♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥
Friday, September 30, 2016
Skynet MPS တပ်​ဆင်​ခြင်း
💫💫💫💫💫
Satellite ဆိုသည်မှာ ကမ္ဘာမြေမှ လှိုင်းများ လက်ခံရရှိပြီး ၄င်းလှိုင်းများကို transponder အသုံးပြု၍ ပြန်လည်ထုတ်လွှင့်ပေးသော ဆက်သွယ်ရေး စနစ်တစ်ခု ဖြစ်ပါသည်။ Transponder ဆိုသည်မှာ ပေါင်းစပ်ဖွဲ့စည်းထားသော receiver တစ်ခုဖြစ်ပြီး ရေဒီယိုလှိုင်းများ အား ထုတ်လွှင့်သော transmitter တစ်ခုဖြစ်ပါသည်။ Transponder သည် အခြေခံအားဖြင့် repeater များဖြင့် ဖွဲ့စည်းထားပြီး ၄င်း repeater တစ်ခုချင်းစီတွင် capacityကြီးမားသော ဆက်သွယ်ရေးဆိုင်ရာ channel တစ်ခုကို ထောက်ပံ့ပေးနိုင်ပါသည်။ Transponder တစ်ခုစီတွင် receiver တစ်လုံးစီ ပါဝင်ပြီး ၄င်းတို့ကို ကမ္ဘာမြေပြင်မှ satellite သို့ သွားသော Uplink signal များအတွက် frequency range ကို ချိန်ညှိပေးထားပါသည်။
Low Earth Orbit (LEO): LEO satellite များကို အမြင့် 160 km မှ 1600 km ပုံမှန်အားဖြင့် ကမ္ဘာမြေပြင်မှ မိုင် ၁၀၀ မှ ၁၀၀၀ ကြားတွင် တည်ရှိပါသည်။
Medium Earth Orbit (MEO): MEO satellite များသည် အမြင့် 10,000 km မှ 20,000 km ပုံမှန်အားဖြင့် ကမ္ဘာမြေပြင်မှ မိုင် ၆၃၀၀ မှ ၁၂၅၀၀ ကြားတွင် တည်ရှိပါသည်။
Geosynchronous Orbit (GEO): GEO satellite များကို 35,786 km ပုံမှန်အားဖြင့် မြေပြင်မှ ၂၂၂၃၆ မိုင်အကွာအဝေးတွင် တည်ရှိပါသည်။
Satellite (ဂြိုလ်တုဆက်သွယ်ရေးစနစ်)တွင် အဓိက အသုံးပြုသော satellite များမှာ active နှင့် passive satellite များဖြစ်ပါသည်။ Satellite ဖြင့် ဆက်သွယ်ရေးစနစ်သည် signal များ ထုတ်လွှင့်ခြင်း နှင့် ဖမ်းယူရရှိရန် ကျယ်ဝန်းသော frequency range ကို အသုံးပြုပါသည်။ 1 GHz တွင် 1,000,000,000 Hertz ရှိသော Frequency range 1 GHz မှ 50 GHz အတွင်း အသုံးပြုနိုင်ပါသည်။ Frequency range သို့မဟုတ် band များကို frequency အနိမ့်မှ အမြင့်သို့ L-, S-, C- , X-, Ku-, Ka- နှင့် V- အစရှိသဖြင့် သင်္ကေတများဖြင့် ဖော်ပြပါသည်။
Ku-band
[Downlink : 11.7 to 12.2 GHz]   [Uplink : 14.0 to 14.5 GHz]
Ku-band ကို ရုပ်သံထုတ်လွှင့်ရာတွင် သုံးသော satellite (ဂြိုလ်တု) ဆက်သွယ်ရေးစနစ် အတွက် အသုံးပြုပါသည်။ အခြား ဆက်သွယ်ရေးစနစ်များမှ signal များကြားဝင်ခြင်း၊ မလိုအပ်သော signal များကို ဖယ်ထုတ်ပေးခြင်း နှင့် မြင့်မားသော bandwidth ပမာဏကိုလည်း ဆောင်ရွက်ပေးပါသည်။ Ku-band သည် end user များအတွက် အသုံးပြုသော အင်တာနာ အသေးစားလေးများကို ခွင့်ပြုပေးထားပြီး မြန်နှုန်းမြင့် uplink နှင့် downlink များကို အထောက် အကူပြုပါသည်။ Ku-band သည် downlink အတွက် frequency (11.7-12.2GHz) နှင့် uplink အတွက် (14.0-14.5GHz) ကို လုပ်ဆောင်ပေးပါသည်။
Advantages of Ku band
Microwave link နှင့် အခြားနည်းပညာများမှ Interference မဖြစ်နိုင်ပါ။
သေးငယ်သော စလောင်းဗန်း (အချင်း ၀.၉မီတာ) ကို အသုံးပြုပါသည် (ပိုမိုသက်သာ၍ လွယ်ကူစွာတပ်ဆင်နိုင်ပါသည်)။
Power လိုအပ်မှု နည်းပါးပါသည်။
မြင့်မားသော bandwidth နှင့် မြင့်မားသော coverage ပမာဏ ကို ပေးစွမ်းနိုင်ပါသည်။
လေထုခုခံအားနည်းပါးပါသည်။
C-band
[Downlink : 3.7 to 4.2 GHz]   [Uplink : 5.9 to 6.4 GHz]
C-band ကို အကွာအဝေးရှည်သော ရေဒီယို ဆက်သွယ်ရေးစနစ် (4 GHz မှ 8 GHz) အတွက် အသုံးပြုပါသည်။ ဆိုးရွားသော ရာသီဥတုအခြေအနေများတွင် C-band မှ ဆောင်ရွက်ပေးသော microwave frequency များသည် Ku band (11.2 GHz မှ 14.5 GHz) ထက် ပိုမို ကောင်းမွန်ပါသည်။ ဆိုးရွားသော ရာသီဥတု အခြေအနေဆိုသည်မှာ စိုစွတ်သော လေထု၊ မိုး၊ နှင်း ကို ရည်ညွှန်းပါသည်။ C-Band ကို ဂြိုလ်တု ဆက်သွယ်ရေးစနစ် အတွက် အဓိက အသုံးပြုခြင်း ဖြစ်ပါသည်။ Satellite ဗန်းများအတွက် သုံးစွဲသော အင်တာနက် အရွယ်အစားမှာ ၇.၅ ပေ မှ ၁၂ ပေ (၂.၅ မှ ၃.၅ မီတာ) ဖြစ်ပါသည်။
Advantages of C-band
Less disturbance from heavy rain fade
Cheaper Bandwidth
Credit...
Ebook,ဒေါင်းယူရန်
🌻 DOWNLOAD 🌻
အဆင်ပြေပါစေ။
Myartko Orange
🍃🍃🍃
No comments:
Post a Comment