♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Friday, October 16, 2015

Google Play Store ပြင်ပမှ Apps များကို Update ပြုလုပ်ပေးမယ့်​ ​ apk

Google Play Store ပြင်ပကနေ ရယူအင်စတောလုပ်ထားတဲ့ Android App တွေ သင့်ဖုန်းမှာ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ 



Google Play Store App က အဲဒီ Apps များအတွက် Update များကို အသိပေးနိုင်ခြင်း၊ ဖြန့်ချီပေးနိုင်ခြင်းမရှိပါဘူး။ 

ApkTrack လို့ အမည်ပေးထားတဲ့ Android App က Play Store ပြင်ပမှ Apps များအတွက် Update များကို စစ်ဆေးပြီး ရယူပေးနိုင်ပါတယ်။

ApkTrack ကို Google Play Store မှာ မရတဲ့အတွက် သူ့ရဲ့ Developer Website ကနေ ရယူဖို့ အောက်ဆုံးမှာ လင့်ပေးထားပါတယ်။ 

ApkTrack ကို သင့်ဖုန်းမှာ အင်စတောလုပ်ဖို့အတွက် Settings ထဲမှ “ Unknown Sources” မှာ Enable လုပ်ပေးထားရမှာပါ။ မလုပ်ရသေးရင် Settings>Security ထဲသွားပြီး လုပ်ပေးပါ။

ပြီးရင် ဒေါင်းလုပ်လုပ်ထားတဲ့ ဖိုဒါထဲကို File Manager ကနေ တစ်ဆင့်သွားပြီး ApkTrack ကို အင်စတောလုပ်ပါ။

ApkTrack ကို ပထမဆုံးအကြိမ် ဖွင့်ရင် သင့်ဖုန်းမှာ အင်စတောလုပ်ထားတဲ့ Apps များကို ရှာဖွေဖို့ ခွင့်ပြုပေးရမှာပါ။ ဒီလိုလုပ်ဖို့ ညာဘက်အပေါ်မှ Search Icon ကို နှိပ်ပါ။

သင့်ဖုန်းမှာ အင်စတောလုပ်ထားတဲ့ Apps အားလုံးကို တွေ့ရပြီ ဆိုရင် Search Icon ရဲ့ ဘေးမှ Sync Icon ကို နှိပ်ပါ။ ဒါဆိုရင် Update ထွက်ရှိတဲ့ Apps များကို ရှာ​ဖွေ​ပေးမှာဖြစ်​ပါတယ်

နောက်အဆင့်မှာတော့ App တစ်ခုချင်းစီရဲ့ ဘေးမှ Sync Icon တွေကို နှိပ်ပြီး Update တွေကို ဒေါင်းလုပ်ရယူနိုင်၊ အင်စတောလုပ်နိုင်မှာ ဖြစ်ပါတယ်။

ApkTrack က နောက်ကွယ်မှာ Update တွေကို ရှာဖွေပေးစေချင်ရင် Settings ထဲမှာ သတ်မှတ်နိုင်ပါတယ်။ Menu ခလုတ်ကို နှိပ်ပြီး Settings ထဲသွားပါ။

“ Enable background checks” ဆိုတဲ့ Option မှာ အမှန်​ခြစ်​​ပေးပါ။

Google Play Store App က သူ့ထံမှ အင်စတောလုပ်ထားတဲ့ Apps များအတွက် Update များကို အသိပေးပေမယ့် Play Store ပြင်ပကနေ အင်စတောလုပ်ထားတဲ့ Apps များအတွက်တော့ Update ပြုလုပ်ဖို့အတွက် အခက်အခဲတွေ့ရပါတယ်။ 

ApkTrack က ဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ အတွက် အသုံးဝင်ပါတယ်။


DOWNLOAD ❆ 

အဆင်​​ပြေပါ​စေ။


❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ 






No comments:

Post a Comment