♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, July 25, 2015

All in One backup apk

သူငယ်​ချင်းတို့ဖုန်း​လေး


လေး​နေတဲ့အခါ​ဆေးချမယ်​​ပေါ့

အဲ့အခါကျမိမိ​ဒေါင်းထားတဲ့


Apk ​လေး​တွေ​ပျောက်​မှာလိုလားမှာမဟုက်​ပါဘူး


အို​ကေအခု​ပေးထားတဲ့လင့်​​လေးကဝင်​ယူပါဗျာ


All in One backup apk



လေးကကူညီပါလိမ့်​မယ်


လင့်​ကိုနိပ်​ပါ

နောက်​တဆင့်​မယ်​ ၅ စက္ကန်​​စောင့်​ပါ

အဝါ​ရောင်​ skip iD ဆိုတာ​လေးနိပ်​ပါအ​ပေါ်ညာဖတ်​​ဒေါင့်​မယ်

နောက်​တဆင့်​မယ်
ပေါ်လာတဲ့​ဒေါင်းလင့်​ကိုတန်းမနိပ်​ပါနဲ့

အောက်​မယ်​လင့်​​တွေထဲကကြိုက်​ရာကို
ကလစ်​​ဒေါင်းယူပါ

အဆင်​​ပြေပါ​စေခင်​ဗျာ


colornote apk

Colornote

မရှိမဖြစ်​​လေး​နော့

Copy and paste အတွက်​မရှိမဖြစ်​​လေးမို့


ပြန်​တင်​ထားတာပါ အစမ်း​ပေါ့



အောက်​မယ်​ယူပါခင်​ဗျာ



Download

My bacebookapk

သူငယ်​ချင်းတို့အတွက်

My facebook apk ​လေး

အသုံးပြုချင်​မလားလို့တင်​​ပေးလိုက်​ပါတယ်


အောက်​မယ်​ယူလိုက်​ပါဗျာ


Download



Internet ဆိုတာဘာလည်း

အင်တာနက် ဆိုတာဘာလဲ ဆိုတော့ International Network ကို အတိုကောက် Inter Net လို့ ခေါ်ရာကနေ အင်တာနက်ဆိုပြီး ဖြစ်လာတာပါ။ အင်တာနက် speed မြန်တာ နှေးတာကတော့ website server နဲ့ ကိုယ့်ရဲ့ကြား အကွာအဝေး၊ သုံးထားတဲ့ စက်ပစ္စည်းနဲ့ ကြိုးတွေရဲ့ အရည်အသွေး၊ နည်းပညာ ကျွမ်းကျင်မှု စသဖြင့်ပေါ့ အဓိက သက်ဆိုင်ပါတယ်။ ဒါက ဗဟုသုတပါ။

Myanmar Net

Myanmar နိုင်ငံရဲ့ Inter Net အခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ မိုးရွာ၊ မီးပျက်၊ ဆက်ကြောင်းပြတ် စတာတွေ ဖြစ်ရင် Myanmar နိုင်ငံ မှာ လိုင်းကျပါတယ်။ အဲ … အဲဒါတွေမဖြစ်လည်း လိုင်းကျချင် ကျပါတယ် …

အင်တာနက် speed မြန်ဖို့ ဘာလုပ်ရမလဲ?

အင်တာနက် speed မြန်ဖို့အတွက် ကိုယ့်ဘက်က လုပ်နိုင်တာတွေကတော့ ကိုယ့်ရဲ့ window system ကို tweak လုပ်တာတွေ၊ browser ကို tweak လုပ်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အခုပြောမယ့်နည်းကတော့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်မှာပါ။ နည်းလမ်းဆိုပေမယ့် လှည့်ကွက်လို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သုံးနေတာကြာပါပြီ။ အထူးသဖြင့် အင်တာနက်ပေါ်မှာ သတင်းဖတ်တဲ့သူတွေအတွက် အထူးအသုံးဝင်မယ့် နည်းလေးပါ။ website တွေ blog တွေကို မြန်အောင် လုပ်တာဖြစ်တဲ့အတွက်ကြောင့် အင်တာနက် မြန်အောင် လုပ်တဲ့နည်းဆိုလည်း မမှားပါဘူး။

တစ်ကယ်ရော မြန်မှာလား

တစ်ကယ်မြန်ပါတယ်။ ဘယ်လောက်ထိ မြန်မလဲဆိုရင် ကိုယ်ရနေတဲ့ connection ရဲ့ အမြန်နှုန်းရဲ့ သုံးပုံနှစ်ပုံလောက် ပိုမြန်ပါတယ်။ ဥပမာ website တစ်ခုကို ဖတ်ဖို့စောင့်ရတာ အရင်က ၁၅ စက္ကန့်လောက် ကြာမယ်ဆိုရင် ဒီနည်းလမ်းသုံးလိုက်ရင် ၅ စက္ကန့်လောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

High speed internet

အင်တာနက်ပေါ်က website တွေက ဘာလို့ လေးတာလဲ
အင်တာနက်ပေါ်က သတင်းဆိုက်တွေ တော်တော်များများက ဝါသနာပါလို့ blog လုပ်ရင်းနဲ့ သတင်းတွေ တင်ဖြစ်တာတို့၊ Download လင့်တွေပေးပြီးတော့ အဲဒီလင့်ကနေတစ်ဆင့် ငွေရှာဖို့အတွက် blog တွေလုပ်ပြီး သတင်းတွေတင်၊ နည်းပညာဂ အကြောင်းအရာတွေတင်၊ software တွေ download ပေး၊ စသဖြင့်ပေါ့။

အဲဒီတော့ သူတို့လည်း အင်တာနက်ပေါ်မှာ ရှာရင်း၊ ဖွေရင်း၊ လေ့လာရင်းနဲ့ တွေ့တဲ့ code တွေစမ်းကြည့်၊ ထည့်ကြည့်ရင်းနဲ့ သူတို့ blog တွေက လေးလာကြတာပါ။ ပြောရမယ်ဆိုရင် blog ကို အရမ်း တန်ဆာဆင်တာ၊ ပုံတွေများတာ၊ မလိုတဲ့ code တွေပါနေတာ စတာတွေကြောင့် website တွေ လေးတာမျိုးပေါ့။ Blog ပိုင်ရှင်တွေအတွက် blog မလေးအောင် လုပ်ပုံလုပ်နည်း ကိုတော့ ပြောပြထားဖူးပါတယ်။ အခုတစ်ခေါက်ကတော့ website ကြည့်မယ့်၊ သတင်းဖတ်မယ့် user တွေဘက်က လုပ်ရမှာပါ။

