♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥
Sunday, November 29, 2015
Rom and other ဗဟုသုတ​လေးဗျား
ယခုဆွေးနွေးမည့်အခန်းကတော့ အခန်း(၃)က RAM အကြောင်းဖြစ်ပါတယ် ကွန်ပျူာတစ်လုံးမှာ မရှိမဖြစ်အရေးကြီးဆုံးအခန်းအနေနဲ့ ပါဝင်နေတဲ့ device အကြောင်း ဖြစ်ပါတယ် အချို့ သော အကြောင်း အရာများက အခန်း (၁) နှင့် အခန်း (၂) တို့ မှာ ဆွေးနွေးထားပြီးသားဖြစ်လို့ ထည့်မရေးဖြစ်တာတွေရှိပါတယ်
How to work RAM?
RAM အမျိုးအစား
RAM အမျိုးအစားတွေလေ့လာကြည့်ရအောင်..RAM မှာ static RAM နဲ့  Dynamic RAM ဆိုပြီးတော့၇ှိတယ် static RAM တွေဟာ dynamic RAM ထက်ပိုမြန်ပါတယ်..ပိုပြီးတော့လဲ heat ပိုများတယ် ပမာဏလဲပိုကြီး တယ် ဈေးလဲကြီးတယ် ဒါကြောင့်ကျွန်တော်တို့ ရဲ့  main memory အဖြစ်မသုံးတော့ပဲ processor ထဲမှာ cache memory အဖြစ်သုံးပါတယ်…dynamic ram ဆိုတာကျွန်တော်တို့ အခုကွန်ပျူတာမှာသုံးနေတဲ့ RAM ကိုပြောတာ ဒါပေမဲ့ဘယ်သူမှတော့DRAM လို့ မခေါ်ကြပါဘူး RAM လို့ ပဲလူသိများကြတာ ဒါကရေဘူယျခေါ်တာပေါ့… RAM လို့ ပြောလိုက်တာနဲ့ dynamic RAM ကိုပြောတယ် ဆိုတာတော့ သိထားရမယ်..cpu အခန်းမှာတုန်းက လည်းကျွန်တော်တို့ ပြောခဲ့တယ် SRAM ကို cache memory အဖြစ်အသုံးပြုတယ်ဆိုတာ ဒါဆိုရင် DRAM ဆိုတာ ဘာကိုပြောတယ် SRAM ဆိုတာ ဘာကိုပြောတယ်ဆိုတာသိသွားလောက်ပါပြီ..
RAM တွေဘယ်လိုတည်ဆောက်ထားသလဲ..
အခုကျွန်တော်တို့ သုံးနေတဲ့ DRAM ကိုဘယ်လိုဖွဲ့  စည်းထားသလဲဆိုတာဆက်လေ့လာကြည့်ရအောင်..DRAM တစ်ချောင်းမှာ transistor တွေသန်းပေါင်းများ စွာပါဝင်တယ်..အဲဒီ transistor တစ်ခုချင်းစီက on off လုပ်တယ် digital နဲ့ပြောရင် 1 0 ပေါ့အဲတော့ ဒီ transistorတွေက ပါဝါရမှ အလုပ်လုပ်နိုင်မှာပေါ့ data တွေစီးဆင်းနိုင်မှာပေါ့…သို့ ပေမဲ့တဲ့ ဒီ transistor တွေက ပါဝါတော့ရပါရဲ့ အင်မတန်သေးငယ်တဲ့ အတွက်ကြောင့် လျပ်စစ်ဓါတ်အားကိုကြာ၇ှည်သို လှောင်မထား နိုင်ဘူး..refresh ခနခန ပြန်ပြန် လုပ်ရတယ်..ဒါကြောင့်cpu ကနေတွက်ချက်ပြီးသမျှကို RAM ကနေရယူဖို့  အသင့်မဖြစ်သေးတဲ့အခါမှာ wait state ဆိုတာဖြစ်ပေါ်လာတယ်..အဲဒါကို access speed (or) access time လို့ ခေါ်တယ်..
