♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, September 12, 2015

Android နှင့်ပက်သက်၍ စတင်လေ့လာသူများနှင့် အနည်းဆုံး သိထားသင့်သည့်အကြောင်းအရာများ

Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့
Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,
ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး
အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်
အနှစ်သာရ မဲ့နေတတ်ပါတယ်၊ 

တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့
အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား
ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊

တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က
မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊

စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System
တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊

Bootloader ဆိုတာဘာလဲ

Bootloader ဘယ်လိုအလုပ်လုပ်တာလဲ

Botloader ရွေးချယ်မှူ

Kernel ဆိုတာဘာလဲ

CWM ဆိုတာဘာလဲ

Firmware နဲ့ ပက်သက်သမျှ

Flashing ဆိုတာဘာလဲ

Rooting ဆိုတာဘာလဲ

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

ADB ဆိုတာဘာလဲ

Baseband ဆိုတာဘာလဲ  

 ဆက်ဖတ်ရန်   >>>>
Bootloader ဆိုတာဘာလဲ

Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို
စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal
Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ
တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point
ပါပဲ၊
Bootloader ဘယ်လိုအလုပ်လုပ်တာလဲ
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊

ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot
Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloader
အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို
0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c
ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux
Kernel image ကို Memory ကနေ ၀င်တင်မယ်၊

Botloader ရွေးချယ်မှူ
Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး
စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
အလွန်အရေးကြီးလှပါတယ်၊ 

Android OS က Open Source ဖြစ်တဲ့ အတွက်
ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android
ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊

ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊

Kernel ဆိုတာဘာလဲ

Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level
Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာက
Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊

Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux
Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android
Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊

ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်
သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ 

Kernel ရဲ့ အဓီက အလုပ်က Hardware
ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ
တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊

Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့
အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen
အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို
ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့
စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊

 အဲ့ဒီ့ အခါမှာ
Kernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ
ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊

ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel
ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware
ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ 

ဒီလို တစ်ခုက
Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်
Hardware ကိုပြန်ပေးပါတယ်၊

အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို
ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် Application
Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ
Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop
လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop
လုပ်ပေးစရာလို့ပါတယ်၊

CWM ဆိုတာဘာလဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း
နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover
လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်
Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access
ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM
ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်
အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို
နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲ
တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊

Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း
memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ
Boot တက်နိုင်ပါတယ်၊ 
အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်
ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်
zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery
လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်
ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့
Options တွေပါလာပါတယ်၊ 

Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update
လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်
အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache
များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ
စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊

ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android
ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android
devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊

Firmware နဲ့ ပက်သက်သမျှ
Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software
program ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install
လုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့
Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android
Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ 

ဖုန်းတိုင်းမှာ မတူညီတဲ့
Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့
ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊
တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory
ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့
သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update
လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmware
ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
Firmware ကိုထည့်ရေးကုန်ကြပါတယ်၊

 ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊
အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read
Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM
ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့
Firmware ကို ROM မထည့်တော့ပါဘူး၊ 

Firmware ကို ဖုန်းရဲ့ internal flash
meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊
ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊

Flashing ဆိုတာဘာလဲ

Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware
ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data
တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs
အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့
Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited
ဝင်ဆောင်မှူကို ရရှိနိုင်ပါတယ်၊

Rooting ဆိုတာဘာလဲ

Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို
လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root access
လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို
စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့
အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့
Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ 

ဒါတင်မကပါဘူး
ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper
Text Transfer Protocol) DHCP (Dynamic Host Configuration Protocol)
(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ
အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက
ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary
commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ 

အခြားအခြား အခြား သော
အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root
လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်

ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software
restrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့
အကြောင်း အမျိုးမျိုးရှိပါတယ်၊ 

တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကို
အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊

ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android
ဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့
ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့
ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ 

ဒီလို
အကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access
ရဖို့ကြိုးစားကြပါတယ်၊
Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက
ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်
မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို
ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလို
ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊

Rooting အကြောင်းကို အသေးစိတ် ရှင်းပြထားတာကို pdf ဖိုင်နဲ့ ရေးပေးထားတာ
ရှိပါတယ်၊ အောက်က လင့်မှာ ဒေါင်းလုပ်ရယူပါ၊

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က
ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software
Restriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့
Operation System ဖြစ်နေပါတယ်၊ 

Custom ROM ဆိုတာကတော့ OS Version
တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device
တစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊
Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM
ဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Custom
ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ 

Android က Open Source ဖြစ်တဲ့ အတွက်
Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်
ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊
ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ 

အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်
ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို
စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊

ADB ဆိုတာဘာလဲ

ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ
သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့
တံတားတစ်စင်းပါ၊ 

Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့
computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client
ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ 

ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ
ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊

ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့
ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB
ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊


Baseband ဆိုတာဘာလဲ

Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း
Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊

Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN
တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့
ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ
တတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)
Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့
bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊

Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions
တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍
ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာ
တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊

Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို
ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ
ရှော့ချပေးနိုင်ပါတယ်၊

ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets
တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့
ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ရေးသားခဲ့တာပါ

 ဒီပိုစ်ကို pdf ဖို်င်အဖြစ်ဒေါင်းလုဒ်ရယူချင်ရင် အောက်ကလင့်မှာရယူနိုင်ပါသည်​။





♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 



သူငယ်ချင်းတို့ရဲ့ကွန်ပျုတာ Screen ကို အသဲပုံလေး ပန်းလေးတွေနဲ့အလှဆင်ကြည့်ရအောင်

သူငယ်ချင်းတို့ရဲ့ကွန်ပျုတာ Screen ကို အသဲပုံလေး ပန်းလေးတွေနဲ့အလှဆင်ကြည့်ရအောင်နော် စိတ်ဝင်စားတယ်ဆိုရင် စမ်းသပ်ကြည့်နော်

 အရမ်းလှတယ်
..လုပ်ပုံလုပ်နည်းကို အောက်မှာပုံလေးနဲ့ရှင်းပြထားပါတယ် အရင်ဆုံး Software လေးကိုဒေါင်းလိုက်ပါနော်.. 

..ပြီးရင် Install လုပ်ပြီးတာနဲ့ မိမိရဲ့ ကွန်ပျုတာ Screen မှာ အသဲပုံနဲ့အတူး ပန်းလေးတွေ အများကြီး ကိုတွေ့ရပါလိမ့်မယ် ပြီးရင် ဘောက်စ်တခုထွက်လာပါလိမ့်မယ် အောက်ကပုံလေးကိုကြည့်လိုက်ပါ ...

