♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, February 28, 2015

Viber hack အတွက်​ ဒီမှာယူပါ

မင်္ဂလာပါ........
 ပုံလေးတင်ထားတယ်နော် ဘာလုပ်ရမှာလည်း သိမှာပါနေား မပြေားတော့ဘူး viber hacke လုပ်ချင်တဲ့
သူငယ်ချင်းများအတွက် ဆော့ဝဲ သုံးခုတင်ပေးထားပါတယ် ကြိုက်တဲ့ဆော့ဝဲနှင့် hacked ဟက်ကြည့်ပေါ့ဗျာ

1. http://adf.ly/a82uO
2. http://adf.ly/a83Cz
3. http://adf.ly/a846h





အဆင်​​ပြေပါ​စေ


Myartko Orange

မိမိတို့ android ဖုန်းပေါ်မှာ ရှိတဲ့ video file တွေ photo တွေ၊Sms massage တွေ၊contact Facebook message ​တွေ၊ အားလုံးကို ဒီ vault ဆိုတဲ့ application လေးကို အသုံးပြုပြီး ဖွက်ထားလို

မိမိတို့ android ဖုန်းပေါ်မှာ ရှိတဲ့ video file တွေ photo တွေ၊Sms massage တွေ၊contact
Facebook message ​တွေ၊
အားလုံးကို ဒီ vault ဆိုတဲ့ application လေးကို အသုံးပြုပြီး ဖွက်ထားလို့ သိမ်းဆည်းထားလို့ရပါတယ်။
App ​တွေကို Lock ချလို့ရတဲ့ Feature ပါ ပါဝင်​ထားတာမို့လည်း User များ ကြိုက်​နှစ်​သက်​​စေမှာပါ။
အထူးသဖြင့်တော့ video file တွေဟာ သိပ်များနေရင်ကိုယ့်ဖုန်းရဲ့  internal memory store ပေါ်မှာလေးလံနေစေပြီး နောက်ထပ် file တွေ ထပ်ထည့်လို့မရေ့လောက်အောင်ဖြစ်တတ်ပါတယ်။
အဲဒိတော့ဒီ apk လေးထဲကို ပို့ပြီးသိမ်းထားလိုက်ခြင်းအားဖြင့် တခြားသူလည်း ဖွင့်ကြည့်လို့မရ လုံခြုံစိတ်ချရပြီး ကိုယ့်ဖုန်းလေးဟာလည်း ပေါ့ပါးနေစေမှာပါ။
အဲ ပြီးတော့ သူ့ရဲ့ အားသာချက်တစ်ခုကတော့
screen ပေါ်မောင်းတင်ထားတဲ့ သူ့ဆော့ဖ်ဝဲလ် လေးကို delete ဖျက်ပလိုက်မိရင်လည်းကိစ္စမရှိပါဘူး။
sd ကတ်ထဲက ပြန်ပြီး install ပြန်မောင်းတင်လိုက်ယုံနဲ့ ကိုယ်သိမ်းဆည်းထားတဲ့ data အချက်အလက်တွေကို ပြန်လည်ရ ရှိ တွေ့မြင်ရမှာပါ။
sd ကတ်ထဲက ဆော့ဖ်ဝဲကိုတော့ မဖျက်ပစ်နဲ့ပေါ့ဗျာ။
ပြီးတော့ နောက်တစ်ခုက ကိုယ့်မှတ်ထား ဖွက်ထားတဲ့ အချက်အလက် data တွေကိုလည်း online store မှာ သွားရောက် upload တင်ပြီး သိမ်းဆည်းနိုင်ပါသေးသဗျာ။
ဘယ်လောက်အဆင်ပြေပြီး အသုံးဝင်လိုက်သလည်းလို့။
ကျနော်ကတော့ဒီ apk လေးကိုစွဲစွဲမြဲမြဲ အသုံးပြု လျှက်ပါပဲဗျာ။
ကဲ ကဲ စကားပြောနေရတာလည်း တော်တော်လေးကြာသွားပြီဗျာ။
-Apk file size 2.8MB ရှိပြီး
-Android OS Version 2.0.1 နဲ့အထက်​ရှိ
ဖုန်းများမှာထည့်​သွင်း install ပြုလုပ်​၍အသုံးပြုနိုင်
မှာပဲဖြစ်​ပါတယ်​။

-သုံးကြည့်ချင်တယ်ဆိုရင်တော့​အောက်​ကလင့်​ခ်​မှာ
ဒေါင်းလုပ်​ဆွဲယူနိုင်​ပါပြီ-

★DOWNLOAD ဆွဲရန်​ လင့်​ခ်​★
http://www.solidfiles.com/d/63bb11780b/Vault-HideSMS-Pics&Videos-v5.0.12.22-Kozawthwin.apk

Myartko Orange

ကဲယူကြအုံးဗျာ

Facebook သုံးသူတိုင်း သတိထား သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန် နည်းပညာများ

1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း
http://www.mssk.info/2013/03/facebook.html

2 - မြန်မာပြည် ဖုန်းနံပတ်နဲ့ Facebook Account အသစ်ဖွင့်နည်း။
http://www.mssk.info/2014/01/facebook-account.html

3 -  Lock ကျနေသော Facebook အကောင့်အား Lock ပြန်ဖြည်နည်း
http://www.mssk.info/2014/04/lock-facebook-lock.html

4 - Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ
http://www.mssk.info/2013/12/facebook-lock-block.html
5 -  Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း
http://www.mssk.info/2013/06/facebook-liked.html
6- Facebook သုံးနေသူများ အကောင့်နာမည်ကို မြန်မာလို ပြောင်းထည့်နည်း
http://www.mssk.info/2013/08/facebook_6.html

7 - Facebook မှာ ကိုယ့်ရဲ့သူငယ်ချင်းစာရင်း ကို ဖျောက်ထားချင်ရင် ဖျောက်နည်း
http://www.mssk.info/2012/12/facebook_9.html

8 - Facebook မှ ကိုယ်ပိုင် Like Page(Fan Page) ပြုလုပ်နည်း အသေးစိတ်
http://www.mssk.info/2013/12/facebook-like-page.html

9- Phone ကနေ Facebook သုံးပီး Photo Comment အမြန်ပေးဖို့ ဆော့ဝဲ
http://www.mssk.info/2013/10/phone-facebook-photo-comment.html

10- Facebook မှာ ဘယ်သူက Unfriend လုပ်သွားလည်း စစ်ပေးနိုင်မယ် APK
http://www.mssk.info/2013/10/facebook-unfriend-apk.html

11- Facebook တွင် Block လုပ်ထားသူကို သူငယ်ချင်းအဖြစ် ပြန်ပြီး Add နည်း
http://www.mssk.info/2012/10/facebook_15.html

12 - Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုလုပ်နည်း
http://www.mssk.info/2013/08/facebook-lock_30.html