SIMM module
DRAM module တစ်ခုဖြစ်တဲ့  SIMM ကိုလေ့လာကြည့်ရအောင် SIMM ဆိုတာ..single in line memory module လို့ ခေါ်တယ်..သူ့ မှာ30pin simm နဲ့ 72 pin simm ဆိုပြီးတော့ရှိတယ် 386 486 pentium အစောပိုင်းကာလတွေမှာသုံးခဲ့ကြတယ် memory capacity ကို8MB 16MB 32MB ထိပဲတပ်ဆင်လို့  ရတယ်..ဒီနေ့ မှာတော့ မသုံးကြတော့ပါဘူး access time ကို 60ns 70ns နဲ့ လုပ်ဆောင်ကြတယ် အဲမှာ access time ဆိုတာဘာကိုပြောတာလဲဆိုတော့ cpu ရယ် north bridge ရယ် RAM ရယ် ကြားထဲက ဒေတာတွေကို အသယ်အပို့ လုပ်ရာမှာ စောင့်ဆိုင်းရတဲ့အချိန်ကိုပြောတာ..အဲတော့ ns (nano second) များလေလေပိုကြာ လေပေါ့ ကွန်ပျူတာရဲ့ မြန်နှုန်းလည်းကျဆင်းတယ်..performance ကျတယ်ပေါ့..SIMM RAM က အောက်ခြေလေး တွေကြည့်လိုက်လို့ ရှိရင်ေ၇ွေ၇ာင်အသွားစိတ်ကလေးတွေ တစ်ဖက်ပဲပါတယ် single ပေါ့အောက်ကပုံမှာတွေ့  မှာပါ..ယခုမသုံးတော့ပါဘူး ဒါတွေက အရင်တုန်းက RAM အမျိုးအစား တွေပါ…မတွေ့ ရသလောက်ကို ရှားသွားပါပြီ..
http://img1.imagehousing.com/18/714056e2f4e7b2b8c7f421cb96dd4043.png
DIMM module
simm ပြီးတော့ dimm ပေါ်လာတယ် dual in line memory module လို့  ခေါ်တယ်… အခုကျွန်တော်တို့  personal computer ,server နဲ့ high end work station တွေမှာသုံးတယ်..DIMM တွေဟာ size မျိုးစုံနဲ့  လာပါတယ် 168 pin 184 pin 220pin 240 pin စသဖြင့်လာပြီးတော့ capacity မျိုးစုံနဲ့လာပါတယ်… RAM type တွေဟာ Pin ရယ် notch ရယ် ဒါတွေနဲ့ခွဲထားလေ့၇ှိတယ်..အရင်တုန်းကကျွန်တော်တို့  cpu ကလုပ်သမျှကို RAM ကစောင့်ဆိုင်းရတဲ့အတွက်ကြောင့်အချိန်ကြာတယ် performance ကျတယ်ပေါ့ နောက်ပိုင်းကျတော့ အားလုံး တပြိုင် နက် တည်းတချိန်တည်းမှာဆောင်ရွက်လို့  ရအောင်synchronous operating system ကိုထည့်လိုက်တဲ့ အချိန်မှာနဂိုကထက်ပိုပြီး တော့လုပ်ဆောင်နိုင်တာတွေ့ရတယ်.. အရင်ကလို ns တွေနဲ့မ တိုင်းတာတော့ပဲနဲ့ MHz နဲ့ တိုင်းတာတဲ့ unit အဖြစ်ပြောင်းလဲ လိုက်ကြတယ်..ဒီနေ့အထိပါပဲ…အခုကျွန်တော်တို့  သုံးနေတဲ့ RAM တွေဟာ SDRAM (synchronous DRAM)ဖြစ်တယ်…DDR မပေါ်ခင် SDRAM ဆိုတာ ပေါ်ခဲ့သေး တယ် သူက 1Hz မှာ1bit ကိုပဲသယ်ဆောင်နိုင်တာဖြစ်လို့ ဥပမာ100MHz ဆိုရင် 100 Mbps ကိုပဲသယ်နိုင်မှာဖြစ်ပါတယ်.DDR ဆိုတာ double data rate လို့ အဓိပ္ပာယ် ရလို့  data တွေကို နှစ်ဆ သယ်နိုင်တယ်.. 1Hz မှာ2bitကိုသယ်နိုင်တယ် ဒါကြောင့် 100 MHz ဆိုရင် 200Mbps ကိုသယ်နိုင်တယ် DRAM speed နဲ့ width တွက်တာကိုအောက်ကဇယားမှာကြည့်ရအောင် ……..