ဘယ်လိုလုပ်ရမလဲ

အထက်မှာ ပြောခဲ့တဲ့အတိုင်း ဒါက လှည့်ကွက်တစ်ခုဖြစ်တဲ့အတွက် ပြောလိုက်ရင်တော့ “ဪ … ဒါလေးများ” ဆိုပြီး ဖြစ်သွားနိုင်ပါတယ်။ အဲဒီ ဒါလေးများကပဲ တော်တော်လေး အသုံးဝင်နေလို့ တကူးတက post ရေးလိုက်ရတာပါ။

လုပ်ရမှာကတော့ အခုန blog ပိုင်ရှင်တွေ ထည့်ထားတဲ့ code တွေထဲမှာ website ကို အဓိကနှေးစေတာက javascript code တွေပါ။ website တော်တော်များများမှာ javascript မပါလည်း ဖတ်လို့ရပါတယ်။ ဒီကုဒ်တွေက ဘာလို့လေးရလဲဆိုတော့ ကိုယ်က website တစ်ခုကို သွားတဲ့အခါမှာ browser က အဲဒီ website  ပုံဖေါ်ဖို့အတွက် လိုအပ်တာတွေကို download လုပ်ပါတယ်။ browser က download လုပ်တဲ့ထဲမှာ များသောအားဖြင့် အကြာဆုံးကတော့ ပုံတွေပါပဲ၊ ဒါကြောင့် website/blog ပိုင်ရှင်တွေက ပုံတွေတင်တဲ့အခါမှာ ပုံရဲ့ ဝိတ်ကို လျှော့ချပြီးမှ တင်သင့်ပါတယ်။ Browser က download လုပ်ပြီးလို့ လိုအပ်တဲ့ ဖိုင်တွေ ရလာတဲ့အခါမှာ website ကို ပုံဖော်ပါတယ်။ အဲဒီလို ပုံဖော်တဲ့အချိန်မှာ အကြာဆုံးကတော့ javascript တွေက အကြာဆုံးပါပဲ။ အခုလုပ်မှာက အဲဒီ အကြာဆုံးအလုပ်ကို browser ကို မလုပ်ဖို့ သတ်မှတ်လိုက်မှာပါ။ Computer စကားနဲ့ ပြောရရင် javascript ကို disable လုပ်မှာပါ။

ဪ … ဒါလေးများ
သိတဲ့လူတွေကတော့ ဒါလေးများလို့ ပြောနေလောက်ပါပြီ။ ဒါပေမယ့် javascript disable လုပ်ဖို့က တော်တော်လက်ဝင်ပါတယ်။ ဘယ်လိုလက်ဝင်တာလဲဆိုတော့ js ပိတ်ဖို့၊ ဖွင့်ဖို့ browser တွေရဲ့ setting တွေထဲဝင်ပြီး လုပ်ရတာပါ။ ပုံမှန်အတိုင်း လုပ်မယ်ဆိုရင် လိုရင် ဖွင့်လိုက်၊ မလိုရင် ပိတ်လိုက်နဲ့ တော်တော် အလုပ်ရှုပ်မှာပါ။ ဒါကြောင့် click တစ်ချက်တည်းနဲ့ ပိတ်လို့ ဖွင့်လို့ရအောင် add-on တစ်ခုတော့ တင်ရပါမယ်။

Addon ကတော့ web developer toolbar မဟုတ်ပါဘူး။ သူက အနည်းဆုံး click နှစ်ချက်တော့ နှိပ်ရပါတယ်။ အခုတင်မယ့်ဟာကတော့ တစ်ချက်တည်းနဲ့ အပိတ်အဖွင့်လုပ်လို့ရမှာဖြစ်ပြီးတော့ Google chrome သုံးတဲ့လူတွေဆိုရင် website တစ်ခုချင်းစီအတွက် သီးသန့် ပိတ်ထားလို့ ရမှာ ဖြစ်ပါတယ်။

မှတ်ချက်။   ။တစ်ချို့ ဝက်ဘ်ဆိုက်တွေက javascript ကို မရှိမဖြစ် လိုပါတယ်။ ဥပမာ facebook လိုမျိုးပေါ့။ Facebook လို website ကို js (javascript) ပိတ်ထားမယ်ဆို ဘာ post မှ မြင်ရမှာ မဟုတ်ပါဘူး။

Google Chrome browser အတွက် လုပ်ပုံလုပ်နည်း
Chrome သုံးတဲ့သူတွေ ဒီ (https://chrome.google.com/webstore/detail/quick-javascript-switcher/geddoclleiomckbhadiaipdggiiccfje?hl=en) လင့်မှာ သွားပြီး Add to chrome ကို နှိပ်ပြီး extension ကို တင်ရမှာ ဖြစ်ပါတယ်။ သူကိုတင်လိုက်မယ်ဆိုရင်တော့ browser ရဲ့ address bar နောက်မှာ js ဆိုတဲ့ icon လေးတစ်ခု ပေါ်လာပါလိမ့်မယ်

javascript အပိတ်အဖွင့်လုပ်ရန် ခလုတ်
ကိုယ်သတင်းဖတ်နေကျ blog ကိုသွားပြီးတော့ အဲဒီ icon လေးကို တစ်ချက်နှိပ်လိုက်ပါ။ icon လေး အနီရောင်ပြောင်းသွားရင် အဲဒီ website ကို မြန်မြန်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ဖတ်နိုင်ပါပြီ။ chrome သမားတွေအတွက်တော့ website တစ်ခုတည်းကိုပဲ ကွက်ပြီး ပိတ်ထားလို့ ရပါတယ်။

Firefox သုံးတဲ့သူတွေအတွက် လုပ်ပုံလုပ်နည်း
Firefox browser အတွက်ဆိုရင် ဒီလင့် (https://addons.mozilla.org/en-US/firefox/addon/toggle-js/) ကို သွားပြီး download now ကိုနှိပ်ပါ။ browser ဘယ်ဘက် အပေါ်နားမှာ Allow ဆိုတဲ့ ခလုတ်လေးပေါ်လာရင် နှိပ်ပါ။ နောက်ထပ် box တစ်ခုပေါ်လာရင် install ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် addon တင်လို့ပြီးပါပြီ။ Addon တော်တော်များများက browser restart ချရပေမယ့် ဒီတစ်ခုကတော့ restart ချဖို့ မလိုတဲ့ အစားထဲကပါ။

သူ့ကိုတင်လိုက်ပြီဆိုရင် browser ရဲ့ ညာဘက် အပေါ်နားမှာ အစိမ်းရောင် လက်မထောင်နေတဲ့ ပုံလေး တွေ့ရပါမယ်။ နှိပ်လိုက်ရင် နီသွားပါမယ်။ နီသွားရင် js ကို ပိတ်လိုက်တာဖြစ်​ပါတယ်

