♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, April 11, 2015

Rom Toolbox အ​ကြောင်း


မေးထားတဲ့ညီ​လေးအတွက်​ အားလုံးသိရ​အောင်
တင်​လိုက်​ပါတယ်​ ကြည့်​လိုက်​ပါအုံး
ROM Toolbox ကိုအသုံးပြုမယ်​ဆိုရင်​​တော့ ဖုန်းအတွက်​ အန္တရာယ်​ရှိတဲ့အပိုင်း​တွေရယ်​ ​ကောင်းတဲ့အပိုင်း​လေး​တွေရယ်​ရှိပါတယ်​...ကိုယ်ပိုင် custom rom လုပ်​မယ့်​အပိုင်း​လေး​ တွေပါ... ကျ​နော်​​ပြောပြ​ပေးမှာက ကိုယ့်​ရဲ့ဖုန်းကို အန္တရာယ်​မရှိ​စေနိုင်​မယ့်​ တစ်​စိတ်​ တစ်​တ​နေရာကအ​ကြောင်းအရာ​လေး​တွေဖြစ်​ပါတယ်​... ​​Application တခုဟာ Android version တိုင်းနဲ့အဆင်​​ပြေတာရှိသလို အဆင်​မ​ပြေတဲ့အပိုင်း​လေး​တွေလဲ ရှိတတ်​ပါတယ်​...Tool ​တွေသုံးတဲ့အခါမှာ တချို့​သော Android version မှာ မကိုက်​ညီတာ​လေး​တွေရှိလို့ Firmware ကျသွားတာ​လေး​တွေရှိပါတယ်​...ကျ​နော်​ကြို​ပြောထားတာပါ... ကဲ!!! Rom Toolbox အ​ကြောင်းတ​စေ့တ​စောင်း​လေးစလိုက်​ကြရ​အောင်​ဗျာ... ပထမအ​ရေးကြီးတာတချက်​က​တော့ Rom toolbox အသုံးပြုရန်​အတွက်​ ဖုန်းမှာ Root ရှိဖို့လိုအပ်​ပါတယ်​...အသုံးပြုမယ့်​သူများ Rom Toolbox pro.apk ကို ဒီမှာ.ဝင်​ပြီး download ရယူပါ...
http://adf.ly/vQK3V

down ပြီးရင်​ ဖုန်းထဲမှာ install လုပ်​ပါ... Rom Toolbox ကို စပြီးဖွင့်​တဲ့အချိန်​မှာ Root access  ​တောင်းပါလိမ့်​မယ်​.. allow ​ပေးလိုက်​ပါ...Rom toolbox စတတ်​လာခဲ့ရင်​ ပထမစာမျက်​နှာမှာ Tool ကို​တွေ့ရမှာပါ... Tool ရဲ့ညာဘက်မှာ performance ပြီးရင်​ interface ဆိုပြီး စုစု​ပေါင်း စာမျက်​နှာ သုံးခုကို​တွေ့ရမှာဖြစ်​ပါတယ်​..ပထမစာမျက်​နှာTool မှာပါတဲ့ အန္တရာယ်​မရှိ​စေတဲ့ ဖုန်းကိုကာကွယ်​နိုင်​မည့်​အချက်လက်​​အ​ကြောင်းရာ​တွေကို ​ရွေးချယ်​ပြီးပြောပြ​ပေးပါမယ်​..
Tool စာမျက်​နှာမှာပါတဲ့ အချက်​​တွေထဲက App Manager မှာပါတဲ့အ​ကြောင်းအရာ>>>
ကိုယ့်​ရဲ့ ဖုန်းထဲမှာရှိတဲ့ system app ​တွေ ​နောက်​မှ install လုပ်​ထားတဲ့ app ​တွေကို Backup and Restore ပြုလုပ်​နိုင်​ခြင်း, Uninstall ပြုလုပ်​နိုင်းခြင်း, apk ရဲ့ အချက်​လက်​များကြည့်​ရှုနိုင်​ခြင်း, Running မှာ End Task နှင့် Exclude ပြုလုပ်​နိုင်​ခြင်း, Freeze ပြုလုပ်​ထားနိုင်​ခြင်းများဖြစ်​ပါတယ်​...
Root Browserရဲ့အချက်​လက်​>>> root browser က​တော့ system file ​တွေကို ပြုပြင်​နိုင်​ခြင်း Internet ဖွင့်​ထားပြီး version update ပြုလုပ်​နိုင်ခြင်းတို့​ဖြစ်​ပါတယ်​...
Configure Apps2SDရဲ့အချက်​လက်​>>> ကိုယ်​ဖုန်းထဲမှာ Application ​တွေကို install လုပ်​တဲ့အခါ SD card ထဲ​ရောက်​ဖို့ရန်​အတွက်​ location ​ရွေး​ပေးထားလို့ရပါတယ်​...
Rebooter>>> မှာ Reboot ချနိုင်​ခြင်း Reboot အမြန်​ချနိုင်​ခြင်း RecoverReboot ပြုလုပ်​နိုင်​ခြင်း Reboot Bootloder ပြုလုပ်​နိုင်​ခြင်း Power down ပြုလုပ်​နိုင်​ခြင်းတို့ဖြစ်​ပါတယ်​...
Performance စာမျက်​နှာမှာပါတဲ့ အချက်​လက်​​တွေ​တော့ ​ပြောမပြ​တော့ပါဘူး...
Interface စာမျက်​နှာမှာပါတဲ့အချက်​လက်​​တွေက​တော့ Internet ဖွင့်​ထားပြီးအသုံးပြုရမယ့်​အပိုင်း​လေး​တွေဖြစ်​ပါတယ်​...
Font installer, Boot animations, Theme manager, Icon changer, Boot Logo changer, Theme chooser Themes တို့ကို ပြုပြင်​​ပြောင်းလဲနိုင်​မှာဖြစ်​ပါတယ်​... icon changer မှာ နမူနာအ​နေနဲ့ screenshot ပြ​ပေးထားပါတယ်​...

အဆင်​​ပြေပါ​စေ

Credit: Org
Myartko Orange

Facebook video call အတွက်လိုအပ်ရင်ဗျာ

ဒီမယ်​ယူ

http://adf.ly/qZuwI

ဒေါင်းနိပ်​ရမှာပါပြထားတယ်​​နော့ ..