http://img1.imagehousing.com/31/360b6d87e73ff37fd32ef3001995f98e.png
ပထမဆုံး DDR-SDRAM ရဲ့  data clock speed ကိုကြည့်ကြည့်လိုက်ပါ 100 MHz လို့ ပြောထားတယ် အဲဒီ100 MHz ဆိုတာ cpu နဲ့ hard disk ကြားမှာ 1 second မှာ frequency 100 MHz ထုတ်ပေးနေတာကိုပြောတာ..အဲ နောက် ဒုတိယအကွက်က DDR RAM speed ဆိုတာတွေ့ မယ် double data rate ဖြစ်တဲ့အတွက် စောနကတို့ 100 MHz ခုန်တိုင်းမှာ data bit ကိုနှစ်ဆသယ်တာဖြစ်လို့  200 Mbps ဖြစ်သွားပါတယ် ..
DDR/DDR2/DDR3
DDR RAM version အလိုက်ကွာခြားမှုကိုအောက်တွင်လေ့လာနိုင်ပါတယ်…DDR အမျိုးအစားက 184 pin ရှိပြီးတော့ DDR 2 နဲ့ DDR3 ကတော့ 240 pin စီရှိကြပါတယ်…notch (အချိုင့်ကလေး) တွေရဲ့  အကွာ အဝေးမတူညီတဲ့အတွက် pin အရေတွက်ချင်းတူသော်လည်း DDR2 slot မှာ DDR3 ကို စိုက်လို့ မရပေ..
http://www.aussiepcfix.com/images/ram-ddr-ddr2-ddr3-cm-measurement-difference.jpg
ဈေးကွက်ထဲမှာ PC5300/PC6400 ဆိုတာ
ဈေးကွက်ထဲမှာ DDR2 လို RAM ကိုရောင်းရင် PC2-6400 ဆိုပြီးကြေငြာပြီးတော့ရောင်းလေ့ရှိတယ် ဒါဆိုရင် ကျွန်တော်တို့  က PC2-6400 ဆိုတာကိုတွက်တတ်ဖို့ လိုလာပြီ..အခုကျွန်တော်တို့  သုံးနေတဲ့ DDR2 RAM တွေဟာ transfer rate 64bit ၇ှိပါတယ် အဲဒီ 64bit ကိုပဲ byte ဖွဲ့ လိုက်တော့ 8byte ရပါမယ်.1MHz မှာ8byte ကို transfer လုပ်နိုင်မယ် FSB 800MHz အတွက်ဆိုရင် (8byte*800)6400 Mbps ရပါတယ်အဲဒါကို ကိုယ်စားပြုပြီးတော့ PC2-6400 လို့  ခေါ်တယ်..FSB 667MHz အတွက်ဆိုရင် 5300Mbps ပေါ့ ဒါကြောင့်ကျွန်တော်တို့ ဟာ RAM ၀ယ်ယူတဲ့အခါမှာ RAM ရဲ့  FSB ကိုသိဖို့လိုပါတယ် RAM တစ် ချောင်းဝယ်ယူ ရွေးချယ်တဲ့အပိုင်းကို ကွန်ပျူတာ တစ်လုံး ၀ယ်ယူ ရွေးချယ်နည်းအခန်း(၁၂)မှာဆက်ပြီး ဆွေးနွေး ပေးပါမယ် …DDR RAM ဟာ pinအရေအတွက်184 pin ရှိတယ် အဲတော့ SDRAM တို့ နဲ့  ဆင်တူပေမဲ့  လည်းတပ်ဆင်လို့ မရဘူးဘာလို့  