သူကတော့ website တစ်ခုချင်းစီအတွက် သီးသန့် ပိတ်တာဖွင့်တာ လုပ်လို့မရပါဘူး။ ပိတ်ရင် အားလုံးအတွက် ပိတ်ထားမှာ ဖြစ်ပြီးတော့ ဖွင့်ရင် အားလုံးအတွက် ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။

သတိ
တစ်ချို့ website တွေမှာ javascript ကို မရှိမဖြစ် လိုအပ်တာဖြစ်တဲ့အတွက် website ပုံမှန်မဟုတ်ဘဲ တစ်ခုခုဖြစ်နေတယ်ဆိုရင် javascript ကို ပိတ်ထားလားဆိုတာ အရင်ဆုံး စစ်ပါ။

ကျန်တာတော့ ထုံးစံအတိုင်းပါပဲ၊

ကြာပါပြီဘယ်​ကဟာ​လေးလည်း
မသိ​တော့ပါဘူး

စာတို​လေး​တွေပါ

မှတ်​သားသင့်​တာ​လေး​တွေ​ပေါ့

Friday, July 24, 2015

App ' ipad..ID account ဖွင့်​နည်း


၁) ကိုယ်ဆရာရဲ့ဖုန်းကနေ browserတစ်ခုခုသုံးပီး https://appleid.apple.com ကိုသွား
၂) ပုံ အတိုင်းပေါ်လာရင် Create an Apple ID ဆိုတာလေးကို တို့လိုက်
၃) တို့ပီးလို့ ဆက်ပေါ်လာတာတွေကို အဆင်ပြေသလိုလေးဖြည့်ဗျာ
( optional လို့ ပြထားတာတွေက မဖြည့်လည်း ရတယ်။ အဲ့တော့ ဖြည့်မနေနဲ့ဗျာ။ ခပ်မြန်မြန်ပေါ့..နော့ဗျာ )။ ကိုယ့်ဆရာ မဖြည့်ဖူးလို့ ဇဝေဇဝါဖြစ်နေရင် တခုချင်း ဖြည့်ရမှာလေးတွေ ရေးပေးထားမယ်ဗျာ...နော့...။ Optional တွေ မပါဘူးနော့....
> First Name နဲ့ Last Name ကတော့ ကိုယ့်ဆရာပေးချင်တဲ့ နာမည်သာပေး
> Apple ID........ကိုယ့်ဆရာလက်ရှိသုံးနေတဲ့ emailတစ်ခုခုထည့်ပေးလိုက်( Apple ID မလုပ်ရသေးတဲ့ email နော် )
> Password နဲ့ Confirm Password ကတော့ အဆင်ပြေသလိုဖြည့်လိုက်ဗျာ ( အနည်းဆုံး ၈လုံးဖြစ်ဖို့ ၊ နံပတ် ၁လုံး၂လုံးလောက်ထည့်ပေးဖို့ ၊ Capital Letter ၁လုံး၂လုံးလောက်ပါဖို့ အဲ့၃ချက်အဆင်ပြေရင် Apple ID Password တစ်ခုရပီဗျာ သလိုလေးပေါ့ " abcdEFg123 " )
> Security Question နဲ့ Date of Birth ကတော့ အဆင်ပြေသလိုကြည့်ဖြည့်လိုက်ဗျာ။ Free ID လုပ်မှာပဲကို သိပ်ပီးအလေးနက်ထားမနေနဲ့ဗျ...နော့။
> Rescue Email Address နေရာမှာ ကိုယ့်ဆရာရဲ့ နောက်ထပ် email တစ်ခုထည့်ရမယ်( Apple IDရှိပီးသား emailဆိုလည်း ဖြည့်လို့ရတယ်ခင်ဗျ )
> Postal Address- အဲ့နေရာမှာ ဖွင့်နေကျမဟုတ်တဲ့သူတွေ တိုင်ပတ်တာဗျ။ ဖွင့်နေကျသူတွေကလည်း လိပ်စာတွေဘာတွေရေးရ ဖြည့်ရ အလုပ်ရှုပ်တယ်ဗျ။ အဲ့တော့ ခုနပြောသလို ခပ်မြန်မြန်ပေါ့ဗျာ။
> Country/Region ........ United State (အဲ့နေရာက United Kingdom ဆိုတာလေးကိုတို့ပီး ဟိုးးးးးးးးးးးအပေါ်ဆုံးမှာ ရှိတယ်ဗျ။)
> Address Line 1.......... abc ( အလွယ်ပဲရေးပလိုက်ဗျာ )
> Town/City................. def ( ။ )
> လိုအပ်ရင် Postal Code.........50500( လိုမယ်တောင်မထင်ဘူးဗျ ဖြည့်မနေနဲ့ဗျာ။ )
> Prefer Language ....... ကိုယ့်ဆရာနားလည်တဲ့ ဘာသာစကားရွေးပေးပေါ့ဗျာ
> Email Preference အောက်က၂ခုကိုတော့ မေးလ်ထဲမှာ မျက်စိမနောက်ချင်ရင် အမှန်ခြစ်လေးတွေ ဖြုတ်ထားပေးလိုက်ဗျာ။
> Please Type the ဘာဖြစ်တယ်၊ ညာဖြစ်တယ် ............ပုံမှာပေါ်နေတဲ့စာနဲ့နံပတ်တွေ ပြန်ရိုက်ထည့်ပေးလိုက်ဗျာ
၎) နောက်ဆုံးနဲ့ အရေးကြီးဆုံးအဆင့်ဗျ အပေါ်က ၁၊ ၂၊ ၃ အားလုံးလုပ်ပီးသွားရင် အဆင့် ၄ အနေနဲ့ အောက်ဆုံးညာဖက်ထောင့်က Create Apple ID ဆိုတဲ့ အပြာကွက်လေးကို တို့ပေးလိုက်ဗျ။ အဲ့တာလေးမတို့ရင် Apple ID လုပ်မရဘူးဗျ။ ( အဟီး.....)
ကဲ ကိုယ့်ဆရာ။Free Apple ID တစ်ခု ရပီဗျာ။ ID လုပ်ထားတဲ့ email ထဲသွားပီး verify now ဆိုတာလေးကို သွားနှိပ်ဖို့ပဲ လိုတော့တယ်။ ဘယ်လိုလဲ လွန်ရော ၁မိနစ်ခွဲပေါ့
ကိုယ့်ဆရာ။မပိုင်ကလား။
Linhtet:ref