ကလိ​ပေ​တော့ ..ပြန်​မျှတာပါ ဦးအာကာဆီက​နေ

အဆင်​​ပြေပါ​စေ

Myartko Orange

Friday, April 10, 2015

zpyaကနေinstallလုပ်ထားတဲ့softwareအားapkယူနည်း

zpyaကနေapkအဖြစ်backup လုပ်ဖို့လွယ်ပါတယ်။
ဖုန်းထဲမှာ မူရင်းapkဖိုင်မရှိသူများapkဖိုင်ထုတ်ယူရန်
zpya ကိုဖွင့်ပါ။ မိမိလိုချင်သော softwareအားနှိပ်လိုက်ပါ။
shareလုပ်တဲ့စာတန်းတွေပေါ်လာရင်အောက်ဆုံးက more option ကိုနှိပ်ပါ။
ပြီရင် backup ကိုနှိပ်ပါ။
မိမိလိုချင်သောapkဖိုင်အဖြစ် filemanager/zpya/backup folder ထဲကိုရောက်လာပါပြီခင်ဗျား။

အဆင်​​ပြေပါ​စေ

Myartko Orange

gallaryမှာvideoနဲ့imageများမတက်အောင်လုပ်နည်း

ဒီတစ်ခါ မိမိဖုန်းgallaryမှာ မ ပေါ်စေချင် တဲ့
video တွေ ရုပ်ပုံတွေကို gallarylock တို့
box တို့ မလိုပဲ ဖျောက်ထားတဲ့နည်းလေး
ပေးလိုက်ပါတယ်။
ပြုလုပ်နည်းကတော့။
ဖုန်း ဒါမှာမဟုတ် MEMORY card ကိုကွန်ပြူတာမှာချိတ်
folder အသစ်ဆောက် လူစိတ်မဝင်စားလောက်တဲ့ နာမည်ပေး
video ဖိုင် တွေ ပုံတွေ ခါတိုင်းလိုပဲထည့်ထားပါ။
၎င်း folder တွင်း rightclick --new--
textdocument နှိပ်လိုက်ပါ။
txtဖိုင်တစ်ခုရပါမယ် ဖွင့်လိုက်ပါ။
ဖွင့် ပြီး ဘာစာမှမရေးပဲ file --save as
နှိပ်ပါ။ file name နေရာမှာ .nomedia
လို့ပေးရပါမယ်။ nomedia ရှ့ မှာ dot လေးပါတယ်နော်။
file type မှာ all file ကိုထားပြီး save လုပ်လိုက်ပါ။
မိမိ video ထားတဲ့ folder ထည်းမှာ
.nomedia ဖိုင် ဆောက် ထားခြင်းဖြစ်ပါတယ်။
ဖုန်းဖွင့် တဲ့ အချိန်မှာ ၄င်း folder တွင်းရှိပုံ နှင့် video များ gallery မှာ မ ပေါ်တာ တွေ့ရ ပါလိမ့်မယ်ခင်ဗျား။
ဖွင့်ချင် ရင်တော့ filemanager ကနေသွား
ဖွင့်လို့ ရပါတယ်။

အဆင်​​ပြေပါ​စေ
Myartko Orange

videoဖိုင်အားဖွင့်မရအောင်ပြုလုပ်နည်း

သူများဖွင့်မရအောင် ပြုလုပ်နည်းလေးပါ။
သိပြီးသူများကျော်သွားပါ။
လွယ်ပါတယ်ဗျာ။ ဖုန်းထဲက filemanager /  esfileexplorer ဖွင့် ပြီး videoဖိုင် ရှိတဲ့နေရာ ကိုသွားပါ။ သူများမကြည့်စေချင် တဲ့ file ပေါ်ကိုဖိထား ရင်စာတန်း တေပေါ်လာမည်
rename ကိုနှိပ် ပါ။ file နာမည်နောက်ဆုံးမှာ
.mp4 တို့ .3gp တို့ ရှိပါမယ်။ .နောက်က စာလုံးကို
ပြောင်းပေးထားရမှာပါ စာတန်းထွက်လာရင်ok ပေးပါ
ဖိုင်အမျိုးစားပြောင်းလိုက်တာဖြစ်လို့
ဖွင့်မရ တာတွေ့ရမှာပါ။ ကိုယ်ကြည့်ချင်ရင်တော့
နဂို က အတိုင်းပြန်ထားရပါမယ်။

Myartko Orange

ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်...စမ်းသပ်သင့်သည့်ကုဒ်များ

ကျွန်တော်တို့ Android Phone တစ်လုံးကိုဝယ်တော့မယ်ဆိုရင်
အများစုက ရုပ်ထွက်ကိုသာ အဓိက စမ်းသပ်ကြတာများပါတယ်ဒီလို Test လုပ်တာက Android Phone မှာတင်မှမ ဟုတ်ပါဘူးကွန်ပျူတာ ၀ယ်တဲ့အခါမှာလည်း ရုပ်ထွက်ကိုပဲ အများစုကစမ်းသပ်ကြပါတယ်။ တစ်ကယ်တမ်းမှာက ရုပ်ထွက်ဆိုတာထက်အတွင်းပိုင်းက Hardware ပိုင်းတွေနဲ့ ၄င်းတို့ ကြံ့ခိုင်မှုကိုပါတစ်ခါတည်းစစ်ဆေးရမှာဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်တော့ ကွန်ပျူတာတွေမှာလို System Unit ဖွင့်ပီး Hardware
Specification တွေကြည့်လို့မရသလို Laptop မှာလည်း အောက်ကိုဖွင့်ပီး ကြည့်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Android
Phone များဟာ ဖွင့်ဖောက်စစ်ဆေးဖို့ဆိုတာ မလွယ်ကူပါဘူး..ဒါကြောင့် ကျွန်တော်တို့က Dialing Pad ကနေပဲ Hardware
Test တွေ Product Test တွေ System Test တွေကိုလုပ်
ဆောင်ရမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့စတင်စမ်းသပ်မယ့် Code ကတော့….

