♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥
Saturday, May 30, 2015
အမေရိကန်ရဲ့ iPhone ကို.China မှာ ထုတ်လုပ်နေတာ ဘာကြောင့်လည်း ဖတ်​ကြည့်​ဗျာ​ကောင်းတယ်
(၂၀၁၀) ခုနှစ်လောက်မှာ အမေရိကန်သမတ အိုဘားမားက ညစာစားပွဲတခုမှာ. Appleကုမ္ပဏီရဲ. CEOဖြစ်တဲ့ Steve_Jobs (စတစ်ဗ်) ကိုမေးပါတယ်။. Appleရဲ့Products တွေဖြစ်တဲ့. iPhone တို့. iPadတို့ကို. တရုပ်ပြည်မှာ သွားထုတ်လုပ်နေ တာကို (အမေရိကန် လူမျိုးတွေ အလုပ်ရအောင်). အမေရိကန် ကိုပြောင်းလာရင်ဖြစ် မလားလို့မေးတယ်။. စတစ်ဗ်က.မဖြစ်နိုင် ဘူးလို့ပြောလိုက်ပါတယ်။ .နောက်ပိုင်းမှာ. သူ့ရဲ့လက်အောက် က Apple ကုမ္ပဏီ အရာရှိတဦးက. စတစ်ဗ်ဘာကြောင့် အဲဒီ လိုပြောခဲ့ ရသလဲဆိုတာ. မီဒီယာကို အခုလိုရှင်းပြခဲ့ပါတယ်။
အချိန်က(၂၀၀၇)ခုနှစ်။ ပထမဆုံးပေါ်တဲ့ iPhone. ကမ္ဘာကိုဖြန့်ဖို့ (၂)လလောက်ပဲ လိုတော့တဲ့ တနေ့မှာ. စိတ် ဆိုးနေပုံရတဲ့ စတစ်ဗ်က. သူ့လက်ထောက်တွေ အားလုံးကို. သူ့ရုံးခန်းထဲ လာဖို့ခေါ်လိုက် ပါတယ်။. အား လုံးရောက် လာတာနဲ့.စတစ်ဗ်က. သူစမ်းသုံးကြည့်ဖို့ ယူထားတဲ့ iPhone. နမူနာတလုံးကို. သူ့ဘောင်းဘီဘေးအိပ် ထဲကနေ.ဆွဲထုတ် ယူလိုက်ပြီး. အားလုံးမြင် သာအောင်ထောင်ပြရင်း. အခုလိုပြောလိုက်ပါတယ်။. "ဒီဖုံးရဲ့ မှန် သားပြင် (screen)ကို ကြည့်စမ်းပါ။ .ခြစ်ရာတွေပေါ်နေတယ်။. လူတွေဟာ.လက်ကိုင်ဖုံးကို .ဘောင်းဘီအိပ်ထဲ ထဲ့တတ်ကြတယ်။ .ဘောင်းဘီအိပ်ထဲမှာ .သော့တွဲ့. ပိုက်ဆံ အကြွေစေ့တွေလဲ. ထဲ့တတ်ကြတယ်။. ဒါတွေနဲ့ ထိလို့ခြစ်ရာပေါ်နေတဲ့ ဖုန်းးမျိုး. ငါကမ္ဘာကို မဖြန့်ချင်ဘူး. ဒီPlastic_screen ကို.ခြစ်ရာ မထင်နိုင်တဲ့ မှန်သား Glass_scree nနဲ့လဲပစ်ရမယ်။. အခုထုတ်ပြီးသား ဖုန်းတွေ အားလုံးကို (၆)ပတ် အတွင်းပြီးအောင် လဲလိုက်ကြ။. ကဲ.သွားကြတော့" လို့ပြောလိုက်တယ်။
သူ့လက်ထောက်တွေ အားလုံး. အရမ်းခေါင်းခြောက် သွားကြတယ်။. စတစ်ဗ်အကြောင်း. သူတို့ကောင်းကောင်း သိတယ်။.စတစ်ဗ်ဟာ. သူပြောပြီးတဲ့ စကားကို. ဘယ်တော့မှ အလျှော့မပေး တတ်ဘူး။. သူလိုချင်တာဖြစ်အောင်. လုပ်ကြရတော့မယ်။. ခက်တာက.iPhone စတင်ရောင်းမဲ့ ရက်ကို. ကမ္ဘာသိကြေငြာပြီးပြီ။- ၂လပဲ ကျန်တော့ တယ်။. ကမ္ဘာကို မဖြန့်ခင်.ဖုန်းတွေကို Glass_Screenနဲ့ အစားထိုးလဲဖို့ အချိန်(၆)ပတ် ပဲပေးတယ်။. လုပ်ပြီးသား. ဖုန်းအလုံး သိန်းချီပြီးကို (၆)ပတ်အတွင်း screen လဲတပ်ဖို့ဆိုတာ. မဖြစ်နိုင်ဘူး။. အရင် Screen လုပ်ပေးနေကျ. အမေရိကန် ကုမ္ပဏီ Corning ကိုမေးကြည့်တော့. အချိန်(၆)လ ကြာမယ်တဲ့။
သူတို့အထဲက. လက်ထောက်တယောက်က. စဉ်းစားတယ်။. ဒီလောက်အချိန်တိုတိုနဲ့. စတစ်ဗ်ဖြစ်ချင်တာရဖို့. အမေရိကန်နိုင်ငံမှာတော့ မဖြစ်နိုင်ဘူး။. ဒါကြောင့်. သူဟာ(၃)ရက် အကြာမှာ. တရုပ်ပြည်က မှန်ဖြတ်စက်ရုံ အများအပြားရှိတဲ့. Shenzhenပြည်နယ်ကို .လေယဉ်နဲ့ ထွက်ခွာသွားတယ်။ .Shenzhenပြည်နယ်က စက်ရုံမှူးတွေ နဲ့တွေ့ပြီး. သူလိုချင်တဲ့ Glass_screen ကို iPhoneတွေမှာ. သတ်မှတ်ရက် အတွင်းပြီးအောင် လုပ်ပေးနိုင်ရင်. အလုပ်အပ်မယ်လို့ ကမ်းလှမ်းတယ်။
