♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, July 11, 2015

Internet Security ebook

ဆရာမျိုးသူရ၏
Internet Security ဆိုတဲ့စာအုပ်လေးပါ

http://www.mediafire.com/view/ta11jtb90uqa51g/Internet_security.pdf

Phone အ​ကြောင်းသိသင့်​တဲ့ပက်​သက်​သမျှ​လေး​တွေ

Android နဲ့ပတ်သတ်သမျှ သိထားသင့်တဲ့ အကြောင်းရာလေးတွေရေးထားတဲ့ PDF လေးပါ

http://www.mediafire.com/view/7zsdcosv84crs8h/Android.pdf

Skynet MPS တပ်​ဆင်​ခြင်း

Satellite ဆိုသည်မှာ ကမ္ဘာမြေမှ လှိုင်းများ လက်ခံရရှိပြီး ၄င်းလှိုင်းများကို transponder အသုံးပြု၍ ပြန်လည်ထုတ်လွှင့်ပေးသော ဆက်သွယ်ရေး စနစ်တစ်ခု ဖြစ်ပါသည်။ Transponder ဆိုသည်မှာ ပေါင်းစပ်ဖွဲ့စည်းထားသော receiver တစ်ခုဖြစ်ပြီး ရေဒီယိုလှိုင်းများ အား ထုတ်လွှင့်သော transmitter တစ်ခုဖြစ်ပါသည်။ Transponder သည် အခြေခံအားဖြင့် repeater များဖြင့် ဖွဲ့စည်းထားပြီး ၄င်း repeater တစ်ခုချင်းစီတွင် capacityကြီးမားသော ဆက်သွယ်ရေးဆိုင်ရာ channel တစ်ခုကို ထောက်ပံ့ပေးနိုင်ပါသည်။ Transponder တစ်ခုစီတွင် receiver တစ်လုံးစီ ပါဝင်ပြီး ၄င်းတို့ကို ကမ္ဘာမြေပြင်မှ satellite သို့ သွားသော Uplink signal များအတွက် frequency range ကို ချိန်ညှိပေးထားပါသည်။ ၄င်း receiver တွင် downlink frequency ကိုလည်း ဖမ်းယူနိုင်ရန် frequency ကိုပြောင်းလဲ နိုင်သောစနစ် ပါဝင်ပါသည်။ Transponder မှ frequency များကို ဖမ်းယူစိစစ်၍ power amplifier မှ တဆင့် ကမ္ဘာမြေသို့ Signal များ ကို ပြန်လည်ထုတ်လွှင့်ပေးပါသည်။ ကမ္ဘာမြေပြင်မှ station ၏ အရွယ်အစား နှင့် ကုန်ကျစရိတ်သည် satellite အတွက် အသုံးပြုမည့် power ပမာဏနှင့် frequency များပေါ်တွင် မူတည်ပါသည်။ Satellite များသည် ကွဲပြားသော ဂြိုလ်ပတ်လမ်း သုံးခုပေါ်တွင် လည်ပတ်လျက်ရှိပါသည်။
Low Earth Orbit (LEO): LEO satellite များကို အမြင့် 160 km မှ 1600 km ပုံမှန်အားဖြင့် ကမ္ဘာမြေပြင်မှ မိုင် ၁၀၀ မှ ၁၀၀၀ ကြားတွင် တည်ရှိပါသည်။
Medium Earth Orbit (MEO): MEO satellite များသည် အမြင့် 10,000 km မှ 20,000 km ပုံမှန်အားဖြင့် ကမ္ဘာမြေပြင်မှ မိုင် ၆၃၀၀ မှ ၁၂၅၀၀ ကြားတွင် တည်ရှိပါသည်။
Geosynchronous Orbit (GEO): GEO satellite များကို 35,786 km ပုံမှန်အားဖြင့် မြေပြင်မှ ၂၂၂၃၆ မိုင်အကွာအဝေးတွင် တည်ရှိပါသည်။
Satellite (ဂြိုလ်တုဆက်သွယ်ရေးစနစ်)တွင် အဓိက အသုံးပြုသော satellite များမှာ active နှင့် passive satellite များဖြစ်ပါသည်။ Satellite ဖြင့် ဆက်သွယ်ရေးစနစ်သည် signal များ ထုတ်လွှင့်ခြင်း နှင့် ဖမ်းယူရရှိရန် ကျယ်ဝန်းသော frequency range ကို အသုံးပြုပါသည်။ 1 GHz တွင် 1,000,000,000 Hertz ရှိသော Frequency range 1 GHz မှ 50 GHz အတွင်း အသုံးပြုနိုင်ပါသည်။ Frequency range သို့မဟုတ် band များကို frequency အနိမ့်မှ အမြင့်သို့ L-, S-, C- , X-, Ku-, Ka- နှင့် V- အစရှိသဖြင့် သင်္ကေတများဖြင့် ဖော်ပြပါသည်။
Ku-band

[Downlink : 11.7 to 12.2 GHz]   [Uplink : 14.0 to 14.5 GHz]
Ku-band ကို ရုပ်သံထုတ်လွှင့်ရာတွင် သုံးသော satellite (ဂြိုလ်တု) ဆက်သွယ်ရေးစနစ် အတွက် အသုံးပြုပါသည်။ အခြား ဆက်သွယ်ရေးစနစ်များမှ signal များကြားဝင်ခြင်း၊ မလိုအပ်သော signal များကို ဖယ်ထုတ်ပေးခြင်း နှင့် မြင့်မားသော bandwidth ပမာဏကိုလည်း ဆောင်ရွက်ပေးပါသည်။ Ku-band သည် end user များအတွက် အသုံးပြုသော အင်တာနာ အသေးစားလေးများကို ခွင့်ပြုပေးထားပြီး မြန်နှုန်းမြင့် uplink နှင့် downlink များကို အထောက် အကူပြုပါသည်။ Ku-band သည် downlink အတွက် frequency (11.7-12.2GHz) နှင့် uplink အတွက် (14.0-14.5GHz) ကို လုပ်ဆောင်ပေးပါသည်။ 
Advantages of Ku band
Microwave link နှင့် အခြားနည်းပညာများမှ Interference မဖြစ်နိုင်ပါ။
သေးငယ်သော စလောင်းဗန်း (အချင်း ၀.၉မီတာ) ကို အသုံးပြုပါသည် (ပိုမိုသက်သာ၍ လွယ်ကူစွာတပ်ဆင်နိုင်ပါသည်)။
Power လိုအပ်မှု နည်းပါးပါသည်။
မြင့်မားသော bandwidth နှင့် မြင့်မားသော coverage ပမာဏ ကို ပေးစွမ်းနိုင်ပါသည်။
လေထုခုခံအားနည်းပါးပါသည်။
C-band