13-Facebook အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း
http://www.mssk.info/2012/04/facebook.html

14-Phone နဲ့  Photo Comments ပေးချင်သူအတွက် ဟာသပုံစုစုပေါင်း ၃၅၉ ပုံ
http://www.mssk.info/2014/04/phone-photo-comments.html

15- Facebook Fun Page အဟောင်းတွေကို ဖျက်နည်း ခေတ္တပိတ်ထားနည်း
http://www.mssk.info/2012/11/facebook-fun-page.html






အဆင်​​ပြေပါ​စေ

Myartko Orange

ကဲစမ်းကြည့်​ကြအုံးဗျာ

ဒီဆော့ဝဲလေးကတော့ မိမိတို့ facebook ထဲကိုဝင်ထားတဲ့ email, password ကိုပြန်ရှာပေးတဲ့ ကောင်လေးပဲဖြစ်ပါတယ်ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် မိမိ facebook password ကိုမေ့နေတာမျိုး၊ အခက်အခဲများနှင့် ကြုံလာရင် ခေါင်းစားစရာမလိုပဲ start recovery ဆိုတဲ့ စာလေးကိုနှိပ်လိုက်တာနဲ့ မိမိ အသုံးပြုခဲ့သော facebook Login Passwords ကိုပြန်ရှာပေးမှာပဲဖြစ်ပါတယ်။ မိမိ အသုံးပြုသော Browser ကိုရွေးပြီးရှာပါ။

   Internet Explorer (all versions from 4 to 8)
 
  Firefox

  Google Chrome

  Opera Browser

  Paltalk Messenger

  Miranda IM
အသုံးပြုခဲ့သော password မှန်သမျှ အကုန်ပြန်ရပါလိမ့်မယ်။အသုံးပြုမယ်ဆိုအောက်မှာ ယူလိုက်ပါဗျာ။

Download
http://www.mediafire.com/download/3xiwwua666z40ks/FacebookPasswordDecryptor.%28layaungsan%29.com.zip

အဆင်​​ပြေပါေ​စ

Myartko Orange

Friday, February 27, 2015

Frozen keyboard ကိုမိမိကြိုက်​တဲ့ပုံစံဖန်​တီးမယ်

Frozen keyboard ကိုမိမိကြိုက်​တဲ့ပုံစံဖန်​တီးမယ်

လိုအပ်​တဲ့ apk s
Root explorer
http://adf.ly/rbYpI
.
Zip signer
http://adf.ly/rbZA4
.
Frozen keyboard
http://adf.ly/rbZGP

Or
http://adf.ly/rKfwA

 ဒေါင်းပြီးရင် install လုပ်လိုက်ပါ ပြိးရင်စကြရအောင်

၁ . Root explorer မှ မိမိ frozenkb ရှိတဲ့နေရာကို သွားလိုက်ပါ

၂ . အဲ apk ကို rename ကိုနှိပ်ပြီး နောက်က .zip ဟုအပိုပေါင်းထည့်ပေးလိုက်ပါ

၃ . zip folder ဖြစ်သွားပါမည် အမှန်ခြစ်ပြီး extract all လုပ်လိုက်ပါ

၎ . ပြီးသွားရင် ဒီလိုပေါ်လာပါမယ် Go To Extract ကိုနှိပ်လိုက်ပါ

၅ . frozenkb.apk ဆိုတဲ့ folder တစ်ခုတွေ့ပါမယ် အဲဒီ folder ထဲဝင်လိုက်ပါ

၆ . ပြီးရင် res >>> drawable-mdpi
ထိဝင်လိုက်ပါ

၇ . btn_keyboard_key_normal.9.png
ဆိုတဲ့ ပုံကိုရှာလိုက်ပါ

၈ . ပြီးရင် အဲဒီ ပုံ size အတိုင်း photo eidit တစ်ခုခု နဲ့ မိမိလိုချင်တဲ့ပုံတစ်ခု လုပ်လိုက်ပါ

၉ . drawable-mdpi ထဲကို သွားပြီး
btn_keyboard_key_normal.9.png
ဆိုတဲ့ မူရင်းပုံကိုဖျက်ပြီး မိမိ လုပ်ထားတဲ့ ပုံနဲ့ အစားထိုးလိုက်ပါ အစားထိုးတဲ့ ပုံကို ဖျက်လိုက်တဲ့ပုံရဲနာမည်ပဲပေးရပါမယ်

၁၀ . frozenkb.apk ဆိုတဲ့ folder ကို အမှန်ခြစ်ပြီး zip this folder နှိပ်လိုက်ပါ

၁၁ . ပြီးရင် Go to zip ကိုနှိပ်လိုက်ပါ frozenkb.apk.zip ဆိုပြီး zip ဖိုင်တစ်ခုတွေ့ပါမယ် root explorer မှ home ကိုနှိပ်ပြီးထွက်လိုက်ပါ

၁၂ . ZipSigner ထဲဝင်ပြီး choose in/out ဆိုတာနှိပ်လိုက်ပါ Speedsoftware>>>Archives ထိသွားလိုက်ပါ ခုနက လုပ်ခဲ့တဲ့ zip ဖိုင်တွေ့ပါမယ် နှိပ်လိုက်ပါ

၁၃ . ပြီးရင် sign the file ကိုထပ်နှိပ်ပြီးခဏစောင့်ပါ ပြီးရင်ထွက်လိုက်ပါ

၁၄ . ပြီးရင် Root Explorer ထဲပြန်ဝင်ပါ ခုနက နေရာမှာ signed ပါတဲ့ zip ဖိုင်တစ်ခု ထပ်တွေ့ ပါမယ်

၁၅ . rename ကိုနှိပ်ပြီး frozen.apk ဟုပေးလိုက်ပါ

၁၆ . ဒါဆို frozen icon နဲ့ apk တစ်ခုဖြစ်သွာပါပြီး install လုပ်လိုက်ပါ
ပြိးရင် စာရိုက်မယ့်နေရာတစ်ခုဖွင့်လိုက်ပါ ခုနက လုပ်လိုက်တဲ့ theme ပြောင်းသွားပါပြီ

အောက်​က pdf ပါ
http://pc.cd/KiJ7

အောက်​မှာပုံ​တွေဗျာ

အဆင်​​ပြေပါ​စေ

Myartko Orange

ဟက်ကာတစ်ယောက်က သူတတ်ထားတဲ့ ပညာရပ်တွေနဲ့ malicious purposes တွေမှာကျင်လည်တာမျိုးဆိုရင်  ခရက်ကာတွေကတော့ program တွေပေါ်မှာပ

နားလည်မိတဲ့ HACKING CRACKING



 

