♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, August 15, 2015

IP address၊ MAC address တွေကိုသိရှိနိုင်တဲ့apk ​လေး

ဒီ apk လေးကမိမိဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ၊
 IP address၊ MAC address တွေကိုသိရှိနိုင်မှာဖြစ်ပြီးတော့

 အလွယ်တကူ copy ကူးယူပြီးတော့ share လုပ်နိုင်မှာဖြစ်ပါတယ်...

.user တွေအတွက်ရော developer တွေအတွက်ရော အသုံးဝင်တဲ့ app လေးဖြစ်လို့တင်ပေးလိုက်ပါတယ်..

.လိုအပ်ရင်အောက်မှာဒေါင်းသွားလိုက်ပါ....



အဆင်​​ပြေပါ​စေ။

♥ ★ ♥ ★ ♥ ★ ♥ ★ ♥ ★ ♥ ★ ♥ 


Friday, August 14, 2015

Setting တစ်ခုလုံး မြန်မာစာ ပြောင်းချင်သူအတွက် Samsung Zawgyi Enabler

Samsung ဖုန်းကိုင်သူများ 
ဖုန်း Phone Setting တစ်ခုလုံး မြန်မာစာ ပြောင်းချင်သူအတွက် 

Samsung Zawgyi Enabler 

မသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

အောက်​မယ်​​ဒေါင်းယူပါ။




အဆင်​​ပြေပါ​စေ ။

✆ ★ ✆ ★ ✆ ★ ✆ ★ ✆ ★ ✆ ★ ✆ ★ ✆ 


Setting တစ်ခုလုံး မြန်မာစာ ပြောင်းချင်သူအတွက် Samsung Zawgyi Enabler

Samsung ဖုန်းကိုင်သူများ ဖုန်း Phone Setting တစ်ခုလုံး မြန်မာစာ ပြောင်းချင်သူအတွက် Samsung Zawgyi Enabler မသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

အောက်​မယ်​​ဒေါင်းယူပါ။

အဆင်​​ပြေပါ​စေ ။

Android Phone ကို လျှင်မြန်စေပြီး ဘက်ထရီကို ချွေတာပေးမယ့် Greenify

Tasker တွေဟာ နောက်ကွယ်မှာ Run နေတဲ့ Apps တွေကို ဖုန်းရဲ့ RAM Memory ထဲက အပြီးတိုင် ရှင်းထုတ်လိုက်တဲ့အတွက် နောက်တစ်ခါ အဲဒီ Apps တွေကို ဖွင့်ရင် Internal Memory ထဲကနေ Load လုပ်ရတဲ့အတွက် လေးလံနေတတ်ပါတယ်
 အဲဒါကြောင့် Task Killer Apps တွေဟာ ဖုန်းကို မမြန်စေဘဲ ပိုမိုလေးလံစေတဲ့အတွက် မသုံးသင့်ပါဘူး။ 

Greenify ဆိုတဲ့ App က နောက်ကွယ်မှာ Run နေတဲ့ Apps တွေကို RAM ထဲက မထုတ်ပစ်ဘဲ Hibernate လုပ်ထားတဲ့အတွက် နောက်တစ်ခါ အဲဒီ App တွေဖွင့်ရင် လျှင်မြန်စွာနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ 

အဲဒီအတွက် Greenify ဟာ ဖုန်းကို လျှင်မြန်စေသလို ဘက်ထရီကိုလည်း ချွေတာပေးနိုင်ပါတယ်။

Greenify ဟာ စထွက်ထွက်ချင်းမှာ Rooted Phone တွေအတွက်သာ ဖြစ်ပေမယ့် အခုတော့ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းတွေမှာပါ အသုံးပြုနိုင်ပါတယ်။ 

Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းတွေမှာတော့ Auto-Hibernation ပြုလုပ်လို့မရဘဲ Manual ပြုလုပ်ရပါတယ်။ 
အခု Tutorial မှာတော့ Root လုပ်ထားတဲ့ ဖုန်းတွေအတွက် ရည်ရွယ်ရေးသားပေးလိုက်ပါတယ်။

Greenify ကို ဖွင့်ရင် Main Screen ကို ရောက်သွားမှာပါ။ 
Apps တွေကို Hibernate လုပ်ဖို့ အပေါ်မှ အပေါင်း ခလုပ်​ကိုနိပ်​ပါ။
App Analyzer ကိုရောက်ရင် ကဏ္ဍ လေးခုနဲ့ Apps တွေကို ဖော်ပြပေးထားမှာပါ။ “Running in Background”, “Scheduled Running”, “May Slow Down the Device When” နဲ့ “ More” တို့ ဖြစ်ပါတယ်။ 

More ကို တစ်ချက်နှိပ်ပြီး Apps အားလုံးကို ပြသပေးအောင် ပြုလုပ်ပါ။ ပြီးရင်တော့ Hibernate လုပ်ချင်တဲ့ Apps တွေကို တစ်ချက်စီနှိပ်ပြီး ရွေးချယ်ပါ။

 ရွေးချယ်လိုက်တဲ့ Apps တွေကို အစိမ်းရောင်နဲ့ ခွဲခြားပြသပေးမှာပါ။

 ပြီးရင်တော့ အောက်ခြေမှ အမှန်ခြစ် ခလုတ်ကို နှိပ်ပါ။ 
ဒါဆိုရင် Apps တွေကို Hibernate လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ Apps တွေကို သင်အသုံးပြုပြီးတဲ့အခါမှာလည်း Greenify က
အလိုအလျှောက် Hibernate လုပ်ပေးမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ Greenify ကို တီထွင်သူတွေက သတိတစ်ခုပေးထားပါတယ်။ 