အိမ်ရှင်မရဲ့အနုပညာ apk အိမ်ထောင်ရှင်များ အတွက် ကလေးစောင့်ရှောက်ပုံ App

မိမိတို့စားမဲ့ အသီးအနှံများကို လှလှပပလေးပြုလုပ်ပြီး စားချင်သူများအတွက်ပေါ့နော်။
ပုံဖော်ပြီး အသေးစိတ်ပြသထားပါတယ်။
အိမ်ရှင်မရဲ့အနုပညာ APP ကို အာက်မှာ ဒေါင်းယူပါ...

http://www.jas.com.mm/upload/apk/art-of-housewife-app.apk

အိမ်ထောင်ရှင်များ အတွက် ကလေးစောင့်ရှောက်ပုံ App

ကဲ.ဒီတခါတော့အိမ်ထောင်ရှင်များ အတွက် ကလေးစောင့်ရှောက်ပုံ Appလေးပေါ့နော်။
  မိဘများက မိမိကလေးကို ကျန်းမာသော၊ ထက်မြက်သော၊ ဥာဏ်ကောင်းသော၊ လိမ္မာသော၊ ထူးချွန်သောကလေးများ ဖြစ်ရန် ကိုယ်ဝန်ဆောင်ချိန်မှစ၍ အရွယ်ရောက်ချိန်အထိ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လမ်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။
ကလေးစောင့်ရှောက်ပုံ App ကို အောက်မှာ ရယူပါ...
>>>download<<<  

http://d-h.st/4T7

System app တွေပျက်သွားရင် ပြန်သွင်းနည်း

မသိသေးသူများအတွက် ဗဟုသုတအဖြစ် ရည်ညွှန်းပါတယ်
ကျွန်တော့်ဖုန်းစ၀ယ်ပြီး ၁လလောက်ကြာတော့ gallery apk လေးက
force stop ပြပြီး သူ့ဖွင့်လိုက်ရင် စက်ပါ အရမ်း ဟန်းသွားတယ်
အဲဒါနဲ့ ကျွန်တော်လည်း ဒီကောင်လေးကို uninstall လုပ်ပြီး
အသစ်ပြန်ဒေါင်းသွင်းမယ်ပေါ့ အကြံနဲ့ backup လုပ်ပစ်လိုက်ပါတယ်။
ဘာနဲ့လုပ်သလဲဆိုတော့ DX Toolbox လေးနဲ့ပါ။ ယူပြီးတော့ အဲကောင်လေးကို
DX လေးနဲ့ပဲ uninstall လုပ်ပြစ်လိုက်ပါတယ် ။ ပြီးတော့ ကျွန်တော်
ခုနက backup လုပ်ထားတာကို install လုပ်လိုက်တော့ not install ကြီးပဲပြနေပါတယ်။ ဘယ်လိုမှသွင်းမရခဲ့ဘူး အဲဒါနဲ့ အခြား gallery apk
တွေပဲ ဒေါင်းပြီး သုံးနေပါတယ် (လုပ်ရမှာပျင်းလို့ပါ) ။ဒီနေ့ တစ်ယောက်က
ဖုန်းဆက်မေးပါတယ် သူ့ဖုန်းက dial, message တွေ ပျောက်သွားတယ်
ဘယ်လိုပြန်လုပ်ရမလဲဆိုတော့ ကျွန်တော် အကြံပေးလိုက်ပါတယ်
အခြား ကိုယ့်ဖုန်းနဲ့တူတဲ့ တစ်လုံးကနေ backup ယူကာ ပြန်သွင်းလိုက်ပါလို့
လွယ်လွယ်လေး ပြောလိုက်ပါတယ် သူလုပ်တတ်မယ်ထင်လို့ပါ ။
ဒါပေမယ့် system app တွေက လွယ်လွယ်သွင်းလို့မရပါဘူး ။
အဲဒီသွင်းနည်းလေးသိဖို့တော့လိုအပ်ပါတယ် ။ အဓိကကတော့
system ကို ကလိပြီဆိုကတည်းက root access ရထားဖို့လည်း လိုအပ်ပါတယ်။
နောက် Root explorer ဆိုတဲ့ apk လေးလည်း လိုအပ်ပါတယ် ။
ဘယ်လိုလုပ်ရမလဲဆိုတော့ အခြားဖုန်းထဲက ကိုယ်လိုချင်တဲ့ system apk
ကို DX toolbox လေးသုံးကာ backup ယူလိုက်ပါ ပြီးရင် ကျွန်တော်တို့
ဖုန်းရဲ့ SD ကဒ် တစ်နေရာမှာသိမ်းထားလိုက်ပါ ။ ထို့နောက် Root Explorer
လေးကို ဖွင့်လိုက်ပါ ဖွင့်တဲ့အခါ root access တောင်းရင် allow လုပ်ပစ်လိုက်ပါ။
နောက်ပြီး root explorer လေးကို R/W လုပ်ရပါအုံးမယ် ဒါမှ Write လုပ်နိုင်မှာမို့ပါ။
အဲဒီ Root explorer လေးနဲ့ခုနက ကျွန်တော်တို့သိမ်းထားခဲ့တဲ့ system app
လေးတွေကို နာမည်လုံးဝမပြောင်းပဲနဲ့ system ကိုသွားပါ ပြီးရင်
System ထဲက app ထဲကို ခုနက သွင်းခဲ့တာလေးကို copy here
လုပ်ပေးလိုက်ပါ ပြီးရင် အဲဒီ app ကို အကြာကြီး ဖိထားကာ permission
ကိုရွေးလိုက်ပါ အဲမှာ Owner ရဲ့ Read ရော Write ရော အမှတ်ခြစ်လေး
လုပ်ထားပေးလိုက်ပြီး OK နှိပ်လိုက်ပါ ။

 ဒါဆို အဆင်ပြေသွားပါလိမ့်မယ် မတက်လာခဲ့ရင်
ဖုန်းကို Restart လုပ်ကြည့်လိုက်ပါ OK သွားပါလိမ့်မယ်ခင်ဗျာ
လိုအပ်ချက်များ-Root ထားရပါမယ် , Root Explorer , DX toolbox လေးများ ရှိထားရင် ကောင်းပါတယ် ။APK တွေကို နာမည်မပြောင်းပါနဲ့ သူ့မူလ အတိုင်းပဲ ထားပါ

Root explorer​ဒေါင်းရန်
https://www.dropbox.com/s/1kkte7uq9egzdbh/Root_Explorer_2.13.2.apk?dl=1

