♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, September 17, 2016

How to using Google search



Phone တစ်လုံးကိုင်နေသူ pc တစ်ခု ရှိနေပြီဆိုရင် 
Software ပိုင်း error လောက်ကို သင်လွယ်လင့်တကူဖြေရှင်းနိုင်ပါပြီ။
အခုကျနော်ပြောပြပေးသွားမယ်နည်းက
Google Search မယ်လိုချင်တာကို ရှာသွားပုံလေးကို ပြောပြပေးမှာပါ။

ဘယ် Application ဘယ်ပြဿနာ ဘာမဆိုအတွက် ကျနော်တို့
Google ကိုအားကိုးနိုင်ပါတယ်။
မြန်မာလိုလား eng လိုလား ဆိုတာတော့ သင့်စကေးပေါ်မူတည်ပါမယ်။

ဘာကြောင့်ဒီလိုတင်ပေးရတာလည်းဆိုတဲ့ ရည်ရွယ်ချက်က
တချို့က တတ်သိချင်တယ် ဝါသနာပါတယ်။
တချို့က ဒါကိုအခွင့်ကောင်းယူတယ်။
မတန်မရာအနေနဲ့ Besic ပိုင်းလောက်ကလေးကိုငွေကုန် အချိန်ကုန်
လည်သလိုလုပ်စားနေကြတာတွေမြင်တော့ စိတ်မကောင်းရုံကလွဲပြီး
ဘာမှမတတ်တာတွေ မသိတာတွေ အများကြီး ကြုံတွေ နေကြရလို့ပါပဲ။

သင်တန်းတွေဖွင့်တယ် အခြေခံဆိုတာကြီးဗန်းပြ အင်ထုတယ်။
တကယ့်တကယ် error ဆိုတာကိုနားမလည်လို့မေးတဲ့အခါ
ရူးချင်ယောင်ဆောင်သွားကြတယ်ဗျာ ဆိုတဲ့လူတွေ 
အောင့်သက်သက်နဲ့ အထည့်ခံရတဲ့ပြဿနာတွေ အများကြီးဗျာ။

တကယ်သင်လိုရင် ခိုင်မာတဲ့သင်တန်းတွေတော့ရှိပါတယ်။
ရေလိုက်အလွဲနဲ့ မတန်မရာပေးရင်း အချိန်တွေကုန်ကြရမဲ့ သင်တန်းတွေရှိနေကြတယ်ဆိုတာကို သတိပြုမိစေဖို့ထည့်ရေးပေးတာပါ။

ပထမဦးဆုံး App ယူနည်းအရင်ကြည့်ရအောင်။
Play store မယ် ဒေါ်လာနဲ့ ပေးဝယ်ရတာမျိုးကို free ရအောင်ယူတာပေါ့ ။ 
Google ကိုဝင်လိုက်ပါ။
Search မယ် မိမိယူလိုတဲ့ application နာမည်ရေးလိုက်ပါ။
ဥပမာ... king root ပေါ့ ( တခြား app ငွေပေးရတာလည်းအခုလိုပဲရေးပါ) king root ဆိုတဲ့နောက်မှာ Apk ဆိုတာကိုဆက်ထည့်ရေးပြီး search ကိုနိပ်လိုက်ပါ။
Apk ကို free ပေးထားတဲ့ ဆိုဒ်တွေ အကုန်တက်လာပါလိမ့်မယ်။
မိမိနှစ်သက်ရာဆိုဒ်ကနေ ဝင်ဒေါင်းယူနိုင်ပါတယ်။

Play store မယ် ငွေပေးရပြီး MB များပေမဲ့ 
အဲ့ဒီ free site တွေမယ် MB နည်းပြီး လျင်မြန်စွာ free ရယူနိုင်ပါတယ်။

ခုပြောခဲ့တာကတော့ ဖုန်းအတွက် ပေါ့ apk ယူနည်း
Pc အတွက်ဆိုရင်တော့ King root for pc 
King root app 
King root software ဒီလိုမျိုး ရေးပြီးရှာသွားလို့ရပါတယ်။
များသောအားဖြင့်တော့ ဘယ်app မဆို ဖုန်းအတွက်က apk 
Pc အတွက်က App ဆိုအဆင်ပြေပါတယ်။

ဘယ်application ဖြစ်ဖြစ် သင်ရေးလိုက်လို့ free ရယူနိုင်ဖို့ဆိုဒ်တွေကတော့

Apk4 fun.com
Apk mirror.com
Apk20.com
Apkdl.com
အဲ့ ဆိုဒ်တွေက ပိုပြီးဒေါင်းရလွယ်ကူပါတယ်။

နောက်ထပ်ပြောပြပေးချင်တာကတော့ 
Firmware တင်နည်းပေါ့ Root လုပ်နည်းကလည်းအတူတူပဲဆိုတော့
သေချာကြည့်လိုက်ပါ။