*#0*# ဖြစ်ပါတယ်။

ဘာကြောင့် ဒီကုဒ်ကိုစမ်းသပ်ရသလည်းဆိုတော့ ဒီ Code ထဲမှာပါတဲ့ Testing Mode တွေကတော့ Phone Screen ရဲ့ Colorပေါက်ထွက်မှုရှိမရှိတို့၊ Camera ကောင်းမွန်စွာအလုပ် လုပ်မလုပ်တို့ ၊ Sensor တွေ Touch တွေ ဖုန်းရဲ့စပီကာတွေတစ်ကယ်ကောင်းမွန်စွာအလုပ်လုပ်မလုပ်တို့ကိုစမ်းသပ်ရန်ဖြစ်ပါတယ်။

*#06#

သူ့ကိုကတော့ ကျွန်တော်တို့ IMEI Number ကိုစစ်ဖို့ဖြစ်ပါတယ်။အဲဒီ IMEI Number တွေနဲ့ပတ်သက်ပီးတော့ နောက်ပိုင်း Postတွေမှာ အလျင်းသင့်လျှင်သင့်သလို ဖော်ပြပေးသွားပါမယ်။ အဲ…တစ်ခုပြောချင်တာက ၄င်း Code ကို စမ်းသပ်တဲ့အခါမှာတော့စုစုပေါင်း Code ၁၅လုံးဖော်ပြပေးပါလိမ့်မယ်။ ၄င်း ၁၅ လုံးထဲမှာမှ၇လုံးမြောက်နှင့် ၈လုံးမြောက်ကုဒ်ကို ကြည့်ပီး ယခုစမ်းသပ်နေသောဖုန်းရဲ့ Quality ကိုလည် ဘယ်နိုင်ငံထုတ်ပီး ဘယ်လောက် အရည်အသွေးကောင်းလည်းဆိုတာ သိရှိနိုင်ပါတယ်။အကယ်လို့ ၄င်းကုဒ်ဖြင့် IMEI Number ကိုစစ်ကြည့်တဲ့အခါ ဂဏန်းအားလုံး သုညပြနေမယ်ဆိုရင်တော့ ၄င်းဖုန်းမှာ Firmware Error တစ်ခုခုရှိနေတယ်လို့ ဆိုရပါမယ်။

*#*#197328640#*#*
ဒီကုဒ်ကတော့ Intermediate Level အဆင့်ဖြစ်ပါတယ်။ သူ့ထဲမှာ
ဖော်ပြမယ့်အကြောင်းအရာတွေကတော့ အောက်ပါပုံအတိုင်းဖြစ်ပီး

သူ့ထဲမှာ Software Version တွေရဲ့ Information အကြောင်းတွေHardware Version တွေရဲ့Informationအကြောင်းတွေကိုတိကျစုံလင်စွာဖော်ပြပေးထားတဲ့အပြင်မိမိစိတ်ကြိုက်StringTableValueတွေကိုလည်း ပြင်ဆင်သတ်မှတ်လို့ရပါတယ်။ ၀င်ရောက်လေ့လာရုံလောက်ပဲစမ်းသပ်ပီး မည်သည့် တန်ဖိုး (Value) မှ ပြင်ဆင်ရေးသားထပ်တိုးခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။ အကယ်လို့ သင်ဟာ Phone Developer တစ်ဦးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး….

*#*#1234#*#* နှင့် *#*#0842#*#*

သူကတော့ PDA နဲ့ Firmware Version တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။
သူ့ဆီမှာအသေးစိတ်ဖော်ပြပေးမယ့် ကုဒ်တွေကတော့ PDA Version ၊
PHONE Version ၊ CSC Version တွေကို တိကျစွာဖော်ပြပေးမှာဖြစ်ပါတယ်။
ဘာကြောင့် ဒီကုဒ်ကို အဓိကစစ်ရသလည်းဆိုတော့ အကယ်လို့ သင်ဟာ
အကြောင်းတစ်စုံတစ်ရာကြောင့် သင့်ဖုန်းရဲ့ Firmware အား ထိခိုက်သွားတဲ့
အခါမှာ ၄င်းဖော်ပြထားတဲ့ ထဲမှာပါရှိသော Firmware Number ဖြင့် ပြန်လည်
ဒေါင်းလုပ် လုပ်ယူပီး ပြုပြင်နိုင်ရန်အတွက်ဖြစ်ပါတယ်။ ဒီကုဒ်ကတော့ ဖုန်း
ပြင်တဲ့ သူတွေအတွက် အဓိက အသုံးဝင်မှာပါ။

*#*#0842#*#*
ဆိုတာကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Back Light ရဲ့ အလင်းရောင်
အလင်းဆုံးဘယ်လောက်ရှိသလည်းဆိုတာရယ် ၄င်းဖုန်းအတွင်းမှ
Vibrator RPM ဘယ်လောက်ရှိသလည်းဆိုတာကိုစမ်းသပ်ဖို့ပါ။

*#*#2664#*#*
သူကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Touch Screen ကို ဘယ်လောက်ထိ
Touch ကောင်းသည် မကောင်းသည်ကို စမ်းသပ်ဖို့ဖြစ်ပါတယ်။ ဘာကြောင့်
ဒီလိုစမ်းသပ်ရသလည်းဆိုတော့တစ်ချို့ဖုန်းတွေမှာ Screen ရဲ့ ထောင့်နား
လေးတွေဆိုရင် မမိ တာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့်စမ်းသပ်ရတာဖြစ်ပါ
တယ်။ ဒီနည်းကတော့ Single Touch Test ဖြစ်ပါတယ်။ အကယ်လို့ ဖုန်းအမျိုး
အစားက 4.0 နှင့်အထက်ဆိုရင်တော့ ၄င်းဖုန်းရဲ့ System Setting ထဲကနေ
တဆင့် About Phone ထဲကိုဝင်ပါ။ ထို့နောက် Android Version ဆိုတာကို
သုံးချက်လောက်ဆင့်နှိပ်လိုက်ပါတဲ့အခါမှာတော့ သင့် Android ဖုန်းရဲ့ Sceen
ကို Multi Test စမ်းသပ်လို့ရပါမယ်။

*#*#7780#*#* နှင့် *2767*3855#

သူကတော့ အ၇မ်းအရေးကြီးသော Code ဖြစ်ပါတယ်။ ဒါကတော့ ၄င်းဖုန်း
အား Factory Reset ချတဲ့ Code ဖြစ်သောကြောင့် ၄င်းကုဒ်ကိုစမ်းသပ်မယ်
ဆိုရင်သတိထားရပါမယ်။ ဆိုင်က အသစ်ဆိုသောဖုန်းအားသွားချမိရင်တော့
အရောင်း စာရေးနဲ့ စကားများမှာဖြစ်ပါတယ်။ လက်ရှိကိုင်နေတဲ့ဖုန်းကိုချမိ
မယ်ဆိုရင်လည်း သင့်ဖုန်းထဲမှာမှတ်ထားသော Contact List တွေ၊ System
Setting တွေ၊ Application တွေ၊ Google Account တွေ၊ Facebook Account
တွေအကုန်လုံးပျက်သွားမှာဖြစ်ပါတယ်။