Messenger , Alarm Clock နဲ့ Phone နဲ့ ပတ်သက်တဲ့ Apps တွေကိုတော့ Hibernate မလုပ်သင့်ပါဘူး။

 အဲဒီလို Apps တွေကို Hibernate လုပ်ရင် Apps တွေရဲ့ စွမ်းဆောင်ချက်တွေဟာ မှန်ကန်သင့်တင့်စွာ အလုပ်မလုပ်တတ်လို့ ဖြစ်ပါတယ်။

Hibernate လုပ်ပြီးသွားရင် Main Screen ကို ပြန်ရောက်သွားပြီး Hibernated ဖြစ်နေတဲ့ Apps တွေကို ပြသ​ပေးထားတာဖြစ်​ပါတယ်​။

အပေါင်းခလုတ်ကို ပြန်နှိပ်ပြီး App Analyzer ထဲကို ပြန်သွားပါ။ 
Facebook Messenger, Viber , Alarm Clock စတဲ့ Apps တွေကို ရွေးချယ်ပြီး အပေါ်ထိပ်မှ မျှားအောက်စိုက်နေတဲ့ ခလုတ်ကို နှိပ်ပါ။

 ဒါဆိုရင် အဲဒီ Apps တွေကို လျစ်လျှူရှုထားပေးမှာ ဖြစ်ပြီး App Analyzer မှာ ပြသမှာ မဟုတ်ပါဘူး။ 

လျစ်လျှူရှုထားတဲ့ Apps တွေကို App Analyzer မှာ ပြသပေးစေချင်ရင် ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုနှိပ်ပြီး Show All ကို နှိပ်ပါ။

App တစ်ခုကို Hibernate လုပ်ထားရာမှ ပယ်ဖျက်ချင်ရင် Main Screen ကို သွားပြီး App ကိုရွေးချယ်ပါ။ 
ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်​ပါ။

ဒါကတော့ Rooted လုပ်ထားတဲ့ ဖုန်းတွေမှာ Greenify ကို အသုံးပြုနည်းဖြစ်ပါတယ်။ 

Root မလုပ်ထားတဲ့ ဖုန်းတွေမှာလည်း အသုံးပြုနည်းက အတူတူပါပဲ။ 

ကိုယ်တိုင် Hibernate လုပ်ရတဲ့ အဆင့်တစ်ခုသာ ပိုပါတယ်​။
အောက်​မယ်​​ဒေါင်း​ယူအသုံးပြုနိုင်​ပါတယ်​။


အဆင်​​ပြေပါ​စေ။


ကိုသူရမှပြန်​လည်​မျ​ဝေပါသည်​။

★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ 


Thursday, August 13, 2015

မြန်မာ + ထိုင်း အခြေခံ စကားပြော ဖုန်း Android , Apk

မြန်မာ + ထိုင်း အခြေခံ စကားပြော အဘိဓာန် ဖြစ်ပါတယ်။ 

ထိုင်းစကား လေ့လာနေသော ညီအစ်ကို မောင်နှမများနဲ့ ထိုင်းနိုင်ငံရောက် ညီအစ်ကို မောင်နှမများ အတွက် 

အသုံးဝင်သော အခြေခံ ထိုင်းစကားပြော ဖုန်း Android , Apk ဖြစ်ပါတယ်။ 

အောက်​မယ်​​ဒေါင်းယူနိုင်​ပါတယ်​။




Or



အဆင်​​ပြေပါ​စေ။

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ 


Rar , Zip ဖိုင် ဗီဒီယိုဖိုင်တွေကို ပေါင်းစပ် တဲ့ဆော့ဝဲလ်

HJ-Split ဆိုတာသိကြမှာပါ zip,rar စတဲ့ဖိုင်တွေကို Split လုပ် recombine လုပ်ပေးနိုင်တဲ့ Tool လေးပါ။

ဒီကောင်ကို Windows,Linux အပြင်အခြား platforms
တွေအတွက်ရရှိနိုင်ပါတယ်။

အင်တာနက်ကနေ ဒေါင်းလုပ်ဆွဲရင် ဆိုဒ်ကြီးတဲ့ဖိုင်တွေဆို zip ,rar နဲ့ချုံ့  ထားပါတယ်။

ဒါအပြင် အဲဒီဖိုင်တွေကိုပဲ အပိုင်းလေးတွေနဲ့ တင်ထားပါတယ်ပြီးမှ အားလုံးဒေါင်းပြိးပြန် ပေါင်းစပ်ပါတယ် ။

အဲဒီနေရာမှာ ဒီtoolလေးသုံးပါတယ်။ Portable ဗားရှင်းလေးမို့ install မလုပ်ပဲ သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ 


