♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, April 4, 2015

Windows 7 တွင်အဖြစ်များသည့် Shortcut Icon ပြသနာအကျယ်ရှင်းလင်းချက် ( ဖြေရှင်းနည်း )

Desktop ပေါ်မှာရှိနေတဲ့ Software တွေရဲ့ Icon ကို Right Click ထောက်ပြီး Open With 
ကိုနှိပ်ကာ Program 
တစ်ခုကို ရွေးချယ်မိလိုက်သောကြောင့်..Icon တွေအကုန်လုံးဟာ ရွေးချယ်ထားတဲ့ Program 
ပုံတွေဖြစ်ကုန်တော့တာပါဘဲ..ဒါဟာဘာကြောင့်လဲဆိုရင်

 (၁) Windows 7 ရဲ့ Registry မှာ Shortcut Icon ပိုင်းဆိုင်ရာပြောင်းလဲမှု 
အားနည်းနေခြင်း(Exploit)

(၂) အသုံးပြုသူရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း..ဥပမာ Program Icon မှန်းမသိ.. Folder or Files 
မှန်းခွဲခြားမသိမှုတွေကြောင့်ဖြစ်ပါတယ်။

အထက်ပါ အချက် နှစ်ချက်မှာ ဒုတိယအချက်ကို မပြောတော့ပါဘူး..ပထမအချက်ကိုဘဲပြော

ပြပါ့မယ်..အခု ညီလေးဖြစ်နေတဲ့ ပြသနာမျိုးက Windows 7 တွေမှာဘဲဖြစ်တာပါ..တစ်ချို့က 
ဒီလိုဖြစ်တာဟာ Virus ထိတာလို့ပြောကြပါတယ်..(ဒါလုံးဝမမှန် ရမ်းရွှီးတာပါ)…တစ်ချို့ကလဲ

ဒီလိုဖြစ်ရင် System 
Restore ပြန်လုပ်လိုက်ကြပါတယ်..ခဏတာတော့ ကောင်းသွားပါရဲ့..မကြာပါဘူး ဖြစ်မြဲက ဖြစ်မြဲအတိုင်းပါဘဲ။ 
ဒီတော့ Open with လုပ်တိုင်း ဒီ Program Icon တွေက 
အကုန်ပြောင်းနေတော့မှာပါဘဲ..ဒါကတော့ Windows 7 ရဲ့အားနည်းချက်ပါ။ Microsoft က 
သူ့ရဲ့ 
ထုတ်ကုန်အားနည်းချက်ကို ပြုပြင်ပေးတဲ့အနေနဲ့  Registry Code 
တစ်ခုထုတ်ပေးခဲ့ပါတယ်..ဒါကို 
အသုံးပြုလိုက်ခြင်းအားဖြင့် Program ပေါ် Right Click ထောက်ပြီး Openwith လုပ်မိတဲ့အခါမှာ 
Icon တွေအကုန်လုံးက ဘားမှပြောင်းလဲတော့မှာမဟုတ်ပါဘူး..ဒါကြောင့် ဒီလို 
အဖြစ်မျိုးကြုံတွေ့နေရတဲ့သူတွေအဖို့

ကျနော်က ဖြေရှင်းပေးနိုင်တဲ့ Registry Code တွေကိုတင်ပေးလိုက်ပါတယ်။အရင်ကလည်း 
တင်ပေးဖူးပါတယ်..အခု မေးခွန်းကိုသေချာမေးလာတဲ့အတွက် 
ဗဟုသုတအနေနဲ့အားလုံးသိ အောင် အကျယ်ရှင်းပြလိုက်တာပါ..ဒီလို Windows 7 မှာဖြစ်နေတဲ့ 

Icon ပြောင်းလဲခြင်းပြသ နာကို ကွန်ပျူတာ Services ဆိုင်တော်တော်များများက Virus 

ဟုအကြောင်းပြကာ 

ဝင်းဒိုးစ် ပြန်တင်ခြင်းများ ပြုလုပ်နေကြပါတယ်…ဒါလုံးဝမဖြစ်သင့်တာပါ..၀င်းဒိုးစ် 
တစ်ခါပြန်တင်ရင်လဲ ငါးထောင် ဒါမှမဟုတ် 
ရှစ်ထောင်လောက်တောင်းနေတာပါ..ကိုယ်တိုင်တင်တတ်တဲ့သူတွေ 
အတွက်လဲ ပြန်တင်စရာမလိုဘူး..ဒီလိုကောင်းအောင် ပြန်လည်ပြုပြင်လို့ရတယ်ဆိုတာ 
အချိန်ကုန်သက်သာစေချင်လို့ရှင်းပြပေးတာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ ဒီလိုအဖြစ်အပျက် 
မျိုးကြုံလာခဲ့လို့ရှိရင်လည်း စေတနာနဲ့အနည်းဆုံး နှစ်ထောင်လောက်တောင်းပြီး 
ကူညီပေးလိုက်ပေါ့ဗျာ (ပညာခတောင်းခိုင်းတာနော် :P) .. ကဲ..ဆက်ကြည့်ပါဦး..။