[Downlink : 3.7 to 4.2 GHz]   [Uplink : 5.9 to 6.4 GHz]
C-band ကို အကွာအဝေးရှည်သော ရေဒီယို ဆက်သွယ်ရေးစနစ် (4 GHz မှ 8 GHz) အတွက် အသုံးပြုပါသည်။ ဆိုးရွားသော ရာသီဥတုအခြေအနေများတွင် C-band မှ ဆောင်ရွက်ပေးသော microwave frequency များသည် Ku band (11.2 GHz မှ 14.5 GHz) ထက် ပိုမို ကောင်းမွန်ပါသည်။ ဆိုးရွားသော ရာသီဥတု အခြေအနေဆိုသည်မှာ စိုစွတ်သော လေထု၊ မိုး၊ နှင်း ကို ရည်ညွှန်းပါသည်။ C-Band ကို ဂြိုလ်တု ဆက်သွယ်ရေးစနစ် အတွက် အဓိက အသုံးပြုခြင်း ဖြစ်ပါသည်။ Satellite ဗန်းများအတွက် သုံးစွဲသော အင်တာနက် အရွယ်အစားမှာ ၇.၅ ပေ မှ ၁၂ ပေ (၂.၅ မှ ၃.၅ မီတာ) ဖြစ်ပါသည်။
Advantages of C-band
Less disturbance from heavy rain fade
Cheaper Bandwidth

Ebook ​ဒေါင်းရန်​:
http://www.solidfiles.com/d/05adbb179e/SKYNET_Part_1_www.mmithelper.com.pdf


မူရင်းဆရာဂါဝရပြုပါ၏

Ubuntu / Kubuntu ကို Window ပေါ်မှ Installation / Uninstallation လုပ်ခြင်း

Download ebook:

https://www.dropbox.com/s/lkqw6fpe7kwqfbs/Ubuntu_Installaion_with_wubi.pdf?dl=0

Computer စတင်အသုံးပြုမည့်သူများအတွက်

Computer စတင်အသုံးပြုမည့်သူများအတွက် Computer အစိတ်အပိုင်းများကို သိရှိအောင်ပြပေးသော Ebook ဖြစ်ပါသည်။ Computer မသိသေးသောသူများ အတွက်​တင်​​ပေးလိုစိတ်​ဖြင့်​မျှ​ဝေပါတယ်

https://www.dropbox.com/s/xr2u4c9cc3lqis2/Computer%20%E1%80%85%E1%80%90%E1%80%84%E1%80%B9%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%99%E1%80%8A%E1%80%B7%E1%80%B9%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9.pdf?dl=0


TP-Link CPE လွှင့်နည်း၊ ဖမ်းနည်း

(၁) CPE ကို Router ရှိတဲ့ဘက်မှာ ထားပြီး သုံးမယ်ဆိုရင် ......
အရင်ဆုံး Router Configuration ထဲမှာပေးထားတဲ့ SSID (name) နဲ့ Security key လေးကိုတော့ မှတ်ထားပေးပါ။  
DHCP ကို Enable ပေးထားပါ။

ပြီးရင် သီးခြားကွန်ပျူတာတစ်လုံးနဲ့ CPE ကိုချိတ်ဆက်ပြီး AP mode နဲ့ Configuration ၀င်လိုက်ပါ ....။ ကိုယ်ပေးလိုက်တဲ့ SSID အမည်ကိုတော့ မှတ်ထားပါ။  
DHCP ကို Enable ပေးထားပါ။ 
Security key ထည့်၇န်အတွက် Menu ထဲမှ wireless > security setting > Disable Security ကို WPA-PSK/WPA2-PSK သို့ ပြောင်းပေးပါ version ကိုလည်း WPA2-PSK သို့ပြောင်းပေးပါ။ PSK Passphrase: နေ၇ာမှာ မိမိပေးချင်တဲ့ password ကို၇ိုက်ပါ ...အားလုံးပြီး၇င်တော့ ထုံးစံအတိုင်း Save နဲ့ထွက်ပါ....။
ဒီနေရာမှာ Security Key type ကို ကိုယ့်စိတ်ကြိုက် ရွေးပြီး ထားနိုင်ပါတယ် ....။ အားလုံးကို လွတ်လပ်စွာ သုံးစေချင်တယ်ဆိုရင် မပေးထားလဲ(Disable Security) ရပါတယ်။
ပြီးရင်