ရှာသိမ်းထားတာ​လေးပါမူရင်းဆရာအား
Credit: ​ပေးပါတယ်​။

အောက်​မယ်​​ဒေါင်းယူပါခင်​ဗျာ။






အဆင်​​ပြေပါ​စေ ။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


Speed up 3GWCDMA .network-1.apk

ဖုန်းအင်တာနက်လိုင်းကို 3G H.Speed မြင့်ပေးတယ့် ဆော့ဝဲလေးပါ

လိုင်းအားက သိသိသာသာကြီး တက်လာတာမို့  အဆင်ပြေပါတယ်​။

မြန်မာပြည်က နှေးနေသူတွေ တက်လိုက်ကျလိုက်ဖြစ်သူတွေ စမ်းကြည့်ပါ။

အောက်​မယ်​​ဒေါင်းယူနိုင်​ပါတယ်​။




သုံး​နေတာ​လေးပါ ဘယ်​ကရမှန်း​တောင်​မသိ​တော့ဘူး
Credit ပါခင်​ဗျာ။


အဆင်​​ပြေပါ​စေ ။

✌ ♥ ✌ ♥ ✌ ♥ ✌ ♥ ✌ ♥ ✌ ♥ 


Wednesday, August 12, 2015

Youtube video ​ဒေါင်းယူရန်​ Downloader (7)မျိုး★

Youtube★  ကဗီဒီယိုတွေကိုဒေါင်းယူရန်ဒီထဲမှာ ကြိုက်တာ ရွေး ပြီးယူကြ​ပေ​တော့ဗျာ။

အားလုံးစုထားတယ်​ ။

မိမိဖုန်းနဲ့ကိုက်​မယ့်
ဒေါင်း​လော့apk ​ရွေးယူယုံပါ။အကုန်​ရတယ်​ဗျာ။

အောက်​မယ်​​ဒေါင်းယူပါ။




အဆင်​​ပြေပါ​စေ။✌

★ ♥ ★ ♥ ★ ♥ ★ ♥ ★ ♥ ★ ♥ ★ 


Tuesday, August 11, 2015

Mp 3 and Mp4 သီချင်း​တွေ​ဒေါင်းမယ်​♥

mp 3 သီချင်း​တွေမှာ ကိုယ်​ကြိုက်​ရာ
 ပုံ​လေးထည့့်မယ်

အောက်​ကလင့်​မယ်​ဝင်​​ဒေါင်းနိုင်​ပါတယ်



ဒေါင်းနည်း
နိပ်​ဝင်​ပါ ..၅စက္ကန်​ ညာဖက်​အ​ပေါ်မယ်
ခဏ​စောင့်​​ပေးပါ skip AD ဆိုတဲ့အဝါ​လေး​ပေါ်လာရင်​နိပ်​ပါ။

ကြော်​ငြာ​ပေါ်လာရင်​ ​နောက်​တချက်​ဆုက်​ပါ။
ဒေါင်းလင့်​​တွေ့ရပါလိမ့်​မယ်​။

မျှား​လေး​အောက်​ဆိုက်​​နေတာကိုနိပ်​ပါ
Direct download link နိပ်​ရင်​​ဒေါင်းသွားပါလိမ့်​မယ်​။

အဆင်​​ပြေပါ​စေ ။

✌ ♥ ✌ ♥ ✌ ♥ ✌ ♥ ✌ ♥ ✌ ♥ 


သင့်ရဲ့ Android Device နဲ့ iPhone မပျောက်ဆုံးခင် ကြိုတင် ကာကွယ်ထားရမယ့် နည်းလမ်း ကိုးခု

ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာ သိုလှောင်သိမ်းဆည်းနိုင်စွမ်း မြင့်မားလာတာနဲ့ အမျှ ဖုန်းထဲမှာ ကိုယ်ရေးကိုယ်တာ ဖိုင်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ အရေးကြီး ဖိုင်များကို သိမ်းဆည်းလာကြပါတယ်။

 သင့်ရဲ့ Android Device နဲ့ iPhone ပျောက်ဆုံးသွားရင် အဲဒီဖိုင်တွေအတွက် စိုးရိမ်စရာပါ။ 

ဒီလို စိတ်ပူစရာတွေ မဖြစ်ရလေအောင် သင့်ရဲ့ စမတ်ဖုန်း မပျောက်ဆုံးခင်မှာ ကြိုတင်ကာကွယ်ထားရမယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Bonus : သင့်ရဲ့ ဖုန်းကို Lock ပြုလုပ်ထားပါ။

သင့်ရဲ့ စမတ်ဖုန်း ပျောက်ဆုံးသွားရင် အခြားလူများ ဖုန်းထဲသို့ လွယ်ကူစွာ ၀င်လို့မရအောင် Lock ပြုလုပ်ထားသင့်ပါတယ်။

 စမတ်ဖုန်းတွေမှာ Passcode, Password, Face Unlock, Pattern နဲ့ အခုဆိုရင် လက်ဗွေရာလုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားနိုင်ပါပြီ။ 

iOS အတွက် Settings> Passcode or Touch ID & Passcode မှာ Lock ပြုလုပ်နိုင်ပါတယ်။ Android အတွက်တော့ Settings> Security > Screen Lock မှာ ပြုလုပ်နိုင်ပါတယ်။

၁။ Find my iPhone/iPad နဲ့ Android Device Manager တို့ကို အသုံးပြုပါ။

ဒီစွမ်းဆောင်ချက် နှစ်ခုက ပျောက်သွားတဲ့ သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံပေးနိုင်ပါတယ်။

 အဝေးကနေ Lock ပြုလုပ်နိုင်သလို ဒေတာတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် ဒီစွမ်းဆောင်ချက်တွေကို သင့်ဖုန်း မပျောက်ခင်မှာ Enable လုပ်ထားရမှာပါ။