လဲဆိုတော့ pin အရေတွက်ချင်း notch အကွာ အဝေးခြင်း မတူညီတဲ့ အတွက်ကြောင့်ဖြစ်တယ်…DDR2 ကျတော့ 240 pin ဖြစ်တယ် ခုနောက်ဆုံး DDR3 လည်း240 pinပဲဒါပေမဲ့  notch(အချိုင့်ကလေး) တွေရဲ့ distance ကမတူညီပါဘူး တူတာဆိုလို့ pin အရေ အတွက် ပဲတူတာ..DDR2 ကို DDR3 slot မှာစိုက်လို့ မရပါဘူး ထို့အတူပဲ DDR3 slot မှာလည်း DDR2 ကိုစိုက်လို့  မရပါဘူး အခုလက်ရှိ အပြင်မှာသုံးနေတဲ့တော်တော်များများက DDR2 နှင့် DDR3 အသုံးများပါတယ် အချို့  သောကျောင်းနဲ့  ရုံးတွေမှာတော့ DDR RAM ကိုသုံးနေဆဲပါပဲ..desktop မှာ DDR DDR2 အသုံးပြုပြီး တော့ခုနောက်ပိုင်း ထုတ်တဲ့core 2duo core i3 i5 i7laptop နဲ့ notebook တွေမှာDDR3ကို အသုံးပြုလာကြပါတယ်
ECC / Non ECC RAM ဆိုတာ
Ecc ဆိုတာ Error Code Correction ပါ သူက ဘာလုပ်ပေးလဲဆိုရင် program တစ်ခုကို RAM ပေါ်ဆွဲတင်တဲ့အခါ ပဲဖြစ်ဖြစ် ပေးပို့ နေချိန်ပဲဖြစ်ဖြစ် လမ်းခရီးမှာ error ဖြစ်ပေါ်ခဲ့မယ်ဆိုရင် အဲဒီ error ကို user ကတောင်မသိနိုင်ပဲ သူ့ ဘာသာသူ ဖြေရှင်းနိုင်စွမ်းရှိပါတယ်..နောက်ကွယ်မှာ parity code နဲ့  အလုပ်လုပ်သွားတာပါ..သို့ သော်ငြားလည်းပဲ အဲဒီ ECC RAM တွေက ဒီလို error ကိုဖြေရှင်းနိုင်ဖို့ ဆိုရင် RAM တစ်ခု တည်းလုပ်ဆောင်လို့ မရပါဘူး motherboard မှာပါတဲ့  north bridge က support လုပ်မှ ရမှာပါ..ဘာနဲ့ တူသလဲဆိုရင် ဦးလှဟာ သူ့ ရဲ့ သား မောင်ဖြူ ကို ခရီးတစ်ခုကိုလွတ်လိုက်တယ်ဆိုပါစို့ အဲလိုခရီးသွားနေစဉ်မှာ အရေးအကြောင်းရှိရင်ဆက်ဖို့  ဖုန်းတစ်လုံးထည့်ပေးလိုက်တယ်ပေါ့ဗျာ အဲဒီအတွက် မောင်ဖြူက လမ်းခရီးမှာ ဖုန်းဆက်ဖို့ လိုအပ်လာရင် ဦးလှမှာလည်း ဖုန်းတစ်လုံး ရှိနေမှ အဆင်ပြေမှာဖြစ် ပါတယ်.. ဒါမှချိတ်ဆက် မိမှာဖြစ်ပါတယ် ဒီသဘောတရားပါပဲ..Non ECC ကျတော့ အလုပ်လုပ်နေစဉ်မှာ error ပေါ်လာခဲ့ရင် ဖြေရှင်းနိုင်တဲ့ function မပါဘူးပေါ့ဗျာ..ECC RAM တွေက Non ECC RAM တွေထက် ဈေးအနည်းငယ်ပိုပါတယ်..