*#*#4636#*#*

သူကတော့ ဖုန်းနဲ့ ပတ်သက်ပီး Information တော်တော်များများကိုသိနိုင်ပါတယ်
ဆိုလိုတာက ဖုန်းရဲ့ Battery Information တွေ ၊ Phone Information တွေစတာတွေအပြင် ကျွန်တော်တို့ GSM ဖုန်းနဲ့ Network ချိတ်ထားသူတွေအတွက် Phone Information မှ
WCDMA preferred ဆိုတာကိုရွေးပေး
ခြင်းဖြင့် GSM Phone ကို WCDMA Network Mode ဖြင့် Data Traffic သွားသောကြောင့် သင်က Mobile Network ကို Enable လုပ်လိုက်တာနဲ့ H ဆိုပီးတန်းတက်လာမှာပါ.. ယခု ကျွန်တော်လက်ရှိ GSM ဖုန်းကိုလည်း ထိုနည်းအတိုင်းသုံးနေပါတယ်။
ထိုသို့သုံးခြင်းဖြင့် သာမာန် GSM Phone ချင်းအတူတူတောင် Network Speedကို မြန်မာကျပ်ငွေ နှစ်ကျပ်တည်းဖြင့်WCDMAMode မြန်မာကျပ်ငွေ လေးကျပ်နှုန်းစာ လောက်ရှိသော Data Traffic ကိုရရှိနိုင်မှာဖြစ်ပါတယ်။

*#*#3264#*#*
သူကတော့ ဖုန်းရဲ့ RAM Version ကိုစစ်ဆေးဖို့ဖြစ်ပါတယ်။

ကဲအားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။
အခုကျွန်တော်ဖော်ပြထားတဲ့ Code လေးတွေကိုတော့ဖြစ်နိုင်ရင်
အလွတ်ကျက်ထားစေချင်ပါတယ်။ ဒါမှလည်း သင့်သူငယ်ချင်းသို့
မဟုတ် သင့် ပိုင်ရာဆိုင်ရာတွေအတွက် ဖုန်းလိုက်ဝယ်ပေးတာတို့
ဘာတို့ဆိုရင်လည်း အလွယ်တကူဖြစ်နိုင်မယ်လေ။

Credit: Myanmar XDA
Myartko Orange

VPN ဆိုတာဘာလည်း


VPN ရဲ့ အရှည်ကောက်တော့ Virtual private network ဖြစ်ပါတယ်။ VPN တွေက တားဆီးမူတွေကို ကျော်လွှားနိုင်တယ် ။ ကိုယ်ယောင်ဖျောက်နေနိုင်ပါတယ်။ ဥပမာ- မြန်မာနိုင်ငံက ၀င်မရတဲ့ဆိုဒ်အများစုဆိုရင် VPN သုံးပြီးဝင်ရင် ရနိုင်ပါတယ်။ (Proxy နဲ့ သဘောတူညီတယ်) တားဆီးမူတွေကျော်နိုင်တယ်ပေါ့။ ကိုယ်ယောင်ဖျောက်တယ်ဆိုတာကတော့ ကို့  Real IP ကို Hide လုပ်ချင်တဲ့အခါမျိုးတွေမှာလည်းသုံးနိုင်ပါတယ်။ Hacking လောက သားအများစုသုံးပြီးတော့ မြန်မာကို အွန်လိုင်း support မပေးထားတဲ့ ဆိုဒ်တွေရောက်ရင်လည်းခုနည်းနဲ့ သုံးကြတာများပါတယ်။
ခု ဒီ Hotspot Shield လေးကို ကြိုက်ရတာကလည်း သူ့ မှာက Shield ဆိုတဲ့ပာာနဲ့ ညီအောင်လို့  Anti Malware System တစ်ချို့ ထည့်ထားတာမြင်ရပါတယ်။ Website တွေကနေ User တွေကို Attack လုပ်တဲ့အခါ Hotspot Shield ဖွင့်ထားမယ်ဆိုရင်သူက အားလုံးကိုမကာနိုင်ပေမယ့် အများစုကို ကာပေးနိုင်ပါတယ်။ Web > User Attack ဆိုတာကတော့ Phishing (Fake Page Attack) ,Malware (Attack All Unite) , Trojan ( Eg- Keylogger , Stealer , RAT ) , Cookie (Eg. Fb Password Bypass) , Jump Overflow (Remote Control =Littel Rat =)စတဲ့နည်းမျိုးတွေ၇ှိကြတယ်။ Website တည်းကိုဝင်လိုက်တာနဲ့  သူတို့ က ဆိုဒ်တွေတည်းမှာ ၀င်လာသူကို Attack လုပ်ဖို့  တစ်နည်းနည်းနဲ့ ပြင်ထား တာမျိုးဆိုရင် Hotspot Shield က အဲ့ဆိုဒ်ကို block ချတတ်သလို သတိပေးအချက်ပြတာမျိုးလည်း၇ှိတတ်ပါတယ်

Credit > Kochartape
Myartko Orange

မိမိဖုန်းမှာ virus ရှိမရှိ သိရှိ နိုင် မည့် နည်းလမ်းများ နှင့်  အကြံပြု ချက်

phone သို့ မဟုတ် tablet တွေမှာ virus ကိုက် နေ ပြီ လား ........? အရမ်း ကို ခက် တဲ့ ပြသနာ မဟုတ် တဲ့ အတွက် မိမိ ကိုယ် တိုင် ..အလွယ် တစ်ကူ virus တကယ် ရှိ မရှိ ကို အောက်ပါ အချက် အလက် တွေ ကို လေ့ လာ ပြီး ဖြေ ရှင်း လို့  ရပါ တယ်။

virus ရှိတဲ့  လက္ခာဏာ များ
======================

Slow function ။ မိမိ ဖုန်း ရဲ့  လုပ် ဆောင် မှူ့ တွေ တဖြည်း ဖြည်း နှေးကွေး လေးလံလာတဲ့ အခါ menu ကနေ မိမိ တို့ ဖွင့် လို တဲ့  app တွေ ကို 2 -5 second လောက် အထိ စောင့် ဆိုင်း နေရ တတ်ပါတယ်။ တစ်ခါ တစ်ရံ မှာ နှစ်ချက် လောက် နိုပ်ပြီး ဖွင့် ရ ခြင်းမျို လည်း ဖြစ်တတ်ပါတယ်။ဒါဆိုရင် virus စတင် ဝင်ရောက် နေ ပြီ လို့ ယူဆလို့ ရပါတယ်။
frequent freezing ။မိမိဖုန်းကို အသုံးပြု နေ စဉ် ရုတ်တရက် hang ပြီး တစ်ခါတစ်လေမှာ restart ပြန်ချပေးရခြင်း။restart ချ ပေး တာ တောင် power ပိတ်မရ တဲ့ အတွက် battery ထုတ်ပြစ်ရခြင်း။
switching of Automatically ။ တစ်နေ့ မှာ ( ၃-၄ ကြိမ် )မိမိ ဖုန်းဟာ အလိုအလျောက် ဖုန်းပိတ် ပိတ် သွားခြင်း။
Restarting ။ တစ်ခါ တစ်ရံ မှာ မိမိ ဖုန်းဟာ ပိတ် ရမဲ့ အစား အလိုအလျောက် restart ကျသွားခြင်း
no booting properties ။ တစ်ခါတစ်ရံ virus ဝင်ရောက်မှူ့ ကြောင့်  boot တက် မလာ တော့ ပဲ blank screen နှင့်  ဖုန်းအသုံးပြု ဖို့ အဆင်မပြေခြင်း။
failure of some application ။တစ်ချို့ သော application များကောင်းစွာ အလုပ် မလုပ် တော့ ခြင်း။