Android : Google Setttings App ထဲသွားပြီး Security အောက်မှ “ Remotely locate …. “ နဲ့ “ Allow remote lock …. “ နှစ်ခုမှာ အမှန်ခြစ်ပေးပါ။

Android Phone ပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပြီး ဖုန်းမှ Google Account နဲ့ Log In ၀င်ပါ။ 

ဝက်ဆိုက်ကနေ ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်ပြီး Lock ပြုလုပ်တာ၊ ဒေတာများကို ဖျက်ဆီးတာတို့ကို ပြုလုပ်နိုင်ပါတယ်။

iOS : Settings> iCloud > Find My iPhone ( or iPad) ထဲသွားပြီး Find My iPhone Setting ကို Enable လုပ်ပါ။

ဖုန်းပျောက်သွားရင် ဒတ်စတော့ ၀က်ဘရောက်စာကနေ iCloud.com ကို သွားပြီး Apple Account နဲ့ Log In ၀င်ပါ။ Find My iPhone ကို နှိပ်ပြီး သင့်ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ရှာဖွေပါ။

၂။ သင့်ဖုန်း Sleep ဖြစ်သွားတာနဲ့ ချက်ချင်း Lock ပြုလုပ်ဖို့ သတ်မှတ်ပါ။

သင့်ဖုန်းဟာ Sleep ဖြစ်သွားပြီးနောက် အချိန်ဘယ်လောက်ကြာရင် အလိုအလျှောက် Lock ပြုလုပ်ရမလဲဆိုတာကို သတ်မှတ်နိုင်ပါတယ်။

 သင့်ဖုန်း ပျောက်သွားတာနဲ့ Lock ဖြစ်နေစေဖို့ အချိန်ကို နည်းသထက်နည်းအောင် သတ်မှတ်ထားသင့်ပါတယ်။

Android : Settings> Security > Automatically Lock ထဲသွားပြီး အများဆုံး ၃၀ မိနစ်ကနေ ချက်ချင်း Lock လုပ်ဖို့ သတ်မှတ်သင့်ပါတယ်။

iOS : Settings> Passcode> Require Passcode ထဲသွားပြီး လေးနာရီကနေ ချက်ချင်း Lock လုပ်ဖို့ သတ်မှတ်နိုင်ပါတယ်။ 

Touch ID ပါရင်တော့ Immediately ကိုပဲ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

၃။ Control Center ကို Lock Screen မှာ ပိတ်ပါ။ ( iOS )
iOS 7 ကနေ စပြီး iOS Device တွေမှာ Control Center ပါရှိလာပါတယ်။ 

Control Center ကနေ WiFi, Cellular Settings, Media Controls, Alarms, Timers, Camera တို့ကို လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ 

Control Center ကို Lock Screen ကနေလည်း အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေပေမယ့် သင့်ဖုန်း ပျောက်ဆုံးသွားရင်တော့ ဖုန်းရဲ့ Settings နဲ့ အခြားအရာများကို အခြားလူများက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

အဲဒီအတွက် Control Center ကို Lock Screen မှာ ပိတ်ထားသင့်ပါတယ်။

Settings> Control Center ထဲသွားပြီး “ Access on Lock Screen “ ကို Off လုပ်ပေးပါ။

၎။ အားကောင်းတဲ့ PIN , Password များပေးပါ။
သင့်ဖုန်းကို Lock လုပ်တဲ့ နေရာမှာလည်း ရှည်လျား ၊ ရှုပ်ထွေးပြီး သင် အလွယ်တကူ မှတ်မိနိုင်တာမျိုးကို ပေးသင့်ပါတယ်။ 

ဥပမာ အားဖြင့် “ My Father’s Name Is U Myint Naing and His Birthday Is 4th January 1950. “ ဆိုတဲ့ ၀ါကျကနေ ထိပ်ဆုံး စကားလုံးတွေကို ထုတ်နုတ်လိုက်ရင် “ mfniumnahbi4j1 “ ဆိုတဲ့ Password ကို ဖန်တီးနိုင်ပါတယ်။ 

အဲဒီ Password ဟာ ရှည်လျား ၊ ရှုပ်ထွေးပေမယ့် သင် အလွယ်တကူ မှတ်မိနိုင်ပါတယ်။

Screen Lock ပြုလုပ်ရမယ့် နေရာကိုတော့ Bonus အပိုင်းမှာ ပြောပြခဲ့ပြီးပါပြီ။

၅။ သင့်ဖုန်းမှ ဒေတာများကို Encrypt လုပ်ပါ။ ( Android )
Android 5.0 Lollipop ကို Pre-installed လုပ်ထားတဲ့ Android Phone, Tablet များမှာတော့ ဖုန်းမှ ဒေတာများကို Default အားဖြင့် Encrypt လုပ်ထားပေးပါတယ်။ 

သင့်ရဲ့ Passcode နဲ့ ဖွင့်မှသာ ဒေတာများကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Lollipop ကို ကိုယ်တိုင် အဆင့်မြှင့်ထားတဲ့ ဖုန်းများအပါအ၀င် Android Phone , Tablet အဟောင်းများမှာတော့ ကိုယ်တိုင် Encrypt လုပ်ရမှာပါ။

 Encrypt လုပ်ရင် အချိန် တစ်နာရီလောက်ကြာမြင့် တတ်ပြီး အဲဒီအချိန်အတွင်းမှာ ဖုန်းကို အသုံးပြုလို့မရပါဘူး