Hearts and flowers setting ဆိုတဲ့ဘောက်စ်လေးမှာ အသဲပုံလေးကို အနည်းအများ ဒါမှမဟုတ် အသဲပုံလေးတွေအများကြီးထွက်လာအောင် ကိုယ်ကြိုက်သလောက် ချိန်လို့ရပါတယ် 

ကိုယ်ကြိုက်သလောက်ချိန်ပြီးပြီဆိုရင် ဘောက်စ်လေးကိုပိတ်လိုက်တာနဲ့နောက်ထပ်ဘောက်စ်တခုထွက်လာ ပါလိမ့်မယ်နော် အဲဒီမှာ OK ကိုနှိပ်လိုက်ပါ...

အားလုံးပြီးသွားပြီဆိုရင် မိမိရဲ့ကွန်ပျုတာ Screen ပေါ်မှာ Hearts and flowers ဆိုတဲ့ Software လေးရောက်ရှိသွားပါပြီနော် Screen ပေါ်မှာ အသဲပုံလေးနဲ့ပန်းလေးတွေ လှုပ်ရှားနေပါပြီနော်

ကိုယ်က အသဲပုံလေးတွေကိုမလိုချင်တော့ဘူး ပိတ်လို့ရပါတယ် အသဲပုံလေးတွေကို ဖွင့်ချင်တယ် ပိတ်ချင်တယ် ဆိုရင်အောက်က
ပုံလေးမှာကြည့်လိုက်နော်..





အဆင်​​ပြေပါ​စေ။


❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ 





ရာသီမလာခင်​လူသတ်​ချင်​တဲ့ စာအုပ်​​လေး

ရွှေမင်းသမီးတို့ရဲ့စပ်​စပ်​စုစု​မေးခွန်းများကိုပြန်​​ဖြေ​ပေးထားတဲ့စာအုပ်​​လေးပါ။

မိန်းက​လေး​တွေဖတ်​သင့်​တဲ့စာအုပ်​​လေးပါ​အောက်​မယ်​​ဒေါင်းယူပါ။




အဆင်​​ပြေပါ​စေ ။


♥ ❆ ♥ ❆ ♥ ❆ ♥ :'( ♥ ❆ ♥ ❆ ♥ ❆ 



အခြေခံ Hacking နည်းပညာစာအုပ်

တကယ့်ကိုသိထား သင့်တဲ့အချက်အလက်တွေပါ။ မိမိ Account တွေလုံခြုံရေးအတွက် သေချာလေးတော့လေ့လာထားစေချင် ပါတယ်ဗျာ။ 

ဒီစာအုပ်ကိုမူရင်းရေးသားထားတဲ့ ပညာရှင်ကတော့ မစ္စတာ.မောင်ဘစ်နေ ဖြစ်ပါတယ်ဗျာ။ 

စာအုပ်ထဲမှာတော့ Hacking အကြောင်းကို သေသေချာချာလေး လူပိန်းနားလည်အောင်ရှင်းပြထားတာဖြစ် ပါတယ်ဗျာ။

❆ -1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

❆ -2. "5sec". လောက်စောင့်ပေးပါ။

❆ -3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

❆ -4. Download Link ကျလာပါလိမ့်မယ်။




အဆင်​​ပြေပါ​စေ ။


❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ 



MRTV 4 အစီအစဉ် ကို တိုက်ရိုက်ကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက် Application

နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေ က ဖုန်းနဲ့ MRTV 4 အစီအစဉ် ကို ကြည့်ချင်တယ် ပြောလို့ ဒီ App လေးကို ဆိုဒ်ပေါ် တင်ပေးလိုက်တာပါ။ အရမ်းကိုအဆင်ပြေပါတယ်။

အခု ဆိုရင် Andriod ဖုန်းလေး တလုံးနဲ့ 3G,4G အင်တာနက် လိုင်းရှိရုံနဲ့ မြန်မာလိုင်း MRTV, MRTV 4, MWD (မြ၀တီ) အစရှိတဲ့ လိုင်းအစုံကို အဆင်ပြေပြေနဲ့ ကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်။ 

MRTV နဲ့ MWD (မြ၀တီ) ကို တော့


ဆော့ဝဲလ်နှင့် ကြည့်နည်း ရေးထားပါတယ်။

ဒါတင်မကသေးပါဘူး Astro မှ လိုင်းပေါင်း ၁၀၀ ကျော်ကိုလည်း Andriod ဖုန်းတလုံးထဲမှာပဲ အဆင်ပြေပြေ ကြည့်နိုင်ပါသေးတယ်။ 

❆ ဒီလင့်​​လေးမယ်​ ❆ တင်​ထားပါ​သေးတယ်​။



ကဲ သယ်ရင်းတို့ရေ ဘာလိုသေး လည်းဗျာ။ ကြိုက်ရင် ဆွဲထားဗျာ။ အောက်ကလင့်မှာ MRTV 4 ကြည့်ရမဲ့ App လေးကို စိတ်ကြိုက် ၀င်ဒေါင်း လိုက်ပါ။




အဆင်​​ပြေပါ​စေ ။
ဝင်းကမ္ဘ္ဘာ​ကျော်​မှပြန်​လည်​မျှ​ဝေသည်​။



ပန်းချီဝါသနာရှင်​များအတွက်​လက်​စွဲစာအုပ်

ဝါသနာရှင်​များ​အောက်​မယ်​​ဒေါင်းယူ
လေ့လာနိုင်​ပါတယ်​။




အဆင်​​ပြေပါ​စေ ။


♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ ♥ ❆ 



Friday, September 11, 2015

Android ဖုန်;မှာ Window 7 ပုံစံမျိုး ဒီဇိုင်းပြောင်းသုံးဖို့  Launcher

တကယ့်ကွန်ပျုတာဒိဇိုင်းပြောင်းသွားတာ Restart တွေ Shutdown တွေနဲ့ 
Start Menu တွေနဲ့ Gadget တွေရော 

အတော်လေး ပြည့်စုံတဲ့ Launcher
Android သမားတွေ စမ်းထည့်ကြည့် တကယ့်အလန်းဒီဇိုင်းဖြစ်ပါပြီ ။ 

ကျွန်နော်အရမ်းလေး
စားတဲ့ဆရာတွေ ဆိုဒ်ကနေပြန်လည်မျှဝေပေးလိုက်တာပါ  ဒေါင်းချင်ရင်တော့ အောက်မှာ...ယူပါ





အဆင်​​ပြေပါ​စေ ။


❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ 



hacking ဆိုင်ရာ ဗဟုသုတများ

Hacking, Cracking, Wifi Network
ပိုင်း လေ့လာလိုသူများအတွက် တန်ဖိုးရှိတဲ့ မှတ်စုများ၊ ebook များ
စုစည်းပေးထား တာဖြစ်ပါတယ်.