Or

http://m.apkhere.com/app/com.speedsoftware.rootexplorer


Dx tool box ​ဒေါင်းရန်

https://www.dropbox.com/s/xv6h525r65zni15/DX%20TooLbox.apk?dl=0



ကွန်ပျုတာမလိုပဲ ဖုန်းထဲကနေ Root လုပ်နည်းနှင့် မြန်မာစာ မြန်ဖောင့်ထည့်သွင်းနည်း

ဒီဆော့ဝဲလေးက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း
၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို ကျွန်တော် အရင်တုန်းကရေးနေကျဆော့ဝဲပုံစံတွေနဲ့မတူဘဲ ဒီဇိုင်း layout ပိုင်းကိုသိသိသာသာပြောင်းလဲရေးသားထားပါတယ်။ အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu Root ဆော့ဝဲများ ၊ users ရဲ့ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi Changer ၊ မြန်မာကီးဘုတ်အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS Root & Font Installer ဆော့ဝဲထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့ MMAS Root & Font Installer ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ MMAS Root & Font Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။

ဒေါင်းရန်
http://www27.zippyshare.com/v/44886059/file.html



Pattern Lock အား Root Access, USB Debugging မဖွင့် ထားပဲ ဘယ်လိုဖြုတ်မလည်း

စမ်းသပ်​ခဲ့​သောအမျိုးစား
1.Samsung Galaxy Y
2.Samsung Galaxy Y Duos
ကျွန်တော်တို့ ဖုန်း Services သမားအများစုက Pattern Lock ဆိုရင်
၎င်း Pattern ကိုဖြုတ်ဖို့အတွက် ၄င်းဖုန်းအတွင်းမှာ Root Access ရှိ
ရမယ်။ USB Debugging ဖွင့်ထားရမယ်ဆိုတာတွေပဲများပါတယ်။ အခု
ကျွန်တော်ပြောမယ့်အကြောင်းရာလေးကတော့ Pattern Lock ဖြည်လို့
မရတဲ့ ဖုန်းကိုဘာ Root Access မှလည်းမလိုဘူး။ ဘာ Usb Debugging
ဖွင့်ထားစရာလည်းမလိုပဲလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်လေးဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တဲ့ဖိုင်လေးကိုတော့အောက်ဖော်ပြပါနေရာမှာဒေါင်းလိုက်
ပါ။
လိုအပ်သောဖိုင်နေရာများ ……..
1.cwm.zip ကိုဒီနေရာမှာဒေါင်းလုပ်ဆွဲပါ
2.delete_passward.zip ကိုလည်း ဒီနေရာမှာဒေါင်းလုပ်ဆွဲပါ

http://www.google.co.th/search?safe=images&q=delete+zip+file+in+php&revid=1504954199&sa=X&ved=0CEIQ1QIoAWoVChMIoIauufL1xgIVTZCOCh2jBQ1c

Download Link အားလုံးမှာ မည်သည့်ကြော်ငြာမှခံထားခြင်းမရှိပါ။
စတင်လုပ်ဆောင်ချက်…..
အရင်ဆုံး သင်ဒေါင်းလုပ်ဆွဲထားတဲ့ csm.zip နဲ့ delete_password.zip
နှစ်ဖိုင်ကို သင့် ဖုန်း Memory Card အတွင်းသို့ထည့်လိုက်ပါ
ထို့နောက် သင့်ဖုန်းအား ပါဝါပြန်ဖွင့်ရမှာဖြစ်ပါတယ်။ ပါဝါဖွင့်တဲ့နေရာမှာ
နှိပ်ရမယ့်ခလုပ်တွေက Volume Up+ Power+ Home Button တို့ကို
တစ်ပြိုင်တည်းနှိပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက
Volume Up နေရာမှာ Down ကိုနှိပ်လိုက်တာနဲ့ Downloading
Mode ထဲကိုဝင်သွားမှာဖြစ်ပါတယ်။ဒါကြောင့် မှားမနှိပ်မိဖို့ သတိပြုပါ။
ကဲဆက်လိုက်ရအောင်လားဗျာ… ဒီနောက် သင့်ဖုန်းအတွင်းမှာပေါ်လာမယ့်
Screen Message တွေကတော့
-reboot system now
-apply update from sdcard
-wipe data/factory reset
-wipe cache partition
စသဖြင့် Recovery Mode အတွင်းတွင်ရွေးချယ်စရာလေးမျိုးကိုတွေ့ရမှာ
ဖြစ်ပါတယ်။ ဒီနောက်တော့ကျွန်တောတို့က  ဒုတိယ ရွေးချယ်စရာဖြစ်သော
“apply update from sdcard” ဆိုတာအပေါ်အောက် အသံအတိုးအကျယ်
လုပ်တဲ့ လခုတ်နဲ့ သွားပီး ရွေးချယ်မယ်ဆိုပါက Home Button ကို နှိပ်ပေးလိုက်
ရပါမယ်။ဒီနောက်တော့စောနက သင်ထည့်ထားသော zip File နှစ်မျိုးထဲမှ ပထမတစ်
ခုအနေနဲ့ cwm.zip ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒီအခါမှာ အ၀ါရောင်အဖြစ်မြင်ရမှာ
ဖြစ်ပါတယ်။ ထို့နောက် “install zip from sd card” ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်
ပါတယ်။ထို့နောက်တဆက်တည်းမှာပဲ “choose zip from sd card” ဆိုတာကိုရွေး
ချယ်ပေးပီး “delete_password.zip” ကိုရွေးချယ်ပေးရဦးမှာဖြစ်ပါတယ် ပီးရင်တော့
Yes ကိုနှိပ်ပေးလိုက်ပါ။ထို့နောက်တော့ System ကို သူ့အလိုအလျောက်လုပ်
ဆောင်သွားပီး Reboot ကျသွားပါလိမ့်မယ်။ System Reboot ကျသွားပီးသွားပီ
ဆိုရင်တော့ ပြန်တက်လာတဲ့အခါမှာ Pattern Lock ပြုတ်သွားပီး System Setting
ထဲမှာ Default အတိုင်း Without Security ဖြစ်နေတာကိုပျော်ရွှင်စွာတွေ့မြင်ရမှာ
ဖြစ်ပါတယ်။အားလုံးပဲ အဆင်ပြေမယ်လို့ယုံကြည
်မျှော်လင့်ပါတယ်။
လေးစားစွာဖြင်
Credit:
Cristiano Zarni@ ဦးဇာနည်


Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ

Viber ကိုတော့ PC မှာ အသုံးပြုနိုင်တာ ကြာပါပြီ။ ဒါပေမယ့် မြန်မာလိုတော့ ရေးလို့လည်းမရ ဖတ်လို့လည်း မရသေးပါဘူး။ အခုတော့ ကွန်ပြူတာပေါ်မှာ Viber ကို မြန်မာလို မှန်ကန်စွာရေးနိုင်ဖတ်နိုင်တော့မှာဖြစ် ပါတယ်ဗျာ။ ဒီနေ့မနက် ကတင်ဘဲ ဘော်ဒါတစ်ယောက်က FB ကနေ Font လေးကိုပို့ပေးလို့ အခြားသော Computer ပေါ်မှာ Viber ကို မြန်မာလို ချက်ချင်သူများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။ အောက်က Link မှာ Setup File နဲ့ Font ကိုထည့်ပေးထားပါတယ်ဗျာ။ Setup File ကိုအရင်ဆုံး Install လုပ်ပြီး Font ကို C > Window > Font ထဲကို Copy to Past လုပ်လိုက်တာနဲ့ ကွန်ပြူတာပေါ်မှာ Viber ကို မြန်မာလိုအသုံးပြုနိုင်ပါပြီ ဗျာ။

https://s04.solidfilesusercontent.com/MDZkOGMzMDk3MmJhYTY4NTlhNGY3MWVhZmIyYTMwYWEzOTk4MzdiMjoxWklOVzI6ek5TUUVUTkFHNVBEM3VRNElKUlJreC1RVU5B/8b15a38225/Viber_PC_Version__Myanmar_Font_for_viber_By_www.pyaephyo.com.rar


Android ဖုန်းများတွင် Root မလုပ်ဘဲ မြန်မာလိုအသုံးပြုရအောင်

သူငယ်ချင်းတွေတော်တော်များများက Root လုပ်ဖို့ကိုတော်တော်စဉ်းစားကြတယ်။ မလုပ်ခင်ကအကောင်းသား Root လုပ်လိုက်ကာမှပဲ ကောင်မလေးနဲ့တောင်ကြူမရတော့ဘူးဆိုပြီး
ဆိုတာမျိုးဖြစ်မှာကြောက်ကြတယ်။ ပြီးတော့ဖုန်းဈေးကလည်းမနည်းဘူးလေ ဘာပဲဖြစ်ြဖစ် ကျောက်ခဲ
နဲ့ဝယ်ထားတာမဟုတ်တော့ပျက်သွားမှာလည်းစိုးရိမ်ကြတယ်။ Root လုပ်ဖို့ကိုတော်တော်စဉ်းစား
ကြတယ်ခင်ဗျာ။  ကျွန်တော်တို့ Android ဖုန်းများတွင်
root လုပ်စရာမလိုပဲ  app များကို install ပြုလုပ်ပေးရုံနဲ့ မြန်မာစာကိုအဆင်ပြေစွာအသုံးပြုနိုင်ဖို့..အောက်က App လေးတွေကိုဒေါင်းပြီး
ထည့်ပေးလိုက်ပါ။

1stMM Browser (မြန်မာဘရောက်စ်ဇာ က မြန်မာဖောင့်ထည့်စရာမလိုဘဲ မြန်မာWeb ကိုဖတ်လို့ ရပါတယ်)
Chat4MM (မြန်မာစာချက်စ်တင်အတွက်ပါ)
Email4MM (မြန်မာစာအီးမေးလ်)
Myanmar Hub Dailler (မြန်မာစာဖုန်းDailler)
SMS for MM (မြန်မာစာမက်ဆေ့ခ်ျ) တွေဖြစ်ပါတယ်..။

1st mm broswer

http://www.google.co.th/url?sa=t&source=web&cd=7&ved=0CC4QFjAGahUKEwipptX0vfPGAhUKGpQKHcLHBmI&url=http%3A%2F%2Fkoolwap.in%2Fgames_applications_1stmm-browser-apk_apk.html&rct=j&q=1stmm%20browser%20apk%20&ei=TwmyVenCLoq00ATCj5uQBg&usg=AFQjCNEnrzKq-gHlTdg0uuD66WQAeNmKiA

Or

http://webservices.aptoide.com/apkinstall/apk?uid=1251228

Chat4MM ယူရန်

http://www37.zippyshare.com/v/12745536/file.html

Myanmar Hub dialler

http://www.mediafire.com/download.php?pbnsb8vy541ggys

Email4MM apk

http://m.android.downloadatoz.com/apps/com.joe.email,81161/download.html

Sms for MM apk ယူရန်

http://m.mobogenie.com/download-sms-for-mm-261787.html



Thursday, July 23, 2015

Rapid Typing Tutor 4.9.4 Beta + Portable(English လက်ကွက် အမြန်ရိုက်ကျင့်ရန်

ဒါလေးကတော့ English လက်ကွက် ရိုက်တာ သွက်သွက်လက်လက် နဲ့ စနစ် တကျ

ရိုက်တက်အောင်လေ့ကျင့်ခြင်  တယ် ဆိုရင်တော့
ဒါလေး က အသုံးဝင်ပါတယ်

Portable ဖြစ်တဲ့ အတွက် အလွယ်တကူ သယ်ဆောင်သွားပြီး မည်သည့်နေရာတွင် မဆို 

လေ့ကျင့်နိုင်ပါတယ် Game သဘောမျိုး ဖြစ်တဲ့ အတွက် ပိုပြီးတော့ ပျော်စရာကောင်းပါတယ်
ZIPPYSHARE 
http://www5.zippyshare.com/v/81893355/file.html

Or

| TUSFILES |
http://www.tusfiles.net/r4uc7qxaoa8r

Or

 BOX

https://app.box.com/s/87l10mm1vjf9rinx0bg0



Wednesday, July 22, 2015

ADB အကြောင်း ပြောကြရအောင် (၁+၂+၃)