 နောက်ပြီး Encrypt လုပ်နေစဉ်မှာ ဖုန်းကို အားသွင်းထားရမှာ ဖြစ်ပါတယ်။

Settings> Security > Encrypt Phone မှာ ပြုလုပ်နိုင်ပါတယ်။

သတိပြုရန် ။ ။ Encrypt လုပ်နေစဉ်မှာ Abort ပြုလုပ်ရင် သင့်ရဲ့ ဒေတာ အချို့ သို့မဟုတ် အားလုံး ဆုံးရှုံးသွားနိုင်တယ်လို့ Google က သတိပေးထားပါတယ်။ 

အဲဒီအတွက် စိတ်ရှည်ရှည်ထားပါ။

၆။ Activation Lock ကို ဖွင့်ပါ။ ( iOS )
ဖုန်းသူခိုးများက သင့်ရဲ့ ဖုန်းမှ ဒေတာတွေကို စိတ်မ၀င်စားကြပါဘူး။ 

သူတို့ အလိုရှိတာက သင့်ဖုန်းမှ ဒေတာများကို ဖျက်ဆီးပြီး ဖုန်းကို ရောင်းစားဖို့ပါ။

iOS 8 မှာ Activation Lock ဆိုတဲ့ စွမ်းဆောင်ချက် အသစ်ပါရှိလာပြီး ဖုန်း ခိုးခံရရင် သင့်ရဲ့ Passcode ကို သိမှသာ ဖုန်းကို Reactivate လုပ်လို့ရမှာ ဖြစ်ပါတယ်။ 

Activation Lock ဟာ Find My iPhone or iPad ကို Enable လုပ်ထားမှ အလုပ်လုပ်ပါတယ်။

Settings> iCloud> Find My iPhone or iPad မှာ Enable လုပ်ပေးပါ။

၇။ သင့်ရဲ့ အမည်နဲ့ Contact Info ကို Lock Screen မှာ ရေးထားပါ။ ( Android )
သင့်ရဲ့ ဖုန်း၊ တက်ဘလက် ပျောက်သွားရင် Android Device Manager ကနေ Lock ပြုလုပ်လို့ရသလို ဖုန်းထံ Message ပေးပို့နိုင်ပါတယ်။ 

ဖုန်းကို ကောက်ရသူက ပြန်ပေးချင်ရင် သင့်ကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် သင့်ရဲ့ ဖုန်းဟာ Airplane Mode ထဲမှာ ရှိနေရင် သို့မဟုတ် လိုင်းမမိတဲ့ နေရာမှာ ရောက်နေရင် အပေါ်က နည်းလမ်းက အဆင်မပြေပါဘူး။

အဲဒီအတွက် သင့်ရဲ့ Android Device မပျောက်ခင်မှာ Lock Screen မှာ သင့်ရဲ့ အမည်၊ အီးမေး၊ နေရပ်လိပ်စာ၊ အခြားဆက်သွယ်ရမယ့် ဖုန်းနံပါတ် စတဲ့ Contact Info ကို ရေးသားထားသင့်ပါတယ်။


Settings> Security> Owner Info မှာ ရေးသားနိုင်ပါတယ်။
 Lollipop မတိုင်ခင် ဖုန်းတွေမှာတော့ Show owner info on lock screen မှာလည်း အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။

၈။ Send Last Location ကို အသုံးပြုပါ။ ( iOS )
သင့်ရဲ့ iOS Device ဟာ ဘက်ထရီ ကုန်သွားရင် Find My iPhone ကို အသုံးပြုပြီး ရှာဖွေလို့ မရတော့ပါဘူး။
 အဲဒီအတွက် ဘက်ထရီ မကုန်ခင်မှာ သင့် iDevice ရဲ့ နောက်ဆုံးတည်နေရာကို Apple ရဲ့ ဆာဗာများထံ ပေးပို့ထားရင် သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။

Settings> iCloud> Find My iPhone or iPad မှာ Send Last Location ကို On ပေးပါ။

၉။ Lock Screen မှာ Notification များကို ဖွက်ထားပါ။
Lock Screen မှာ Notification များကို ပြသပေးထားခြင်းဟာ အီးမေး၊ Text Messages ၊ Calendar Events နဲ့ အခြား သတင်းအချက်အလက်များကို Unlock လုပ်စရာမလိုဘဲ သိနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ 

ဒါပေမယ့် အခြားလူများက Lock Screen မှ သတင်းအချက်အလက်များကို သိသွားနိုင်ပါတယ်။ ဒီလို မဖြစ်စေချင်ရင်တော့ Lock Screen မှာ Notification များ ပြသထားခြင်းကို ပိတ်ထားနိုင်ပါတယ်။

Android : Settings> Sounds and Notifications ထဲသွားပြီး When device is locked ကို နှိပ်ပါ။

 အဲဒီကနေ Option သုံးခုကို ရွေးချယ်နိုင်ပါတယ်။ Show all notification content ကတော့ Notification အားလုံးကို အပြည့်အစုံပြသမှာပါ။ 

Hide sensitive notification content ကတော့ ဥပမာအားဖြင့် အီးမေးဝင်လာရင် အသိပေးမှာ ဖြစ်ပေမယ့် Subject Line ကို ဖွက်ထားပေးမှာ ဖြစ်ပါတယ်။ 

Don’t show notification ကတော့ Notification အားလုံးကို Lock Screen မှာ ပိတ်ပေးထားမှာပါ။

iOS : iOS မှာတော့ Lock Screen မှာ Notification တွေကို ပိတ်တာဟာ Android လောက် မလွယ်ကူပါဘူး။