အထက်ပါ ဖော်ပြ ချက် တွေ နဲ့  ကိုက်ညီမှူ့ ရှိ နေပြီဆိုရင်တော့ သင့် အနေ နဲ့  မိမိ ဖုန်းမှ virus ကို ကိုယ် တိုင် ကိုယ် ကျ ရှင်းလင်းသုတ်သင် ဖို့ လို အပ် လာပါပြီ။

သင့် ဖုန်းက virus ကို သုတ်သင် ဖို့ အတွက် အကြံပြုချက်
======================================

virus ကို MMC Card ထဲအထိ အမှန်တကယ်သတ်ပေးနိုင်တဲ့  apk တစ်ခုခု ကို insall လုပ်ပြီးအသုံးပြု ကြည့် ပါ။
မိမိတို့ ဖုန်းကို virus သတ်လို့ အဆင်မပြေ နိုင်တော့ ဘူး ဆို ရင် menu >setting ကနေ reset ချ ပြီး orginial ဖြစ်အောင် ကြိုးစားကြည့် ပါ။
တကယ်လို့  rest ပြန် လုပ် ဖို့ အခက် အခဲ ရှိနေ သေးတယ်ဆို ရင် (*2767*3855# ) ကိုရိုက်ပြီးphone memory (internal memory ) ကို formart ချပြီးအသုံးပြု နိုင်ပါတယ်။

အထက်ပါအချက် တွေနဲ့ ဖြေ ရှင်းလို့ အဆင်မပြေ တော့ ဘူးဆို ရင် ဖုန်းကို flashing လုပ်ပြီး အကောင်းပကတိ လုပ်ဆောင် နိုင် တယ်ဆို တဲ့ အကြောင်း အကြံပြု တင်ပြပါရစေ။

Credit > စိုင်းသူ
Myartko Orange

ခြင်​ကိုက်​လားဗျာ

ရော့ဒီမှာ​ဒေါင်းထည့်​ထားလိုက်​ဖုန်းထဲကို
ဒေါင်းပြီးပြီ​နော်​​တော့ ���� အဆင်​​ပြေပါ​စေ

https://db.tt/eoEymujE

Thursday, April 9, 2015

facebook apk က စာလုံးလေးတွေကို မိမိတို့နှစ်သက်တဲ့အရောင်ပြောင်းနည်း(need root)အစုံအလင်


facebook apk က စာလုံးလေးတွေကို မိမိတို့နှစ်သက်တဲ့အရောင်ပြောင်းနည်း(need root)
http://aungthethein.blogspot.com/2015/03/facebook-apk-need-root.html?m=1

Samsaung S3,S4,Note2 ဖုန်းများအတွက် Dead Boot နိုးနည်းအပြည့်အစုံ
http://aungthethein.blogspot.com/2015/01/samsaung-s3s4note2-dead-boot.html?m=1

Lenovo A536 Android 4.4.2 ကို VROOT(iRoot) ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
http://aungthethein.blogspot.com/2014/12/lenovo-a536-android-442-vrootiroot-root.html?m=1

ဖုန်းရဲ့ အိုင်ကွန်များကို Merry Christmas ဦးထုပ်လေးတွေ ဆောင်းနေတဲ့ အိုင်ကွန်လုပ်နည်းလေးပါ
http://aungthethein.blogspot.com/2014/12/merry-christmas.html?m=1

Android အတွက် Bagan keyboard အရောင် (၈) မျိုး
http://aungthethein.blogspot.com/2014/10/android-bagan-keyboard.html?m=1

Photoshop Tools များအသုံးပြုနည်းစာအုပ်
http://aungthethein.blogspot.com/2014/10/photoshop-tools.html?m=1

NEXT LAUNCHER 3D SHELL FOR ANDROID
http://aungthethein.blogspot.com/2014/10/next-launcher-3d-shell-for-android.html?m=1

Z screen recorder pro apk for android 2.0 mb (need root )
http://aungthethein.blogspot.com/2014/09/z-screen-recorder-pro-apk-for-android.html?m=1

ဓါတ်ပုံတွေကို ပြုပြင်တာကိုဝါသနာပါသောသူငယ်ချင်းများအတွက် photo facer
http://aungthethein.blogspot.com/2014/09/photo-facer-for-android.html?m=1

ဖုန်းရဲ့မလိုအပ်သောမန်မိုရီတွေကိုဆေးချပေးတဲ့ history eraser pro software
http://aungthethein.blogspot.com/2014/09/history-eraser-pro-v53-for-android.html?m=1

mp3 သီချင်း ​တွေကို​ဒေါင်းယူလို​သောသူ
ငယ်​ချင်း​များအတွက်​ ​download speed
မြန်​ဆန်​​သော mp3 downloader ​လေး

http://aungthethein.blogspot.com/2014/09/mp3-downloader-for-android.html?m=1

Ashampoo SlideShow Studio Full Version !!! ဓါတ်ပုံတွေကိုနောက်ခံသီချင်းနဲ့မြန်မာစာတန်းထိုးပြီးစလိုက်ရှိုးလုပ်ကြမယ်
http://aungthethein.blogspot.com/2014/09/ashampoo-slideshow-studio-full-version.html?m=1

Huawei ဖုန်း ၇၀ကျော် Root လုပ်နည်း Firmware တင်နည်း ပြုပြင်နည်းနှင့် hardware specification များ PDF
http://aungthethein.blogspot.com/2014/09/huawei-root-firmware-hardware.html?m=1

★★ Yangonthar Software Selection v1.02 2014 (၀င်းဒိုးတင်ပြီးအသင့်သုံး) စုစည်းမှု ★★
http://aungthethein.blogspot.com/2014/08/yangonthar-software-selection-v102-2014.html?m=1

Android Phone အတွက် Root apkများစုစည်းမှု
http://aungthethein.blogspot.com/2014/08/android-phone-root-apk_39.html?m=1
photoshop