နောက်ဆုံး. တရုပ်ကုမ္ပဏီ Foxconnနဲ့. သဘောတူညီမှု ရတယ်။. သဘောတူ စာချုပ်တောင် မချုပ်ရသေးဘူး. Foxcoon က.iPhone အတွက် screen လဲ တပ်ဖို့ စက်ရုံအသစ်တခုကို အားချင်းဆောက်လိုက်တယ်။. စတိုကြီး ထဲမှာလဲ. စမ်းသတ်ဖို့ မှန်ချပ်တွေဝယ်ပြီး. အမျိုးအစားအလိုက် ခွဲခြားသိုလှောင် ထားလိုက်တယ်။. စက်ရုံမှူးက. သူ့အင်ဂျင်နီယာတွေကို. စက်ရုံဝင်းထဲက. ဘားတိုက်တွေမှာ လာနေခိုင်းလိုက်တယ်။. အရေးကြီးရင်. အချိန် မရွေး.ခေါ်လို့ ရအောင်ပေါ့။. မှန်တွေကို. ပိုက်ဆံမယူပဲ .ကြိုက်သလောက် စမ်းကြည့်နိုင်တယ် လို့ပြောပါတယ်။
စတစ်ဗ်လက်ထောက်ဟာ. အဲဒီစက်ရုံမှာ. တလကြာအောင်နေပြီး. တရုပ် အင်ဂျင်နီယာတွေနဲ့. မှန်မျိုးစုံ ကိုဖြတ် ကြည့်တယ်။. iPhone_Screenဖြစ်လာအောင် လုပ်ကြတယ်။.ခြစ်ရာပေါ်မပေါ် စမ်းကြည့်တယ်။ .နောက်ဆုံး .screen လုပ်နိုင်မဲ့ စိတ်ကြိုက်မှန်တွေ့ပြီ ဆိုတော့.Foxconn ကို အလုပ်အပ်တဲ့ စာချုပ်ချုပ် လိုက်တယ်။. အမေရိ ကန်. ကာလီဖိုးနီးယားမှာ ရှိတဲ့ Apple ကုမ္ပဏီကို. screenလဲတပ်ဖို့. iPhone ပထမတသုတ်ကို. Foxconn စက်ရုံ ကို ပို့လိုက်ဖို့ အကြေင်းကြား လိုက်တယ်။ တပတ်ကြာတော့. မှာထားတဲ့ iPhoneတွေထဲ့ ထားတဲ့ ကုန်သေ တ္တာတွေ. စက်ရုံကိုရောက်လာတယ်။ .ရောက်တဲ့ အချိန်က. မိုးအတော်ချုပ်နေပြီ။
iPhone.သေတ္တာတွေကို. စက်ရုံထဲ ချအပြီးမှာ. စက်ရုံမှူးဟာ .ဝီစီကို တတွီတွီနဲ့ မှုတ်လိုက်တယ်။. စက်ရုံဝင်းထဲက .ဘားတိုက်တွေမှာ. အနားယူနေကြ တဲ့ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေ. အလုပ်သမားတွေ. ဘားတိုက်ပေါ်က .ပြေးဆင်းလာကြပြီး. စက်ရုံရှေ့မြေကွက်လပ်မှာ တန်းစီလိုက်ကြတယ်။. စက်ရုံမှူးက. အခုအချိန်ကစပြီး. မှန် ချပ်တွေကိုဖြတ်ပြီး.iPhone_Screenတွေ လုပ်ဖို့ တညလုံး အလုပ်ဆင်းကြရမယ် လို့ပြောလိုက်တယ်။ .စ ကားပြောပြီးတာနဲ့. အားလုံးကို. စားပွဲတွေပေါ်က. လက်ဖက်ရည် တခွက်နဲ့ပေါင်မုန့်တချပ်စီကို တန်းစီယူစား ခိုင်း လိုက်တယ်။. အားလုံး. ကမန်းကတန်း ယူစားကြပြီး.စက်ရုံထဲ ဝင်သွားကြတယ်။
စက်ရုံတခုလုံး.ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ. ချက်ချင်းပဲ. အလုပ်စတင် လုပ်ကြတယ်။.နေ့ဆိုင်း. ညဆိုင်းတွေနဲ့ လုပ်လိုက်ကြတာ. ၃ရက်အတွင်းမှာ. iPhone အလုံး တစ်သောင်းရဲ့ plastic_screenတွေကို. glass_screenတွေနဲ့ လဲတပ်ပြီးသွားတယ်။
နောက် ၃လ အကြာမှာ .Appleကုမ္ပဏီဟာ. iPhone အလုံးပေါင်း တစ်သန်းရောင်းချ ခဲ့ပါတယ်။ .နောက်ပိုင်းမှာ. iPhoneကို. အမေရိကန်.ကာလီဖိုးနီးယားမှာ. ဒီဇိုင်းပဲဆွဲပြီး. ကုန်ကြမ်းကနေ. iPhoneဖြစ်တဲ့အထိ. တရုပ်ပြည်မှာ ပဲ.လုပ်ပါတော့တယ်။. -၄နစ်ကြာတော့. Appleဟာ .iPhone အလုံးပေါင်း သန်း(၂၀၀)ရောင်း ချနိုင်ခဲ့ပါတယ်။