 Notification ပြသတဲ့ Apps တိုင်းကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ Settings> Notifications ထဲသွားပြီး App တစ်ခုချင်းစီထဲကို ၀င်ကြည့်ရမှာပါ။ 
App မှာ Show on Lock Screen ပါရင် Off လုပ်ရမှာ ဖြစ်ပါတယ်။

Ref:ကိုသူရ(MDJTL)

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


Viber မှာ sms ပို့ရင်မီးလင်း​နေဖို့အတွက် Viber Flashlight apk

Viber မှာ  sms  ပိုရင်မီးလင်နေဖို့အတွက် Viber Flashlight apk ​လေးပါ။

အောက်မှာ Download ယူလိုက်ပါ။

မေးထားလို့ရှာတင်​​ပေးထားပါတယ်​။



အဆင်​​ပြေပါ​စေ။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


Android Settings

Android Settings အ​ကြောင်း 

တခုလုံးကိုလေ့လာနိုင်​တဲ့

PDF​လေးပါ။

လိုအပ်ရင်​​အောက်​မယ်​​ဒေါင်းယူ​လေ့လာနိုင်​ပါ​ကြောင်းခင်​ဗျာ။




အဆင်​​ပြေပါ​စေခင်​ဗျ။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


Monday, August 10, 2015

iPhone-iPad အတွက် မြန်မာ-အင်္ဂလိပ်-ကိုးရီးယား-ဂျပန်-ထိုင်း-ရုရှား 5ဘာသာ အဘိဓာန်

ဘာသာစကား 5မျိုးအထိ အပြန်အလှန် ကြည့်ရပါတယ် ။ 

အသံထွက်သိချင်ရင်
စပီကာ ပုံစံလေးကိုနှိပ်လိုက်တာနဲ့  

ခက်ခဲတဲ့အသံထွက်တွေကို နားလည်မှာပါ။


အောက်​ကလင့်​မယ်​ဝင်​ယူပါ။




အဆင်​​ပြေပါ​စေ ။

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ 


Iphone Ipad Ipod မှာ Jailbreak မလုပ်ဘဲ Paid တွေ Free ဆွဲပြီး သုံးမယ်ဗျာ။

သူရဲ့ လုပ်ဆောင်ချက်ကတော့ Iph Ipad Ipod တွေ ကို Jailbreak လုပ်စရာမလိုဘဲ cracked တွေ ဒေါင်း.သွင်းနိုင်မှာ ဖြစ်ပါတယ်ဗျ။

ကျနော် အခုပေးတဲ့ Application လေးကို ဒေါင်းပြီး Itools ကနေ မိမိ တို့ Iph ထဲကိုထည့်လိုက်ပါ။


အဲတာဆိုရပါပြီဗျ။


အဆင်​​ပြေပါ​စေ။

Credit:ko Aung Soe

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


Sunday, August 9, 2015

ios- 7 အထက် အိုင်ဖုန်းမှာ မြန်မာစာနဲ့ မြန်မာကီးဘုတ် မှန်ကန်စွာသွင်းယူနည်း

ios- 7 အထက် အိုင်ဖုန်းမှာ မြန်မာစာနဲ့ မြန်မာကီးဘုတ် မှန်ကန်စွာသွင်းယူနည်း
စာမထည့်တတ်သူတွေ ထည့်နည်းအပြည့်အစုံမသိသေးသူတွေ

ဒီနည်းအတိုင်း လုပ်ကြည့်ပါ

 -လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ
ဒီနည်းက
 ကိုမိုးသကြားရေးထားတာပါ ပြန်လည်မျှဝေခြင်းဖြစ်ပါ၏။




အဆင်​​ပြေပါ​စေ ။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


စာအုပ်၊ သတင်းစာနဲ့ မဂ္ဂဇင်း တို့ကို eBook အနေနဲ့ ၀ယ်ယူဖတ်ရှုနိုင်မယ့် Wun Zinn

Wun Zinn မှာ သုတ၊ ရသ ကဏ္ဍစုံလင်တဲ့ စာအုပ်ပေါင်း များစွာ အပြင် ဈေးကွက်အတွင်း အရောင်းရဆုံး မဂ္ဂဇင်းတွေ၊ သတင်းစာတွေကို eBook အနေနဲ့ ၀ယ်ယူဖတ်ရှုနိုင်ပါတယ်။ 

ဝန်ဇင်းမှာ eBook Reader ပါရှိတဲ့အတွက် ၀န်ဇင်းမှ စာအုပ်များကို ဖတ်ရှုဖို့ အခြား App များ မလိုအပ်တော့ပါဘူး။ 

ဘယ်နေရာရောက်ရောက် ဖုန်းကနေ စာအုပ်၊ ဂျာနယ်၊ သတင်းစာနဲ့ မဂ္ဂဇင်းများကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

 MPT Phone Bill နဲ့ စာအုပ်ဝယ်နိုင်အောင် ပြုလုပ်ပေးထားတာကလည်း အဆင်ပြေပေမယ့် ကျန်တဲ့ အော်ပရေတာများနဲ့ပါ ပူးပေါင်းနိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ မြင်မိပါတယ်။