. hack ဖို့ စိတ်မ၀င်စားသည့်တိုင် hacking
ဆိုင်ရာ ဗဟုသုတများ ရရှိပြီး ကိုယ်တိုင်လည်း hacker များရန်မှ ကင်းဝေးအောင်
ရှောင်ရှားနိုင်မှာဖြစ်ပါတယ်.

. keylogger, phishing အကြောင်း၊ botnet
အကြောင်း၊ backtrack အကြောင်း၊ wifi အကြောင်းများ အပြင် ....

Facebook hack ခံ ရခြင်းမှ ဘယ်လိုကာကွယ်မလဲ

facebook လော့ကျလျှင်ပြန်ယူနည်း

GMAIL မှားယွင်းဖျက်မိသောcontact များကိုပြန်လည်ရယူခြင်း

Hacker တွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများ

IP address သိရင် ဘယ်လို hack လို့ရနိုင်သလဲ

Wifi မှန်သမျှ လွယ်လွယ်ဟက်မယ်.... စသည်နှင့် အခြားစာအုပ်ပေါင်းများစွာ.. ပါဝင်ပါတယ်..


    အောက်ကအဆင်ပြေရာလင့်မှာ ဒေါင်းယူနိုင်ပါတယ်..\မူရင်းဆရာအား​ကျေးဇူးပါ။







အဆင်​​ပြေပါ​စေ ။


❆ ❀ ❆ ❀ ❆ ❀ ❆ ❀ ❆ ❀ ❆ ❀ ❆ ❀ ❆ ❀ 




Android အတွက် MP4 တွေကို MP3 ပြောင်းတဲ့Video တည်းဖြတ်ဆော့ဝဲ လ်

ဖုန်းထဲကနေ ပြောင်းချင် ဖြတ်ချင်တောက်ချင်ဆို ကောင်းတယ်။ Pro လေးပါ

Pro version ဆိုတော့ Feature အပြည့်သုံးရတယ်။

သုံးချင်အောက်ကလင့်မှာယူပါ။




အဆင်​​ပြေပါ​စေ။
.


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 



Thursday, September 10, 2015

Lock screen အားရပါးရစွဲapk

လန်းလန်း​လေး
သုံးချင်​ကြသူများအတွက်
ပြန်မျှေ​ပးလိုက်​ပါတယ်

နာမည်ေ​လးလန်း​သလိုအကြိုက်​​တွေ့​စေမှာပါ ​အောက်​မယ်​​ဒေါင်းယူသွားပါ။
ဆေးရိုးသည်​မှပြန်​လည်​တင်​​ပေးပါသည်​။





အဆင်​​ပြေပါ​စေ ။


❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ 



Css and html မြန်​မာလိုစာအုပ်​များ

HTML second edition


HTML မိတ်ဆက်


CSS အတွက်


ကိုစေတန်ဂေါ့ ရေးထားတဲ့ စာအုပ်လေးတွေပါ


❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ 



အင်တာနက် ဆိုင်ရာ Network ပိုင်းကို ပိုင်နိုင်စွာ သေချာ ရှင်းလင်းထားတဲ့ စာအုပ်

အသုံးဝင်​စာအုပ်​​လေးမို့ပြန်​လည်​မျှ​ဝေ
လိုက်ပါတယ်​။

အောက်​မယ်​ကြိုက်​ရာလင့်​မှ​ဒေါင်းယူပါ







အဆင်​​ပြေပါ​စေ ။


★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 


Tuesday, September 8, 2015

Web Developer ,Web Designer ၀ါသနာရှင်တွေအတွက် PHP စာအုပ် pdf

PHP ဆိုတာ  Dynamic Web Pages မှာ  အသုံးပြုဖို့ အတွက် ပေါ်ပေါက်လာတဲ့
Scripting Language ဖြစ်ပါတယ် ။ 

Web Developer ,Web Designer ၀ါသနာရှင်
လူငယ်များ လေ့လာဖို့ ကောင်းတဲ့ Programming  မြန်မာ စာအုပ်တစ်အုပ်ပါ ။

Credit   >>>>>   မောင်(စွယ်စုံကျမ်း)





အဆင်​​ပြေပါ​စေ ။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 


သင့် Website (သို့) Blog ဘယ်လောက် တန်သလဲ သိချင်ရင်

ဒီလို တွက်ချက် တာကို Blog နဲ့ website ပိုင်ရှင်တွေ စိတ်ဝင်စားကြမှာပါ...

မိမိတို့ရဲ့ Blog ဒါမှ မဟုတ် website တွေ ဒေါ်လာငွေ ဘယ်လောက် တန်တယ်ဆိုတာ

အောက်​မယ်​pdf ​လေး​ဒေါင်းကြည့်​ပြီးစစ်​​ပေ​တော့ဗျာ။






☺ ☺ အဆင်​​ပြေပါ​စေ။


❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ 



မိသားစုနေ့စဉ်သုံး ဟင်းချက်နည်းအမျိုးမျိုးစာအုပ်နှင့် မုန့် လုပ်နည်းစာအုပ်

အိမ်ထောင်ကျခါစဇနီးမောင်နံတွေနဲ့ မြန်မာဟင်း ထမင်းလေးတွေကို
နှစ်သက်ပြီးစားသောက်ကျတဲ့ သူငယ်ချင်းများအတွက် အထူးရှယ်ပေါ့ဗျာ..:)

ကျနော်တို့က မြန်မာလူမျိုးတွေဆိုတော့ မြန်မာ ထမင်း မြန်မာဟင်းတော့ ကြိုက်ကျလိမ့်မယ်ထင်တယ်ဗျာ။

စားချင်သောက်ချင်သော်လည် ချက်ရေးပြုတ်ရေး မလုပ်တတ်မကိုင်တတ်တဲ့ အိမ်ထောင်ကျပြီးခါစ မိန်းခလေး သူငယ်ချင်းအတွက်တော့အထူးပဲဆောင်ထားသင့်တဲ့စာအုပ်တစ်အုပ်ပါ။

ကျနော်အိမ်မှာဆိုရင် တစ်နေ့တစ်နေ့ ဘာဟင်းချက်ရမှန်းတောင်မသိတော့တဲ့ ဘဝရောက်နေတယ်ဗျာ..:P