ယခင်က RDRAM
နောက် RDRAM ဆိုတာရှိခဲ့ သေးတယ် Rambus DRAMပေါ့ သူကအစုံလိုက်တပ် ဆင်ရတယ်.. RDRAM တွေက bus width ကျဉ်းပြီးတော့ high speed နဲ့ လုပ်ဆောင်တယ် bus width က 8 byte ပဲပါတယ်..နည်းတာပေါ့ ဒါပေမဲ့သူကလည်း 1clock cycle မှာ 2 bit data ကိုသယ်ပေးတယ် သူကhigh speed နဲ့ transfer လုပ်တော့ ဒီ RDRAM ကမြန်တော့မြန်ပါရဲ့ အရမ်းပူတယ် အဲဒီ RAM တွေမှာဆိုရင် heat spreader တွေတပ်ထားရတယ် နောက်တော့သူကပူလာလို့ ရှိ၇င် heat spreader တောင်အပူကိုမထိန်းနိုင်တဲ့အခါ windowsကပြုတ်ပြုတ်ကျတယ်..စက်ပြန်တက်တယ်..စောနကပူတဲ့အရှိန်နဲ့  ထပ်ပြီးတော့ပြန်သုံး တော့ပြန်ကျ တာပါပဲ..အဆင်မပြေပါဘူး..တို့ ကွန်ပျူတာမှာ ရှိတဲ့  device တွေအား လုံးကအပူနဲ့ မကင်းဘူး အပူတွေကိုလည်း အင်မတန်ကြောက်ကြပါတယ်.. ဒါကြောင့်ခုနောက်ပိုင်းထုတ်တဲ့ DDR2 DDR3 တို့ ဆိုရင်1.8 volt လောက်ပဲရှိတယ်..ဒီRAM ထုတ်တဲ့  company တွေကလည်း volt အားနည်းနိုင် သမျှနည်း အောင် ထုတ်လုပ်လာကြတယ်.. နည်းပညာတွေ ပိုပိုမြင့်မားလာတာပေါ့…
RAM အကြောင်းပြော တော့မယ်ဆိုရင်
RAM အကြောင်းပြော တော့မယ်ဆိုရင် ဘာအမျိုးအစားလဲ MB ဘယ်လောက်လဲ bus speed ဘယ်လောက်လဲ bus width ဘယ် လောက်လဲ ဒါသိရမယ် ECC RAM အမျိုးအစားလား non ECC RAM အမျိုးအစားလားသိရမယ်..memory space ဘယ်လောက်လဲ size ကို MB /GB နဲ့ တိုင်းတာတယ် memory ဘယ်လောက်လဲ 512 MB 1GB စသဖြင့်ပြောရပါတယ်..memory speed ဘယ်လောက်လဲ ဒါဆိုရင် FSB ကိုမေးတာ 400MHz 800MHz တစ်ခုခုဖြစ်မယ်ပေါ့ ဒါဆိုရင် ကွန်ပျူတာတစ်လုံးမှာRAM ဟာအရေးပါပြီးတော့ RAM ပမာဏများ လေကွန်ပျူတာပိုပြီးတော့ သွက်သွက်လက်လက်အလုပ် လုပ်နိုင် မှာဖြစ်တယ်..
ကိုယ့်စက်မှာ RAM ဘယ်လောက်လိုသလဲ
RAM ပမာဏများလေ ကောင်းလေပါပဲ..RAM မလောက်လို့ operating system တင်လို့ မ၇တဲ့  windows တွေ၇ှိတယ် ဒါကြောင့်windows အတွက် RAM ဘယ်လောက်၇ှိသင့် တယ်ဆို တာ လေ့လာကြည့်၇အောင်..Operating system တစ်ခုကောင်းမွန်စွာလည် ပတ်အလုပ်လုပ်နိုင်ဖို့ အတွက် RAM ပမာဏ လုံလောက်ဖို လိုအပ်ပါတယ်…ဘယ် os ဆိုရင် RAM ပမာဏ ဘယ်လောက်ရှိရမယ်ဆိုတဲ့  သတ်မှတ်ချက်လေး ရှိလာပါတယ်...