အဟောင်းpost မဖတ်ရသေးသော ညီအကိုတွေ အတွက် Post 3ခုအား တစ်စုတည်း ဖော်ပြထားပါတယ်။
ADB File ယူရန် ---> https://www.mediafire.com/folder/xmywsgcxb1oss/ADB
Android SDK ယူရန် -------> https://developer.android.com/sdk/index.html
Software သမားတစ်ယောက် လုပ်တော့မယ်ဆို ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက ADB Comment Line တွေအကြောင်းပါ။ADB ကဘာတွေကောင်းတယ် ၊ ဘယ်လောက်ထိ အသုံးဝင်လဲဆိုတာကို ကိုယ်တိုင်လေ့လာကြည့်မှရမှာပါ။
စတင်ခြင်း
ADB = Android Debug Bridge ကိုအတိုကောက် ခေါ်ဝေါ်တာပါ။
Coumputer နဲ့ Android Phone တွေကိုချိတ်ဆက်တဲ့ အခါမှာ ADB Driver ကို Coumputer ကသိနေဖို့လိုအပ်ပါတယ်။ADB ကိုသိနေမှသာ Android Command တွေကို ခိုင်းစေနိုင်မှာပါ။
Android Device တွေဟာ အမျိုးအစားများတော့ သက်ဆိုင်ရာ ADB Driver လဲလိုအပ်ကောင်း
လိုအပ်ပါလိမ့်မည်။အဓိက လိုအပ်တာကတော့ Google Driver ပါ။ဘာကြောင့်လဲဆိုတော့ Android ဆိုတာကြီးကို Google ကပိုင်ဆိုင်တာပါ။တစ်နည်းအားဖြင့် မူပိုင်ရရှိထားတာပါ။
ADB ဆိုတာ Android SDK မှာပါတဲ့ toolkit တစ်ခုပါ။ Adb ကိုကသုံးပြုနိုင်တဲ့ နည်းလမ်း ၂ခုရှိပါတယ်။
တစ်ခုကတော့ Android SDK ပါ။ နောက်တစ်ခုကတော့ adb.exe ၊ adb Winapi.dll ၊ adbWinUsbapi.dill စုစုပေါင်း (၃)ဖိုင်ပဲလိုအပ်တာပါ။သို့သော်လဲ fastboot.exe လဲထည့်ထားသင့်ပါတယ်။ဒါကြောင့် စုစုပေါင်း
(၄)ဖိုင် ဖြစ်သွားပါလိမ့်မည်။အဲ့ဖိုင်လေးဖိုင်ကို folder တစ်ခုထဲထည့်ပြီးတော့ rename ကို adb လို့ ပေးပြီးတော့ “ C” device အောက်မှာထားပေးပါ။fastboot.exe ကိုဘာကြောင့်ထည့်လဲဆိုတော့ adb နဲ့ ဆင်တူတဲ့ fastboot Command တွေအကြောင်းတွေပါနေလို့ပါ။
ဟုတ်ကဲ့ စာဖတ်သူအနေဖြင့် နည်းလမ်း ၂ ခုကဘာကွာလဲ မေးခဲ့မယ်ဆိုရင်တော့ ဖြေစရာကရှိပါတယ်။
အဲ့တာက ဘာလဲဆိုတော့ Android SDK (Android-sdk - platform-tools )ကနေသုံးမယ်ဆိုရင်တော့ googel က SDK ကို အမြဲတမ်း update လုပ်ပေးနေတာကြောင့် ADB ကိုအသုံးပြုတဲ့အခါ adb is out of date (or) can not start android daemon ဆိုတဲ့ error ကိုတွေ့ရမှာမဟုတ်ပါဘူး။
အဲလိုသာ လုပ်ပြီးပြီဆိုရင်တော့ စာဖတ်သူဟာ adb ကို စတင် အသုံးပြုလို့ ရတဲ့ သူ တစ်ယောက်ဖြစ်နေပါပြီ။
နောက်နေ့ကြရင် adb ကနေ ဘာတွေလုပ်လို့ရတယ်။Android device ၇ဲ့ System တွေကို ဘယ်လိုပြာင်းလဲလို့ရတယ်ဆိုတာကို ဥာဏ်မီသလောက် ရေးပေးပါ့မယ်။စာရေးသူဟာလဲ လူထဲက လူတစ်ယောက်မို့ အမှားနဲ့ မကင်းနိုင်ပါဘူး။ဒါကြောင့် မှားတာပါရင် ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။
Post တွေကိုလည်း အများအပြား တင်ပေးချင်ပါတယ်။ရေးပေးချင်ပါတယ် သို့သော်လည်း စာရေးသူရဲ့
ဝမ်းစာဟာ စာရေးတဲ့ အလုပ်မဟုတ်တာကြောင့် တစ်ထွာလောက်ရှိတဲ့ ၀မ်းဗိုက်လေးကို ပြည့်ဖို့ အတွက်
အလုပ်တွေ လုပ်နေရပါတယ်။ဒီအတွက် တစ်ပတ်ကို သုံး၊ လေးပုဒ်လောက်သာ ရေးနိုင်တာကိုတော့ နားလည်ပေးပါလို့ မျှော်လင့်ရင်း အပိုင်း (၂)ကို ဆက်ပြီးတော့ ဖတ်ပေးကြပါအုံးလို့ မျှော်လင့်ပါတယ်။
ADB အကြောင်း ပြောကြရအောင် အပိုင်း (၃)
ကဲ ဆက်ပြောကြည့်မယ်ဂျာ။ADB တွေကို ဘယ်လိုအသုံးဝင်တယ် ဆိုတာကို သိရအောင် လုပ်ရအောင်
ပထမဦးဆုံး window ရယ် R ရယ်တွဲနှိပ်လိုက်ပါ။box တစ်ခုကျလာပါလိမ့်မယ်။cmd လို့ရိုက်လိုက်ပါ။box တစ်ခုထပ်ကျလာပါလိမ့်မယ်။အဲမှာ adb help လို့ရိုက်ကြည့်လိုက်ဗျာ။ အများကြီးကြလာပါမယ်။အဲ့လောက် ရှုပ်နေတာတွေက ဘာတွေလဲ ဆိုတော့ ကျွန်တော်တို့ အခုလေ့လာနေတဲ့ ADB ရဲ့ အသုံးဝင်ပုံတွေ ကျလာတာပါ။အရမ်းရှုပ်တယ် မထင်ပါနဲ့ သူနဲ့ တူတဲ့ အကြောင်းအရာလေးတွစုလိုက်ပါမယ်။စာဖတ်သူတို့ကတော့ စုစရာ မလိုအောင် အလွယ်ဆုံးနည်းလမ်းလေးတွေနဲ့ ရှင်းပြပေးပါ့မယ်။
Project 1
Install , uninstall , updateing for mobile applaction.
မိုလ်ဘိုင်းဖုန်း ထဲသို applaction များ တင်ခြင်း ၊ ဖျက်ခြင်း
ပထမဦးဆုံး ဖိုလ်ဒါ တစ်ခုဆောက်ပါ။
ဖိုဒါထဲသို့ Download ဆွဲထားတဲ့ folder ထဲမှ ဖိုင်(၄)ဖိုင်ကို Copy ထည့်ပါ။
ဖိုင် ၄ ဖိုင် ထည့်ထားသော Folder ၏ နေရာလွတ်တွင် Shift နှင့် Right Click တွဲနှိပ်လိုက်ပါ။
Open command window here ဆိုပြီးတော့ ပေါ်လာပါလိမ့်မယ်။
adb devices လို့ရိုက်ထည့်ကြည့်ပါ။
ကွန်ပြူတာ နှင့် ချိတ်ဆက်ထားသော device ရဲ့ driver ကိုဖော်ပြပေးပါလိမ့်မည်။
ချိတ်ဆက်ထာမှုရှိတယ်ဆိုရင်တော့ List of devices attached 0123456789ABCDEF