အခြေခံသင်တန်းဗီဒီယိုဖိုင်များစုစည်းမှူ့ 
http://aungthethein.blogspot.com/2014/08/photoshop.html?m=1

PSP GAME တွေကို Android ဖုန်းမှာတင်ကစားနည်း
http://aungthethein.blogspot.com/2014/08/psp-game-android.html?m=1

♪ ဖုန်းတစ်လုံးမှာ Viber အကောင့်နှစ်ခုသုံးနိုင်တဲ့ - 2Lines for Viber ★ ROOT v 1.0.1 APK ♫
http://aungthethein.blogspot.com/2014/08/viber-2lines-for-viber-root-v-101-apk.html?m=1

Huawei G610-U00အတွက်Rootမလိုပဲမြန်မာဖောင့်သွင်းနည်း
http://aungthethein.blogspot.com/2014/08/huawei-g610-u00root.html?m=1

Samsung ပရိသတ်တွေအတွက် လျှို့ဝှက်အညွှန်းကုဒ်များ
http://aungthethein.blogspot.com/2014/07/samsung.html?m=1

Linux Os အကြောင်း (မြန်မာ Ebook)
http://aungthethein.blogspot.com/2014/07/linux-os-ebook.html?m=1

Computer ကိုစတင်​​လေ့လာမဲ့သူများအတွက်

ကွန်ပျူတာကိုလေ့လာပါတော့မယ်ဆိုတဲ့ မောင်မယ်များအတွက်

http://aungthethein.blogspot.com/2014/07/blog-post_24.html?m=1

(Web Pages) ၀က်ဘ်ဆိုက် စာမျက်နှာဆိုတာ စုစည်းမှတ်သားထားတဲ့ စာတွေကို

HTMLကိုအခြေခံလေးသိရအောင်ပါ
ဝက်ဘ်ဆိုက်စာမျက်နှာ (Web Pages)
(Web Pages) ၀က်ဘ်ဆိုက် စာမျက်နှာဆိုတာ စုစည်းမှတ်သားထားတဲ့ စာတွေကို သတ်မှတ်ထားတဲ့ tags ခေါ် codes များဖြင့် ပုံစံချရေးသားထားသော စာမျက်နှာကို အင်တာနက်ကွန်ယှက်ပေါ်မှာ အများဖတ်ရှုနိုင်ဖို့ ရေးသားတင်ပြထားတဲ့ စာမျက်နှာစုစည်းချက်တစ်ခု ဖြစ်ပါတယ်။ ဒီစာမျက်နှာတွေမှာ စာတွေတင်မက ပုံတွေ လှုပ်ရှားမှုပုံတွေ အသံတွေ
ဗွီဒီယိုဖိုင်တွေအပြင် နောက်ထပ်စာမျက်နှာပေါင်းများစွာကိုသွားဖို့ အချိတ်အဆက်တွေ ပါနိုင်ပါတယ်။

ဝက်ဘ်ဆိုက်စာမျက်နှာကို ဘယ်လိုဖန်တီးမလဲ
ဝက်ဘ်ဆိုက်စာမျက်နှာတွေကို ဖန်တီးလို့ရတဲ့ ဘာသာစကား (language) Programming Language အမျိုးမျိုးရှိပါတယ်။ HTML ဆိုတာကတော့ ၀က်ဘ်ဆိုက်စာမျက်နှာတစ်ခုရဲ့ အခြေခံအစိတ်အပိုင်းတွေ ရေးသားတဲ့ အဓိကကျတဲ့ Language တစ်ခုပါ။ စာမျက်နှာအကြီးကြီးတစ်ခု (ဒါမှမဟုတ် စာမျက်နှာတစ်ခုတည်းမှာ အထပ်ထပ်ပေါင်းစည်းထားတဲ့ စာမျက်နှာကြီးတစ်ခု)ကို ပုံစံချဖို့အတွက် စနစ်ကျတဲ့ ပုံစံကိုသတ်မှတ်ပေးဖို့ တခြားစာမျက်နှာတွေကို အချိတ်အဆက်လုပ်ပေးဖို့ HTML ဆိုတဲ့ Hyper Text Marketup Language ကိုသုံးပါတယ်။
ဒီလိုဝက်ဘ်ဆိုက်စာမျက်နှာတစ်ခု ဖန်တီးဖို့အတွက် HTML ကိုရေးသားရာမှာ Notepad, Notepad++, Ultra Edit အစရှိတဲ့ လွယ်လွယ်ကူကူရနိုင်တဲ့ Text Editor တွေနဲ့ ရေးသားနိုင်သလို Intergrated Development Environment (IDE)လို့ခေါ်တဲ့ Front Page, Dreamweaver အစရှိတဲ့ Software တွေအသုံးပြုပြီးလည်း ရေးသားနိုင်ပါတယ်။

HTML ဆိုတာဘာလဲ?
HTML ဆိုတာ ၀က်ဘ်ဆိုက်စာမျက်နှာတွေကို သတ်မှတ်ချက်ဘောင်တစ်ခုအတွင်းမှာ စနစ်ကျတဲ့ ပုံစံအမျိုးမျိုးရေးသားနိုင်ဖို့ သတ်မှတ်ဖန်တီးထားတဲ့ Language တစ်ခုပါ။ သူ့ကို 1989ခုနှစ်မှာ CERN ရဲ့ ရူပဗေဒပညာရှင် တင်ဘားနားစ်လီ(Tim Berners Lee) က စတင်ဖန်တီးရေးသားခဲ့ပါတယ်။ HTML ကို Tags ဆိုတဲ့ HTML ကသတ်မှတ်ထားတဲ့ ကိုယ်စားပြု code(သင်္ကေတ)လေးတွေ အသုံးပြုပြီး ရေးသားရပါတယ်။ အဲဒီ Tags လေးတွေကို HTML Tags လို့ခေါ်ပါတယ်။