ဘာကြောင့် OS ပေါ်မူတည်ပြီးRAM ပမာဏလိုအပ်ရသလဲဆိုရင် အသုံးပြုတဲ့ applicationSoftware တွေရဲ့ လိုအပ်ချက်ကြောင့်ပါပဲ…ဒါကြောင့် ကွန်ပျူတာတစ်လုံးဆင်တဲ့ အခါ RAM ကိုဘယ်လောက်MB (Megabyte)/GB(Gigabyte) တပ်ဆင်မလဲဆိုတာ စဉ်းစား ဖို့  လိုအပ်တဲ့  အချက်တစ်ချက်ပါပဲ...RAM ကိုပြောဆိုတဲ့နေရာမှာcapacityနှင့်speedကိုအဓိကထားပြီး သုံးသပ်ပြောဆိုလေ့ရှိ ပါတယ်… နောက်တစ်ချက်ကတော့ ထုတ်လုပ်တဲ့ company ဖြစ်ပါတယ်.. အဲလိုထုတ်လုပ်ရောင်းချတဲ့  နေရာမှာkingston ကနာမည်ကြီးရေပန်းစားတဲ့ componyတစ်ခုဖြစ်ပါတယ် RAM ရဲ့  capacity ကိုတော့ MB (သို့ ) GB unit နဲ့ တိုင်းတာပါတယ်...512 MB,1GB စသဖြင့်တိုင်းတာပါတယ်.. speed ကိုတိုင်းတာတဲ့ unit ကတော့ MHz နဲ့ တိုင်းတာပါတယ် 400MHz/533MHz/800MHz/1066MHz စသဖြင့်….အနာဂတ်မှာတော့ GHzနဲ့ တောင်တိုင်းတာဖို့ အထိမျော်လင့်ထားကြပါတယ်...RAMပမာဏ များလေ ပိုကောင်းလေပါပဲ ပိုများလေ ပိုကောင်းလေဆိုဈေးကလဲကွာသွားတာကိုး..RAMတစ်ချောင်းဝယ်တော့မယ်ဆိုရင် 1GBလိုတစ်ချောင်းတည်း ၀ယ်ယူတပ်ဆင်တာသိပ်တော့ပြသနာမရှိပါ..512 နစ်ချောင်းလိုမျိုးဝယ်တပ်မည့် အချိန်မျိုးကျရင် (သို့ ) နဂို512MB ရှိပြီးသားကိုမှ နောက်ထပ်512MB ထပ်စိုက်ချင်တဲ့ အခါကျရင် သူနဲ့  အမျိုးစားတူ capacity နဲ speedကိုက်ညီမှုရှိတဲ့ အမျိုးအစားတူကိုရှာဝယ်တာအဆင်ပြေဆုံးပါ…capacity တူ speed မတူတာမျိုး speedတူပြီး capacity မတူတဲ့  အမျိုးအစားတွေဝယ်ပြီးတပ်ဆင်ထားတာတွေလဲတွေ့  ဖူးပါတယ်..speedတူပြီး capacity မတူရင်ပြသနာမရှိပါ..အလုပ်လုပ်မှာဖြစ်ပါတယ်..ဒါပေမဲ့ လို့ capacity တူပြီး speedမတူရင်တော့ စက် hung တာတို့  system unstable ဖြစ်တာတို့  ဖြစ်တတ်ပါတယ်…OS ပေါ်မူတည်ပြီး RAM တွေရဲ့  လိုအပ်ချက်တွေကိုအောက်မှာလေ့လာနိုင်ပါတယ်…
http://img1.imagehousing.com/100/d957c3e20242dc7beaa18ecf7d6438fb.png
ကဲဒီမှာနားကြမယ်ဗျာ ဒီအခန်းကို….
ဆွေးနွေးချက်အနှစ်ချူပ်
၁။ RAM ဆိုတာ Random Access Memory ကိုပြောတာဖြစ်တယ်..main memory ,system ram,physical ram DRAM စသဖြင့် ခေါ်ကြတယ် ဘယ်လိုခေါ်ခေါ် ရပါတယ်..သူကကွန်ပျူတာမှာ cpu နဲ့ hard disk ကြားမှာ data တွေကိုရေးဖို့ ဖတ်ဖို့ အတွက်လုပ်data တွေကိုသယ်ဆောင်ပေးရတယ်..