ကျွန်တော်နားလည်မိသလို ပြန်လည်ပြောပြတာဖြစ်လို့ မှားရင်​​ဆောတီးခင်​ဗျ

CRACKING
 
ကွန်ပျူတာ vocabulary မှာတော့
hat is. Hacking, is the act of stealing personal or private data, without the owner’s knowledge or consent, it could also include other things like stealing passwords, creating a bot net, or pretty much any act that breaches someone’s privacy, without their knowledge, or consent.
လို့ဖွင့်ဆိုပါတယ်..... လူတစ်ဦးတစ်ယောက်ရဲ့ private data ကို ခွင့်ပြုချက်မရဘဲ ရယူသုံးစွဲ ပြန်လည်ပြုပြင် တာမျိုး လို့ ဆိုလောက်ပါတယ်။

ယျေဘူယျအားဖြင့်တော့ Cracking မှာ program တစ်ခုရဲ source code တွေကို ပြန်လည်ပြုပြင်ပါတယ်။ နောက် key generator လိုမျို ; tool တွေလုပ်နိုင်ပါတယ်။ နောက် patch တွေ software တွေကိုထုတ်လုပ်တဲ့company တွေက ထုတ်ပြန်တဲ့ လိုင်စင် ခွင့်တွေကို ချိုးဖောက်ပြီး ဆော့ဝဲကို company ရဲ့ခွင့်ပြုချက်မရဘဲ အပြည့်အ၀ သုံးစွဲနိုင်အောင် လုပ်ဆောင်နိုင်ကြပါတယ်။
ဟက်ကာတစ်ယောက်က သူတတ်ထားတဲ့ ပညာရပ်တွေနဲ့ malicious purposes တွေမှာကျင်လည်တာမျိုးဆိုရင်  ခရက်ကာတွေကတော့ program တွေပေါ်မှာပဲ အဓိကလုပ်ကြပါတယ်။ သူတို့တွေသုံးတတ်ကြတဲ့ language တွေကိုကြည့်ရင် ပိုရှင်းပါတယ်။
Crackr အများစုက  Python and .NET (Visual Basic, C, C++, C#) and Objective C (Mac)တွေကိုသုံးတဲ့အချိန်မှာ Hacking သမားတွေကတော့ PHP, MySQL, Java Script , Ajax, and HTML and CSS တွေ မျိုးတွေပေါ်မှာ အသုံးချပြီး injection တွေ Deface တွေ မျိုးတွေလုပ်ကြပါတယ်။။နည်းမျိုးစုံတို့ရှိတာပေါ့ဗျာ DDos လိုမျိုးတွေပါ...ကျွန်တော်နားလည်တာကတော့ cracking and hacking ဟာ အခြေခံသဘောတရားတွေတူညီကြပြီးတော့ Target တွေ ကွဲသွားတယ်လိုပဲမြင်မိပါကြောင်း

by HanwailinnHanwailinn
www.sayyoethe.blogspot.com

အဆင်​​ပြေပါ​စေ

Myartko Orange

ID lock အ​ထောက်​အကူဖြစ်​မယ်​ဗျ မှတ်​ပုံတင်​လုပ်​နည်း​လေးပါ သိပြီး​ကျော်​ဗျ မသိယူကြခင်​ဗျ လုပ်​ရ​သေးဘူးဆိုရင်​ ဒီမှာ picsay apk လင့်​ဗျာ http://pc.cd/jtg ဒါ​လေးနဲ့လုပ်​ရမှာ ​အောက်​မှာပုံ pdf လင့်​ဗျာ . http://pc.cd/yGJ7

ID lock အ​ထောက်​အကူဖြစ်​မယ်​ဗျ
မှတ်​ပုံတင်​လုပ်​နည်း​လေးပါ သိပြီး​ကျော်​ဗျ
မသိယူကြခင်​ဗျ

လုပ်​ရ​သေးဘူးဆိုရင်

ဒီမှာ picsay apk လင့်​ဗျာ
http://pc.cd/jtg
ဒါ​လေးနဲ့လုပ်​ရမှာ

အောက်​မှာပုံ pdf လင့်​ဗျာ
. http://pc.cd/yGJ7

အဆင်​​ပြေပါ​စေ

Myartko Orange

မိမိ account အဟက်မခံရအောင် ကြိုတင်ကာကွယ်နည်း Hacker တွေ account တွေကို ဘယ်လိုနည်းလမ်းတွေ သုံးပြီး hack နေကြလဲ ?  

မိမိ account အဟက်မခံရအောင် ကြိုတင်ကာကွယ်နည်း

Hacker တွေ account တွေကို ဘယ်လိုနည်းလမ်းတွေ သုံးပြီး hack နေကြလဲ ?  

လေ့လာမိသလောက်လေးပါ၊ Hacking နဲ့ ပတ်သက်တဲ့ Hack နည်းတွေ ဒါပဲရှိတာမဟုတ်ဘူးနော်။ လတ်တလော ကြုံနေရတဲ့ Hack နည်းတွေကို ရှောင်ရှားနိုင်ဖို့ပါ။ account များ ပေါပါတယ်၊ အလကားရနေတာပဲလို့ မမှတ်နဲ့နော်၊ ကိုယ့်အကောင့် ကိုယ်သုံးလာတဲ့ အချိန်ပေါ် မူတည်ပြီး ကိုယ့်ရဲ့ personal တွေ အများကြီးရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ အဟက်ခံရပြီးမှ ပြန်လိုက်ရတာထက် ကြိုပြီး ကာကွယ်နိုင်တော့ မမှားဘူးပေါ့။

ခုတလော ဟက်ကာတွေ ဟက်နေတဲ့ နည်းလမ်းတွေကတော့

1. Phishing

2. Keylogger

3. Add ons စတာတွေကို အဓိကသုံးပြီး Hack နေကြတာပါ။ 

4. trusted contacts ဒါကတော့ ခုမှ စပြီးသုံးနေတယ်လို့ ထင်ပါတယ်။ အရင်ကသိပ်မကြားဖူးလို့ပါ။