ကိုယ့်ကလဲ ဘဲဥ နဲ့ ကြက်ဥလောက်ပဲ ကြော်တတ်တာဆိုတော့ ပိုဆိုးတာပေါ့ဗျာ။

မိသားစုနေ့စဉ်သုံး ဟင်းချက်နည်းအမျိုးမျိုးစာအုပ် ဆိုတာလေးကို သွားတွေ့တော့ ဟင်းချက်နည်းတွေဖတ်ပြီး
လုပ်စားကိုင်စားချင်စိတ်လေးပေါက်လာတယ်ဗျာ။

တစ်ကယ်ပဲ ပြည်ပရောက်နေတဲ့ သူငယ်ချင်းများလဲ
အစားကောင်းအသောက်ကောင်းလေးတွေကို 

ကိုယ့်တိုင်းချက်စားချင်တဲ့ စိတ်လေးပေါ်လာတဲ့အခါမျိုးကျရင်
ဒီစာအုပ်လေးက သူငယ်ချင်းတို့ကိုလုံးဝအထောက်ကူပြုစေမှာဖြစ်ပါတယ်ဗျာ။
ဟင်းကောင်းထမင်းကောင်းချက်စားနိုင်ကျပါစေဗျာ။






အဆင်​​ပြေပါ​စေ ။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ 


Networking ၀ါသနာပါသူအတွက် ကွန်ပျုတာအချင်းချင်း ချိတ်ဆက်နည်း pdf

လိုအပ်​ရင်​​ဒေါင်းယူသွားပါခင်​ဗျ။

မောင်​စွယ်​စုံကျမ်းမှသိမ်းဆည်းမျှ​ဝေတာပါ။
အောက်​မယ်​ယူပါ။







အဆင်​​ပြေပါ​စေ။


❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ 


Photoshop သုံးပြီး Website ဒီဇိုင်းရေးဆွဲတတ်ချင်သူတို့ အတွက် နည်းလမ်းများ

သိမ်းထားတဲ့စာအုပ်​​လေးပြန်​မျှလိုက်​ပါတယ်​။

အောက်​မယ်​​ဒေါင်းယူပါ။




အဆင်​​ပြေပါ​စေ ။

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ 


Monday, September 7, 2015

ဖုန်းfree call ​ခေါ်ဆိုမယ်​(ဝင်​ကြည့်​ပါစာဖတ်​​နော်​​သေချာ)

အားလုံးပဲ စိတ်ဝင်စားမယ်လို့ ထင်ပါတယ်ဗျာ..:P ။
ကျနော်သူငယ်ချင်းတို့ ကို Android  Application တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။

သူငယ်ချင်းတို့အတွက် ဆန်းဆန်းပြားပြားဖြစ်ချင်မှဖြစ်မယ်..:) ကျနော်အတွက်တော့
နည်းနည်းထူးဆန်းနေပါတယ်။

ကျနော် တစ်နေ့ပျင်းပျင်းနဲ့ Playstore မှာဝင်ကလိတော့
Internationel Calling Apk တစ်ခုကိုသွားတယ်တွေ့တယ်ဗျာ။

အဲတာနဲ့ ဖုန်းထဲ့ ထည့်ပြီး သိတဲ့ အတိုင်းပဲ Free Call ဆိုတော့ အနားမှာရှိတဲ့ ဖုန်းတစ်လုံးစမ်းပြီး
ခေါ်ကြည့်တယ်ဗျာ...:) ထင်တောင်မထားဘူး ဖုန်းဝင်သွားတာပေါ့။

သေခြားအောင်လို့ နောက်ထပ်ဖုန်းတစ်လုံးထပ်ခေါ်ကြည့်တယ်ဗျာ....
ရနေပြန်ရော....:P  ....အဲတော့ ကြိုက်သွားတယ်.....

သူငယ်ချင်းတွေကိုလဲ ပြန်မျှဝေမယ်လို့
စိတ်ထဲ့မှာ တွေးထားလိုက်တယ်။ Internationel Call ဆိုတော့ ကျနော်မြန်မာပြည်ကို ထိုင်းကခေါ်ရင်လဲ
ရမှာပဲလို့တွေးမိတယ်....

အဲတာနဲ့ မြန်မာပြည်က အမေ့အိမ်ကို ခေါ်ကြည့်တယ်....
ဖုန်းဝင်သွားပါတယ်ဗျာ....အလွန်ဝမ်းသာသွားတယ်....ဟီး ...

မိမိရှိမှာတော့ Internat လိုင်းရှိနေရပါမယ်...ကိုယ့်ခေါ်မယ်ဖုန်းမှာတော့ အင်တာနက်လိုင်း ရှိဖို့မလိုပါဘူး။

လက်ရှိကျနောတင်ပေးတဲ့ Apk ကိုလဲ ထည့်ထားစရာမလို့ပါဘူး....နော်.

အမြဲတမ်းတော့ Free Call ရနေမှာမဟုတ်ပါဘူး...ကိုယ့်က အမြဲတမ်း Free Call အဖြစ်နဲ့သုံးချင်ရင်တော့
Application ရဲ့ အပေါ်ဆုံးက Free$  ဆိုတဲ့နေရာမှာ Facebook ကသူငယ်ချင်းတွေ Twitter ကသူငယ်ချင်းတွေ Gmail ထဲ့က ဘော်ဒါတွေကို Invite လုပ်ရပါမယ်...

အဲတာဆိုရင် တော့ OK တယ်ဗျာ...ဟီးး...ကျနော်တော့ ရှိရှိသမျှ အကောင့်တွေထဲ့ကသူငယ်ချင်းတွေကို
Invite လုပ်တယ်..။

သူက Invite လုပ်လို့ တစ်ယောက် Confirm ပြန်လုပ်ရင် ပြား 50$ ပြန်ရမယ်.။

၂ ယောက်က Confirm ပြန်လုပ်ရင်တော့ 1$ ဒေါ်လာ အများကြီး လုပ်နေမယ်ဆိုရင်တော့ ..
ဖုန်းအကြိုက်ပြော ဟီးးး....တစ်ပြားမှ ကုန်တော့ဘူး။
အိုင်ဖုန်း သုံးတဲ့သူငယ်ချင်းများအတွက်လဲ အောက်မှာလင့်ပေးထားပါတယ်

စတင်အသုံးပြုမယ်ဆိုရင်တော့ Gmail အကောင့် တစ်ခု သို့ မဟုတ် အခြား Mail တစ်ခု
ခုရှိရပါမယ်။ 

Apk ကို ဖုန်းထဲ့ install လုပ်ပြီးတော့ ဖွင့်တဲ့ အခါကျရင် Register လုပ်ရပါမယ်။

အကောင်းဆုံးကတော့ Gmai အကောင့်တစ်ခုနဲ့ လုပ်တာအကောင်းဆုံးပဲဗျာ..