မီဒီယာကိုပြောပြနေတဲ့ Apple ကုမ္ပဏီ အရာရှိက. ဆက်ပြောပြပါသေးတယ်။. ကုန်ကြမ်းကနေ .iPhoneတွေဖြစ် လာတဲ့အထိ. ထုတ်လုပ်ဖို့. အင်ဂျင်နီယာပေါင်း(၈,၇၀၀)နဲ့ အလုပ်သမားပေါင်း ၂သိန်း လိုအပ်ပါတယ်။. အင်ဂျ င်နီယာ (၈,၇၀၀)ရအောင် စုဖို့ အမေရိကန်မှာ .-၉လကြာမြင့် မှာဖြစ်ပြီး. တရုပ်ပြည်မှာ (၁၅)ရက်ပဲကြာ ပါလိမ့် မယ်။. အမေရိကန်မှာ. iPhone လုပ်ရင်. လုပ်ခဈေးကြီးတာရယ်. လူမရလို့ အချိပိုကြာအောင် လုပ်ရ မှာတွေကြောင့်. iPhone ကို. အခုတရုပ်ပြည်မှာ ထုတ်ပြီးရောင်းတာထက်. အများကြီးဈေးကြီးနေမှာ မို့.ဘယ်သူမှ ဝယ်ကြမှာ. မဟုတ်ပါဘူး တဲ့။
ဒီလောက်ဆိုရင် .iPhoneကို.China.မှာ ဘာကြောင့် ထုတ်လုပ်နေတယ် ဆိုတာ. သိနိုင်ပါပြီ။
လုပ်ခဈေးနူန်း သက်သာတယ်။.မြန်မြန်ဆန်ဆန် လုပ်တတ်တယ်။.မဖြစ်နိုင်ဘူး ဆိုတာကို.ဖြစ်အောင် လုပ်နိုင် တာတွေကြောင့်. တရုပ်ပြည်ဟာ. ယနေ့ကမ္ဘာမှာ. စီးပွားရေး ထိပ်တန်းနိုင်ငံ တခုဖြစ်နေပါပြီ။
မှတ်ချက် 
၁။.အမေရိကန်နိုင်ငံထုတ် "The_New_York_Times" သတင်းစာမှာ ပါတဲ့ သတင်းတပုဒ်ကို မှီငြမ်းရေး ထားတာ ပါ။
၂။.Steve_Jobs ဟာ (၂၀၁၁)ခုနှစ်.အောက်တိုဘာလ (၅)ရက်နေ့မှာ. ကင်ဆာရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါ တယ်။
C@ https://www.facebook.com/thein.pe.3/posts/10204118845920086
--------------------------------------
ဖတ်​မိသမျှ
✌✌✌✌✌✌✌✌✌✌✌✌✌
Facebook ကမှတ်​ထား​ပေးတဲ့တ​နေ့တာလုပ်​​ဆောင်​ချက်​​တွေ
တစ်​​နေတာလုပ်​​ဆောင်​ချက်​​တွေfacebookမှာ
ပြန်​ကြည့်​ရ​အောင်​like .comment .post .
မိမိတင်​ခဲ့ပြုလုပ်​ခဲ့သမျှ​ပေါ့..လိုအပ်​လို့ပြန်​ရှာရင်
လွယ်​တာ​ပေါ့ဗျာ နာမည်​​လေး​တွေပြန်​ကြည့်​လို့ရတာ​ပေါ့
Report ထိပြီးကျသွားတဲ့အ​ကောင့်​ကလွဲရင်​အားလုံးပြန်
မြင်​ရပါတယ်​ မသိ​သေးတဲ့သူ​လေး​တွေအတွက်​​ပေါ့
အောက်​ကပုံ​လေးအတိုင်းကြည့်​သွား​ပေါ့
အဆင်​​ပြေပါ​စေ
Myartko Orange
✌✌✌✌✌✌✌✌✌✌✌✌✌
MoMo tabled များrootလုပ်​၍မြန်​မာ​ဖောင့်​ထည့်​နည်း
မင်္ဂလာပါခင်ဗျ။
အမှန်တော့ ဒီ ပိုစ့်လေးကို ထွေထွေထူးထူးရေးဖြစ်သွားတာတော့မဟုတ်ပါဘူး.။
အခုတလော ဖုန်းဆိုင်တွေမှာ MOMO Tablet တွေက တအားကိုအရောင်းသွက်နေပါတယ်..သွက်ဆို
အဲဒီ MOMO Tablet တွေ ရဲ့ဈေးနှုန်း ကလည်းသင့်တင့်တာကို ။ Tablet ရဲ့ ဗားရှင်းက 4.0 နဲ့ လာတယ်.. သုံးရတာလေးလည်းမဆိုးဘူးလို့ ပြောလို့ ရတယ်ပေါ့နော်. အခုက ကျောင်းပိတ်ထားတဲ့ ရာသီ လည်းပါတော့ ကျောင်းသား မိဘ တွေက သူ တို့ ရဲ့ ကလေးတွေကို ဒီလို MOMO Tablet လေးတွေ ပဲဝယ်ပေးကြပါတယ်. ဒီ Tablet တွေက ဖုန်းကဒ်တော့ထည့်လို့ မရပါဘူးး
ကဲ.. MOMO Tablet  ကို ကြော်ညာ ဝင်သလို ဖြစ်နေပြီ. ဟီးး
အဲဒီတော့ ဒီ Tablet ကိုလူသိများလာတာ နဲ့ အမျှ အသုံးပြုသူတိုင်းက Root တော့လုပ်ချင်ကြမှာ အသေအချာပါ ။ ကျွှန်တော် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Huawei T8620 အတွက်ဆိုပြီးတော့ COARooter ဆိုတာလေးကိုလုပ်ခဲ့ပါတယ်.အဲဒီ ကောင်လေးနဲ့ အခု MOMO Tablet လေးကို ကစ်ကြည့်တာ..အယ်ရာကင်းစွာနဲ့  Root , Myanmar Font , Keyboard များကိုအလိုလျှောက်သွင်းပေးသွားမှာဖြစ်ပါတယ်..