အသုံးပြုပုံ

ကြိုက်ရာ Link ကနေ Registry Code ကို Download ချပါ။
 
 Download ==> Solidfiles ၊ Mirror
http://adf.ly/LKxuN../.. http://adf.ly/LKz8I

Download ချလို့ရလာတဲ့ဖိုင်ထဲက Amc.bat ကိုအရင်နှိပ်ပါ။ အမည်းရောင် 
Box လေးဖျက်ခနဲ့တက်လာပြီး ပိတ်သွားပါလိမ့်မယ်။ ပြီးတာနဲ့ Exe.reg ကို Click ပါ။

 Yes or No မေးရင် Yes ပေးလိုက်ပါ။ Error တက်လာရင် OK ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို 

Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ Desktop ပေါ်မယ်ရှိတဲ့ Icon တွေဟာ မူလ 

Program Icon တွေအတိုင်းပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအပေါ်ကို Right Click >> Open With 

လုပ်ကြည့်လိုက်ပါဦး… အခြားProgram တွေပြောင်းလဲတော့မှာမဟုတ်ပါဘူးခင်ဗျာ… ။
 
Icon တွေပြောင်းကုန်တာကို Virus ထိတယ်ဆိုပြီး Windows အသစ်ပြန်တင်ကာ 

လုပ်စားနေတဲ့ မြန်မာနိုင်ငံ Computer Services ဆိုင်အချို့ရဲ့ စီးပွားရေးကိုတုတ်နဲ့ 
ထိုးသလိုများဖြစ်ခဲ့ရင် www.mmithelper.com သို့ လာအော်ကြပါကုန်..... :-)

Android Internet Setting ချိန်နည်း။

GSM Internet Setting ချိန်နည်း။

ဖုန်းတိုင်း မတူညီ၍ တသတ်မှတ်တည်းတော့ သတ်မှတ်၍ မရပါဘူး။
Name _ နှစ်သက်ရာ ထည့်နိုင်ပါသည်။
APN   _ mptnet
Proxy _ မလိုပါဘူး။
Port   _ မလိုပါ။
Username_ မလိုပါ။ (တစ်ခါတစ်ရံတော့ လိုအပ်ပါသည်။ mptnet ပဲ ထည့်ပေးပါ)
password _ မလိုပါ။ ( တစ်ခါတစ်ရံတော့ လိုအပ်ပါသည်။ 123 or 12345 ထည့်ပေးပါ)
ှServer _ မလိုပါ။
MMSC _ မလိုပါ။
MMS proxy_ မလိုပါ။
MMS port _ မလိုပါ။
MCC _ 414 ( ထည့်ပေးစရာမလိုပါ။ APN ကို mptnet ထည့်တာနှင့် အလိုအလျောက် တက်ပါမည်)
MNC _ 01 ( သူလည်း APN ထည့်တာနှင့် အလိုအလျောက်တက်ပါသည်)
Authentication type _ (PAP or CHAP) or ( CHAP)
APN type_ပုံမှန်အားဖြင့် ထည့်စရာမလိုပါ။ ( Samsung များတွင် internet +mms ကို ရွေးပေးရပါမည်။)

CDMA 800 Internet setting ချိန်နည်း။

အလုံးတိုင်းတော့ မတူနိုင်ပါဘူးနော်။ ကိုယ်ဥာဏ်ရှိသလို အဆင်ပြေအောင် လုပ်ကြည့်ပါ။

Name _နှစ်သက်ရာ ထည့်နိုင်သည်။
APN   _#777
Proxy _မလိုပါ။
Port   _မလိုပါ။(တစ်ခါတစ်ရံတွင်တော့ 80 ကို ထည့်ပေးပါ)
Username_anyname@c800.mm
Password _ပုံမှန်အားဖြင့် မလိုပါ။( 123 or 12345)
Server_မလိုပါ။
MMSC_မလိုပါ။
MMS Proxy_မလိုပါ။
MMS port_မလိုပါ။
MCC_default အနေဖြင့် တက်ပါသည်။
MNC_default အနေဖြင့် တက်ပါသည်။
Authentication type_PAP or CHAP (or) CHAP
APN type_ပုံမှန်ဆို ထည့်စရာမလိုပါ။ (လိုခဲ့သော် default ဟုသာ ထည့်ပေးပါ)
Data bearer_မလိုပါ။
Prompt password_ #777