၂။ RAM တွေမှာ volatile ram ၇ှိတယ် non volatile ram ရှိတယ်..volatile ဆိုတာpower ရနေစဉ်အချိန်ခနလေးသာဒေတာတွေကိုမှတ်နိုင်တယ် Power မရှိတော့ရင် သူ့ ပေါ်မှာမရေး နိုင်မမှတ်နိုင်တော့ဘူး..non volatile ကျတော့သူနဲ့ပြောင်းပြန်ပေါ့ Power off သွားပေမဲ့လို့ သူ့ မှာဒေတာ တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိတယ်..အခုကျွန်တော်တို့ ကွန်ပျူတာမှာ main memory အဖြစ်သုံးနေတာ သည် volatile ram တွေဖြစ်တယ် …
၃။ RAM အကြောင်းပြော တော့မယ်ဆိုရင် ဘာအမျိုးအစားလဲ MB ဘယ်လောက်လဲ bus speed ဘယ်လောက်လဲ bus width ဘယ် လောက်လဲ ဒါသိရမယ် ECC RAM အမျိုးအစားလား non ECC RAM အမျိုးအစားလားသိရမယ်..memory space ဘယ်လောက်လဲ size ကို MB /GB နဲ့ တိုင်းတာတယ် မင်းmemory ဘယ်လောက်လဲ 512 MB 1GB စသဖြင့်ပြောရတယ်..memory speed ဘယ်လောက်လဲ ဒါဆိုရင် FSB ကိုမေးတာ 400MHz 800MHz တစ်ခုခုဖြစ်မယ်ပေါ့ ဒါဆိုရင် ကွန်ပျူတာတစ်လုံးမှာRAM ဟာအရေးပါပြီးတော့ RAM ပမာဏများ လေကွန်ပျူတာပိုပြီးတော့ သွက်သွက်လက်လက်အလုပ် လုပ်နိုင် မှာဖြစ်တယ်..
၎။RAMပမာဏ များလေ ပိုကောင်းလေပါပဲ ပိုများလေ ပိုကောင်းလေဆို ဈေးကလဲကွာသွားတာကိုး.. RAMတစ်ချောင်းဝယ်တော့မယ်ဆိုရင် 1GBလိုတစ်ချောင်းတည်း ၀ယ်ယူတပ်ဆင်တာ သိပ်တော့ပြသနာမရှိပါ.. 512MB နစ်ချောင်းလိုမျိုးဝယ်တပ်မည့် အချိန်မျိုးကျရင် (သို့ ) နဂို512MB ရှိပြီးသားကိုမှ နောက်ထပ်512MB ထပ်စိုက်ချင်တဲ့ အခါကျရင် သူနဲ့  အမျိုးစားတူ capacity နဲ speedကိုက်ညီမှုရှိတဲ့ အမျိုးအစား တူကိုရှာ ၀ယ်တာအဆင်ပြေဆုံးပါ…capacity တူ speed မတူတာမျိုး speedတူပြီး capacity မတူတဲ့  အမျိုးအစားတွေဝယ်ပြီးတပ်ဆင်ထားတာတွေလဲတွေ့  ဖူးပါတယ်..speedတူပြီး capacity မတူ ရင်ပြသနာ မရှိပါ..အလုပ်လုပ်မှာဖြစ်ပါတယ်..ဒါပေမဲ့ လို့ capacity တူပြီး speedမတူရင်တော့ စက် hung တာတို့  system unstable ဖြစ်တာတို့  ဖြစ်တတ်ပါတယ်…
၅။RAM တွေကို ကိုင်တွယ်တဲ့အခါ ဘေးနှစ်ဖက်ကနေခွကိုင်ပါ မတတ်သာမှ အပေါ်အောက်ခွကိုင်မှာ RAM ကိုလက်ထဲမှာဆုတ်ပြီးတော့မကိုင်ပါနဲ့ ..RAM ကိုဖြုတ်တတ်လုပ်တဲ့အခါမှာ အပူနဲ့ လွတ်ကင်းရာမှာပြုလုပ်ပါ..
ဆွေးနွေးချက်အား pdf ဖိုင်ဖြင့်ရယူလိုပါက ဒီနေရာတွင် (http://up4vn.com/?d=1BI6SJ9C) ဒေါင်းလုပ် ယူနိုင်ပါတယ်
အဆင်ပြေပြေလေ့လာနိုင်ကြပါစေ…
Via:
ကိုစံငြိမ်း
No comments:
Post a Comment