HTML TAGS ဆိုတာ ဘာလဲ?
Html Tags ဆိုတာကိုမပြောခင်မှာ Tags ဆိုတာ ဘာလဲပြောပြပါ့မယ်။ Tags ဆိုတာကတော့ Formatting Elements လို့ခေါ်တဲ့ Browserက သိအောင်သတ်မှတ်ပေးထားတဲ့ ပုံစံချဖို့ အသုံးပြုတဲ့ ဘာသာစကား (Language) တစ်မျိုးပါ။ သူ့ကို Double Tag နဲ့ Single Tag ဆိုပြီး သတ်မှတ်ထားပါတယ်။
HTML TAGS ဆိုတာ ရေးသားထားတဲ့ စာမျက်နှာတွေကို Browser ပေါ်ကို ပုံစံချပြီး စနစ်တကျတင်နိုင်ဖို့ ကြားခံဘာသာပြန် အညွှန်းဘာသာစကားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရေးချင်တဲ့ စာမျက်နှာပုံစံကို ဒီ HTML TAGS တွေနဲ့ ပုံစံချပြီး Browser ပေါ်ကိုတင်တဲ့အခါ Browser က စာမျက်နှာကို ဘယ်လိုပုံစံနဲ့ လူတွေကို ဖော်ပြရမလဲဆိုတာကို tags တွေရေးသားထားတာကို ဖတ်ပြီးတော့ tags တွေထဲမှာရေးသားထားတဲ့စာတွေကို tags တွေသတ်မှတ်ထားတဲ့ စာပိုဒ်ပုံစံတွေအဖြစ်ပြောင်းပြီးတော့ ဖော်ပြသွားမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် Browser က HTML Tag တွေရဲ့ပုံစံကို ဖတ်မှတ်ပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ စာမျက်နှာပုံစံကို ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီတော့ ၀က်ဘ်ဆိုက်တစ်ခုလုပ်ဖို့ရေးဖို့အတွက် ဒီ Html Tags တွေကို ပိုင်နိုင်အောင်သုံးတတ်ဖို့လိုပါတယ်။ HTML Tags ကိုဘယ်လိုရေးသားလဲဆိုတော့ “< ” (Less than) နဲ့ “> ”  (Greater than) သင်္ကေတလေးနှစ်ခုနဲ့ ရေးသားထားတဲ့ “< >” tag ဆိုတဲ့အရာလေးကို အဖွင့်Tag လို့ခေါ်ပြီးတော့ ၊ “< ” (Less than) ရယ် “/” မျဉ်းစောင်းလေးရယ်နဲ့ “> ”  (Greater than) သင်္ကေတလေးသုံးခုနဲ့ ရေးသားထားတဲ့ “</ >” tag ဆိုတဲ့အရာလေးကို အပိတ်Tag လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ဒီလို <> အဖွင့်အပိတ် လေးနှစ်ခုနဲ့ရေးသားထားတဲ့ tag ကိုအဖွင့် Tag လို့ခေါ်ပြီးတော့ ဒီလို </> အဖွင့်၊ မျဉ်းစောင်း၊ အပိတ် လေးသုံးခုနဲ့ရေးသားထားတာကို အပိတ် Tag လို့ခေါ်ပါတယ်။
Tag ကို Single Tag နဲ့Double Tagဆိုပြီးတော့ ခွဲခြားနိုင်ပါတယ်။ Single Tag ဆိုတာကတော့ အဖွင့် Tag ဒါမှမဟုတ် အပိတ် Tag တစ်ခုတည်းနဲ့ သူ့လုပ်ဆောင်ချက်ကို လုပ်သွားနိုင်တဲ့ Tag အမျိုးအစားကိုခေါ်ပါတယ်။ ဥပမာ-</br> ဆိုတဲ့ Tag လေးက Single Tag ပါ။ Double Tag ကတော့ အဖွင့်တစ်ခုတည်းနဲ့လည်း ရပ်တည်ပြီး သူ့အလုပ်ကိုမလုပ်နိုင် အပိတ်တစ်ခုတည်းနဲ့လည်း ရပ်တည်ပြီး သူ့အလုပ်လုပ်ကိုမလုပ်နိုင် သေချာပေါက် အဖွင့်နဲ့ အပိတ်ကို ယှဉ်တွဲပြီးသုံးမှ အလုပ်လုပ်နိုင်တဲ့ Tag တွေကို ခေါ်ပါတယ်။ ဥပမာ- <html> </html> ဆိုတဲ့ Tag လေးက Double Tag လေးပါ။ ယေဘုယျအားဖြင့် Double Tag တွေကိုရေးသားနည်းကတော့ < tag နာမည်> ရေးသားချင်သောအကြောင်းအရာ </tag နာမည်> ဖြစ်ပြီးတော့ Single Tag တွေကိုတော့ <Tag နာမည် >ရေးသားချင်သော အကြောင်းအရာ ဒါမှမဟုတ် </Tag နာမည်> ရေးသားချင်သော အကြောင်းအရာ ဆိုပြီးတော့ ရေးသားနိုင်ပါတယ်။ Tag တွေရဲ့ အထဲက Tag နာမည်<Tag နာမည်>တွေက စာလုံးအကြီးအသေးမရွေးပါ(Case Sensitive မဖြစ်ပါ)။

HTML စာမျက်နှာတစ်ခု ဖွဲ့စည်းတည်ဆောက်ပုံ
<html>
          <head>
                   <title>Page Title</title>
          </head>
          <body>
          </body>
</html>
ဒီပုံစံလေးကတော့ html စရေးတော့မယ်ဆိုရင် ချပြီးမရေးမဖြစ် အမြဲရေးရမယ့် နမူနာပုံစံလေးပါ။ Html စာမျက်နှာတွေ ကိုယ်လိုချင်တဲ့ ပုံစံတွေသတ်မှတ်မယ်ဆိုလည်း ဒီပုံစံလေးအတွင်းမှာပဲ လိုအပ်တဲ့ Tags တွေကို ဖြည့်စွက်ပြီးရေးသားရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးပုံစံလေးကို အလွတ်ရအောင် မှတ်သားထားဖို့တော့ လိုပါတယ်။