Network Cable (CAT 6) တစ်ချောင်းနဲ့ CPE ဘူးရဲ့ အောက်ခြေ LAN port ကနေ ဘူးအဖြူလေးရဲ့ PoE port သို့ ချိတ်ဆက်လိုက်ပါ။
နောက် Network cable(CAT 6) တစ်ချောင်းနဲ့ အဲဒီဘူးဖြူလေးရဲ့ LAN port ကနေ Router ရဲ့ LAN port တစ်ခုခုသို့ ချိတ်ဆက်လိုက်ပါ။
CPE ကို Wifi သုံးမည့်ဘက်သို့ မျက်နှာမူပြီး တိုင်နဲ့ထောင်လိုက်ပါ။(ကြားခံအဆောက်အဦ၊ အပင်တွေရှိရင် တိုင်မြင့်မြင့်သုံးပြီး CPE ကို အောက်သို့ ငိုက်ထားပေးပါ။)
CPE ကို Power ပေးလိုက်ပါ။
ပြီးတာနဲ့ တစ်ဘက်ကနေ ကွန်ပျူတာနဲ့ Wireless Connection ကို စမ်းကြည့်ပါ။ (အဲဒီကွန်ပျူတာမှာ ip ကို Obtain ထားပေးရပါမယ်။) CPE ဘူးမှာပေးထားခဲ့တဲ့ SSID name နဲ့ Wifi connection တွေ့ရင် ကိုယ်ပေးခဲ့တဲ့ Security Key နဲ့ဝင်လိုက်ပါ။ 

(၂) CPE ကို အလယ်မှာ ထားကြည့်ရအောင် ....
ဒီနည်းကတော့ စဉ်းစားကြည့်တာပါ ....။ 
Router Connection ရနိုင်တဲ့နေရာလောက်( Wifi Client နဲ့ Router ကြားနေရာတစ်ခုပေါ့) မှာ လျှပ်စစ်သုံးလို့ ရနိုင်မယ် ဆိုရင် .... ဒီလိုစမ်းလို့လဲ ရနိုင်ပါတယ်။

ကိုယ့် Router ရဲ့ SSID အမည်နဲ့ Security Key ကိုမှတ်သားထားပါ။
CPE ကို Operation Mode > AP Router သို့သွားပြီး Save ကိုနှိပ်ပါ။
ပြီးရင် Wireless > Wireless Mode > သို့သွားပြီး ညာဘက်မှာ Universal Repeaterကိုရွေးပေးပါ။ အဲဒီအောက်က MAC of AP အကွက်မှာ Click တစ်ချက်ခေါက်ပြီး စာမျက်နှာအောက်ဆုံးနားက Survey ကိုနှိပ်လိုက်ပါ ။
Box တစ်ခုပွင့်လာပါမယ်။ အဲဒီထဲမှာ Router ရဲ့ SSID အမည် ကိုတွေ့ရပါမယ်။ သူ့ရဲ့ ညာဘက်အစွန်က Connect ကို Click နှိပ်လိုက်ပါ။
ခုနက ပေးထားခဲ့တဲ့ Universal Repeater ရဲ့ အောက်ကအကွက်မှာ Router ရဲ့ MAC Address ကိုတွေ့ရပါမယ်။
CPE Configuration windows ရဲ့ Wireless > Security Setting > သို့ဝင်ရောက်ပြီး Router မှာပေးထားတဲ့ Security Key အတိုင်း တူညီအောင်ပေးလိုက်ပါ။(လွဲ၍မရပါ။)
ပြီးရင် DHCP > DHCP Settings ကိုဝင်ပြီး ညာဘက်မှာ Enable ပေးလိုက်ပါ။( ဒီနေရာမှာ Dafault Gateway အနေနဲ့ Router ip ကိုထည့်ပေးရပါမယ်။ Primary DNS, Secondary DNS တွေက မိမိ သုံးနေတာတွေ ထည့်ပေးရပါမယ်။) ဒါဆိုရင် အဆင်ပြေပါပြီ။ ကျန်တာကတော့ CPE ရဲ့ Login User Name, Password ချိန်းတာတွေ၊ ip ချိန်းတာတွေကို လုပ်ပေးရပါမယ်။
အားလုံးပြီးရင် Network Cable(CAT 6) တစ်ချောင်းနဲ့ CPE ရဲ့ LAN port ကနေ ဘူးအဖြူလေးရဲ့ PoE port သို့ချိတ်ဆက်လိုက်ပါ။ ပြီးရင် CPE ကိုသင့်တော်တဲ့နေရာမှာထောင်ပြီး Wifi သုံးမယ့်ဘက်သို့ လှည့်ထားပါ။ Power ပေးလိုက်ပါ။
တစ်ဘက်ကနေပြီး စမ်းကြည့်လိုက်ပါ။

တစ်ခြားနည်း အနေနဲ့ကတော့ ....
ကိုယ့်ဆီမှာ Omini Antenna ရှိတယ်ဆိုရင် သုံးကြည့်ကြတာပေါ့ ....
အဲဒီ Antenna မှာပါတဲ့ cable က တိုနေတယ်။ ကျွန်တော် စဉ်စားကြည့်တာက သူ့ကို Router နဲ့ ဆက်သွယ်ပြီး အပြင်မှာ ထောင်မယ်ဆိုရင် Connection Range တိုးလာနိုင်ပါတယ်။ ဒီတော့ Antenna jumper Cable အရှည်တစ်ချောင်းလိုပါမယ်။ 
ရှိပြီ ဆိုရင်တော့
ကိုယ့် ရဲ့ Router မှာပါတဲ့ Antenna တိုင်တိုတစ်ချောင်းကို ဖြုတ်လိုက်ပါ။
ပြီးရင် ၀ယ်ယူလာတဲ့ Antenna jumper Cable အရှည်ရဲ့ တစ်ဘက်အစကို တပ်ဆင်ပါ။
နောက်တစ်စ, ကို Omini Antenna နဲ့ဆက်သွယ်ပြီး အဲဒီ Omini တိုင်ကို အပြင်မှာ ထောင်ကြည့်ပါ။
တစ်ဘက်မှာတော့ CPE ကို နည်းလမ်း(၂) မှာလို Configuration ၀င်ပြီးထောင်လိုက်ပါ။