ယခု ထွက်ရှိသော 1500 တန် CDMA 800 ဖုန်းများအတွက် Internet Setting ချိန်နည်းလေးပါ။

Name _ Mectel (or) Card
APN   _ #777
Proxy _ မလိုပါ။
Port   _ မလိုပါ။
Username _ mectel@c800.mm (or) card@c800.mm
password  _ 123 (or) 12345 (or) card
Server_ မလိုပါ။
MMSC _ မလိုပါ။
MMS proxy_မလိုပါ။
MMS port_မလိုပါ။
MCC_460
MNC_03
Authentication type_PAP or CHAP (or) CHAP
APN type_ပုံမှန်အားဖြင့် မလိုပါဘူး။ ( default ကိုသာ ထည့်ပေးပါမယ်။)
Data bearer_ မလိုပါ။
Prompt password_#777

APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။
Connection name တောင်းခဲ့ရင် mectel ပါနော်။

ချိန်ပုံချိန်နည်းမှာ ဖုန်းတိုင်း မတူနိုင်ပါ။ အရင်ဆုံး ချိန်မည် ဆိုပါက Data Switch ကို ဖွင့်ပေးထားပြီး Name,APN နှစ်မျိုးသာထည့်၍ Save လုပ်ပါ။
အများစုမှာ ၄င်းအတိုင်းတွင် လိုင်းတက်ပါသည်။ မတက်လျှင် Authentication type ကို ထည့်ပေးရပါမည်။
 အများစုမှာ PAP or CHAP နှင့် တက်ပါသည်။ samsaung >2.3.6 အများစုတွင်တော့ CHAP ကိုသာ လက်ခံပါသည်။
မတက်လာသေးလျှင် username ထည့်ကြည့်ပါ။
ထိုမှ မတက်လာသေးလျှင်တော့ password ကို ထည့်ကြည့်ရပါမယ်။
ဒါပါပဲ အားလုံးပဲ အဆင်ပြေကြပါစေ။

လူတိုင်းသိထားမှတ်ထားသားသင့်တဲ့ ''This Connection is Untrusted '' Error ဖြေရှင်းနည်း

1. မိမိကွန်ပျူတာရဲ့ Date / Time / Year / Months ဟာ ယခုရောက်ရှိနေတဲ့ Date / Time / Year တို့နှင့်တူညီမှုမရှိချင်းအထူးသဖြင့် Date / Year  / Months မှန်ကန်မှုမရှိခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒီလို
မမှန်ကန်ဘူးဆိုရင် Gamil , Facebook , Gtalk  စတဲ့ Website တွေဖွင့်မရဖြစ်ပြီး အထက်ပါ Error မျိုးကြုံ
တွေ့ကြရပါတယ်..ဖြေရှင်းနည်းကတော့ လွယ်ပါတယ်..မိမိကွန်ပျူတာရဲ့ Date / Time / Months / Years
ကိုမှန်ကန်အောင်ပြန်ပြီး ညှိလိုက်ပါ..ဒါဆိုရင်အဆင်ပြေသွားပါပြီ

2. ဒုတိယတစ်ချက်ကတော့ ကွန်ပျူတာရဲ့ CMOS Battery အားနည်းနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်..
ဒီလိုအားနည်းနေပြီဆိုရင် အထက်ပါ Date / Time / Months /Years တို့ကို မှန်ကန်အောင်ပြန်လည်ချိန်
ညှိထားသော်လည်း..များမကြာမှီအချိန်အတွင်းမှာ အမှားတွေ ပြန်ဖြစ်ကုန်ပါတယ်...အဓိက လက်သည်
ကတော့ CMOS Battery ကြောင့်ပါ..ဒါကြောင့် Battery ကိုလဲလိုက်ပါ..လေးငါးရာ တစ်ထောင်လောက်ပဲရှိ
ပါတယ်။

 CMOS Battery လဲလှယ်တပ်ဆင်ပုံ

3.နောက်ဆုံး ဖြစ်ရတဲ့အချက်ကတော့ မိမိဖွင့်လိုက်တဲ့ Website Address ရဲ့လိပ်စာဟာ မှန်ကန်မှုမရှိခြင်း သို့
မဟုတ် မူရင်း Host ရဲ့ HTTP Services မှားယွင်းနေခြင်းကြောင့်ဖြစ်ပါတယ်..ဒီနောက်ဆုံးအချက်ကတော့ အလွန်ဖြစ်ခဲပါတယ်။ကဲ....ဖြေရှင်းနည်းလေးတော့တင်ပေးပြီးသွားပါပြီ..အဆင်ပြေပါစေလို့
ဆုတောင်းပေးလိုက်ရပါတယ်ခင်မျာ....