1. Phishing 
     Phishing ဆိုတာ Facebook, Gmail စတာတွေရဲ့ Home Page အတုတွေပါ။ Phishing တွေကို ဘယ်ကနေ တွေ့နိုင်လဲ? လွယ်ပါတယ် Hack မယ့်သူက မျှားထားတဲ့ page အတုတွေပါ။ link လေး တခုချထားပေးမယ်၊ အဲဒီ link ကို click လိုက်တာနဲ့ Facebook Log in page, Gmail Log in page လေး ကျလာမှာပါ။ ဒါကို ကိုယ်က နည်းပညာပိုင်းဆိုင်ရာ အားနည်းတော့ မသိပဲ email နဲ့ password ကို ရိုက်ပြီး ၀င်လိုက်တာနဲ့ Hacker ရဲ့ ထောင်ချောက်ထဲရောက်ပြီး ကိုယ့်ရဲ့ gmail နဲ့ facebook account တွေ Hacker ရဲ့ Hosting လို့ခေါ်တဲ့ online ပေါ်က နေရာလေး တခုမှာ ရောက်သွားပါတယ်။ ဒါဆို ကိုယ့်ရဲ့ အကောင့်က Hacker ရဲ့ ပိုင်ဆိုင်မှုကို ခံရပြီပေါ့။ ဒီအကောင့်ကို ပြန်ပြီး လိုက်လို့မရနိုင်ဘူးလား ဆိုတော့ အချိန်ပေးပြီး နည်းပညာသုံးပြီး ပြန်လိုက်မယ်ဆိုရင် ရလဲ ရနိုင်သလို မိမိအကောင့်က Hacker ရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ချယ်လှယ်တာခံလိုက်ရရင်တော့ အခြေအနေတမျိုးဖြစ်သွားမှာပေါ့။ ဒါကြောင့် ဒီစာပိုဒ်လေးကို ဖတ်ပြီးရင် မိမိနဲ့ မရင်းနှီးတဲ့ သူ ပေးတဲ့ မည်သည့် link ကိုမှ Click မနှိပ်မိပါစေနဲ့။ Link ကို နှိပ်လိုက်ရင် Email and Password တောင်းပြီဆိုရင် ပိတ်လိုက်ပါ။ လုံးဝ မရိုက်ထည့်လိုက်ပါနဲ့။ ဒါဆို Phishing နဲ့ hack ခြင်းကို ကာကွယ်နိုင်ပြီပေါ့။

2. Keylogger
     ပထမဆုံး Keylogger အကြောင်းပြောပြမယ်။ Keylogger ဆိုတာ ကိုယ့်ရဲ့စက်ထဲမှာ ကိုယ် မမြင်ရပဲ အနောက်မှာ run နေပြီး ကိုယ့်ရဲ့ အချက်အလက်တွေကို Keylogger ရဲ့ ပိုင်ရှင်ရဲ့ email ဆီသို့ အဆက်မပြတ် ပေးပို့နေသော ထောက်လှမ်း ဆော့ဝဲတမျိုးပါ။ Keylogger အမျိုးအစားတွေမှာ keylogger ၀င်နေတဲ့စက်မှာ အချိန်ကိုက် screen shoot ဓာတ်ပုံရိုက်သွားတဲ့ keylogger (ဒီ keylogger လေး ကို အသုံးပြုနေတဲ့ user မှ လုံးဝမသိနိုင်ဘဲ keylogger software သွင်းထားသူသာ ကိုယ်ပိုင် password ဖြင့် ၀င်ရောက် ကြည့်ရှုနိုင်ပြီး အကျိုးပြုတဲ့ keylogger ဆိုလဲ မမှားပါဘူး၊ ဘာကြောင့် အကျိုးပြုလဲဆိုတော့ မိဘတွေ ကိုယ့်သားသမီးတွေ Internet ကို ဘာတွေအတွက် သုံးနေကြလဲ? မကြည့်သင့်တာတွေ ကြည့်နေလား? မသုံးသင့်တာတွေ သုံးနေလား? စသည်ဖြင့် သိစေတဲ့အတွက် အကျိုးပြု keylogger လို့ မမိုးနာမည်ပေးထားတာပါ။ နောက်တခု အကျိုးမဲ့ keylogger။ ဒါကတော့ hacker တွေရဲ့ လက်စွဲပါ။ keylogger တခုကို software သုံးပြီး ကိုယ်တိုင်ဖန်တီးလို့ရနိုင်သလို online ပေါ်ကရနိုင်တဲ့ keylogger တွေ အများကြီးမို့ hacker တွေအတွက် အလွယ်တကူ အသုံးပြုနေတဲ့ နည်းတခုပါ။ ဒီထက် အဆင့်မြင့်တဲ့ programming language တွေနဲ့ အဆင့်မြင့်မြင့်ရေးလို့ ရပါသေးတယ်။ ကဲဒါတော့ ထားလိုက်ပါတော့။ Hacker တွေ user တွေရဲ့ စက်ထဲကို keylogger ကို ဘယ်လိုထည့်လဲဆိုတာ နည်းနည်းပြောပြမယ်နော်။ user တွေ စိတ်ဝင်စားတဲ့ photo, ebooks, video,... စတာတွေမှာ ကပ်ပြီး user တွေဆီ ချပေးပါတယ် ဒါကို မသိပဲ download လုပ်မိပြီး double click နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့စက်ထဲမှာ သကောင့်သားက မွှေတော့တာပဲ၊ ပြီးရင် သူ့သခင်ဆီကို အချက်အလက်တွေ အဆက်မပြတ် ပို့တော့တာပေါ့။ key ရိုက်သမျှ အားလုံး ချိတ်ဆက်ထားတဲ့ keylogger ပိုင်ရှင်ရဲ့ email ကို data တွေ ပို့ပါတယ်။ ဒီနည်းလမ်းနဲ့ user ရဲ့ အကောင့်၊ password ကို hacker တွေ ရရှိရတာပါ။ Keylogger ပိုင်ရှင်တွေ ဘယ်လို အရာတွေကို keylogger မြှုတ်တတ်သလဲ? အရိုးရှင်းဆုံးပါ၊ လူအများ စိတ်ဝင်စားနိုင်တဲ့ လတ်တလော ဖြစ်ပျက်နေတဲ့ photo, video တွေကို အသုံးချတတ်ပါတယ်၊ ဥပမာ - မလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ video file လေးပါ၊ သတင်းကို စိတ်ချရတဲ့ သတင်းဌာနတွေကပဲ ဖတ်သင့်ပါတယ်၊ video ကိုလဲ သတင်းဌာနတွေကပဲ တိုက်ရိုက် ကြည့်သင့်ပါတယ်။ နောက်တခု sexy နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ video တွေကို ရှောင်သင့်ပါတယ်။ ဒါတွေက hacker တွေရဲ့ ထောင်ချောက်တွေဆိုတာ မမေ့ပါနဲ့။ ကျ​နော်​ကြုံဖူးတာလေး တခုကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။ ebooks တအုပ်ကို ဒေါင်းဖို့ ဖွင့်လိုက်တာ လေးထောင့်တွေပဲ တွေ့ရတယ် ကိုယ့်ရဲ့ အကျင့်ကလဲ ကိုယ်ယုံကြည်တဲ့သူမဟုတ်ရင် အဲစာအုပ်ကို အရင် သေချာ စစ်တတ်တယ်။ လေးထောင့်တွေဆိုတော့ မသင်္ကာလို့ save လုပ်ပြီး notepad ထဲပြောင်းကူးတော့ script တွေနဲ့ ရေးထားတဲ့ keylogger တမျက်နှာ တိတိတွေ့ခဲ့ရပါတယ်။ ဒါကတော့ ဗဟုသုတအဖြစ်ပြောတာနော်။ 