လိုအပ်တဲ့ COA Rooter လေးကို အောက်မှာ Download လုပ်ပေးပါ။
ဒေါင်းလို့ ရလာတဲ့ဖိုင်လေးကို ကွန်ပျူတာပေါ်မှာ ဇစ်ဖြည်ပါ .။ ထို့ နောက်
Tablet ကို ပါဝါဖွင့်ပါ
USB debugging ကိုပါ On ထားပါ
ထို့ နောက် ကွန်ပျူတာတွင် ချိန်ပါ
COA Rooter ကို ဇစ်ဖြည်၍ ထွက် လာသော ဖိုင်တွေထဲမှာ RnuMe.bat ဖိုင်လေးတခု ပါပါတယ်
အဲဒီ ဖိုင်ကို ဖွင့်လိုတ်ပါ.
သူ့ ဘာသာ သူ့ အလုပ် ဆက်လုပ်သွားပါလိမ့်မည် ။
Tablet ပါဝါ ပြန်ပွင့် လာရင်တော့ ကြည့်လိုတ်ပါ ။
Tablet မှာ Root , Myanmar Font , Forzen Keyboard , Forzen KeyboardPro အစရှိသည်တို့ 
အား အဆင်ပြေစွာ ထည့်သွင်းပြီး ဖြစ်နေပါလိမ့်မယ်
COA Rooter အား ရယူရန် 
http://d-h.st/2Sq
Credit to: Collection Of Android
Myartko Orange
Html ကိုဖုန်းထဲ​တွင်​ရေးကြမယ်
ကျ​နော်​ ဒီတစ်​ခါ Programming Language တစ်​ခု ဖြစ်​တဲ့ HTML ကို ဖုန်းနဲ့တင်​​ရေးလို့ရတဲ့ 
Application ​လေး တစ်​ခုတင်​​ပေးလိုက်​ပါတယ်​ ။ 
ဒီ Apk ​လေးက အ​ထောက်​အကူပြု့မှာပါ ။ Computer Uni တက်​​နေတဲ့ ​ကျောင်းသား ၊ ​ကျောင်းသူများ ​ဆောင်​ထားသင့်​တဲ့ Apk ​လေးပါ ။
HTML Editor Apk (0.98 MB) Free Download 
★ DOWNLOAD ★
http://pc.cd/JNS7
အဆင်​​ပြေပါ​စေ 
ကို​နေဇင်​ - နည်းပညာ 
www.konayzin.com
 -------------------------------------- 
Friday, May 29, 2015
မိမိ Company အတွက် ဝဘ်ဆိုဒ် ဒိုမိန်း ဝယ်မယ်ဆိုရင်
မိမိ ကုမ္ဗဏီလုပ်ငန်းအတွက် ဝဘ်ဆိုဒ် ဒိုမိန်း ဝယ်ရင် စဉ်းစားရမယ့် အချက်များစွာ ရှိပါတယ်။ ယင်းမတိုင်ခင် သိသင့်တဲ့အခြေခံ အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 
.com = .commercial ဖြစ်ပြီး စီးပွားရေး လုပ်ငန်း ကုမ္မဏီကို ကိုယ်စားပြု ပါတယ်။ 
.net = network ဖြစ်ပြီး ကွန်ရက်တစ်ခုကို ကိုယ်စားပြုပါတယ်။ အိုင်တီးလုပ်ငန်း ဝန်ဆောင်မှု company များက ပိုလို့ အသုံးပြုပါတယ်။ 
.co = သူက နောက်ပိုင်းမှ ခေတ်စားလာတဲ့ ဒိုမိန်း extension ဖြစ်ပါတယ်။ .com နဲ့ ဆိုလိုရင်း တူပါတယ်။ ဒါပေမယ့်  
ကိုယ်က innovative ပိုဖြစ်ချင်တယ် ဆိုရင် .co သုံးဖို့ လမ်းညွန်ထားပါတယ်။ 
.org = သူကတော့ organization အဖွဲ့အစည်းများအတွက် ရည်ညွန်းပါတယ်။ များသော အားဖြင့်ကတော့ ကိုယ်ကျိုးမဖက် အဖွဲ့အစည်းတွေက သုံးတဲ့ ဒိုမိန်း extension ဖြစ်ပါတယ်။ 
.biz = .biz ကလည်း စီးပွားရေး လုပ်ငန်းတစ်ခုကို ကိုယ်စားပြုပါတယ်။ 
.com.mm = အနောက်မှာ ဆက်တွဲပါလာတဲ့ .mm က မြန်မာနိုင်ငံက ထွက်ကြောင်း ကိုယ်စားပြုပါတယ်။ .in ဆိုရင် အိန္ဒိယ ဖြစ်ပါတယ်။ .mm ကို TLD - top level domain လို့ခေါ်ပါတယ်။ နောက်ထပ်ပြီးတော့ gov.mm. biz.mm ဆိုတာ
မျိုးတွေ ထပ်တွဲနိုင်ပါသေးတယ်။ gov ဆိုရင်တော့ အစိုးရဆိုဒ် ဖြစ်ကြောင်း သက်သေပြပါတယ်။ 
ဒီတော့ ကုမ္ဗဏီ အတွက် ဒိုမိန်းရွေးတဲ့အခါ ကိုယ့်ကုမ္ဗဏီ လုပ်ငန်းက မြန်မာအတွက်ပဲ ရည်ရွယ်တယ်ဆိုရင် မြန်မာဒိုမိန်း
 ဖြစ်တဲ့ .com.mm တို့လိုဟာကို ရွေးနိုင်ပါတယ်။ သူ့ကို ရတနာပုံမှာ ဝယ်နိုင်ပါတယ်။ ဒေသတွင်းက ကုမ္ဗဏီများကလည်း ရောင်းပါတယ်။ 
အကယ်၍ ကိုယ့်လုပ်ငန်းက ပြည်တွင်းအတွက်ကော ရည်ရွယ်ပြီး ပြည်ပ ဝင်လာမှုကိုလည်း ဖိတ်ခေါ်ချင်တယ်ဆိုရင် .com ကိုသာ သုံသင့်ပါတယ်။ ဒါပေမယ့် မြန်မာဖြစ်ကြောင်း Taste တစ်ခုပေးချင်တယ်ဆိုရင် အမည်ထဲမှာ ထည့်သုံးနိုင်ပါတယ်။ ဥပမာ အားဖြင့် www.mmtimes.com, www.imyanmarhouse.com ,www.myanmar-entpreneur.com အစ