အခုကျွန်တော်ရေးသားပေးတာတွေဟာ စဉ်းစားပေးတဲ့ အဆင့်ပါ။ တကယ်တမ်း လုပ်တဲ့နေရာမှာ မြေနေရာ အနေအထားတွေကြောင့် အခက်အခဲတွေတော့ ရှိနိုင်မယ်ထင်ပါတယ် .....။ ဘာဘဲဖြစ်ဖြစ် ....
(၁) Network ရဲ့ သဘောတရားအရ ip တွေပေးရာမှာ မှန်ကန်ဖို့လိုအပ်ပါတယ် .....။
(၂) Network တစ်ခုတည်း အနေနဲ့ဘဲ သွားမယ်ဆိုရင် SSID တို့ Security Key တို့ကလည်း တူရပါမယ်။
(၃) DHCP ကို Enable လုပ်ပေးပြီး Dafault Gateway , Primary DNS, Secondary DNS တွေကိုသေချာတိကျစွာ ပေးထားဖို့လိုအပ်ပါမယ် ....။
(၄) တစ်ဘက်ကနေ ၀င်ရောက်တဲ့အခါမှာလည်း ကွန်ပျူတာရဲ့ ip ကို Obtain ပေးထားရပါမယ်။

Credit:wai pyoe








Trial Version ဆော့ဝဲတွေကို life time အသုံးပြုလို့ရအောင် ပြုလုပ်နည်း

ညွှန်​​ပေးတာပါလိုအပ်​ကြမယ်​ထင်​လို့
ဒီလင့်​​လေးကိုဝင်​ပါခင်​ဗျာ။

http://thethlainghtet1.blogspot.com/2014/08/trial-version-life-time.html?m=1



ဖုန်းတစ်​လုံးနဲ့ တစ်​လုံးထိန်းချုပ်​လို့ ရတဲ့ ​ကောင်​လေး​ပါ

အသုံးပြုပုံက​တော့ ဖုန်းနှစ်​လုံးလုံးInternet လိုင်းရှိရပါ့မယ်​နှစ်​လုံးလုံးကို gmail တစ်​ခုထဲSing in ဝင်​ထားပါ ပြီးရင်​ကိုကြည့်​ချင်​တဲ့ ဖုန်းက​နေအဲဒီမှာ ပါလာတဲ့ cameraနဲ့ ကြည့်​လိုက်​ပါ ကြည့်​လိုက်​ရင်​တစ်​ဖက်​က ဖုန်းကလူ ဘာလုပ်​​နေလည်းဘယ်​သွား​နေလည်း အကုန်​မြင်​ရမှာပါစမ်းကြည့်​ပါ​နော်​ အဆင်​​ပြေပါ​စေ​။

download

http://www.apk4fun.com/apk/3479/

OR

http://m.downloadatoz.com/apps/com.trackview,569072.html

OR

http://m.downloadatoz.com/apps/net.trackview.pro,1320170.html

OR

ဒါကsamsung အတွက်​ပါတဲ့ဗျာ

http://app4samsung.com/pub/trackview/

OR

https://www.facebook.com/Downlap12/posts/368948733313170

OR

http://www.appmona.com/game-app/track-view-pro-apk

သူ့ရဲ့game and apps လိုချင်​ရင်​​တော့
အောက်​ကလင့်​မှဝင်​ပါ။

http://apk4blackberry.com/productlist_bydev.TrackView_1






Desktop ပေါ်မှာရှိတဲ့ Folder တွေ Iconတွေမှာ မြန်မာစာပေါ်အောင်

Desktop ပေါ်မှာရှိတဲ့ Folder တွေ Iconတွေမှာ မြန်မာစာပေါ်အောင် ပြုလုပ်ချင်တယ်ဆိုတဲ့ သူတွေအတွက်ပါ ပြုလုပ်ချင်တယ်ဆိုရင်

၁။ Desktop ပေါ်မှာ Right Click နှိပ်ပြီး
Personalize ထဲကိုဝင်ပါ။
၂။ ပြီးရင် ကျလာတဲ့ Box ရဲ့အောက်နားမှာ ရှိတဲ့ Windows Colourကို နှိပ်ပါ။
၃။ ပြီးရင် Advanced Appearance Setting ကိုနှိပ်ပါ။ Window Colour and Appearance Box ကျလာရင်       
     Item  နေရာမှာ Iconကို ရွေးပါ၊ Font နေရာ Zawgyi-Oneကို ရွေးပါ ပြီးရင် Ok နှိပ်လိုက်ပါ။
၎။ ပြီးရင် Save Changes နှိပ်လိုက်ရင် ရပါပြီ။

Disable ဖြစ်သွားတဲ့ User Account တွေနဲ့ Admin Account အကောင့်ကို ပြန်ပေါ်ချင်ရင်

Administrator Account နဲ့ အခြား User Account တွေ ပျောက်သွားတာတို့ Disable ဖြစ်သွားလို့ ပြန်ပေါ်စေချင်တယ်ဆိုရင် Local User and Group ထဲမှာပြန်ဖေါ်ပေးရမှာပါ။Local User and Group ထဲကိုသွားချင်တယ်ဆိုရင်

၁။ Run Box ထဲမှာ Lusrmgr.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
၂။ Local User and Group ထဲကိုရောက်ရင် User ထဲကိုဝင်လိုက်ပါ။
၃။ ပေါ်လာတဲ့ User Account တွေထဲကကိုယ်လိုချင်တဲ့အကောင့်တွေကို Double Click နိုပ်လိုက်ပါ ပြီးရင်
    Account is disable ဆိုတဲ့ Check box ကအမှန်ခြစ်လေးကိုဖြုတ်ပေးလိုက်ပါ။ပြီးရင် Ok နိုပ်လိုက်ပါ
    Restart ချပြီးပြန်တက်လာရင် ကိုယ်လိုချင်တဲ့အကောင့်
ပေါ်နေပါလိမ့်မယ်

Firefox , Chrome , Gtalk မှာမြန်မာစာဖောင့်နှင့်ပတ်သက်ပြီးအဆင်မပြေဖြစ် နေသူများအတွက်