keylogger စစ်ဖို့ ကျ​​နော်​ကတော့ စက်ထဲမှာ MSE (Microsoft Security Essential) နဲ့ Malwarebytes ၂မျိုးနဲ့ အမြဲတမ်း စစ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စက်ထဲမှာ keylogger ရှိပြီလို့ ထင်ရင် windows ချလိုက်တာ အကောင်းဆုံးပါပဲ။ တခုတော့ သတိပေးချင်တယ် ကိုယ်ကတော့ ဒါတွေကို ရှောင်ပေမယ့် ကိုယ့်စက်မှာ မျှယူသုံးစွဲသူက မရှောင်ရင်လဲ hacker ရဲ့ ထောင်ချောက်ထဲ သက်ဆင်းရမှာမို့ အကောင်းဆုံး အကြံပေးချင်တာကတော့ computer တလုံးကို ၁ယောက်ထဲ သုံးစေချင်တယ်။ ဒါမှမဟုတ် မျှဝေသုံးစွဲသူကို ဗဟုသုတလေးတွေ ပြောပြထားသင့်တယ်။ နောက်တနည်းက ကိုယ့်ရဲ့ password ကို keyboard ကနေ ရိုက်မ၀င်ပဲ windows မှာ ပါတဲ့ on screen keyboard မှ ၀င်သည်ဖြစ်စေ၊ notepad တွင် password ကို save ထားပြီး အကောင့်ဖွင့်တိုင်း copy and paste နဲ့ ၀င်ပေါ့။ အချို့ အဆင့်မြင့် keylogger တွေ on screens keyboards ရော notepad ကိုရော ရှာနိုင်တယ်လို့ နိုင်ငံခြား ဆိုဒ်တခုမှာ ဖတ်ဖူးပါတယ်။ ဟုတ်မဟုတ် ကျ​နော်​လဲ မကြုံဖူးလို့ အတတ်မပြောနိုင်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ကိုယ့်ရဲ့စက်ကို မှန်မှန်လေး စစ်ပေးသင့်ပါတယ်။ ဒီလောက်ဆို keylogger ကို ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။

3. Add ons

     Hacker တွေရဲ့ အဓိက ပစ်မှတ်တခုပေါ့။ လတ်တလော အသုံးအများဆုံး hack နည်းလေးပါ။ add ons တခု ဖန်တီးပြီး ဒီ add ons လေးကတော့ internet connection ကို ၂ဆတို့ ၄ဆတို့ ဆိုပြီး မက်လုံးပေးပြီး link ကို ချပေးတတ်တယ်။ ဒါကို ယုံကြည်တဲ့သူတွေက install လုပ်တော့ အကောင့်တွေ တန်းစီပြီး ပါပြန်ရောပေါ့။ အရင်က Mozilla Firefox တခုကိုပဲ target ထားလို့ firefox သုံးတဲ့သူတွေ တော်တော်များများ ခံလိုက်ကြရပါတယ်။ ခု Maxthon browser ဘက်ကို ဦးတည်နေကြပြီ။ ဘယ်အတွက်ပဲ ထုတ်ထား ထုတ်ထား အဓိက ကိုယ်မသုံးမိရင် အကောင့်ပါမှာ မဟုတ်ပါဘူး။ ကျ​နော်​ဆို add ons ဘယ်တော့မှ သုံးလေ့မရှိပါဘူး။ add ons တောင်းတဲ့သူတွေကိုလဲ browser ရဲ့ official site မှာပဲ ရှာပြီး ပေးလေ့ရှိပါတယ်။ သေချာမသိရင် ဘာမှမသုံးတာ အကောင်းဆုံးပါ။ ကိုယ့်ရဲ့ account ကို ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မကာကွယ်နိုင်ပါဘူး။

4. trusted contacts

     မိမိ account lock ကျရင် trusted contacts မှာ ထည့်ထားတဲ့ သူငယ်ချင်း အနည်းဆုံး (၃)ယောက်ဆီကို facebook မှ code ပို့ပေးခြင်းပါ။ ဒီနည်းနဲ့ ဘယ်လို hack မလဲ စဉ်းစားစရာနော်။ကျ​နော်​သေချာတော့ မရေးပြတော့ဘူး မသမာသူလက်ထဲကို ရောက်မှာ ဆိုးလို့ပါ။ အဓိက အချက်ကိုပဲ ပြောတော့မယ်။ trusted contacts list မှာ မိမိ ကိုယ်ပိုင် account များကိုသာ ထည့်ထားသင့်ပါတယ်။ ဒီလောက်ပဲ အကြံပြုပါရစေ။ သူခိုးဓားရိုးမကမ်းချင်လို့ပါ။ 

ကျ​နော်​ရေးတဲ့ ဒီစာပိုဒ်လေးက နည်းပညာနဲ့ပတ်သက်ပြီး ဗဟုသုတ အနည်းငယ် ရခဲ့မယ်ဆိုရင် ကျေနပ်ပါတယ်။ IT Family Magazine မှာ ရေးဖို့ စဉ်းစားထားပေမယ့် အချိန်မလုံလောက်လို့ မရေးဖြစ်ခဲ့ပါ။ ဘယ်အချိန်ရေးရေး ဘယ်နေရာရေးရေး စာဖတ်သူ ဗဟုသုတ အနည်းငယ် ရသွားတယ်ဆိုရင်ပဲ ၀မ်းသာပါတယ်။ Hacking က ဒါပဲလားလို့တော့ မပြောနဲ့နော်။ သိချင်ရင် Hacker တွေဆီသာ တိုက်ရိုက်သွားမေးကြပါ။ ကျ​​နော်​ဘာမှမသိပါဘူး။ ကိုယ့် account ကိုယ် ကာကွယ်ထားရုံလေးကို ပြန်လည်မျှဝေတာပါ။

Myartko Orange

Phone noti မှာ နာမည်​​ရေးမယ်​ လိုအပ်​ရင်​​အောက်​မှာလင့်​ ၂ ခုလုံး​ဒေါင်းပါ Root ရှိပါ​စေ သိပြီးသားဆာ​တေ​ကျော်​ ဟုဟ

Phone noti မှာ နာမည်​​ရေးမယ်​ လိုအပ်​ရင်​​အောက်​မှာလင့်​ ၂ ခုလုံး​ဒေါင်းပါ

Root ရှိပါ​စေ သိပြီးသားဆာ​တေ​ကျော်​ ဟုဟု

ဒီမှာ pdf
http://pc.cd/G3J7

အောက်​မှာက ပုံ​လေးနဲ့ပါ​သေးတယ်

အို​ကေ​နော်

Cd ..ချစ်​တုံး


https://www.dropbox.com/s/8f1f49nwndh7ng6/com.hamzah.xposedstatustext-1.apk?dl=0

. https://www.dropbox.com/s/8f1f49nwndh7ng6/com.hamzah.xposedstatustext-1.apk?dl=0