ရှိသဖြင့်တို့ လိုမျိုး ထားရှိခြင်း ဖြစ်ပါတယ်။ 
.com, .net, .co တို့ရဲ့ ဈေးကတော့ မြန်မာကျပ်နဲ့ တွက်ရင် တစ်သောင်း ဝန်းကျင်ပါပဲ။ .com.mm ဆိုရင် ရတနာပုံ တယ်လီပို့စ်က ငါးသောင်း ဝန်းကျင်နဲ့ ရောင်းချပါတယ်။ သူက နှစ်စဉ်ကြေး ဖြစ်ပါတယ်။ နှစ်စဉ် ပုံမှန် သွင်းရတာ ဖြစ်ပါတယ်။ ယခု အကြောင်းများမှာ မရှင်းတာ ရှိရင်aungkohtet.htet82@gmail.com ကို အီးမေးလ်ပို့ မေးနိုင်ပါတယ်။ 
Written By Aung Ko Htet , Aung Kham 
#akh_mmitknowledge 
Knowledge Bank 
-------------------------------------- 
ဖတ်​မိသမျှ
✌✌✌✌✌✌✌✌✌✌✌✌✌
Myanmar yellow page
Myanmar yellow pages ကို လူတိုင်း သိပြီးကြမှပါ။ မိမိ၇ှာဖွေ လိုသောကြော်ငြာ လိပ်စာ တယ်လီဖုန်း နံပါတ်များ
မိမိလိုအပ်သော ၀န်ဆောင်မှု ဆိုင်၇ာများ – တည်နေ၇ာ လိပ်စာများကို ၇ှာဖွေနိုင်ပါတယ်။ အ၇င်ကဆို ၇ုံးခန်း company
များမှာစာအုပ် အထူကြီး ချပေးထားတတ်တဲ့ MyanmarYellow pages ကို ယခုမိမိတို့၇ဲ့ ဖုန်းထဲမှာတင် အလွယ်
တကူကြည့်၇ှု နိုင်ပါပြီ။ marketing တွေအတွက် အထူးအသုံးဝင် ပါတယ်ခင်ဗျာ။
ရယူလိုသူများ အောက်ကလင့်မှာ ရယူလိုက်ပါခင်ဗျာ
https://itunes.apple.com/us/app/myanmar-yellow-pages/id950217169?mt=8
Or
https://www.dropbox.com/s/w3ssodubqno6mkx/MyanmarYellowPages%201.0.apk
https://www.facebook.com/ko.htoo.3323
24seven.2s@gmail.com
http://www.myanmarmobileapp.com/2015/04/24/myanmar-yellow-pages-for-ios-android/
-------------------------------------- 
သင့် Google Search History တစ်ခုလုံး ခုချက်ချင်း ဘာကြောင့် ဖျက်ပစ်သင့်တယ် ဆိုတာ
ယခုနှစ်အစောတုန်းက သင့် google search history တွေအားလုံး ဒေါင်းလုဒ် ရယူနိုင်စေမယ့် feature တစ်ခု Google မိတ်ဆက်ပေး ခဲ့ပါတယ်။ အဲဒါဟာ အဆင်ပြေ အသုံးဝင်တဲ့ option တစ်ခုဖြစ်နေနိုင်သလို သတိထားရမယ့် အချက်လည်း ဖြစ်လို့နေပါတယ်။
အရင်ဆုံး အွန်လိုင်း search ရှာထားခဲ့ သမျှတွေကို ထည့်စဉ်းစားရပါမယ်။ အဲဒီမှာ သင့်အိမ်လိပ်စာ Google Maps မှာ ရှာဖွေခဲ့တဲ့ address တွေလည်း ပါဝင်ပါတယ်။ Gmail account မှ ရှာထားတဲ့ private email တွေနဲ့ အရေးကြီးဆုံးက Google ရဲ့ ထုတ်ကုန်ထဲက တဆင့် သင်ရှာချင်ခဲ့သမျှ အချက်အလက် တစ်ခုချင်းဖြစ်ပါတယ်။
ဒါတွေဟာ search history ဒေါင်းလုဒ်မချခင် Google မှ သတိပေးခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။
အဲဒီ ဒေတာ အချက်အလက်တွေကို အကုန်လုံးသာ ရှင်းထုတ်ပစ်ပါ။ သင့်အတွက် ပိုပြီး လုံခြုံမှုပေးပါလိမ့်မယ်။ အဲဒီလိုလုပ်ဖို့ရန်အတွက် Web & Activity ဆိုတဲ့ page သို့သွားပြီး ဖျက်ချင်တာတွေကို စစ်ဆေးကြည့်ပြီးရင် ညာဘက်ခြမ်းရဲ့အပေါ်က drop-down menu မှ Remove Items ကို ရွေးချယ်ပါ။
သင်ရှာဖွေထားတဲ့ အချက်အလက် တစ်ခုချင်းစီ Google မှာ မကျန်ရစ်စေချင်ရင် Account History ကို pause ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Ref: Cosmopolitan
Trend Myanmar
http://www.trend.com.mm/2015/04/23/tech-6410
--------------------------------------
ဘောပွဲ ကြည့်ချင့်သူများအတွက်ပါ..