Myartko Orange

အသုံးချ Softwares များရယူခြင်း လမ်းညွှန်ခြင်း

ယနေ့ အစုံလင်ဆုံး မြန်မာသတင်းများကို ဖေါ်ပြပေးနေတဲ့ လေးမြို့ သတင်းမီဒီယာရဲ့ laymro.apk လေးပါ http://db.tt/ZLrgUI0e
www.majorgeeks.com
Open office များကို open source လေ့လာသူများအတွက် အလွန်ကောင်းသည်။
www.wardom.org www.simtel.net www.myfreewares.com www.versiontracker.com 
www.ccleaner.com
Hardisk ကို လုပ်ဆောင်နိုင်အား တိုးတက်စေရန်နှင့် ဒေတာများဖျက်ရန် ၄င်းမှ software ကို ရယူနိုင်သည်။
http://download.openoffice.org မြန်မာဘာသာသုံး office အပါအ၀င် open source များစွာကို လေ့လာနိုင်၊ အလွယ်တကူရနိုင်သည်။
www.revouninstaller.com Software များပြန်ဖျက်ရာတွင်သုံးရန် ၄င်းမှ ရယူနိုင်သည်။
www.download.com အမျိုးအစားစုံစွာ အသုံးချ ဆော့(ဖ)၀ဲ များစွာ ရယူနိုင်သည်။
www.filehippo.com ထောက်လှမ်းရေး Spy များ အဓိက ရှင်းလင်းရန် ရယူနိုင်သည်။

www.technomation.org မိုင်မြန်မာ ယူနီကုဒ် ကို လေ့လာနိုင်ရန်ဖြစ်ပါသည်။
www.capstonemyanmar.com ပြည်တွင်းထုတ် စီးပွားရေးသုံး ဆော့(ဖ)၀ဲ ရေးသား ထုတ်လုပ်သော နေရာတစ်ခုဖြစ်သည်။
www.cyberwebmedia.net အင်တာနက် ကဖေးများသုံးရန် ဆော့(ဖ)၀ဲ ရေးသားထုတ်လုပ်သည်ကို လေ့လာနိုင်သော နေရာတစ်ခုဖြစ်သည်။
http://free.grisoft.com/doc Windows XP Setting များကို အမျိုးမျိုး ပြောင်းလဲနိုင်ရန် အသုံးချ ဆော့(ဖ)၀ဲကို ရယူနိုင်သည်။
http://ebcd.pcministry.com Window မှာ ပြဿနာ တစ်ခုခုကြုံလို့ မတက်လာသောအခါ သုံးရမည့် Emergency boot ဆော့(ဖ)၀ဲ ကို စီဒီနှင့် ကူးယူပြီး အလွယ်သုံးရန် ရယူနိုင်သည်။
www.freshdevice.com Windows XP setting များကို အမျိုးမျိုးပြောင်းလဲနိုင်ရန် အသုံးချဆော့(ဖ)၀ဲကို ရယူနိုင်သည်။
www.avast.com www.zonealam.com Anti-virus software များကို အခမဲ့ အလွယ်တကူရယူနိုင်သည်။
http://free.grisoft.com/doc AVG antivirus အသုံးချဆော့(ဖ)၀ဲကို ရယူနိုင်သည်။
www.softpedia.com www.download.cnet.com www.download3k.com www.bestsoftware4download.com
www.softwaregeek.com အတော်စုံသည်။ ဂီတနှင့်သက်ဆိုင်သော ပရိုဂရမ်များလဲ ရရှိနိုင်သည်။
www.downloadatoz.com www.sharewareplaza.com www.freewarefiles.com www.brothersoft.com
www.makeuseof.com www.glaryutilities.com ထိန်းသိမ်းမှု၊ ကာကွယ်မှုများအတွက် ၄င်းမှရယူနိုင်သည်။
www.itninews.com www.freewarebb.com www.zawgyi.net မြန်မာယူနီကုဒ် ဇော်ဂျီစာလုံးပုံစံ ရယူရန်ဖြစ်သည်။ ၄င်းစာလုံးပုံစံ ရယူထားမှသာ Gtalk, Gmail နှင့် အခြား မြန်မာစာသုံး လိပ်စာတော်တော်များများကို မြန်မာဘာသာဖြင့် အသုံးပြု ရယူနိုင်ပါသည်။
www.ultisoft.com (Hack site) => ဆော့(ဖ)၀ဲ တစ်ခုခု တစ်နေရာရာကရလို့ လိုင်စင်ကုဒ် တောင်းနေသလား၊ ၄င်းမှတဆင့် အခမဲ့ ရှာဖွေ ရယူနိုင်သည်။
www.h*****sclub.com (Hack site) => အကူအညီလိုလျှင်၎င်း၊ လေ့လာလိုလျှင် ၄င်း၊ တစ်ခေါက်လောက် လည်ပတ်ကြည့်သင့်သည်။ အမည်ဖတ်ပြီးကြောက်မသွားသင့်ပါ။ မိမိ၏ ခံယူချက်သာ အဓိကဖြစ်သည်။ အကူအညီကောင်းများ ရယူနိုင်သည်။
http://web5.h*****sclub.com http://web6.h*****sclub.com အထူးအဆန်းနှင့် တီထွင်ဆန်းသစ်လိုသူများအား ဖိတ်ခေါ်နေသော နေရာတစ်ခုပင်ဖြစ်သည်။ Hack ပညာရပ်များ လေ့လာနိုင်သည်။
www.vol.com (Hack site) => လေ့လာရန်၊ အကူအညီလိုလျှင် ameister ဒီနာမည်လေးထဲ ၀င်လိုက်ပါ။
www.cybercomm.nl (Hack site) http://wkweb4.cableinet.co.uk လေ့လာရန်၊ အကူအညီလိုလျှင်။
www.flashback.net www.themaster.co (Hack site) Serial number လိုချင်သူများ၊ လေ့လာလိုသူများအတွက်။
 