Password ကိုတော့ မိမိ ကြိုက်နှစ်သက်ရာ ပေးပြီး မှတ်ထားပေါ့ဗျာ.။

အဲတာဆိုရင်တော့ ဖုန်း Free Call စခေါ်လို့ရပါပြီ။ ကျနော်တို့ Register လုပ်တော့ သူတို့က 1$ ဒေါလာပေးပါတယ်။ မိမိ Content လုပ်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို သာမန်ဖုန်းခေါ်သလို့မျိုးပဲ
စခေါ်ကြည့်ပါ။Caller ID ကိုတော့ Off ပေးထားနော်.။

အောက်မှာ ကျနော် ဖုန်းစမ်းခေါ်ထားတာလေးကို Videos ရိုတ်ပြီးပြန်တင်ပေးထားပါတယ်။


   Android  Free Calll Apk 




အဆင်​​ပြေပါ​စေ ။

အိုင်​တီအိမ်​မက်​မှပြန်​လည်​မျှ​ဝေသည်​။

♕ ❀ ♕ ❀ ♕ ❀ ♕ ❀ ♕ ❀ ♕ ❀ ♕ ❀ ♕ 


Website ဒီဇိုင်နာလုပ်ချင်သူများနဲ့ ဆော့ဝဲရေးဆွဲတတ်ချင်သူအတွက်စာအုပ် pdf

ဒီစာအုပ်လေးက အထက်တန်းကျောင်းသား ၉တန်း ဆယ်တန်း သမားအဆင့်အထိ

အခြေခံကျကျ အသေးစိတ်ရေးထားတာမို့ ပရိုဂရမ်ဆွဲတာ ၀ါသနာပါသူများအတွက်
အလွန်အဆင်ပြေစေမယ့်စာအုပ်ပါ ။ 

သဘောတရားတွေ ရေးဆွဲနည်းနဲ့  ကုဒ်တွေရဲ့
ရည်ညွှန်းချက် တွေကို သဘောပေါက်အောင်  လေ့လာသင့်တယ် ။ 

အခြေခံကစပီး
အားလုံးအတွက် အသုံးဝင်တဲ့ ဆော့ဝဲတွေ ၊ ၀က်ဆိုဒ်ဒီဇိုင်းတွေ  ရေးဆွဲနိုင်ကြစေဖို့ 
ထပ်ဆင့်မျှဝေလိုက်ပါတယ်

ဝက်ဆိုဒ် ဒီဇိုင်း ကိုယ်ပိုင်ဆွဲဖို့  HTML အပိုင်းကို  အခြေခံကျကျ  လေ့လာလို့ ရပါပြီ

အခြေခံပညာသင်များ လေ့လာမယ်ဆို အောက်ကလင့်မှာ ယူဖတ်လိုက်ပါ..........။
Credit   >>>>>   မောင်(စွယ်စုံကျမ်း




အဆင်​​ပြေပါ​စေ ။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ 


Lock Screen မှာ မြန်မာလို ရက်စွဲ၊နာရီ ဖော်ပြပေးမယ့် SYT LOCK(GO Locker)

ပုံမှမြင်တဲ့အတိုင်းပဲ...Lock Screen မှာ နာရီ၊ရက်စွဲ၊နေ့ည တို့ကို မြန်မာလိုဖော်ပြပေးပါတယ် နောက်ခံမော်ဒယ်လေးတွေကလည်းလန်းပါဘိ.ခိ...

အမှန်တော့ Go Locker ပါ...ကျွန်တော် customize လုပ်ထားတာပါ မပြည့်မစုံပါဘူး..

၁။ ပထမဆုံးဒေါင်းလုပ်ဆွဲလို့ရတဲ့ SYT Locker ကို အင်စတောလုပ်ပါ..ဖွင့်လိုက်ပါ next ကိုနှိပ်ပေါ

၂။ဒါဆိုရင် Go lock လေးထွက်လာပါမယ် Go locker ကို အင်စတောလုပ်ပါ..ပြီးရင် Run ပါ ပထမဆုံး ပေါ်လာတဲ့ Theme ကိုဒေါင်းလုပ်ဆွဲခိုင်းတာကို အပေါ်က ကြက်ခြေခတ်နှိပ်ပြီး ပိတ်ပါ ဒါဆို ပါပြီးသား Theme သုံးခုတွေ့ပါမယ် အဲဒီမှာ SYT (ဆေးရိုးသည်) Theme ကိုရွေးပေါ... Apply ပါ...နောက်ခံတို့ နာရီတို့ကို ပြင်ချင်ရင် အပေါ်ဆုံးညာဘက် setting icon ကိုနှိပ်ပြီးပြင်နိုင်ပါကြောင်း




ပြန်​မျှတာပါ။ဆေးရိုးသည်​မှ

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ 


Wi Fi Network လုံခြုံရေး စာအုပ်

Wi Fi Network လုံခြုံရေးအတွက် အချက်များ
ကျနော်တို့ မြန်မာနိုင်ငံတွင် WiFi ကို တော်တော်များများအသုံးပြုလာကြသော်လည်း အသုံးပြုသူအများစု နှင့် တပ်ဆင်ဆောင်ရွက်ပေးသူ အများစုသည် WiFi Network Security ကို အလေးထားအသုံးပြုကြခြင်းမရှိကြသလို အသုံးပြုတတ်ခြင်းများလည်း မရှိကြပါ။

 မိမိ၏ WiFi Network ကို ခိုးယူသုံးစွဲ၍ အင်တာနက်အသုံးပြုခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း နှင့် မလိုအားလပ်သော ပြသနာများမဖြစ်စေခြင်းတို့ အတွက် သင်၏ WiFi Network ကို လုံခြုံရေး အကာကွယ်များ ရယူတပ်ဆင်ထားရှိသင့်သည်။

အောက်တွင် သင်၏ WiFi Network လုံခြုံရေးနှင့် ပက်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များကို ကျနော် သိရှိလေ့လာထားသလောက် ပြန်လည် ဝေငှ ရေးသားပေးပါမည်။