All Channelပါခင်ဗျာ..
ကြိုက်ရာ လင့် ကယူပါ....
တရုတ်ပါပဲ wifi 2G အနည်းငယ်ဖြင့်
ကြည့်ရပါတယ် ခင်ဗျာ....
http://pc.cd/Jss7
https://www.dropbox.com/s/eitsdp07dm6c49h/All%20Channel.apk?dl=0
https://www.dropbox.com/s/f2y437flto3cksz/sport%20cn.4.2.4.apk?dl=0
လိုင်းအကုန်ကြည့်ရတယ်။
https://www.copy.com/s/gFbFKsk6vkf9KGcb
Pc ဖြင့် ကြည့်လိုသူများ အတွက်ပါ..
ကြိုက်ရာ လင့် က နေကြည့်နိုင်ပါပြီ....
http://www.mrtv.gov.mm/
http://www.mrtv.gov.mm/zg
https://www.facebook.com/mrtvwebmediaportal/app_142371818162
https://new.livestream.com/accounts/4723117/events/2253791
အင်တာနက် TV မှကြည့်ရှုလိုသည့် ပရိသတ်များ အနေဖြင့်
အောက်ပါLinkများတွင်ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
you tube live stream
----------------------------
http://www.youtube.com/watch?v=MJJMwydKivY
MRTV live stream
=================
www.moi.gov
http://new.livestream.com/accounts/4723117/events/2253791
http://www.myanmartv.info/mrtv.html
http://www.myanmartv.info/
http://www.mrtv.gov.mm/
http://www.myanmartvchannel.com/mrtv.html
MN TV
=========
http://www.skynetdth.com/
ကြိုက်ရာ လင့် က ယူပါ...
Free+Cheap International Calls Version : 5.3.1 (8Mb) ဖုန်းဖရီးခေါ်မယ်!!
ဒီတစ်ခါသူငယ်ချင်းတို့ကို Apk တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Free+Cheap ရဲ့ Internation Call
ခေါ်ဆိုလို့ရတဲ့ Apk လေးပါ။သူငယ်ချင်းတို့ဖုန်းမှာဒီ Apk လေးသာထည့်သွင်းထားမယ်ဆိုရင် app to app
Free calls ခေါ်ဆိုနိုင်ပါတယ်။မြန်မာနိုင်ငံအပါအ၀င်နိုင်ငံပေါင်း 150 ကျော်ခေါ်ဆိုနိုင်ပါတယ်။ကိုယ်ခေါ်ဆို
တဲ့အခြားဖုန်းမှာဒီ App လေးကိုမထည့်ထားဘူးဆိုရင်တော့ 1 မိနစ်ကို  ( 0.9 ¢min)ကုန်ကျမှာဖြစ်ပါတယ်
App to App ဆိုရင်တော့ international calls and SMS ကို Free ပါပဲ။ အသုံးပြုနိုင်တဲ့ data connection  တွေကတော့ (WiFi/3G/4G)တို့ပဲဖြစ်ပါတယ်။လ်ုပဆောင်ပေးနိုင်တာတွေကတော့ Android, iPhone, Windows Phone, or any computer အားလုံးပါပဲ။ဖိုင်ဆိုဒ်ကတော့ 8Mb ရှိပြီး Android : 2.0
အထက်မှာအသုံးပြုနိုင်ပါတယ်
 ခေါ်ဆိုလို့ရနိုင်တဲ့နိုင်ငံတွေကတော့...
