♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Friday, July 29, 2016

Android Partition များကို Flashing လုပ်ခြင်း

***************************************************


Parititon များကို Flashing လုပ်တယ်ဆိုတာ ၎င်း Partition များထဲရှိ တန်ဖိုးများကို အကုန်ဖျက်ပြီးအသစ်ပြန်ရေးခြင်းဖြစ်တယ်။ ဥပမာ − recovery partition ကို Flashing လုပ်ရင် recovery အဟောင်းပျက်သွားပြီး recovery အသစ်ဖြစ်သွားမှာဖြစ်ပါတယ်။၎င်း Partition တစ်ခုချင်းစီကို Flash လုပ်နိုင်တဲ့ ဖိုင်အမျိုးအစားတွေက Binary File (.bin) နဲ့ Image File (.img) တို့ဖြစ်ပါတယ်။ Flashing လုပ်ဖို့အတွက် အသုံးပြုဖို့ Software များစွာရှိသည့်အနက် fastboot ကိုအသုံးများပါတယ်။ Google ကထုတ်ပေးထားတဲ့ Command Line Tool ဖြစ်ပါတယ်။ Command Line Tool ဖြစ်တဲ့အတွက် ၎င်းကိုအသုံးပြုမယ်ဆိုရင် Command နဲ့သာအသုံးပြုစေခိုင်းရမှာပါ။

Fastboot ကိုစတင်အသုံးပြုခြင်း
Fastboot ကိုWindows Platform မှာသုံးမယ်ဆိုရင် fastboot.exe, AdbWinApi.dll, AdbWinUsbApi.dll တို့လိုပါတယ်။စာဖတ်သူ Computer မှာ မရှိသေးရင် အောက်ကလင့်မှာသွားရောက် Download ပြုလုပ်နိုင်ပါတယ်။



DOWNLOAD





Download လုပ်လို့ရလာတဲ့ fastboot.zip ကို Extract လုပ်ပြီး ရလာတဲ့ Fastboot Folder ထဲသို့ဝင်ပါ။ ၎င်း Folder ထဲမှာ လွတ်တဲ့နေရာကို Pointer ထောက်ပြီး Keyboard က Shift key နဲ့ Right Click ကိုတွဲနှိပ်ပါ။ကျလာတဲ့ Option ထဲက Open Command Windows here ကိုရွေးပေးပါ။ ပြီးနောက် Device ကို Fastboot Mode ခေါ်ပြီး Computer နဲ့ချိတ်ပါ။ ဒါဆိုရင်တော့ Fastboot Command တွေ စပြီးသုံးလို့ရပြီပဲဖြစ်ပါတယ်။
Boot Partition ကို Flashing လုပ်ခြင်း
မိမိသွင်းလိုတဲ့ Boot Image File ကို Fastboot Folder ထဲသို့ Copy ကူးထည့်ထားပါ။Fastboot Floder ထဲမှာ Command Box ခေါ်ပါ။ Command Box ခေါ်ပုံကို ရှေ့မှာ ရှင်းပြထားပြီးသားဆိုတော့ ထပ်မရှင်းပြတော့ဘူး။ လုပ်တတ်မယ်ထင်ပါတယ်။ Command Box ထဲမှာ −


fastboot  flash  boot  boot.img

လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ဒီနေရာမှာတစ်ခုသတိပြုရမှာက စာဖတ်သူသွင်းချင်တဲ့ boot image နာမည်က boot လို့ဖြစ်နေရင် ပြဿနာမရှိပေမယ့် တခြားနာမည်ဖြစ်နေရင်တော့ boot.img နေရာမှာ အဲ့ဒီနာမည်ကိုပြောင်းပေးရမှာဖြစ်ပါတယ်။စာဖတ်သူထည့်သွင်းလိုက်တဲ့ Boot File က ဖုန်းနဲ့ကိုက်ညီမှုမရှိရင်တော့ ဖုန်းမှာ Error တစ်ခုခုဖြစ်သွားနိုင်ပါတယ်။
Recovery Partition ကို Flashing လုပ်ခြင်း
မိမိသွင်းလိုတဲ့ Boot Image File ကို Fastboot Folder ထဲသို့ Copy ကူးထည့်ထားပါ။Fastboot Floder ထဲမှာ Command Box ခေါ်ပါ။ Command Box ထဲမှာ −


fastboot  flash  recovery  recovery.img

လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ဒီနေရာမှာတစ်ခုသတိပြုရမှာက စာဖတ်သူသွင်းချင်တဲ့ recovery image နာမည်က recovery လို့ဖြစ်နေရင် ပြဿနာမရှိပေမယ့် တခြားနာမည်ဖြစ်နေရင်တော့ recovery.img နေရာမှာ အဲ့ဒီနာမည်ကိုပြောင်းပေးရမှာဖြစ်ပါတယ်။ စာဖတ်သူသွင်းလိုက်တဲ့ Recovery ကဖုန်းနဲ့ ကိုက်ညီမှုမရှိရင်တော့ ဖုန်းကို Recovery Mode ခေါ်လို့မရဖြစ်တတ်ပါတယ်။
System Partition ကို Flashing လုပ်ခြင်း
မိမိသွင်းလိုတဲ့ System Image File ကို Fastboot Folder ထဲသို့ Copy ကူးထည့်ထားပါ။Fastboot Floder ထဲမှာ Command Box ခေါ်ပါ။ Command Box ထဲမှာ −


fastboot  flash  system  system.img

လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ဒီနေရာမှာတစ်ခုသတိပြုရမှာက စာဖတ်သူသွင်းချင်တဲ့ system image နာမည်က system လို့ဖြစ်နေရင် ပြဿနာမရှိပေမယ့် တခြားနာမည်ဖြစ်နေရင်တော့ system.img နေရာမှာ အဲ့ဒီနာမည်ကိုပြောင်းပေးရမှာဖြစ်ပါတယ်။ System ကိုသွင်းတဲ့ နေရာမှာ ဒီ Command က တချို့ဖုန်းတွေမှာ အဆင်ပြေချင်မှ ပြေမှာပါ။ System ကို Flash တဲ့တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။
အာလုံးအဆင်ပြေပါစေ။
Credit:Original uploder

No comments:

Post a Comment