Source: Dr Purple Snake ဆိုက်မှ ကူးယူဖော်ပြသည်။

desktop icon ကို အလှဆင် လိုသူများအတွက် full version လေးပါ

Zippyshare
http://www38.zippyshare.com/v/19196053/file.html

                                    Solidfile
                           http://www.solidfiles.com/d/62b9a1f485/
                                      Ziddu
http://www.ziddu.com/download/21645452/desktop-icon-toy-v.4.5.rar.html

 အဆင်ပြေပါစေ။။
Credit:
Aragon Bone

Posted by:
Myartko Orange

 Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

Firefox Latest Version Download  ( http://www.mozilla.org/en-US/firefox/new/ )
GreaseMonkey firefox addon
Myanmar 3 font  Download ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip )
MyanmarFontTagger( GreaseMonkey addon)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
အရင်ဆုံး Myanmar 3 font ကို Download ချပါ။ Install လုပ်ပါ။
ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်းထားရပါမယ်။အဲ့အတွက် Tools>Options>Content ထဲက
Font setting မှာ Default font ကို TimeNewRomance ထားပေးပါ။
Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
San-serif ကို Arial / Monospace ကို Courier New ထားပါ။
Default charcter encoding ကို Western(ISO-8859-1) ထားပါ။ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။

GreaseMonkey addon သွင်းရပါမယ် အဲ့အတွက်
Firefox ရဲ့ Tools > addon ကိုသွားပါ။
Get addon ကိုရွေးပြီး Search box မှာ GreaseMonkey လို့ရိုက်ပါ။
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။ firefox တက်လာရင် https://userscripts.org/scripts/show/103745 ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။
အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။
Install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။ http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။ 

အားလုံးကိုအဆင်ပြေပြေ မြင်ရပါလိမ့်မယ်။
Zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
Zawgyi ရော unicode ရော အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။အဆင်ပြေပါစေခင်ဗျ။

Credit to :  http://www.facebook.com/

Myartko Orange

Fb ပြင်​ပြီးလန်းချင်​တဲ့fris အတွက်

Fbပြင်နည်းစာအုပ်

https://docs.google.com/file/d/0B_XIIOlO6daZVGNpa3N2QzhsV1BuRWpVcFk3dzd2UTJUWGdJ/edit?usp=docslist_api

ဒါကပုံစတိုင်​​လေး​တွေပါ

https://docs.google.com/file/d/0B_XIIOlO6daZWTJ2a1NkeEN6WE0/edit?usp=docslist_api

အဆင်​​ပြေပါ​စေဗျာ
ပြန်​မျှတာပါ

Myartko Orange

Sony ဖုန်းဖြင့် Internet ချိတ်ခြင်း

Sony Ericsson ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။
အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။
အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။
https://sites.google.com/site/bloggerzin/easytether_x86.rar?attredirects=0&d=1

အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။
အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။
အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။  Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။ 
Credit:
မူရင်း မောင်စေတနာ

Myartko Orange

Nokia phone ကို pc မှာအင်​တာနက်​သုံးမယ်

ဖုန်းတွင် လုပ်ဆောင်ရန်
(၁) Menu ကို သွားပါ။ Setting မှ တစ်ဆင့် Connectivity ကို သွားပါ။
(၂) USB Data Cable ကို ဖွင့်ပြီး Nokia Ovi Suite ကို ရွေးချယ်ပါ။

ကွန်ပျူတာတွင် လုပ်ဆောင်ရန်
(၁) Nokia Ovi Suite ဆော့ဝဲလ်ကို အင်စတောလုပ်ပါ။
http://www.comms.ovi.com/m/p/ovi/suite/English

(၂) ဖုန်းကို USB နဲ့ ချိတ်ဆက်ပါ။
(၃) အင်စတောလုပ်ပြီးပါက Nokia Ovi Suite ကို ဖွင့်လိုက်ပါ။
(၄) Tool တွင် Content to Internet ကို ရွေးလိုက်ပါ။ APN နှင့် Name တွင် mptnet ကို ဖြည့်ပါ။
(၅) ဖုန်းနှင့် ချိတ်ဆက်နေပါလိမ့်မည်။ ဖုန်းတွင်လည်း E စာလုံးတွင် ကွင်းလေးဝိုင်းနေပါလိမ့်မည်။
(၆) Mozilla Firefox တွင် Tool မှ Option ကို ဖွင့်။ Option Box တွင် Advanced မှ Network မှ Setting တွင် Auto dectect Proxy ကို ရွေးချယ်ပြီး Ok လုပ်ပါ။

Setting အား လုံး ပြုလုပ်ပြီးသောအခါ Google ဆိုသည့် စာမျက်နှာကြီးမှာ ဗွင်းဗွင်းကြီး ပေါ်လာလေတော့သည်။

Cre:Org

Myartko Orange

Linux ကို Server အဖြစ် ဘာကြောင့် ထားသင့်သနည်း

1. Stability
Shutdown မလုပ်ပဲ နှစ်တွေနဲ့ချီပြီး Run ထားပေ့မယ့် Linux ဟာ Crash မဖြစ်ပါဘူး။ Process တွေအများကြီးကို Linux က ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ Data သိမ်းဆည်းမှု အပိုင်းမှာလဲ Windows OS တွေလို fragment မဖြစ်တဲ့အတွတ် Defragment လုပ်ရချိန် ကို လျှော့ချနိုင်ပါတယ်။

2. Security
Linux မှာ viruses တွေ၊ malware နဲ့ vulnerabilities တွေဟာ Windows ထက် စာရင် တော်တော် နည်းပါတယ်။ ဒါဟာလဲ အားသာချက်တစ်ခုပါ။ Security အတွတ် အရေးပါတဲ့ kernel bug တစ်ခု အား ပြင်ဆင်ထားပြီးဖြစ်လို့ exploited လုပ်လို့မရပါဘူးလို့ဆိုထားပါတယ်

3. Hardware
Hardware လိုအပ်ချက်ကတော့ အတော်နည်းပါတယ်...။ ဒါအပြင် ကိုယ့်ရဲ့ Business လုပ်ငန်းအလိုက် Server တွေကို လွယ်ကူစွာ ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ ပြောရရင် Hardware တော်တော်များများနဲ့ အဆင်ပြေတယ်ပေါ့ဗျာ။

4.TCO
Software Cost အနေနဲ့ ကြည့်ရင်လဲ ပုံမှန်အားဖြင့် Free ပေးထားကြပါတယ်။ Enterprise Software တွေဖြစ်တဲ့ ဥပမာ- RedHat Sattelite Server လိုမျိုးဆိုရင် Windows Software တွေ ထက်စာရင် အများကြီးသက်သာတာကို တွေ့ရပါတယ်။

5. Freedom
Linux Company တွေမှာ Product တွေနဲ့ Protocol တွေကို ပိတ်ပင်ထားတာမျိုးမရှိပါဘူး။ ဒါကြောင့် ကိုယ်တိုင် စိတ်ကြိုက် Code တွေကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