ဆိုပြီးတော့ ပြသပါလိမ့်မည်။
ချိတ်ဆက်ထားမှုမရှိလျှင် List of devices attached ဟုဖော်ပြပါလိမ့်မယ်။
ချိတ်ဆက်ထားမှုရှိပါက ဖုန်းကို reboot ချချင်ပါက adb reboot လိုရိုက်နိုင်ပါတယ်။
ဒါမမဟုတ် ကိုယ်က recovery ၀င်ချင်ပါက adb reboot recovery လို့ရိုက်ပြီးဝင်နိုင်ပါတယ်ဂျာ။
တစ်ကယ်လို့ စာဖတ်သူရဲ့ ဖုန်းဟာ Samsung ဖုန်းဆိုရင်တော့ Download mode ဆိုတာကိုဝင်နိုင်ပါသေးတယ်။
adb reboot download ပါ။
နောက်တစ်ခုကတော့ adb reboot bootloader ပါ သူကတော့ Coumputer နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းကို
Bootloader (သို့) fastboot mode ကိုဝင်ရောက်နိုင်မှာပါ။
ဒါတွေအကုန်လုံးက အခြေခံ ADB Command တွေပါ။
ချုံ့လိုက်မယ်ဆို
adb devices - ချိတ်ဆက်ထားသော device ရှိမရှိ ကြည့်ရန်။
adb reboot - ချိတ်ဆက်ထားသော device ကို reboot ချရန်။
adb reboot recovery – ချိတ်ဆက်ထားတဲ့ device ကို recovery mode ၀င်ရန်။
adb reboot download - samsung device တွေကို download mode ၀င်ရန်။
adb reboot bootloader- ချိတ်ဆက်ထားသော device ကို bootloader mod (or) fastboot mode ၀င်ရန်။
ကဲဆက်ကြရအောင်လို့ ADB အကြောင်းလေးတွေ…….
adb install (applaction name) – ဒါလေးကတော့ Coumputer မှာရှိနေတဲ့ Android applaction တွေကို တစ်ခါတည်း Mobile Phone ထဲကို တစ်ခါတည်း install လုပ် (ထည့်သွင်း)တာပါ။
ဥပမာပြောရရင်တော့ ကိုယ်သွင်းချင်တဲ့ apk က D ထဲမှာရှိတယ်။သွင်းချင်တဲ့ apk နာမည်က Zapya.apk
ဟုတ်ပြီ အဲတာဆို ရိုက်ကမဲ့ စာက “ adb install D:\Zapya.apk” လို့ရိုက်ကမှာပါ။
Adb install –r (applaction name) – ‘ကိုယ့်မှာရှိတဲ့ solftware ကိုမဖြုတ်ပဲ upgrade လုပ်တာပါ။
ဥပမာပြောရရင် ကိုယ်က Coc ဆော့နေတယ် ။ကိုယ့် COC ကလည်း Gmail နဲ့ မချိတ်ထားမိဘူး။တစ်ကယ်လို့ update လုပ်ရင်လဲ ဆော့ထားတာလေး ပျက်သွားမယ် ။အဲ့လိုအခြေနေလေးမှာ ဒီ commend တစ်ကြောင်းက တော်တော်လေး အသုံးဝင်တယ်ဗျ။
ကဲ တစ်ခုလောက် ထပ်လုပ်ကြည့်မယ်ဗျာ။ ကိုယ်ထဲ့ချင်တဲ့ COC က D မှာရှိတယ်။ Local D ထဲမှာ ဒီအတိုင်းတော့ရှိနေတာမဟုတ်ဘူးဗျ။ဖိုလ်ဒါထဲထည့်ထားတာ ဖိုလ်ဒါ နာမည်က Game လို့နာမည်ပေးထားတယ်။apk နာမည်က Clash of Clan.apk လို့ထားပါတော့၊
ဒါဆို ရိုက်ကမဲ့ Commend u “adb install –r D:\Game\Clash of Clan.apk” ဆိုပြီးတော့ ရိုက်ကမယ်ဗျ။
Adb install –s (applaction name) – ဒါလေးကတော့ ကိုယ့်ဖုန်းထဲကို install လုပ်တဲ့အခါ internal ထဲကိုမထည့်ပဲ external storage(SD Card) ထဲကိုပဲသွင်ပေးမှာပါ။
Adb uninstall (package name) – ဒါကတော့ ဖုန်းထဲမှာ install လုပ်ထားတဲ့ applaction တွေကို uninstall လုပ်တာပါ။သို့ပင်မဲ့ အရင် commend တွေလို applaction name နဲ့ပြန်ဖြုတ်လို့မရတော့ဘူး။သူကတော့ ဒီ applaction package name ကို ထည့်မှရတော့မှာပါ။
Adb uninstall –k “Package name” - သူကတော့ ကိုယ်က Game တစ်ခုခုကို ဆော့တယ်။အကြောင်းကြောင်းကြောင့် ဖျက်ပစ်ရမယ်။ဒါပင်မဲ့ နောက်တစ်ခါ ပြန်ထည့်ရင် အရင်နေရာကပဲ ပြန်ဆော့ချင်တဲ့ အခါ အသုံပြုပါတယ်။ပြောမယ်ဆိုရင် applaction ကိုသာ ဖျက်ပြစ်ပြီး Data မဖျက်ချင်တဲ့ အခါ သုံးပါတယ်။
ကျွန်တော် ပြောခဲ့ဘူးတဲ့ အခြေခံ Commend လေးတွေ ကိုပြန်ချရေးကြည့်မယ်နော်။
1. adb devices - ချိတ်ဆက်ထားသော device ရှိမရှိ ကြည့်ရန်။
2. adb reboot - ချိတ်ဆက်ထားသော device ကို reboot ချရန်။
3. adb reboot recovery – ချိတ်ဆက်ထားတဲ့ device ကို recovery mode ၀င်ရန်။
4. adb reboot download - samsung device တွေကို download mode ၀င်ရန်။
5. adb reboot bootloader- ချိတ်ဆက်ထားသော device ကို bootloader mod (or) fastboot mode ၀င်ရန်။
6. adb install (applaction name.apk) – computer ထဲမှ applaction ကိုဖုန်းထဲသို့ ထည့်ခြင်း။
7. adb install –r (applaction name.apk) - ရှိပြီးသား software ကိုမဖြုတ်ပဲ upgrade လုပ်ခြင်း။
8. adb install –s (applaction name.apk) – sd Card (or) External Storage တွင် applaction installလုပ်ခြင်း။
9. adb uninstall (package name) – ဖုန်းတွင်ရှိပြီးသား applaction အား uninstall ပြုလုပ်ခြင်း။
10. adb uninstall –k “package name” - ဖုန်းတွင်ရှိသော applaction ဖြုတ်ရာတွင် data မပျက်ချင်သော နေရာတွင်သာ သုံးသည်။

Credit:Org