကို Resource Hacker ဆိုတဲ့ဆော့ဝဲနဲ့ဖွင့်ပြီး Coding တွေကို လိုက်စစ်လိုက်တဲ့အခါမှာတော့ သာမန် Data တွေကြားထဲမှာ Javascript ကုဒ်တွေကို တွေ့လိုက်ရပါတယ်

အဲဒီကုဒ်တွေကို သေချာလေ့လာကြည့်တော့မှ File format တူရာအချင်းချင်းဆီကို ကူးစက်အောင် Command ပေးထားတဲ့ ဗိုင်းရပ်ကုဒ်တွေဖြစ်နေတာကို တွေ့ရပါတယ်

အောက်​ကလင့်​မယ်​ဆက်​ကြည့်​ရ​အောင်




အဆင်​​ပြေပါ​စေ ။

★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ 


No comments:

Post a Comment