Cheap international calls to many destinations, including Afghanistan, Albania, Algeria, Angola, Argentina, Armenia, Australia, Austria, Azerbaijan, Bahamas, Bahrain, Bangladesh, Barbados, Belarus, Belgium, Bermuda, Bolivia, Bosnia, Brazil, Bulgaria, Burundi, Cambodia, Cameroon, Canada, Chad, Chile, China, Colombia, Congo, Costa Rica, Croatia, Czech Republic, Denmark, Dominican Republic, Ecuador, Egypt, El Salvador, Eritrea, Estonia, Ethiopia, Finland, France, Gabon, Gambia, Georgia, Germany, Ghana, Greece, Guadeloupe, Guam, Guatemala, Guinea, Guyana, Haiti, Honduras, Hong Kong, Hungary, Iceland, India, Indonesia, Iraq, Ireland, Israel, Italy, Jamaica, Japan, Jordan, Kazakhstan, Kenya, Korea, Kuwait, Laos, Latvia, Lebanon, Liberia, Libya, Lithuania, Macao, Malaysia, Mexico, Moldova, Monaco, Mongolia, Morocco, Mozambique, Myanmar, Nepal, Netherlands, New Zealand, Nicaragua, Niger, Nigeria, Norway, Oman, Pakistan, Palau, Palestine, Panama, Paraguay, Peru, Philippines, Poland, Portugal, Puerto Rico, Qatar, Reunion, Romania, Russia, Rwanda, Samoa, Saudi Arabia, Senegal, Serbia, Singapore, Slovakia, Slovenia, Somalia, South Africa, Spain, Sri Lanka, Sudan, Suriname, Swaziland, Sweden, Switzerland, Taiwan, Tajikistan, Tanzania, Thailand, Trinidad and Tobago, Tunisia, Turkey, Uganda, Ukraine, UAE, United Kingdom (UK), United States (USA), Uruguay, Uzbekistan, Venezuela, Vietnam, Yemen, Zambia, Zimbabwe
ကြိုက်တယ်ဆိုရင်တော့အောက်မှာဒေါင်းလိုက်ကြပါ..
http://adfoc.us/14251336825909
Or
http://adfoc.us/14251336827937
Or
http://bc.vc/Be4nhM
Or
http://adfoc.us/14251336827969
Credit:​ကောပရံ
Thursday, May 28, 2015
iPhone-iPad အတွက် မြန်မာ-အင်္ဂလိပ်-ကိုးရီးယား-ဂျပန်-ထိုင်း-ရုရှား 5ဘာသာ အဘိဓာန်
ဘာသာစကား 5မျိုးအထိ အပြန်အလှန် ကြည့်ရပါတယ် ။ အသံထွက်သိချင်ရင်
စပီကာ ပုံစံလေးကိုနှိပ်လိုက်တာနဲ့  ခက်ခဲတဲ့အသံထွက်တွေကို နားလည်မှာပါ
ဘာသာစကားလေ့လာလိုသူတွေ သုံးကြည့်ရင် အောက်ကလင့်မှာယူသုံးလိုက်
Download - https://itunes.apple.com..
https://itunes.apple.com/us/app/shweyoe/id524981986?ls=1&mt=8
iPhone သုံးသူများအတွက် ဖုန်းထဲက icon နာမည်တွေကို မြန်မာလိုရေးနည်း
iPhone မှာပါတဲ့  icon Name တွေကို မြန်မာလိုပြောင်း ကလိချင်သူကလိ
1- Cydia ထဲဝင်ပြီး - icon Renamer ကို ရှာပြီး install လုပ်- Restartချ
2-ကိုယ်ပြောင်းချင်တဲ့ icon ပေါ်ကြာကြာဖိ x ပုံပေါ်ရင် တစ်ချက်နှိပ်ပြောင်း
ဗီဒီယို ဖိုင်နဲ့ လုပ်နည်းကို အောက်ကလင့်မှာ ကြည့်ကြည့်ပါ
Aungsoe Kawpalan a
https://plus.google.com/110640741640156000584
ios- 7 အထက် အိုင်ဖုန်းမှာ မြန်မာစာနဲ့ မြန်မာကီးဘုတ် မှန်ကန်စွာသွင်းယူနည်း
မြန်မာစာမထည့်တတ်သူတွေ ထည့်နည်းအပြည့်အစုံမသိသေးသူတွေ
ဒီနည်းအတိုင်း လုပ်ကြည့်ပါ -လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ
ဒီနည်းက ကိုမိုးသကြားရေးထားတာပါ ပြန်လည်မျှဝေခြင်းဖြစ်ပါ၏
Download -IOS7+++ြ
http://www77.zippyshare.com/v/61131391/file.html
i devices များအတွက် လက်တွေ့သုံးနည်းပညာ
စာအုပ်အမည်                  -         Idevices များအတွက် လက်တွေ့သုံးနည်းပညာ
စာရေးသူအမည်               -         သန်းထိုက်(ရွှေရိပ်)
http://www.mediafire.com/?7yx61fxndfyzk2p
ဆက်​လက်​၍
http://aungsoetun.blogspot.com/search?updated-max=2014-05-26T08:13:00-07:00&max-results=10&reverse-paginate=true&start=200&by-date=false&m=1
အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း
နိပ်​၀င်​လိုက်​ပါ
http://aungsoetun.blogspot.com/2014/05/android-application.html?m=1
စကားပုံများ စုစည်းမှု (ဗဟုတုတ.Apk)
ဦးဦးဒေါ်ဒေါ် ကိုကိုမမ များ မင်္ဂလာပါခင်ဗျာ.....................
ဒါလေးကတော့ လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ စကားပုံလေးတွေပါ.....
အစုံလင်ဆုံးသော စကားပုံပါ .. (က)မှ (အ) ထိ  ပတ်သက်တဲ့စကားလုံးလေးတွေကို တစ်ခုချင်းဆီကို
တိကျတဲ့ အဓိပါယ်နဲ့ ရှင်းလင်းဖော်ပြထားတာပါ.......သားဆိုတစ်ချို့လူကြီးတွေ ပြောကြတဲ့ စကားပုံလေးတစ်ချို့တွေကို နားမလည်ရင်ဒါလေးနဲ့
ပဲဘာသာပြန်ပါတယ်.  ...........