အဆင်​​ပြေပါ​စေ




Myartko Orange

Thursday, February 26, 2015

လူ့စိတ်​ကို ထိုး​ဖောက်​ဝင်​​ရောက်​ခြင်း( hacking to human mind)

ကျ​နော်​အခုလို မျှ​ဝေခြင်းက ရှိ​နေဖြစ်​​နေတယ်
ဖြစ်​တတ်​တယ်​ဆိုတာ ကို သိ​စေလို၍ တခုတည်းပါ
တွေ့ရှိသမျှ တင်​ပြ​ပေး​နေမှာပါ စိတ်​မဆိုးကြဖို့
ပြောထားပါရ​စေ

Introduction
Social engineering ကို တစ်နည်းအားဖြင့် Hacking into the human mind ဒါမှမဟုတ် an act of  psychological manipulation လို့အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်…..။ တနည်းအားဖြင့် လူ့စိတ်ကိုထိုးဖေါက်ဝင်ရောက်ခြင်း….ဒါမှမဟုတ်…လူ့စိတ်ကိုကြိုးကိုင် လှည့်စားစေခိုင်းခြင်း လို့ ဘာသာပြန်ဆိုနိုင်ပါတယ်…။ ဒါပေမယ့် Social Engineering ( အတိုခေါက် SE ) မှာနောက်ထပ် အနက် အဓိပါယ်ပြန်ဆိုမှုပေါင်းများစွားဆက်လက်  ပြန်ဆိုနိုင်ပြီး ….လွတ်လပ်စွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော အတတ်ပညာတစ်ခုဖြစ်ပါတယ်…..။ ကျယ်ပြန့်သော၊နက်ရှိင်းသော၊အတွေးအခေါ် စိတ်ပညာဆိုင်ရာ Theory များအပြင်..၊နက်ရှိင်းစွာစဉ်းစားကြံ ဆခြင်း စသော လမ်း စဉ်ပေါင်းများစွာကို လည်းတွေ့ရှိနိုင်ပါသေးတယ်…….။ အဓိ ကအချက်ကို ဆိုရလျှင်ဖြင့် (SE) သည် လူ့စိတ်ကိုထိုးထွင်းဝင်ရောက်ခြင်း ၊သူတပါး၏  ယုံကြည်မှုကိုရယူသိမ်းပိုက်ခြင်း….၊လိမ်ညာခြင်း ၊အယောင်ဆောင်ခြင်း…၊ အတုလုပ်ခြင်းများအပြင်….၊ မိမိကိုယ် မိမိ Master Mind တစ်ယောက်ဖြစ် အောင်လေ့ကျင့်သင်ယူခြင်း……စသည့်တို့အပြင် နည်းပညာပိုင်း ကိုပါလေ့လာခြင်း…စသည်တို့ပါဝင်ပါတယ်……..။ တစ်ချို့ကတော့ (SE) ကို စိတ္တဇ ဆန်တယ်လို့လဲပြောကြသလို…၊ တစ်ချို့ ကတော့ ညစ်ညမ်းမှုတစ်ရပ်လို့တောင် သမုတ်ကြပါတယ်…..။ဒါအပြင် လူတစ်ချို့ က hacking course တစ်ခုလို့တောင် ထည့်သွင်းစဉ်းစားခြင်းမရှိကြပါဘူး….။အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက လူတော်တော်များများ ကဟာ (SE) ဆိုတာကိုမသိသေးတဲ့သူတွေအများကြီးပါ….။ကျွန်တော့်အနေနဲ့တော့ Ghost Area မှာ (SE) ကို ဆောင်းပါးများအပြင် ၊အတွေးအခေါ်များ၊ ကျွမ်းကျင်သူပညာရှင်းများ၏ Profile များ ၊Tutorial များ ၊ (SE) ၏စိတ်ပညာပိုင်းဆိုင်ရာ Theory များ ကိုပါတင်ပြပေးသွားမှာပါ….။ တကယ်တမ်းတော့ (SE) ဆိုတာ လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့အပြင်…၊Xploit မရှိ…Defense system မရှိပါဘူး…။ တိုက်ခိုက်ခံရသူ သာကောင်တွေအနေနဲ့ Firewall မရှိ Anti software တွေမရှိ ဘာနဲ့ကာကွယ်မလဲ….။လူအသိညဏ်ကို လူ့အသိညဏ်နဲ့ပဲ ကာကွယ်နိုင်ပါတယ်……။စစ်တမ်းတွေအရဆို တကယ်ထူး ချွန်တဲ့ social engineer တစ်ယောက်ဟာ….သာကောင်းဆီက အချက်အလက်တွေရဖို့ 80% သေချာတယ်လို့ဆိုထားပါတယ်……..။လေကြီးတာမဟုတ်ပါဘူး…… (There is no patch to Human stupidity) လူတစ်ယောက်၏ ညံ့ဖြင်းမှုသည် ဘာနှင့်မှ အစားထိုးလို့မရတဲ့…..။လူတိုင်းက တော့ သူဘာသာသူ ရူးနေကြတာချည်းပဲ …….။
 A Tutorial For Beginner
Theory တွေချည်းများနေမှာ ဆိုးလို့…..ကျွန်တော်တို့လိုလေ့လာဆဲလူတွေအတွက် ကျွန်တော့်ရဲ့ ပထမဆုံးသော (SE) tutorial လေးစရေးလိုက် တယ်….။နောက်တော့မှ Theory ပိုင်းတွေဆက်ရေးသွားမယ်လေ….ချက်ချင်းကြီးဆိုရင်ပျင်းစရာကောင်းမှာဆိုးလို့။လိုအပ်ချက်တွေကတော့  
Gtalk, Yahoo messenger တစ်ခုခု
RAT,Trojan
Crypter,Binder
Brain.exe
  စစချင်းတော့ Gtalk လိုနေရာမျိုးမှာသူများကို ခိုင်းစားနိုင်အောင်လေ့ကျင့်နေရပါတယ်….။အတည်ပြောတာပါ…အလကားနေရင်း google အကောင့် တွေလုပ်ခိုင်းနေတာမျိုးတို့ သူများဆီက အချက်အလက်တွေတောင်းနေတာမျိုးတို့ပေါ့….။ဥပမာ ကိုယ့်သားကောင်ရဲ့ စက်ထဲမှာ ဘာတွေသုံးထားလဲ virus update တွေမှန်မှန်လုပ်ရဲ့လား….Deepfreeze လိုဆော့ဝဲမျိုးသုံးထားသလား…..။နောက်ပြီးတော့သူ့ရဲ့ အသိပညာ…ကို လဲစမ်းသပ်ထားရပါတယ်…။ဥပမာ security ပိုင်းကိုဘယ်လောက်အထိသိထားလဲပေါ့….။ကျွန်တော်ဆိုအလကားနေရင်း ဆော်နာမည်နဲ့ အကောင့် တစ်ခုလုပ်ပြီးတော့လိုအပ်သလိုခိုင်းချင်တိုင် ခိုင်းစားနေတာကြာပေါ့…….။ဟုတ်တယ်လေအားနည်းချက်ဆိုတာလူတိုင်းမှာရှိကြတာချည်းပဲ….တစ်ချို့ ကသနားလို့ကူညီချင်တယ်….တစ်ချို့က တဏှာရူးပြီးတော့ကူညီချင်တယ်……တစ်ချို့ ကတော့ဝါသနာအရ ကိုက ကူညီချင်တဲ့စိတ်ရှိကြတယ်…..၊ တစ်ချို့ ကတော့နံမည်ရချင်လို့ကူညီချင်တယ် …….၊တစ်ချို့ကလဲ အကျိုးလို လို့ညောင်ရေသွန်းကြတယ်…..ဘယ်လိုပဲဖြစ်ဖြစ် ကုညီချင်စိတ်ဟာ အားနည်းချက်တစ်ခုဖြစ်ပြီးတော့ နောက်ကွယ်ကနေ ကြိုးကိုင်လို့ အကောင်းဆုံး အချက်တစ်ချက်ဖြစ်တယ် ဆိုတာ….ဖေါကောင်းတုန်း ဖေါထား လိုက်ပါတယ်……..။ ခုတော့ကျွန်တော်တွေး ခေါ်ထားတဲ့ ကြိုးကိုင်နည်းလေးတစ်ခုကို တင်ပြပေးသွားမယ်လေ……။Tutorial ကခုမှစတာ အပေါ်ကဟာတွေက အခွင့်သာ တုန်း ဖေါထားတာ……။နည်းလမ်းလေးကတော့ Attacker တစ်ယောက်အနေနဲ့ ကြားခံနယ် နှစ်ယောက်ကနေပြီးတော့ အချက်အလက်တွေ ကို ညှစ် ယူတာဖြစ်ပါတယ်….။ငွေညှစ်နိုင်သလို တခြားတွေရာတွေမှာလဲသုံးနိုင်ပါတယ်……ကျွန်တော်ကတော့ ဗျူဟာအနေနဲ့သာတင်ပြနိုင်မှာဖြစ်ပြီးကိုယ့် ဘာသာကိုယ် လိုအပ်သလို ချဲ့ကာတွေးခေါ်စဉ်းစာနိုင်မှာဖြစ်ပါတယ်…….။အကောင်းဆုံးကတော့ SE ဆိုတာကိုယ်ပိုင်စဉ်းစားမှုကို အသုံးချတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်…..။ကဲစလိုက်ရအောင်ဗျာ…..အောက်မှပုံလေးပေးထားပါတယ်……။