မြန်မာစာဖောင့်ကိုအားလုံးလိုလိုကတော့ ဇော်ဂျီဖောင့်ကိုသုံးကြပါတာများပါတယ် အခုလဲဇော်ဂျီဖောင့်နဲ့ပတ် သက်ပြီးပြောပါမယ်။ ကိုယ့်စက်ထဲမှာလဲဇော်ဂျီဖောင့်ရှိတယ် စာရိုက်လို့လဲရတယ် ဒါပေမယ့် တစ်ဖက်ကပို့လိုက် တဲ့ mail ထဲမှာကြတော့စာမမြင်ရပဲ အတုံးလေးတွေပဲမြင်ရတယ်ဆိုပြီးမေးလာကြတဲ့သူတွေအတွက်ရေးပေး လိုက်တာပါ ပြည့်စုံမယ်လို့တော့ထင်ပါတယ်။ အရင်ဆုံး browser မှာမြန်မာစာဖောင့်မြင်ရအောင်လုပ်နည်းလေး ပြောပြပါမယ် အခုပြောမှာကတော့ Mozilla Firefox browser ပေါ့ အရင်ဆုံး browser ကိုဖွင့်ပါ ပြီးရင် Tools ထဲက Option ထဲကိုသွားပါ Option ထဲက Content ကိုနိုပ်လိုက်ပါ အလယ်မှာ default font ဆိုတာကိုတွေ့ပါ လိမ့်မယ် ဘေးကမြှားလေးကိုနိုပ်ပြီး Zawgyi – one font ကိုရှာပြီးရွေးပေးလိုက်ပါ ပြီးရင်ဘေးက Advanced ကိုနိုပ်ပါအလယ်လောက်မှာ Serif: ဆိုတာကိုတွေ့ပါလိမ့်မယ် Serif: ထဲမှာ Zawgyi one ကိုရွေးပြီး ok နိုပ် လိုက်ပါ