ကဲအောက်က Screen Shot က ပုံလေးတွေကြည့်ပြီး ကိုယ့်အတွက် အသုံးဝင်မယ် လိုချင်တယ်ဆိုရင်တော့
အောက်မှာ ဒေါင်းလုပ် လင့်ပေးထားပါတယ်..............
ဖိုင်ဆိုဒ်ကတော့ (500)KB လေးရယ်ပါ (5)မိနစ်တောင် မဆွဲရပါဘူးနော်၊ အသိပညာတိုးစေမယ့် Apk လေးမို့
ဒေါင်းလုပ်ဆွဲကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ......................
Virsion (1.1) နဲ့ အထက်မှာ အသုံးပြုနိုင်ပါတယ်ခင်ဗျာ.................................
  http://adf.ly/o9acB
ဖုန်းအင်တာနက်လိုင်းကို 3G H.Speed မြင့်ပေးတယ့် ဆော့ဝဲလေးပါ
လိုင်းအားက သိသိသာသာကြီး တက်လာတာမို့  အဆင်ပြေနေသလိုပါပဲ
မြန်မာပြည်က နှေးနေသူတွေ တက်လိုက်ကျလိုက်ဖြစ်သူတွေ စမ်းကြည့်ပါ
http://www76.zippyshare.com/v/26133727/file.html
Iphone Ipad Ipod မှာ Jailbreak မလုပ်ဘဲ Paid တွေ Free ဆွဲပြီး သုံးမယ်ဗျာ 1185947_412784768827605_885980348_a
Application နာမည်က PP ဗျ။ အရင်ထဲက နာမည် ကြီးပြီးသား Application လေးတစ်ခုပါဗျ။ သူရဲ့ လုပ်ဆောင်ချက်ကတော့ Iph Ipad Ipod တွေ ကို Jailbreak လုပ်စရာမလိုဘဲ cracked တွေ ဒေါင်းနိုင်မယ့်..သွင်းနိုင်မှာ ဖြစ်ပါတယ်ဗျ။
ကျနော် အခုပေးတဲ့ Application လေးကို ဒေါင်းပြီး Itools ကနေ မိမိ တို့ Iph ထဲကိုထည့်လိုက်ပါ။
အဲတာဆိုရပါပြီဗျ။
http://www.mediafire.com/download/undxld7sbcm17nm/PP%E6%AD%A3%E7%89%88%E5%AE%89%E8%A3%85%28v1.0.2%29.ipa
Ko Aung soe kyaw
iphone-ipad-ipod JailBreaking ပြုလုပ်နည်း-Unlocking -အသုံးပြုနည်း
လေ့လာနေသူတွေ နည်းပညာသိပ်နားမလည်သူတွေ အေးဆေးလေ့လာလို့ ရပြီ
သေချာဖတ်ပြီး သေချာလေ့လာမယ်ဆို ဒီစာအုပ်ထဲကနေ အသိပညာတွေရပါပြီ
အသုံးလိုသူများ အောက်ကလင့်မှာ Download ယူဖတ်ပါ အတော်စုံပါတယ်။
Download- iphone-ipad-ipod JailBreaking -Unlocking -အသုံးပြုနည်း
http://www22.zippyshare.com/v/89503965/file.html
Credit: Org
iPhone စတင်အသုံးပြုသောသူများအတွက် အဆင်ပြေစေမယ့် အသုံးပြုနည်းလမ်းညွှန်
အခုမှ iPhone စသုံးသူတွေအတွက် အဆင်ပြေတဲ့ ဖတ်သင့်တဲ့စာအုပ်ပါ
ခလုပ်တစ်ခုချင်းစီ ကင်မရာ ဂဏာန်းပေါင်းစက်ကစပြီး Setting ပိုင်းတွေ
အသေးစိတ်ပြန်ရှင်းတာမလို့  ပညာလည်းရ အခြေခံလည်းညက်ပါတယ်
အသုံးလိုသူများ စတင်လေ့လာသူများ အောက်ကလင့်မှာ Downloadယူ
http://www77.zippyshare.com/v/74451033/file.html
iPhone_iPad သမားများ မရှိမဖြစ် လိုအပ်တဲ့ Cydia အသုံးပြုနည်း အကြောင်း
iPhone_iPad တွေ စတင်အသုံးပြုသူအနေနဲ့  Cydia ကိုအတော်များများသုံးရ
ထည့်ကြရပါတယ်။သူမရှိရင်လည်း မြန်မာစာရေးတာကစ အဆင်မပြေမှုတွေ
အများကြီးတွေ့ ရပါတယ် ။ ဒီစာအုပ်မှာ Cydia ရဲ့အသုံးဝင်ပုံ အသုံးပြုနည်းနဲ့ 
Apple logo ကနေမတက်တာ Cydia ပျောက်သွားရင် ပြန်ယူနည်းတွေရော
အပြည့်အစုံရေးပြထားတာမလို့  ဖတ်မှတ်သင့်တဲ့စာအုပ်လေးပါ။ iPhoneကို
သုံးနေသူတွေ Cydia အကြောင်း ကောင်းကောင်း သိထားမှ အဆင်ပြေတာ
နားမလည်သေးသူတွေ လေ့လာလိုသူ အောက်ကလင့်မှာ Downloadယူပါ
ကိုမြတ်မင်းစိုးရေးထားတဲ့စာအုပ်ကို Panthee4mm ထဲက မျှဝေလိုက်တာပါ
Download - Cydia အသုံးပြုနည်း အသေးစိတ် (ရေးသူ - Myat Min Soe)
https://www.mediafire.com/?bkp0rvc6flw1rv1