ကျနော် Huawei ဖုန်းတခုကို ဥပမာပြောပြပေးပါမယ်။
ဘာအရင်လုပ်မလည်း Root ဖောက်ချင်တယ် အိုကေ
အဲ့ဒီအတွက် ကျနော်တို့ google မယ်ရှာမယ် ခင်ဗျားရှာဖွေမှု အတိအကျ လိုအပ်တဲ့အတွက်ကြောင့် မိမိ အခုကျနော်huawei နဲ့ပြမှာဆိုတဲ့အတွက်ကြောင့် ဖုန်းရဲ့ setting ကိုဝင်ပါမယ်။
About ကိုဝင်မယ် ဖုန်းအမျိုးအစားက Huawei Y541 U02 ပါ။
Version က 4.4.2 ပါ။
မှတ်ခဲ့လိုက်ပြီး google ကိုသွားပါ။ဒီလိုရေးလိုက်မယ်။
Huawei Y541 U02 version 4.4.2 for root apk
ရေးလိုက်ရင် apk နဲ့ရရင် apk တန်းဒေါင်းရုံတက်လာပါလိမ့်မယ်။
ဒေါင်းယူဖောက်ရုံပါ။
ဘယ်ဖုန်းမဆို အဲ့လိုပဲရှာပါ။ Apk နဲ့မရရင် pc နဲ့ဖောက်ဖို့ ပြပေးထားပြီးသားပါ။

CWM သွင်းဖို့ twrp ထည့်ရမဲ့ဖုန်း ဘာပဲဖြစ်ဖြစ် အားလုံးအဆင်သင့်ပြပေးထားပါလိမ့်မယ် bootloader unlock လုပ်ရမယ်ဆိုရင်လည်း အသင့်ပေါ့ မခက်ပါဘူး လုပ်ကြည့်ဝင်သွားရုံပါပဲ။

အဓိကအချက်က မိမိပြုလုပ်မဲ့ဖုန်းရဲ့ အမျိုးအစားversion သေချာရေးပြီးရှာဖွေခြင်းပါ။
Apk နဲ့မရနိုင်တဲ့ဖုန်း အမျိုးအစားတွေအတွက်က
ဒီလိုရေးရှာကြည့် ဥပမာ 
English လိုရှာမယ်။ Hiw to root huawei y541 u02 version 4.4.2 
ဒါဆိုရင် ဆိုဒ်တွေတက်လာပါလိမ့်မယ်။တချို့ဆိုဒ်တွေမယ်တော့
Pdf ဒါမှမဟုက် ပုံလေးတွေနဲ့တကွ ရှင်းပြပေးထားပါတယ်။
မြန်မာ blog တွေပါတွေရပါလိမ့်မယ်။

Root လုပ်နည်း firmware တင်နည်းအခုလိုပဲရေးရှာသွားရုံပါပဲ။
Firmware တင်တဲ့အခါမယ် ဖုန်းအမျိုးအစား version ကို ပေးမလွဲပါနဲ့ version မကိုက်တာမျိုးတွေမှာ emmc လဲရတာတွေ
ဖုန်းက dead ဖြစ်နိုင်တာတွေ ရှိပါတယ် Region မကိုက်တာတွေတင်မိတာတွေ ဖန်ဝဲမှားတတ်တာတွေဟာ မတင်ခင်သေချာ စစ်ဆေးပြီးမှ တင်ဖို့သင့်ပါတယ်။

နောက် update ဖြစ်သွားတတ်တာတွေ samsung phone တွေပေါ့
ဖန်ဝဲလ်ရဲ့ အကိုက် version တင်တာပဲ ဖန်ဝဲလ်အပ်ဒိပ်ကို
ထွက်နေမှန်းမသိတဲ့အခါ ကြုံရတတ်ပါသေးတယ်။
Pc နဲ့ kies တွဲ net ဖွင့် တန်းဆွဲတင်ပစ်မျိုးနဲ့ဖြေရှင်းနိုင်ပါတယ်။

ရှေ့ကလိုပဲ ဒေါင်းနည်း တင်နည်း ဖောက်နည်း google မယ်ရှာကြည့်လေ့လာလို့ရပါတယ်။

မိမိရဲ့ ဖုန်းအမျိုးအစား version အတိုင်းပဲ utube မယ် ကျုတိုရီရယ်video ကြည့်လုပ်လို့ရပါသေးတယ်။

မိမိဖုန်းဘာဖြစ်နေခည်း ဘာ error လဲ သိရင် eng လို မြန်မာလို
ရေးရှာဖြေရှင်းလို့ရပါတယ်။


How to fir error
How to root 
How to flashing,firmware 
Etc.... , အစရှိသမျှ ရှာဖွေကြည့်နိုင်ပါတယ်။

ဒီလောက်ဆိုရင် အခြေခံသဘောမျိုးနဲ့တတ်လှမ်းနိုင်မယ်ထင်ပါတယ်။
ဘာမှမသိဘူးဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်တိုင်လုပ်တက်သွားပါလိမ့်မယ်။



တော်အူးမယ်။


Myartko Orange 



http://naryinga.blogspot.com







💜💜💜💜💜💜

No comments:

Post a Comment