ကဲကျန်​တာ​လေးဒီလင့်​မယ်​ဆက်​ကြည့်​လိုက်​ရ​အောင်​နိပ်​၀င်​လိုက်ပါခင်​ဗျာ။

http://blacklighting7.blogspot.com/2012/11/firefox-chrome-gtalk.html?m=1

Friday, July 10, 2015

Windows အတွက်အရေးပါပြီးသိထားသင့်တဲ့ Services များ

COM+ Event System System ပိုင်းရဲ့ သတင်းအချက်လက်တွေကို အကြောင်းကြားပေးတဲ့ service တစ်ခုဖြစ်တယ်။ သူ့ကို disable လုပ်ထားမိမယ်ဆိုရင် Windows logon & logoff အခြေအနေတွေမှာ window system ဆီကို သတင်းအချက်အလက်တွေ အကြောင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်ဒီ service ကStarted ဖြစ်နေသင့်တယ်။ Cryptographic Services သူကတော့ database နဲ့ပတ်သက်တဲ့ Services တစ်ခုပါ window ရဲ့ အလုပ်လုပ်နေတဲ့ file တွေကို အတည်ပြုပေးတယ်၊ program အသစ်တွေ install လုပ်တဲ့နေရာမှာ အထောက်အပံပေးတယ်၊ နောက်ပြီးတော့ window ရဲ့ root ဖိုင်ကို ကာကွယ်ပေးပါတယ်၊ DHCP Client ကိုယ့်ကွန်ပျုတာရဲ့ IP address တွေ DNS records တွေကို Register လုပ်တာတို့ updates လုပ်လုပ်တာတို့လုပ်ပေးတဲ့ Services ပါ။ ဒီ service ကို Disable လုပ်ထားမိရင်
dynamic IP address နဲ့ DNS updates တွေကို လက်ခံရရှိတော့မှာမဟုတ်တော့ပါဘူး။ ကိုယ့် ကွန်ပျုတာ system အတွက် static IP address တစ်ခုရှိမယ်ဆိုရင်တော့ပိတ်ထားနိုင်ပါတယ်။ DNS Client DNS Client Services က Domain Name System (DNS) နာမည်တွေနဲ့ register လုပ်ထားတဲ့ ကွန်ပျုတာရဲ့ နာမည်အပြည့်အစုံကိုသိမ်းထားပေးပါတယ်။ ကွန်ပျုတာ ရဲ့ firewall ကို ဖွင့်လိုက်မယ်ဆိုရင် ဒီ service က disable ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါဆိုရင် DNS Server လက်ခံနိုင်မူဟာ ကန့်သတ်သွားပါမယ်။ ကွန်ပျုတာက local network အတွင်းမှာ ချိတ်ဆက်အသုံးပြုလို့မရရင်တော့ DNS Client service ကို disabled လုပ်ထားနိုင်ပါတယ်။ Extensible Authentication Protocol သူကတော့ Wireless network နဲ့ ပတ်သက်တဲ့service ဖြစ်ပါတယ်။ Extensible Authentication Protocol EAP ကိုထောက်ပံပေးတယ်။နောက် wireless, VPN and Network Access Protection (NAP), application programming interfaces (APIs) တို့ကိုလည်း ထောက်ပံပေးတယ်။တကယ်လို့ ကွန်ပျုတာက wireless နဲ့ ပါတ်သတ်လို့ အသုံးမပြုဘူးဆိုရင်တော့ ပိတ်ထားချင်တယ်ဆိုရင်ပိတ်ထားလို့ရပါတယ်။ Group Policy Client ကွန်ပျုတာကို အသုံးပြုတဲ့ administrtor တစ်ယောက်က ကွန်ပျုတာရဲ့ setting တွေကို configure လုပ်ဖို့ service တစ်ခုဖြစ်ပါတယ်။ဒီ service ကတော့ Auto Start ဖြစ်နေသင့်ပါတယ်။ Internet Connection Sharing (ICS) Computer တစ်လုံးနဲ့တစ်လုံးကို Internet Connection Stare တဲ့ Services ဖြစ်ပါတယ်။သူကိုတော့ များသောအားဖြင့် Manual ထားတာများပါတယ်။ Network Access Protection Agent သူကတော့ Network ချိတ်ဆက်ထားတဲ့ Client Computer တွေရဲ့ Security တွေ Imformation တွေကို manage လုပ်ပေးတဲ့ services ပဲဖြစ်ပါတယ်။ network connection ကို အသုံးမပြုတဲ့ ကွန်ပျုတာဆိုရင်တော့ Manual လုပ်ထားနိုင်ပါတယ်။ Network Connections Network Connection ဆိုဒါကတော့ အင်တာနက်သုံးတာတို့ Local network ချိတ်ပြီး Remote Connection သုံးတာတို့ သုံးမယ်ဆိုရင် run ထားရမယ့် service တစ်ခုပါ။ Plug and Play ကွန်ပျုတာရဲ့ hardware ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို recognize and adapt ပြုလုပ်ပေးတာ တို့ ညှိနှိုင်း ပြင်ဆင်ပေးတာတို့ လုပ်ပေးတဲ့ service တစ်ခုပါ။ သူကိုလဲ Started ဖြစ်နေသင့်ပါတယ်။ Portable Device Enumerator Service Computer ကိုလာရောက်ချိတ်ဆက်တဲ့ removable mass-storage devices တွေအတွက် အတည်ပြုပေးတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒီ service ကို Disable လုပ်ထားမယ်ဆိုရင်တော့ portable device တွေ တပ်ဆင်အသုံးပြုတဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။ Print Spooler Computer နဲ့ Printer ကိုချိတ်ဆက်ပေးတဲ့ Services တစ်ခုပါ။ဒီ Services ကိုပိတ်ထားမယ်မိဆိုရင် printer driver install လုပ်ပြီး printer ချိတ်ဆက်ထားပေမယ့်လဲ printer ကိုတွေ့ရမှာမဟုတ်ပါဘူး Remote Desktop Configuration ကွန်ပျုတာ တစ်လုံးကနေ တစ်လုံးကို Remote Desktop ထိန်းချုပ် အသုံးပြုနိုင်တဲ့ service တစ်ခု ဖြစ်ပါတယ်။ Security Center Computer Network ရဲ့ Security ပိုင်းဆိုင်ရာ Services တစ်ခုပါ။Computer ရဲ့ လုံခြုံရေးနဲ့ပတ် သက်ပြီး Monitoring လုပ်တာတို့ Repoort လုပ်တာတို့ကိုလုပ်ဆောင်ပေးပါတယ်။ Server printer နဲ့ပါတ်သတ်လို့ အထောက်အကူပြုနေတဲ့အပြင် local အတွင်း network ချိတ်ဆက်ရာ တွင်လဲလိုအပ်တဲ့ service တစ်ခုဖြစ်ပါတယ်။ Shell Hardware Detection hardware ပိုင်းအခြေအနေတွေကို auto play အနေနဲ့ဆောင်ရွက်ပေးနေတဲ့ service တစ်ခု ဖြစ် ပါတယ်။ Software Protection windows နဲ့ windows applications တွေအတွက် လိုင်စင်နံပါတ်တွေ အတည်ပြု install လုပ်ပေးတဲ့ service တစ်ခုပါ။ဒီ service က Auto Start ဖြစ်နေရမည့်အပြင် ပိတ်မထားသင့်ပါဘူး။ TCP/IP NetBIOS Helper ဒါကတော့ ICP/IP ကို သုံးပြီး NetBIOS ကို ထောက်ပံ့ပေးတယ်။ network clients အတွက် NetBIOS names တွေခွင့်ပြုပေးတယ်။တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတဲ့အတွက် network ကိုအသုံးပြုနေတဲ့ကွန်ပျုတာ တစ်လုံးဆိုရင် Auto Start ပဲဖြစ်နေသင့်ပါတယ်။ Telephony LAN အတွင်းမှာ အသုံးပြုထားတဲ့ ကွန်ပျုတာအတွက် IP based ကို ထိန်းချုပ်ပေးတဲ့ service ဖြစ်ပါတယ်တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေသေးတယ်။ သူကိုတော့ Manual လောက်တော့ထားသင့်တယ်။ Window Audio ကွန်ပျုတာရဲ့ အသံပိုင်းအတွက် ဆောင်ရွက်ပေးနေတဲ့ service ဖြစ်ပါတယ်။သူ့ကိုပိတ်ထားမယ်ဆိုရင် အသံပိုင်း သုံးလို့မရတော့ပါဘူး။ Window Firewall Computer ကို Network ချိတ်သုံးရာတွင်လုံခြုံရေးအတွက်အထောက်အကူပြုတဲ့ Services တစ်ခု ဖြစ်ပါတယ်။သူ့ကိုလဲ started ဖြစ်နေသင့်ပါတယ်။ Window Image Acquisition (WIA) Scanners နဲ့ Cameras တို့အတွက် image နဲ့ပတ်သက်လို့ ကူညီထောက်ပံပေးတဲ့ service ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။ Window Management Instrumentation ဒါကတော့ operating system နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို management လုပ်ပေးတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီ service က Auto Start ဖြစ်နေသင့်ပါတယ်။ WMI Performance Adapter ဒါကတော့ window performance နဲ့ပါတ်သတ်တဲ့ သတင်းအချက်အလတ်တွေကို WMI HiPerf ကနေ ထောင်ပံပေးနေတဲ့ service ပါ။ပုံမှန်အားဖြင့်တော့ Auto Start ဖြစ်နေသင့်ပါတယ်။ Workstation client network ကနေ servers ဆီကို ထိန်းသိမ်းခြင်း အသစ်တည်ဆောက်ခြင်း စသည်တို့ကို ပြုလုပ်ဖို့ ဆက်သွယ်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ သူ့ကိုတော့ started လုပ်ထားသင့်ပါတယ်။