Html စာမျက်နှာရဲ့ အခြေခံဖွဲ့စည်းတည်ဆောက်မှုပုံစံ ပိုင်းဖြတ်ပုံ
Html စာမျက်နှာရဲ့ အခြေခံဖွဲ့စည်းတည်ဆောက်မှုပုံစံကို_
Main Structure (အဓိက အစိတ်အပိုင်းကြီး)
<html>
</html>
Head (စာမျက်နှာခေါင်းစဉ်)
<head>
</head>
Body (စာမျက်နှာ ကိုယ်ထည်)
<body>
</body>
ဆိုပြီး သုံးပိုင်းခွဲခြားနိုင်ပါတယ်။ Main structure ထဲမှာပဲ ထပ်ပြီးတော့ Head အပိုင်းနဲ့ Body အပိုင်းဆိုပြီးခွဲခြားနိုင်ပါတယ်။
<Html></Html>ဆိုတဲ့ double tag လေးက စာမျက်နှာရဲ့ အစနဲ့အဆုံးကိုသတ်မှတ်ပေးပါတယ်။ စာမျက်နှာတိုင်းမှာ အစနဲ့အဆုံးကို သတ်မှတ်ပေးရမှာ ဖြစ်တဲ့အတွက် <html>အစ နဲ့ </html> အဆုံးကို မရေးမဖြစ်ရေးပေးရမှာပါ။ <head></head>ဆိုတဲ့ double tag လေးကတော့ စာမျက်နှာရဲ့ Browser မှာပေါ်စေချင်တဲ့ ခေါင်းစဉ်ကို သတ်မှတ်ပေးမယ့် Tag လေးဖြစ်ပါတယ်။ စာမျက်နှာတစ်ခုမှာ Style နဲ့ Script တွေထပ်ပေါင်းထည့်ပေးချင်တယ်ဆိုရင်လည်း <head></head> tag အထဲမှာပဲ ထည့်ရေးပေးရမှာဖြစ်ပါတယ်။ <body></body>tag ဆိုတာကတော့ ကိုယ်ထည်လို့ပြောထားတဲ့အတိုင်း ကျွန်တော်တို့ လိုချင်တဲ့ ပုံစံတွေရဖို့ ဒီအထဲမှာပဲ လိုအပ်တဲ့ Tag တွေနဲ့ စာတွေကို ရေးထည့်ပေးရမယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။ စာမျက်နှာတစ်ခုလုံးကို ဒီ <body></body>tag လေးထဲမှာပဲ ရေးရမှာ ဖြစ်ပါတယ်။
<html></html> (Html Tag)
ဒီ Tag လေးကတော့ double tag ခေါ် pair tag အမျိုးအစား(အစုံလိုက်ရေးရမယ့် tag အမျိုးအစား) ဖြစ်ပါတယ်။ Html စာမျက်နှာတစ်ခုရဲ့ အစနဲ့အဆုံး ဧရိယာကို သတ်မှတ်ပေးတဲ့ Tag လေးဖြစ်ပါတယ်။ <html> ဆိုပြီးစရေးတာတွေ့လိုက်ပြီဆိုတာနဲ့ html စာမျက်နှာတစ်ခုကို စပြီလို့ Browser ကသတ်မှတ်ပါတယ်။ </html> ဆိုပြီး အပိတ် Tag ကို တွေ့ပြီဆိုတာနဲ့လည်း Browser က html စာမျက်နှစ်တစ်ခု ဆုံးပြီလို့သတ်မှတ်ပေးပါတယ်။ ဒါကြောင့် html စာမျက်နှာရဲ့ အရေးအကြီးတဲ့ tag တွေထဲမှာ html စာမျက်နှာလို့ Browser သိအောင် လုပ်ဆောင်ပေးတဲ့ <html></html> ဆိုတဲ့ Tag လေးက အရေးအကြီးဆုံးဖြစ်ပါတယ်။

<head> </head> (Head tag )
လို့ ခေါ်ပါတယ်။ Browser window ရဲ့ title bar မှာ ခေါင်းစဉ်တပ်ချင်ရင် css တွေရေးဖို့ style tag တွေထည့်ချင်ရင် javascript တွေရေးဖို့ script tag တွေထည့်ချင်ရင် ဒီ tag အတွင်းမှာပဲ ရေးရမှာဖြစ်ပါတယ်။ ၀က်ဆိုက်တစ်ခုအတွက် အညွှန်းပေးချင်တဲအခါ ကိုယ့်ဝက်ဆိုက်အတွက် ဖော်ပြချက်တွေ ရေးချင်တဲ့အခါ သုံးတဲ့ <meta> tag ကိုလည်း ဒီ head tag အတွင်းမှာပဲရေးရမှာဖြစ်တဲ့ အတွက် head tag ကလည်း အရေးပါအရာရောက်တဲ့ tag တစ်ခုပဲဖြစ်ပါတယ်။
<title> </title> (Title tag)
title tag လို့ခေါ်ပါတယ်။ head tag အတွင်းမှာ ရေးသားရတဲ့ tag လေးတစ်ခုပါ။ Browser window မှာ ၀က်ဆိုက်နာမည်လေးပေါ်စေဖို့  စာမျက်နှာနာမည်လေးပေါ်စေဖို့အတွက် သုံးတဲ့ tag လေးတစ်ခုဖြစ်ပါတယ်။ မသုံးမဖြစ် သုံးသင့်တဲ့ Tag လေးပါ။
<body> </body> (Body Tag)
ဒါကတော့ တတိယ အရေးအကြီးဆုံး tag လို့ပြောလို့ရတဲ့ body tag ပါ။ စာမျက်နှာဖွဲ့စည်းဖို့ သုံးချင်တဲ့ Tag တွေ အားလုံးနီးပါးကို ဒီ Body Tag ထဲမှာပဲ ထည့်ပြီးရေးသားရမှာဖြစ်ပါတယ်။ ဒီTag ရဲ့အထဲမှာ တခြားTag တွေနဲ့ သတ်မှတ်ထိန်းချုပ်ပြီးတော့ ပုံတွေထည့်မယ် စာတွေရေးမယ် ဇယားတွေဆောက်မယ် စာတွေကို သူ့နေရာနဲ့သူ စနစ်တကျ layout ချပြီး (ပုံစချပြီး) ထားမယ်။ ဒီ tag လေးမပါဘဲနဲ့ ကိုယ်လုပ်ချင်တဲ့ ပုံစံတွေ ၀က်ဆိုက်စာမျက်နှာတွေကို ရေးလို့အဆင်မပြေပါဘူး။ tableless မဟုတ်ရင်ပေါ့။ layout (ပုံစံ) ချဖို့အတွက် လည်း ဒီ tag လေးထဲမှာပဲရေးရမှာပါပဲ။ အဲဒီ layout ထဲမှာ စာရေးဖို့လည်း ဒီ tag လေးပါမှ အထဲမှာ စာရေးလို့အဆင်ပြေမှာပါပဲ။ သားသမီးတွေကို ပုံစံခွက်ထဲထည့်ပြီး စနစ်တကျ ထိန်းချုပ်ပေးနေတဲ့ မိခင်လိုပါပဲ။ ဒီTag လေးက စာမျက်နှာတစ်ခု အထဲမှာစနစ်တကျရှိနေဖို့ သူ့အတွင်းမှာ ကျွန်တော်တို့သတ်မှတ်ထားတဲ့ ကျွန်တော်တို့ ရေးသားလိုက်သမျှ ထည့်လိုက်သမျှအရာတွေ အချက်အလက်တွေကို ကျွန်တော်တို့ လိုချင်တဲ့ ပုံစံအတိုင်း စနစ်တကျ ထိန်းချုပ်ထားပါတယ်။
လေးစားစွာဖြင့်

credit to http://kohtway.blogspot.com

Myartko Orange