 နိုင်ငံရပ်ခြားမှ ၀ယ်ယူဖို့အတွက် Visa , Master Card တွေကို အသုံးပြုနိုင်ပါတယ်။ 

ဝန်ဇင်းမှာ ရောင်းချတဲ့ စာအုပ်များဟာ စာရေးဆရာများနဲ့ စာပေတိုက်များရဲ့ ခွင့်ပြုချက်ဖြင့် ရောင်းချတာ ဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် စာရေးဆရာများရဲ့ မူပိုင်ခွင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

ဝန်ဇင်းကို ပထမဆုံး အကြိမ်ဖွင့်ရင် Font Check လုပ်မှာပါ။ အမှန်မြင်ရရင် ရပါသည်ကို နှိပ်ပါ။ 

မမြင်ရရင် မရပါကိုနိပ်​ပြီးညွှန်​ကြားချက်
်​အတိုင်းလုပ်​​ဆောင်​ပါ။

Font Check ပြီးရင် အင်တာနက် ဖွင့်ပြီး ၀န်ဇင်း အကောင့်တစ်ခု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 

သင့်ရဲ့ fb acc နဲ့လည်းအသုံးပြုလို့ရပါတယ်​။ 

ပြီးရင် MPT ဖုန်းဘေဖြင့် စာအုပ်များ ၀ယ်ယူနိုင်အောင် ဖုန်းကို အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ 

ဖုန်းနံပါတ် အတည်ပြုရန် ကို နှိပ်ပြီး သင့်ဖုန်းနံပါတ်ကို ထည့်ပေးရင် ဖုန်းထံ ကုဒ်များကို ပို့ပေးမှာ ဖြစ်ပါတယ်။ 

ကုဒ်များကို အတည်ပြု ကုဒ်ထည့်ရန်မှာ ထည့်ပေးပါ။

( ကျွန်တော့်ရဲ့ CDMA 800GHz ဖုန်းမှာတော့ Verify လုပ်လို့မရဘဲ “ Can’t access to server “ ဆိုတဲ့ Error ကို ရရှိပါတယ်။ လိုင်းမကောင်းလို့လား ဖုန်းကို Support မလုပ်​တာလားမ​ပြောတတ်​ပါဘူး)

ပြီးရင်တော့ ၀န်ဇင်းရဲ့ Home Screen ကို ရောက်ရှိပါပြီ။ 
အပေါ်ထိပ်မှာ စာအုပ်များ၊ သတင်းစာများနဲ့ မဂ္ဂဇင်းများ ဆိုပြီး ကဏ္ဍ၃ခုခွဲခြားပြသထားပါတယ်​။

ဝန်ဇင်းမှာ အခကြေးငွေနဲ့ ရောင်းချတဲ့ စာအုပ်များအပြင် အခမဲ့ စာအုပ်များ ကဏ္ဍလည်း ပါရှိပါတယ်။ 
ဝယ်ယူချင်တဲ့ စာအုပ်ကို တစ်ချက်နှိပ်ပါ။ Sample ကို နှိပ်ရင် စာအမြည်းကို ဒေါင်းလုပ်ရယူပေးမှာပါ။ 

ဝယ်ဖို့အတွက် buy ကိုနိပ်​ပါ။နောက်​တဆင့်​မယ်
Comfirm နိပ်​ပါ။

MPT Phone Bill ဖြင့် ၀ယ်ယူရန် MPT ခလုတ်ကို နှိပ်ပါ
ပြင်ပ အရောင်းဆိုင်များမှာ ရောင်းတဲ့ ၀န်ဇင်း ခဲခြစ်ငွေဖြည့်ကဒ်များကို ၀ယ်ယူထားသူဆိုရင်တော့ ငွေဖြည့် ကုဒ်ထည့်ရန်ကို နှိပ်ပါ။

 နိုင်ငံခြားမှ လူများအတွက် Visa/ Master Card များဖြင့် သော်လည်းကောင်း ထိုင်းရောက်မြန်မာများအတွက် truemove ကက်​ဖြင့်​ဝယ်​နိုင်​ပါတယ်​။

Home Screen ရဲ့ ဘယ်ဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး ကိုယ်ပိုင်စာအုပ်စင်ထဲသွားရင် သင်ဝယ်ယူထားတဲ့ စာအုပ်များအပြင် အခမဲ့ ရယူထားတဲ့ စာအုပ်များ၊
ဒေါင်း​လော့အမြည်းများကို
တွေ့နိုင်​ပါတယ်​။


ဖတ်ချင်တဲ့ စာအုပ်ကို တစ်ချက်နှိပ်ရင် ၀န်ဇင်းရဲ့ eBook reader က​နေဖွင့်​​ပေးမှာဖြစ်​ပါတယ်​။

Menu ကနေ ကိုယ်ပိုင်အကောင့်ထဲသွားရင် ငွေဖြည့်ရန် ကဏ္ဍကို တွေ့ရမှာပါ။ 
သင့်ရဲ့ ၀န်ဇင်းအကောင့်ထဲကို ကြိုတင်ငွေဖြည့်ထားနိုင်မှာ ဖြစ်ပါတယ်။ 
လက်ကျန် Credit စစ်ရန်မှာ ကြိုတင်ဖြည့်ထားတဲ့ ငွေရဲ့ လက်ကျန် ပမာဏကို သိနိုင်ပါတယ်။ 

သင့်ဖုန်း ပျောက်သွားလို့ပဲဖြစ်ဖြစ် ၊ ပျက်ဆီးသွားလို့ပဲ ဖြစ်ဖြစ် သင် ၀ယ်ယူထားတဲ့ စာအုပ်များ ပျောက်ဆုံးသွားမှာကို စိတ်ပူစရာမလိုပါဘူး။ 