ရှာလာတာ​လေးပါမူရင်းဆရာcreditပါ






Gmail ကို backup account ပြုလုပ်​ခြင်း

ကိုယ်သုံးနေတဲ့ Gmail အကောင့်လေးကို လုပ်ငန်းသုံးအနေနဲ့ပဲသုံးသုံး သူငယ်ချင်းတွေနဲ့အပြန်အလှန် Mail တွေ ပဲပို့ပို့အရေးကြီးတဲ့ mail အဝင်အထွက်တွေရှိနေမယ်ဆိုရင် ဒီနည်းလေးကအဆင်ပြေပါတယ်။ ကိုရဲ့အကောင့်လေးကအပိတ်ခံလိုက်ရတာတို့
အကြောင်းအမျိုးမျိုးကြောင့်ပျောက်ပျက်သွားတာတို့ဖြစ်မယ်ဆို ရင်ကိုယ့်ရဲ့အရေးကြီးတဲ့ mail တွေဆုံးရူံးရမှာပေါ့နောက်ထပ် အကောင့်အသစ်တစ်ခုပြန်လုပ်လို့ရပေမယ့်အရင် mail တွေ ကိုတော့ပြန်ရမှာ မဟုတ်ပါဘူး။ ဒီနည်းလေးကိုအသုံးပြုမယ်ဆိုရင်တော့ အကောင့်နှစ်ခုရှိရပါမယ် ကိုယ်သုံးနေတဲ့အကောင့်ရယ် Backup အကောင့်ရယ်ပေါ့။ဒါမှကိုယ့်အကောင့်ထဲကို mail တစ်ဆောင်ဝင်လာ ရင်နောက်အကောင့်တစ်ခုထဲကိုလဲရောက်သွားမှာပေါ့။ဒီနည်းလေးကိုပြုလုပ်ချင်တယ်ဆိုရင်တော့အရင်ဆုံး ကိုယ့်ရဲ့ Gmail ကိုဖွင့်လိုက်ပါပြီးရင် setting ထဲကိုဝင်လိုက်ပါ။ Forwarding and POP/IMAP ကိုကလစ် လိုက်ပါပြီးရင် Add a forwarding Address ကိုနှိပ်ပြီးကို Forward လုပ်မယ့်အကောင့်နာမည်ကိုရိုက် ထည့်ပြီးရင် Next >>Proceed >>ok ကို နိုပ်ပါ Verification code ထည့်ဖို့ box တစ်ခုကျလာပါ လိမ့်မယ်ဒါဆိုရင်ကိုယ့်ရဲ့ဒုတိယ mail ကို ဖွင့် ပါ mail တစ်ဆောင်ရောက်နေပါလိမ့်မယ်။အဲဒီ mail ထဲမှာပါ လာတဲ့ Verification code ကိုယူပြီး ပထမ mail ထဲကိုရိုက်ထည့်ပါ ပြီးရင်ဘေးက Verify ကိုနိုပ်ပါ။အဲဒါတွေ အကုန်လုံးလုပ်ပြီးသွားရင်တော့ Forward a copy of incoming mail to ဆိုတဲ့ check box လေးကို on ပေးလိုက်ပါ ကိုယ့်ရဲ့ပထမ mail ထဲကိုဝင်လာသမျှ mailတွေအကုန်လုံး ဒုတိယ mail ထဲကို လဲရောက်ပါလိမ့်မယ်။အဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့အကောင့်ကသုံးမရတော့ရင်လဲနောက်အကောင့်တစ်ခုထဲမှာကိုယ့် ရဲ့အဝင် mail တွေရှိပါသေးတယ်။