သင်ဟာ ကိုယ်ပိုင် Business Server တစ်ခုလုပ်ဖို့ စဉ်းစားခဲ့မယ်ဆိုရင် Centos(Enterprise No-Paid), RedHat(Enterprise PaidVersion) နှင့် SUSE Enterprise Paid တို့ကို ဦးစားပေးစဉ်းစားသင့်ပါတယ်။

Admin တစ်ယောက်ဟာ Linux Enterprise Server တစ်ခု ကို အမှားအယွင်းမရှိ ကိုင်တွယ်နိုင်ဖို့ဆိုတာ ခက်ခဲပြီး ရှုးသွပ်ဖို့လိုအပ်ပါတယ်

ref:pcworld

Myartko Orange

www.google.com.mm မြန်​မာ​ဖောင့်​နှင့်​ကီးဘုက်​အသုံးပြုနိင်​ရန်​​ဆောင်​ရွက်​ခြင်း

www.google.com.mm မြန်​မာ​ဖောင့်​နှင့်​ကီးဘုက်​အသုံးပြုနိင်​ရန်​​ဆောင်​ရွက်​ခြင်း

Mozilla Firefox တွင် ပြုလုပ်နည်း
အဆင့် ၁ - Firefox ၏ Menu တွင် Tools အား နှိပ်ပါ။ 
အဆင့် ၂ - Tools မှတဆင့် Add-ons အား နှိပ်ပါ။ Add-ons Manager သို့ ရောက်သွားပါလိမ့်မယ်။ 
အဆင့် ၃ - ညာဖက် အပေါ်ထောင့်ရှိ Search ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။ 
အဆင့် ၄ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။ 
အဆင့် ၅ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။ 
အဆင့် ၆ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။ 

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ -> Extensions အားနှိပ်ပြီးလျှင် Disable (သို့) Uninstall ပြုလုပ်နိုင်ပါသည်။

ယခုအခါတွင် Firefox တွင် Unicode Font အား မြင်ရမည်ဖြစ်သလို google.com.mm တွင်လည်း Keyboard အား သုံးစွဲနိုင်ပြီဖြစ်သည်။
Google Chrome တွင် ပြုလုပ်နည်း
အဆင့် ၁ - Chrome ၏ Menu တွင် Settings အား ရှာပြီး နှိပ်ပါ။ 
အဆင့် ၂ - ဘယ်ဖက်ခြမ်း List မှ Extensions အား နှိပ်ပါ။ 
အဆင့် ၃ - Extensions ထဲတွင် ဘယ်ဖက်အောက်ထောင့်တွင် “Get More Extensions” အား ရှာပြီး နှိပ်လိုက်ပါ။ 
အဆင့် ၄ - Chrome Web Store ထဲ ရောက်ပြီဆိုလျှင် ဘယ်ဖက် အပေါ်ထောင့်က Search ထဲ၌ “Tagu” ဟု ရိုက်သွင်းပြီး ရှာဖွေပါ။
အဆင့် ၅ - ရှာဖွေရရှိသည့် အဖြေများထဲမှ Tagu အား ရွေးချယ်ပြီး Install လုပ်ပါ။ 
အဆင့် ၆ - Install လုပ်ပြီးလျှင် စတင်သုံးစွဲရန် Refresh (သို့) Firefox အား Restart လုပ်ပေးရန် လိုအပ်ပါမည်။ 
အဆင့် ၇ - Keyboard သုံးရန် Search Box ညာဖက်ထောင်ရှိ Keyboard ပုံလေးအား နှိပ်ပါ။ 

မှတ်ချက် - Plugin အား အသုံးမပြုလိုတော့လျှင် အဆင့် ၁ -> အဆင့် ၂ ပြီးလျှင် Extensions ထဲ၌ Tagu Plugin အား Disable (သို့) Remove ပြုလုပ်နိုင်ပါသည်။ 

နိဂုံးချုပ်အနေနဲ့ Google Chrome နဲ့ Mozilla Firefox တို့သုံးပြီး google.com.mm ကို သုံးစွဲရာမှ Firefox က Unicode နဲ့ Myanmar3 ၂ မျိုးစလုံးကို မှန်ကန်စွာ ဖော်ပြနိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