ဖုန်းအသစ်မှာ သင့်ရဲ့ ၀န်ဇင်းအကောင့်နဲ့ Log In ၀င်ပြီး ၀ယ်ပြီး စာအုပ်များ ပြန်​လည်​ရယူရန်​မှာရယူနိုင်ပါ​တယ်​။

ကိုယ်ပိုင်အချက်အလက်မှာ အကောင့်ကို Log Out လုပ်နိုင်ပါတယ်။ 
ဆိုင်များမှာ ခဲခြစ်ငွေဖြည့်ကဒ်ရောင်းတဲ့ ဆိုင်များရဲ့ တည်နေရာနဲ့ ဖုန်းနံပါတ်တို့ကို တွေ့နိုင်ပါတယ်။

ဝန်ဇင်းရဲ့ Menu ကို နှိပ်ပြီး စာရေးဆရာများ ကဏ္ဍမှာ စာရေးဆရာများကို အက္ခရာစဉ်အလိုက် စီစဉ် ပြသပေးထားပါတယ်။

 နှစ်သက်ရာ စာရေးဆရာရဲ့ စာအုပ်များကို ရှာဖွေနိုင်မှာပါ။ Menu အောက်မှ စာအုပ်အမျိုးအစားများမှာတော့ ကဏ္ဍအလိုက် စာအုပ်များကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဝန်ဇင်းဟာ စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများအတွက် သာမက စာရေးဆရာများကို အကျိုးပြုတဲ့ App တစ်ခုဖြစ်ပါတယ်။ 

အခု App User Guide မှာ Android Version အသုံးပြုနည်းကို ရေးပေးထားတာ ဖြစ်ပြီး iOS Version ကိုလည်း ဖြန့်ချီပေးထားပါတယ်။ 

ဝန်ဇင်းကို Android 2.2 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။






အောက်​ကလင့်​ကလည်းယူရပါတယ်​။





အဆင်​​ပြေပါ​စေ ။

✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ 


✆ သင်​ဖုန်း​လေးပြီးဟန်း​နေရင်​​ပေါ့ပါး​စေ့မဲ့​ဆော့ဝဲလ်✆ 

မိမိဖုန်းမှာRam​တွေတအားစားပြီးစက်​​လေးလို့စိတ်​ညစ်​​နေတဲ့​ဘော်​ဒါများအတွက်​ပါ။

ပထမဆုံးအကြံ​ပေးချင်​တာက​တော့
မိမိရဲ့ဖုန်းမှာအမှန်​တကယ်​သုံးမယ့်​appများကိုသာသွင်းထားပြီးမလိုအပ်​တဲ့​ဆော့ဝဲလ်​နဲ့ဂိမ်းများကိုထုတ်​လိုက်​ပါ
ပြီးရင်​သွင်းထားတဲ့app​တွေက
ဖုန်းမှာသွင်းထားတာဆိုရင်​memory cardကို​ရွေ့​ပေးလိုက်​ပါ။

ဒါဆိုရင်​​တော့ဖုန်းမှာစား​နေတဲ့Ram​တွေတစ်​၀က်​​လောက်​သက်​သာသွားလို့ဖုန်းဟာ​ပေါ့ပါးလာပါလိမ့်​မယ်​...

ပြီးရင်​ကျွန်​​တော်​​ပေးတဲ့ဒီ​ဆော့ဝဲလ်​​လေးကိုထည့်​သုံးကြည့်​ပါ...

ဖုန်းထဲမှာဘာ​ဆော့ဝဲလ်​မှထည့်​မထားသလို​ပေါ့ပါး​နေတာ​တွေ့ရပါလိမ့်​မယ်​...

Full versionဖြစ်​တဲ့အတွက်​playstoreမှာ​တော့ပိုက်​ပိုက်​​ပေးဝယ်​ရပါတယ်​...

ဒီမှာ​တော့free​ပေါ့....။







အောက်​ကလင့်​မှလည်း​ဒေါင်းရပါတယ်​။






အဆင်​​ပြေပါ​စေ..

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


Disable lock ဖြည်နည်း

လိုအပ်​ရင်​​တော့ဝင်​​လေ့လာယူကြည့်​သွားပါခင်​ဗျာ။

လုပ်​နည်းအစုံပုံ​လေး​တွေနဲ့ရှင်းပြထားပါတယ်​။

ပြန်​မျှ​ဝေလည်းရပါတယ်​။

ကျ​နော်​လည်းစုသိမ်းထားတာပါ။


အဆင်​​ပြေကြပါ​စေခင်​ဗျ✏ ✏


✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ 



SONY LOLLIPOP FIRMWARE များ ကို PREROOTED အဖြစ် ပြောင်းလဲခြင်း

SONY ဖုန်းများအတွက် Firmware အသစ်ထွက်လာတိုင်း Root မရသေးသော ပြသနာများ

 မြန်မာစာ မရသေးသော ပြသနာများကြောင့် Version မြှင့်ရန်အတွက် ကြန့်ကြာနေတတ်သည်။ 

ထိုအခက်ခဲများကို ပြေလည် စေရန် မူရင်း Stock Firmware ftf တွင် 
Super su + Dual Recovery ပေါင်းထည့်ကာ Ver Upgrade သော နည်းကို တင်​ပေး​လိုက်ပါတယ်။



♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