PC ရဲ့ Performance ကိုဘယ်လိုမြင့်ကြမလဲ

PC ရဲ့ Performance ကိုဘယ်လိုမြင့်ကြမလဲ မိမိသုံးနေတဲ့ pc ပဲဖြစ်ဖြစ် Laptop ပဲဖြစ်ဖြစ်သုံးတာကြာလာတာနှင့်အမျှစက်တက်တာလေးလာတာတို့အခြား Program တစ်ခုခုဖွင့်ရင်လေးနေတာတို့ဖြစ်တတ်ပါတယ်။ဘာပဲလုပ်လုပ်လေးနေတယ်နှေးနေတယ်ဆိုရင်အ လုပ်လုပ်ရတာလဲမတွင်ကျယ်တော့ဘူးပေါ့ဗျာ။ဒီတော့ Performance မြင့်လာအောင်ပြုလုပ်ကြရမှာပေါ့။ Computer သုံးတာကြာလာတာနဲ့ window ရဲ့ registry error တွေ Temporary Files တွေ Dump Files တွေ Junk Files တွေ Backup Files အစရှိတဲ့Files တွေဟာ Hard Drive ထဲမှာပွလာတော့တာပါပဲဒီFiles တွေဟာကြာလာတာနဲ့အမျှSystem ရဲ့ Performance ကိုသိသိသာသာကျဆင်းလာစေတဲ့အပြင်
ကိုယ်သုံးနေတဲ့ Hard Drive ရဲ့ free space ကိုပါခြိမ်းခြောက်လာနိုင်ပါတယ်။ကဲဒီ error တွေကိုဘယ်လိုရှင်းကြမလဲSpeed up my PC တို့လို Advanced SysyemCareတို့ CCleaner တို့လို Third party Software တွေ တင်ပြီးတော့ ရှင်းပေးနိုင်ရင်လဲကောင်းပါတယ်။နောက်ပြီးတော့Window မှာလဲလုပ်ဆောင်ရမဲ့အချက်တွေလဲရှိပါသေး တယ် Disk Cleanup လုပ်ခြင်း Check Disk တို့ Disk Defragment လုပ်ပေးခြင်းကလဲ PC ရဲ့ Performance ကိုသိသိသာသာမြင့်တက်စေပါတယ်။ Disk CleanUp ဆိုတာကတော့ မသုံးတာကြာပြီဖြစ်တဲ့ Files တွေကိုရှာ ပြီးတော့ Analyze လုပ်ပါတယ်။မလိုအပ်တဲ့Files တွေကိုရှင်းပြစ်ပါတယ်။Disk CleanUP ဆိုတဲ့အတိုင်းမသုံး တာကြာတဲ့Files တွေ မသုံးတော့တဲ့Files တွေကိုရှင်းပေးပါတယ်။Disk CleanUP ကိုသွားမယ်ဆိုရင် Start > All Programs > Accessories > System Tools > Disk CleanUP ကိုဝင်ရပါမယ်။Disk CleanUP ၀င်လိုက်ရင် box တစ်ခုကျလာပါတယ်ကိုယ်ပြုလုပ်မဲ့ Drive Letter ရွှေးပေးပြီး ok နိုပ်လိုက်ပါ box တစ်ကျလာရင် ကိုလုပ်ချင်တဲ့check box လေးတွေကို on ပေးပြီး ok နိုပ်လိုပ်ပါ။yes,noမေးရင်yes ကိုနိုပ်ပေးလိုက်ပါDisk CleanUP လုပ်တာအဆင်ပြေသွားပါလိမ့်မယ်။နောက်တစ်ခုကတော့Check Diskပါသူကတော့မိမိရဲ့ Hard Drive ပေါ်မှာရှိတဲ့ Bad Sectors တွေ Local error တွေကိုစစ်ဆေး ပေးပါတယ်။မဖတ်နိုင်တဲ့ error တွေ Hard Drive ရဲ့ Problems တွေကိုrepair လုပ်ပေးပြီးdata တွေ ကို Recoveryလုပ်ပေးထားပါတယ်။Check Diskလုပ်မယ်ဆိုရင်ကိုယ်ပြုလုပ်ချင်တဲ့Drive Letterပေါ် မှာ right Click နိုပ်ပြီး Property >Tools>Check nowကိုနိုပ်ပါCheck Disk box ကျလာရင်Check Box နှစ်ခုတွေပါလိမ့်မယ်အပေါ်ဆုံးက Automatically Fix File system error ဆိုတဲ့ချက်boxကိုon ပေးပါတကယ်လို့ကိုယ်သုံးနေတဲ့ စက်မှာBad Sector ရှိတယ်လို့ထင်ရင်တော့အောက်ကbad sector ပါတဲ့Check box ကို on ပေးလိုက်ပါbad sector ဆိုတာကတော့Hard Driveထဲမှာ data တစ်ခုကိုမ ရမကဖတ်နေရရင် ကလစ်ကလစ်ဆိုတဲ့အသံကြားရတတ်ပါတယ်အမြဲတယ်တော့မဟုတ်ပါဘူး bat Sector ရှိတဲ့နေရာရောက်မှပါ။Check box ကိုရွှေးပြီးပြီဆိုရင်တော့ Start ကိုနိုပ်လိုက်ပါ restartချဖို့ အတွက်massage box ကျလာရင်Yesကိုရွှေးပေးလိုက်ပါCheck Disk လုပ်ချင်းဟာကိုယ်သုံးတဲ့Hard Drive ရဲ့Dataပမာဏပေါ်မူတည်ပြီးအချိန်နာရီနဲ့ချီပြီးကြာနိုင်ပါတယ်။ Disk Defragments လုပ်ခြင်းဆို တာကတော့Hrad Disk ထဲမှာဟိုတစ်စဒီတစ်စပြန့်ကျဲနေတဲ့Filesတွေကိုတူရာတူရာရွှေးပြီးတစ်နေရာတည်းမှာ စုပေးထားခြင်းပဲဖြစ်ပါတယ်။ဟိုတစ်စဒီတစ်စပြန့်ကျဲနေတဲ့Filesတွေကိုလိုက်ဖတ်နေရတဲ့အတွက်Hard Diskရဲ့ Data ဖတ်တဲ့နူံးနှေးကွေးလာမယ်ဆိုရင်Systemရဲ့Performanceကိုပါထိခိုက်လာနိုင်ပါတယ်။Desktop ပေါ်က Programတစ်ခုကိုrunလိုက်တဲ့အချိန်မှာHard Diskထဲမှာရှိတဲ့သူနဲ့သက်ဆိုင်တဲ့dataတွေကိုတစ်နေရာထဲမှာသာ ဆက်တိုက်ဖတ်နေရမယ်ဆိုရင်ဒီProgramရဲ့Loadingလုပ်တဲ့အချိန်ကိုလည်းမြန်ဆန်လာစေမှာပါ။Computerကို အမြဲလိုလိုသုံးနေရတဲ့သူတွေကတော့Disk Defragments ကိုနှစ်လတစ်ချိန်လောက်တော့လုပ်ပေးသင့်ပါတယ်။ Disk Defragment လုပ်မယ်ဆိုရင် Start>All Programs> Accessories> System Tools> Disk Defragments ကိုသွားပါ။Disk Defragments box ကျလာရင်ပြုလုပ်မယ့် Drive Letter ရွှေးပေးပြီး Analyze ကိုနိုပ်ပါ။နောက်boxတစ်ခုကျလာရင် Defragments ကိုနိုပ်ပေးလိုက်ပါ၊Defragments လုပ် ခြင်းဟာပုံမှန်အားဖြင့် Data ပမာဏပေါ်မူတည်ပြီးအချိန်နည်းနည်းတော့ပေးရပါမယ်။စက်စတက်တာ မြန်ချင်တယ်ဆိုရင်တော့ Run box ထဲမှာ msconfig လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ System Configuration Utility Box ကျလာရင်စက်စတက်ချိန်မှာ မလိုအပ်တဲ့ Item တွေကိုuncheck လုပ်ပစ် ပါ။ဘာလို့လဲဆိုတော့windows ကStartup ItemတွေကိုLoading လုပ်ရတာများနေရင်windowsအ တက်ကိုကြာစေမှာပါ။ကိုဖြုတ်ချင်တာတွေကိုဖြုတ်ပြီးရင်တစ်ခါလောက်Restartချပေးလိုက်ပါ။အဆင် ပြေသွားပါလိမ့်မယ်။

Jackson blog မှမျှ​ဝေပါသည်​။