1.Change Default Administrator Passwords ( User Names )
သင် အသုံးပြုနေသော WiFi Router သို့မဟုတ် WiFi Access Point တွင် network setting configuration ပြုလုပ်ရန် web access ပါရှိသည်။ ၎င်းတွင် Login Screen ပါရှိပြီး  user name & password ရိုက်ထည့်ပေးရသည်။

WiFi access point နှင့် Router ထုတ်လုပ်သော စက်ရုံမှ ထုတ်လုပ်လိုက်စဉ်က တစ်ပါတည်းပါလာသော user name & password များကို ပြောင်းလဲပစ်ရမည်။ 

အဘယ်ကြောင့်ဆိုသော Product အလိုက် Default password များကို internet ပေါ်တွင် အလွယ်တကူ ရှာဖွေ၍ သုံးစွဲနိုင်သောကြောင့်ဖြစ်သည်။ 

ဥပမာ။     ။ Linksys router အတွက် password သည် admin ဖြစ်ပြီး၊ SMC router အတွက် password သည် smcadmin ဖြစ်သည်။ 

ထို့ကြောင့် သင်၏ WiFi Network ကိုခိုးယူသုံးစွဲရန် ကြိုစားအားထုတ်သူသည် သင်၏ password ကို အလွယ်တကူ ခန့်မှန်းသိရှိနိုင်သည့်အတွက် Default Password များကို ပြောင်းလဲသုံးစွဲပါ။ 

သင်၏ WiFi access point နှင့် Router ကို ခိုးယူသုံစွဲသူသည် ၀င်ရောက်ချိတ်ဆက်နိုင်သွားပါက သင်၏ WiFi Network တစ်ခုလုံးကို မောင်ပိုင်စည်း၍ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်နိုင်သွားပေတော့သည်။ 

ပိုင်ရှင်ဖြစ်သော သင်ကိုယ်တိုင်ပင်လျှင် WiFi Network ကို အသုံးမပြုနိုင်အောင် လုပ်သွားနိုင်ပေမည်ဖြစ်ရာ ဤအချက်သည် အလွန်တရာ အရေးကြီးပေသည်။

သင်၏ password ကို ပေးရာတွင် ခန့်မှန်းရလွယ်ကူသော စကားလုံးများ၊ အမည်များကို မပေးသင့်ပေ။ 

ရှုပ်ထွေးသောစကားလုံးများကို အနည်းဆုံး စာလုံးရေ 8 လုံး ထားရှိပေးရမည်။
2. Turn on ( Compatible ) WPA/ WEP Encryption
အခုနောက်ပိုင်း ထုတ်လုပ်သော WiFi equipment တော်တော်များများတွင် encryption အထောက်အပံ့များ ပါဝင်ကြသည်။

 Encryption နည်းပညာကို အသုံးပြု၍ Data နှင့် Message များ ပေးပို့ခြင်းသည် အလွယ်တကူ ကြားဖြတ်ပြီး ခိုးယူသုံးစွဲရန် ခက်ခဲသဖြင့် wireless network ကို စိတ်ချစွာ အသုံးပြုနိုင်စေသည်။ WiFi နည်းပညာကို အသုံးပြုရာတွင် အမျိုးမျိုးသော Encryption နည်းပညာများကို အသုံးပြုနိုင်သည်။

နည်းပညာများမှာအောက်ပါအတိုင်းဖြစ်သည်။
   1. IEEE 802.11( WEP Encryption ) နည်းပညာ
၎င်းနည်းပညာတွင် open system နှင့် shared key authentication methods ကို အသုံးပြုသည်။ WEP Encryption တွင် 40 bits သို့မဟုတ် 104 bits encryption key ကို အသုံးပြုသည်။  WEP နည်းပညာတွင် encryption key တစ်ခုတည်းကို အများ ၀ိုင်းဝန်းသုံးစွဲရသည်။ 

လုံခြုံမှု အားနည်းချက်များစွာရှိသောကြောင့် လုံခြုံမှု အနည်းငယ်သာလိုအပ်သောလုပ်ငန်းနှင့် အိမ်တွင်းသုံး WiFi Network များမှာသာ အသုံးပြုသင့်သည်။

(802.11 with WEP (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008)
   1. IEEE 802.1X
IEEE 802.1X နည်းပညာသည် IEEE 802.11 ထက်ပိုမို၍ လုံခြုံမှု ရှိသည်။ 

Network အရွယ်အစား အလယ်အလတ်နှင့် အကြီးစားတို့တွင် အသုံးပြုသည်။ user တစ်ဦးချင်း ကိုယ်ပိုင် user name နှင့် password တို့ကို အသုံးပြု၍ ရရှိရန်အတွက် IEEE 802.1X network တွင် RADIUS Server, Account Data Base Server / Active Directory Domain Controller Server တို့ကို တွဲဖက် အသုံးပြုကြရသည်။

 Extensible Authentication Protocol (EAP) ကို အသုံးပြုသည်။
(802.1X (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008))

မှတ်ချက်။        ။ အချို့ WLAN Card များသည် IEEE 802.1X တွင် အလုပ်မလုပ်ပါ။

   1. Wi-Fi Protected Access (WPA)
အားနည်းချက်ရှိသော WEP Encryption ကို ပို၍ ကောင်းမွန်သော Wi-Fi Protected Access (WPA)
နည်းပညာဖြင့် အစားထိုးသည်။ 

ပိုမို၍ ခိုင်ခံကောင်းမွန်သော Temporal Key Integrity Protocol ( TKIP )ဖြင့် အစားထိုးတပ်ဆင်သည်။ optional အနေဖြင့် Advanced Encryption Standard ( AES ) ကိုလည်းအသုံးပြုနိုင်သည်။

   1. WPA-Personal
Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။

   1. WPA-Enterprise
အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။

WPA (Windows Vista, Windows XP with SP2, Windows XP with Service Pack 1 [SP1] and the Wireless update rollup package for Windows XP, Windows Server 2003 with Service Pack 2, Windows Server 2003 with Service Pack 1, and Windows Server 2008)

   1. Wi-Fi Protected Access 2 (WPA2)
WEP Encryption နည်းပညာနှင့် IEEE 802.11၏ အခြားလုံခြုံမှုအားနည်းချက်များကို ပြင်ဆင်ထားသော IEEE 802.11i စံနစ်ဖြစ်သည်။ 