Credit:Org

Myartko Orange

Samsung phone မ၀ယ်​ခင်

မ၀ယ်​ခင်​သိသင့်​တယ်​ဆိုလို့ပါ

Samsung Phone များသည် လူကြိုက်များပြီးအရောင်းသွက်ပါတယ်။
ဈေးကွက်မှာ လေ့လာကြည့်လိုက်ပါ။
Model တူပေမယ့်ဈေးနှုံးကွာခြားတာတွေ့ရတတ်ပါတယ်။
အရောင်းဆိုင်ခြင်းမတူလို့ ဈေးကွာခြားတာဖြစ်နိုင်ပေမယ့်
အခုလို အပြိုင်အဆိုင်ရောင်းတဲ့အချိန်မှာဖြစ်နိုင်ခြေနည်းပါတယ်။
တစ်ဆိုင်တည်းမှာလည်း Model တူ Samsung Phone ကို 
ဈေးနှစ်မျိုးနဲ့ တွေ့ရနိုင်ပါတယ်။
ဈေးနည်း တဲ့ ၁ လုံး က Pi phone ပါ။ နောက် ၁ လုံး Official phone ပါ
Pi ဆို တာ Quality Pass မှာ Clear မ ဖြစ် တဲ့ 
ချို့ ယွင်း ချက် အ နည်းငယ် ရှိ တဲ့ Phone ဖြစ်ပါတယ်။
ဖုန်းထုတ်လုပ်ရာနိုင်ငံကိုဘယ်လိုသိနိုင်မလဲ။
Official ဖုန်းကိုဘယ်လိုသိနိုင်မလဲ။
Official နဲ့ Piကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ်
ထည် ကို ကြည့် လိုက် ပါ ။ Made in China by Samsung, Made in
Vietnam by Samsung စ သည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင်
Official ဖုန်း ဖြစ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ Made by Samsung ဆို ရင် တော့ 
Pi Phone ပါ။
SAMSUNG Phone Model တိုင်း မှာ Pi ရှိ ပါတယ်။
မဝယ်မှီသေသေချာချာမေးမြန်း၍ ကျနော်ပြောခဲ့သလိုစစ်ဆေးပြီးမှဝယ်ပါ။
ဈေးက ၃သောင်းလောက်ဘဲကွာတာမို့
Official Phone ဘဲဝယ်ဘို့ အကြံပြုချင်ပါတယ်။

မြန်မာအင်ဂျင်နီယာများ

ခု​တော့မက​လောက်​​တော့ဘူး​နော်​ခိခိ
သိရ​အောင်​လို့ပြန်​မျှ​ပေးတာ

Myartko Orange

Fake google talk

သူကတော့ အသုံးပြုသူတို့ကို မျက်စိမှားပြီးဝင်ရောက်လာအောင် Computer Dasktop ပေါ်မှာ Gtalk အစစ်ပုံစံမျိုးနဲ့ တင်ထားတက်ပါတယ်။အဲ့လို Fake Gtalk မျိုးမှာ Login ဝင်မိတယ်ဆိုရင် 
ဟော့သလိုလေး ပေါ်လာပြီး မိမိတို့ရဲ့ User နဲ့ Password ဟာ
ဟော့သလိုလေး ဟတ်ကာ ဆီကို ရောက်သွားမှာဖြစ်ပါတယ်။သူကလည်း Phishing လိုသဘောမျိုးပါဘဲ။
Gtalk အတု အစစ် ဘယ်လိုခွဲခြားသိနိုင်မလဲ ?
သူကတော့ အရှင်းဆုံးနဲ့ အလွယ်ဆုံးပါဘဲ။နည်းလမ်းသိသွားရင်တော့ လွယ်ကူသွားတာပါဘဲ။အတု အစစ်ခွဲခြားဖို့အတွက် ၎င်း Gtalk icon ပေါ်မှာ Right Click ထောက်ပြီး Properties ကိုသွားလိုက်ပါ။Application မှာ ကြည့်ကြည့်ရင် အတုမှာ ဘာ Application မှမရှိဘဲ အစစ်မှာတော့ Application လေးတွေရှိနေတာကို တွေ့ရပါလိမ့်မယ်။Phishing Fake Login page မှာဆိုရင်လည်း Address Bar မှာရှိတဲ့ လင့်ကိုကြည့်ပြီး ခွဲခြားနိုင်ပါတယ်။Fake Web Page ဆိုရင် မိမိတို့ ပုံမှန်ဝင်နေကြ Link မဟုတ်ဘဲ ... အခြားလင့်တစ်ခုဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ဒါဆိုရင် Phishing ပေါ့ဗျာ။

Credit:Org

Myartko Orange

Facebook အ​ကောင့်​ဖွင့်​တိုင်း​လော့ကျ​နေတယ်​ဆိုရင်

Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့ Facebook အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

ယူကျု ကနေကြည့်လိုပါက သည်မှာhttp://www.youtube.com/watch?v=flqGTQNHFDE&feature=player_embedded&noredirect=1သွားပြီးကြည့်နိုင်ပါတယ်.....

Credit:Org at

Myartko Orange