အညွှန်းချက်များ..။    
V=သားကောင်
H=Attacker
A,B=ကြားခံများ
Red line=ဆက်သွယ်မှုများ
Blue line=သတင်းအချက်အလက်များစုဆောင်းမှု  
Green line=ကြိုးကိုင်မှု
Black line=Target Information   

နည်းဗျူဟာကတော့ဒီလောက်ပါပဲ……။ဒီအပေါ်အခြေခံပြီးတော့အမျိုးမျိုး လှည့်ပတ်သုံးလို့ရပါတယ်…..။ဒါပေမယ့်သုံးပုံသုံးနည်းကတော့ ကွာပါလိမ့် မယ်….။ကျွန်တော်ဒီအတိုင်းသုံးခဲ့ဘူးပါတယ်…..။ကျွန်တော့်မှာ google အကောင့်နှစ်ခုရှိပါတယ်….ဆော်နာမည်နဲ့အကောင့်ပေါ့….။Target ကို လိုက်တော့ တဏှာအားကောင်းတဲ့အကောင် ကျွန်တော်က အထက်ကပုံအတိုင်း ကျွန်တော်အကောင့်နှစ်ခုကို control လုပ်ပြီး target ကို ချိတ်လိုက် ပါတယ်…။ ဒီနေရာမှာ  H ကကျွန်တော်၊ Aနဲ့ B က ကျွန်တော်ထိန်းချုပ်ထားတဲ့အကောင့်နှစ်ခု ၊ V ကကျွန်တော်ရယူခဲ့တဲ့ Target ဖြစ်ပါတယ်….။ပုံမှ ပြထားတဲ့အတိုင်း သားကောင်နဲ့ ကျွန်တော်က တိုက်ရိုက်တိတွေ့ခြင်းမရှိပဲနဲ့ A နဲ့ B လိုကြားခံတွေထားလိုက်ပါတယ်… အကောင့်အတုတွေပေါ့…။အဲဒါကြောင့် ကျွန်တော်အကောင့်တွေအများကြီး လုပ်ထားတာ လိုရင်လိုသလိုထုတ်သုံးတယ်…သူ့နေရာနဲ့သူပေါ့…။ဒီ ဆက်သွယ်မှုကိုပုံမှာ လိုင်းအနီနဲ့ပြထားတယ်….။ နောက်ပြီးကျွန်တော်က ကျွန်တော့် ကြားခံတွေကို ကာရိုက်တာနှစ်မျိုးသုံးထားတာ…တစ်ယောက်ကရိုးတယ်အေးတယ်.  ..ဒေါသကြီးတယ်….။တစ်ယောက်က Sexy ဆန်တယ်…ခပ်မိုက်မိုက်ပုံစံ ….လေးပါ…။ ဇာတ်ကားရိုက်နေတာမဟုတ်ပါ လက်တွေ့လုပ်နေခြင်းဖြစ်ပါတယ်….။တစ်ခုပြောချင်တာက ကျွန်တော့်ကြားခံနယ် အကောင့် profile ပုံလေးတွေကိုတစ်ချက်တည့် ပြောချင်တာပါ ။ သုံးချင်သလိုမသုံးပါဘူး..မြန်မာမိန်းကလေးပုံလဲဖြစ်ရမယ်….နာမည်ကြီး မင်းသမီးပုံတွေလဲ မဟုတ်စေပါဘူး သဘာဝကျတဲ့ ပုံတွေကို သေချာရွေးခဲ့ တာပါ….။အကောင်းဆုံးရယူနိုင်မယ့်နေရာကတော့ facebook လိုနေရာမျိုးဖြစ်ပါလိမ့်မယ်…….။နောက်ပြီးအပြောအဆိုတွေကို သဘာဝကျကျ ပြောဆိုဆက်ဆံ မှုတွေပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်….(SE)မှာလက်တွေကျဖို့ အရေးကြီးပါတယ်……..ကိုယ်ကလက်တွေ့မကျရင် ကိုယ့်သားကောင်းကလဲ လက်တွေ့ ကျကျ information တွေပေးမှာမဟုတ်ပါ…..။ ဇာတ်လမ်းကိုပြန်စလိုက်ရအောင်…ဒီလိုဗျာ ကျွန်တော့်ကြားခံနှစ်ယောက်ကို အဲဒီ Target နဲ့ ညိသွားအောင်ဇာတ်ကွက်ရိုက်ပေးလိုက်တယ်….။နောက် တဆင့်အနေနဲ့ အပြာရောင်လိုင်းအတိုင်း သူ့ဆီက အချက်အလက်တွေ အညှီအဟောက်တွေကိုယူလိုက်တယ်…..။ဘယ်ကာရိုက်တာနဲ့ လိုက်ဖက်လဲ လို့ဆိုရင် …..ကာရိုက်တာ A ကအဲလိုယူဖို့အကောင်းဆုံးပါပဲ……။ရရှိလာတဲ့ information တွေကို ကြားခံ (B) ကိုလဲ ဝေမျှထားပါတယ်…..။ဒီ လိုစု ဆောင်းရာမှာ ကိုယ်နဲ့ ပြောထားသမျှ…..(သို့) သူကျူထားသမျှကို screen shot ရိုက်ထားလိုက်တာပါပဲ……။ နောက်နေ့ကျတော့ ကြားခံ (B) ကနေ ငနဲကြီး ကို သူနဲ့ ကြားခံ (A) တို့ အကြောင်းကို ပြောပြပြီးတော့ ညှစ်ပါတော့တယ်….