TKIP နှင့် AES encryption နည်းပညာနှစ်မျိုးစလုံးကို အသုံးပြုရသော နည်းစံနစ် ဖြစ်သောကြောင့် WLAN Card တော်တော်များများနှင့် ကိုက်ညီရန် လိုအပ်ချက်များစွာရှိသည်။ 
လုံခြုံရေးအဆင့်အတန်း မြင့်မားပါသည်။

   1. WPA2-Personal
Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။

   1. WPA2-Enterprise
အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။
WPA2 (Windows Vista, Windows XP with SP2 and the Wireless Client Update for Windows XP with Service Pack 2, Windows Server 2003 with Service Pack 2, and Windows Server 2008)

သင် အသုံးပြုသော WiFi router, WLAN Access Card equipment နှင့် OS ပေါ်တွင် မည်သည့် Encryption နည်းပညာကို အသုံးပြုနိုင်သည်ကို ဦးစွာပထမ လေ့လာရမည်။ သို့မှသာ မည်သည့်နည်းပညာကို သုံးစွဲရမည်ကို ဆုံးဖြတ်ရမည်။

3. Change the Default SSID
Access Point နှင့် Router တော်တော်များသည် SSID ဟူသော ကွန်ယက်အမည် စံနစ်ကို အသုံးပြုကြသည်။

ပစ္စည်းထုတ်လုပ်သူတို့သည်၎င်းတို့၏ပစ္စည်းများတွင် ကုန်အမှတ်တံဆိပ်၏အမည်ဖြင့် SSID ကို သတ်မှတ်ပြီး ရောင်းချလေ့ရှိသည်။
ဥပမာ။     ။ Linksys သည် သူ၏ SSID ကို Linksys ဟု သတ်မှတ်ပေးထားသည်။

ထိုကြောင့် SSID ကို network security setting စတင်အသုံးပြုလျှင် ပြုခြင်း ပြောင်းလဲသုံးစွဲပစ်မှသာ မိမိသုံးစွဲနေသော Access Point နှင့် Router အမျိုးအစားတို့ကို မသက်ဆိုင်သူများ အလွယ်တကူ မသိရှိနိုင်သဖြင့် ခိုးယူသုံးစွဲရန် ခက်ခဲစေသည်။

4.Enable MAC Address Filtering
Access Point , Router နှင့် WLAN Access Card equipment များတွင် မတူညီနိုင်သော သီးခြားသတ်မှတ်ထားရှိသော  ကိုယ်ပိုင်အမှတ်ဟုနားလည်နိုင်သည့် physical address ခေါ် MAC Address တစ်ခုစီပါရှိသည်။ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များတွင် ပါသော frame အမှတ်ကဲ့သို့ဖြစ်သည်။ 

Access Point , Router တို့သည် ၎င်းတို့လာရောက်ချိတ်ဆက်သော WLAN equipment များ၏ MAC Address များကို ကိုင်တွယ်သိမ်းဆည်းထိမ်းသိမ်းကြသည်။

 သင်၏ WiFi Network တွင် အသုံးပြုမည့် WLAN equipment များ၏ MAC Address များကိုသာ စီစစ်ကန့်သတ်၍ ချိတ်ဆက် ခွင့်ပြုခြင်းသည် လုံခြုံမှုကာကွယ်ရေး အဆင့်တစ်ဆင့်အနေဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

သို့သော် Hacking program တစ်ချို့ကို အသုံးပြု၍ hacker များသည် MAC Address clone ပြုလုပ်ပြီး network ကို ချိုးဖောက် ခိုးယူအသုံးပြုနိုင်ပါသေးသည်။

5.Disable SSID Broadcast
WiFi Network တွင် AccessPoint နှင့် Router တို့သည် ပုံမုန်အားဖြင့် network name ( SSID) ကို လေထုထဲသို့ အကွာအဝေးတစ်ခုအထိ ပုံမှန် (Broadcast )လွှင့်ထုတ်ပေးသည်။ ၎င်း feature သည် access point အား သုံးစွဲသူ client တို့က WiFi Network ချိတ်ဆက်ရာတွင် အသုံးပြုနိုင်သည့် ဧရိယာ (WiFi Network Range ) အတွင်း ရှိခြင်း၊ မရှိခြင်း ကို  သိသာထင်ရှားစွာ မြင်တွေ့နိုင်ရန်အတွက် အသုံးပြုသည်။ 
၎င်း feature ကြောင့်ပင်လျှင် Hacker များအား WiFi network ရှိကြောင်းကို အလွယ်တကူ သိရှိစေနိုင်သည်။ ကံကောင်းထောက်မစွာပင် AccessPoint နှင့် Router တို့တွင် SSID Broadcast ကို Disable လုပ်နိုင်သော setting ပါရှိသည်။ မိမိ၏ အိမ် နှင့် လုပ်ငန်းတွင် ၎င်း feature ကို မလိုအပ်လျှင် ပိတ်ထားခြင်းဖြင့် မသက်ဆိုင်သူများ မိမိ၏ WiFi Network ကို အလွယ်တကူ မတွေ့မြင်နိုင်စေ၍ လုံခြုံမှု အဆင့်အတန်း တိုးမြှင့်ရာ ရောက်ပါသည်။

6.Do Not Auto-connect to Open WiFi netwoks
သင်၏အိမ် (သို့) လုပ်ငန်း ပတ်ဝန်းကျင်အနီးအနားတွင် router များ accesspoint များ ရှိနေပါက သင်၏ ကွန်ပျူတာနှင့် WiFi ချိတ်ဆက်နိုင်သော equipment များတွင်ပါရှိသော WiFi connection အလိုအလျောက် ချိတ် ဆက်နိုင်သည့် "Automatically connect to available networks" setting များကို ပိတ်ထားပါ။

 ထိုသို့ ပြုလုပ်ခြင်း သည် သင်၏ data နှင့် network လုံခြုံရေးကိုအဆင့်မြှင့် ထိန်းသိမ်းဆောင်ရွက်ရာ ရောက်ရှိစေသော အချက်တစ်ချက် ပင်ဖြစ်သည်။

7. Assign Static IP address to Devices
များသောအားဖြင့် အိမ်သုံး WiFi network များတွင် ကွန်ယက် ချိတ်ဆက်မှုလွယ်ကူစေရန် DHCP Setting များကို တပ်ဆင်ထားကြသည်။ 