။လူဆိုတာ အမှားလုပ် ထားရင်ဖုံးထားသမျှပေါ်သွားတာကြီးပဲ…..။အဲဒီလိုကြိုးကိုင်တာကို အစိမ်းရောင်းလိုင်းနဲ့ ပြထားတယ်…..။ကျွန်တော့်ကတော့ “screen shot တွေရှိ တယ်…..”လို့ပြောတော့ ဘဲကြီး က နင်းကန်ပိတ်ညင်းတော့တာပဲ…သူညင်းတာကိုသက်သေပြခိုင်းတော့ အူလည်လည် လုပ်နေတာ…….ဒါကြောင့်မာယာကိုသုံး တယ် …”နင့်အကောင့်ထဲ ၀င်ကြည့်မယ် စစ်ကြည့်မယ်…”လို့ကြိုးကိုင်းလိုက်တာ…..ဟိုအကောင်ကလဲ သူ (A) နဲ့ ပြောထားသမျှကို ပြန်ဖျက်ပြီး သူ့အကောင့် ထဲ ၀င်ကြည့်ခွင့်ပေးလိုက်တာလေ……။အဲဒီတော့ပါရောပေါ့ဗျာ……။အနက်ရောင်လိုင်းလေးအတိုင်းပေါ့ ကိုလိုချင်တဲ့ Target information ကိုရယူ လိုက်တာ….။ ဒီနေရာမှာသူ့ လိုမအပဲနဲ့ တင်းခံနေတဲ့သူတွေနဲ့ တွေ့ရင် RAT ကိုသုံးလို့ရသေးတယ်…..။ဥပမာအားဖြင့် ခုနက (A) နဲ့ ကျွန်တော့်သားကောင်နဲ့ ပြော ထားသမျှကို screen shot ရိုက်ထားတဲ့ပုံတွေကို RAT နဲ့ တွဲချည်ပေးလိုက် ….ပြီးရင် FUD ဖြစ်အောင်လို့ Crypter,Binder တို့ကိုသုံး ဒီ အကြောင်းတွေကို မသိရင် Ghost Area ကလူတွေကိုမေးနိုင်ပါတယ်…..။ဟီးဟီး ခေါင်းရှောင်တာပါ……။အဲလိုလုပ်ပြီးရင် ကျွန်တော်ဆိုရင် ဒီအတိုင်း လုပ်မှာပါ…..။”နင့်ကသက်သေမပြနိုင်လဲ ငါ့မှာသက်သေရှိတယ်….မယုံရင်နင်တို့ပြောမမျှငါ့မှာ ပုံတွေရှိတယ်ဆိုပြီး…”ခုနက FUD လုပ်ထားတာတွေ ကို ပို့လိုက် …။ဒီလိုနေရာမှာ (ခုပြောနေသောသားကောင်ရဲ့ နေရာမှာ) ဘယ်သူမဆိုဒီပုံတွေကို ကြည့်မိကြမှာပဲ……။အဲဒီကြတော့ ကိုယ်ရချင်တဲ့ Information ဟာ တိုက်ရိုက်ရရှိမှာဖြစ်ပါတယ်……။ပုံမှပြထားတဲ့အတိုင်း attacker နဲ့ သားကောင်နဲ့ကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ အနက်ရောင် လမ်းကြောင်းလို ဖြစ်ပါတယ်…..။ Tutorial ကတော့ဒီလောက်ပဲဖြစ်ပါတယ်…….။

ကျန်တာကတော့စာဖတ်သူအပိုင်းဖြစ်ပါတယ်…..။အောင်မြင်မှုက ကိုယ့်ညဏ် နဲ့လဲဆိုင်ပါတယ်……။ ဘယ်အချိန်မှာ ဘယ်လိုစကာပြောရမယ်…ဘယ်လို ကာရိုက်တာတွေသုံးရမလဲဆိုတာ သားကောင်နဲ့လဲဆိုင်ပါတယ်….ကိုယ်နဲ့လဲဆိုင်ပါတယ်…..။ ကြိုက်သလို ဗျူဟာကိုလဲပြောင်းလဲနိုင်ပါတယ်….။ဒီဗျူဟာက ကြားခံနှစ်ခုကို Target တစ်ခုဆီကို အရောက်ပို့ပေးခြင်းဖြစ်ပါတယ်…….။  ကိုယ် ကောင်းရင်ကောင်းသလို အောင်မြင်နိုင်ပါတယ်…..။အနည်းဆုံးတော့ကျွန်တော် 70% အာမခံပါတယ်…..။

 ဒီပိုစ့်ကိုဖတ်ပြီးကျွန်တော့်ကို အကျင့်မကောင်းတဲ့သူလိုထင်ချင်ထင်ကျပါလိမ့်မယ်……။အဲဒီလိုထင်ရင်တော့ ကျွန်တော့်ပိုစ့်အောင်မြင်တယ်လို့လဲဆိုရပါလိမ့်မယ်….။ဟုတ်ပါတယ် ….(SE) ကသူများတွေအဲလိုထင်မြင်လေ အောင်မြင်လေပါပဲ…….။ဒီပိုစ့်က ပထမဆုံး ကျွန်တော် (SE) ပိုင်းကိုစရေးဖြစ်တာဖြစ်ပါတယ်….။အဲနည်းနည်းတော့ အမှားလေးတွေပါ လိမ့်ပါမယ်….ကြိုပြီးတော့တောင်း ပန်အပ်ပါတယ်…။ ဒီနေ့တော့ဒီလောက်ပါပဲ…….။ ကျေးဇူးတင်ပါတယ် ။ 

ကြောက်​စရာကြီး​နော်

Myartko Orange