ထိုသို့ပြုလုပ်ခြင်းသည် မသက်ဆိုင်သူများအား မိမိ၏ WiFi ကွန်ယက် Configuraton Setting များကို အလွယ်တကူရရှိ ချိတ်ဆက်နိုင်စေပြီး  မိမိ၏ ကွန်ယက်ကို ချိုးဖောက်ဝင်ရောက်ရန် အတွက် လွယ်ကူသောနည်းလမ်းတစ်ခု ပေးထားသလိုဖြစ်နေပေသည်။ 

ထို့ကြောင့် DHCP ကို အသုံးမပြုဘဲ static ip address များကို သာ သတ်မှတ် သုံးစွဲသင့်သည်။ static ip address များကိုသုံးစွဲရာတွင်လည်း အများစု အသုံးပြုတတ်သော ip address များကိုအသုံးပြုခြင်းများမှ ရှောင်ရှားသင့်သည်။

ဥပမာ။      ။ အများစု အသုံးပြုတတ်သော static ip address များ= 192.168.1.x ,192.168.x.x
8.Enable Firewalls on Each computer and the Router
ခေတ်မီ router များတွင် Firewall ကာကွယ်ရေးစံနစ်များ တပါတည်းပါရှိကြပါသည်။

သို့သော် များသောအားဖြင့် Firewall ကာကွယ်ရေးစံနစ်များ ကာကွယ်ရေးစံနစ်များကို အသုံးမပြုကြဘဲ ပိတ်ထားကြသည်သာများပါသည်။ သင်၏ ကွန်ယက်လုံခြုံမှု ရှိစေရန် Firewall ကာကွယ်ရေးစံနစ်များ ကို သေချာ စွာတပ်ဆင်သင့်ပါသည်။ 

ထို့အတူ သင်၏ ကွန်ပျူတာတိုင်းတွင်လည်း Firewall ကာကွယ်ရေးစံနစ်များကိုသေချာစွာတပ်ဆင်အသုံးပြုရပါမည်။

9.Position the Router or Access Point Safely
WiFi signal များသည် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ ရောက်နိုင်ပါသည်။ အိမ်၏ပြင်ပ သို့ အင်အားနည်းပါးသော WiFi signal များသာ ရောက်ရှိနေလျှင် အကြောင်းမဟုတ်သော်လည်း WiFi ကွန်ယက်ကောင်းမွန်စွာ ချိတ်ဆက်နိုင်သည့် WiFi signal များ ပြင်ပသို့ရောက်ရှိနေပါက မသက်ဆိုင်သူများအား သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ပေးထားသလိုဖြစ်နေပါသည်။

ထို့ကြောင့် Router (သို့) Access Point များကိုတပ်ဆင်ရာတွင် WiFi signal များ ပြင်ပသို့မရောက်ရှိအောင် သင်၏ အိမ် (သို့) လုပ်ငန်း နေရာအလယ် တည့်တည့်တွင် တပ်ဆင်သင့်ပါသည်။

 ပြတင်းပေါက်များ အနီးတွင် တပ်ဆင်ခြင်းရှောင်ကြင်ရပါမည်။
အဆင့်မြင့် Router နှင့် Access Point များတွင် WiFi signal များ လိုအပ်သလို ချိန်ညှိနိုင်သော setting များပါရှိ၍ သင် လိုအပ်သော singal power ကို ချိန်ညှိထားရှိချင်းဖြင့် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ WiFi signal များ ရောက်ရှိပြီး မသက်ဆိုင်သူများက သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ကို  ကာကွယ်တားဆီး ရာရောက်ပါသည်။

10. Turn off the Network During Extended Periods of Non-Use
WiFi Network လုံခြုံမှုများကိုတိုင်းတာချက်အရ WiFi စနစ်ကို အသုံးပြုရန် မလိုအပ်သောအခါတွင် ပိတ်ထားခြင်းသည် ၁၀၀ရာခိုင်နှုန်း လုံခြုံစိတ်ချရ ခြင်းဖြစ်ပေသည်။ 

သင်သည် တခါတရံမျှသာ WiFi စနစ်ကို အသုံးပြုသူဖြစ်လျှင် အသုံးမပြုသော အချိန်များ၌WiFi စနစ်ကို ပိတ်ထားပါ။

ဥပမာ။      ။ သင်သည် desktop computer များကို ကြိုးဖြင့်ချိတ်ဆက်အသုံးပြုသော Ethernet စနစ်ကို အသုံးပြုပြီး၊ WiFi စနစ်ကို laptop များသာ အသုံးပြုလျှင် laptop ကို အသုံးမပြုသည့်အချိန်တွင် သင်၏ router ရှိ Wireless စနစ်ကို ပိတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

အထက်ပါလုံခြုံရေးအချက်များသည် အခြေခံကျသော ကာကွယ်မှုစံနစ်များဖြစ်သော်လည်း အကောင်းဆုံး ကာကွယ်ရေးစံနစ်များဟု မပြောပါ။ လုံးဝ ကာကွယ်တားဆီးမှုမရှိသော အခြေအနေဖြင့်ဆိုလျှင် အထက်ပါ လိုက်နာဆောင်ရွက်သင့်သော အချက်များကို လိုက်ရွက်လျှင်ပင် အတော်အသင့် စိတ်ချစွာ သုံးဆွဲနိုင်ပါမည်။

စာအုပ်​​အောက်​မယ်​​ဒေါင်းယူပါ။
မူရင်းဆရာအားcredit​ပေးပါသည်​။





Or




အဆင်​​ပြေပါ​စေ ။

❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ ★ ❀ 



Sunday, September 6, 2015

သင်​အိုသွားရင်​ဖြစ်​လာမဲ့မျက်​နှာကိုကြည့်​လို့ရတဲ့apk(အရှင်​​နော်​)

ခင်ဗျားအိုသွားတဲ့အခါ မှာ ဘယ်လိုမျက်နှာမျိုးဖြစ်နေမလဲဆိုတာကို Android apk လေးနဲ့ စမ်းသပ်ကြည့်ရှုနိုင်ပါတယ်။ပြီးရင် 

လှုပ်ရှားမှုပါတဲ့ animation အဖြစ်မြင်ရပါတယ်။စကားလည်းပြောတယ်နော်။
အဟီး
ပြုလုပ်တဲ့နည်းက လွယ်ကူရှင်းလင်းတာမို့ ရှင်းမပြတော့ပါဘူးနော်။ ဆော့ဝဲလေးကိုပဲ တင်ပေးလိုက်ပါတယ်။



အဆင်​​ပြေပါ​စေ ။

Sayyoe

❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆ ♕ ❆