♥ လင့်​​ဒေါင်းနည်း DOWNLOAD or အညွှန်းစာသား​နေရာကိုနိပ်​ပါ​နောက်​တဆင့်​မယ်​ ၅ စက္ကန့်​​စောင့်​​ပေးပါ SKIP ADဆိုတဲ့အဝါ​လေး​ပေါ်လာပါမယ်​နိပ်​လိုက်​ပါတဖက်​မယ်​​ဒေါင်းရန်​​တွေ့ပါမယ်​ ​ဒေါင်းရင်းရပ်​​နေတာမျိုးဖြစ်​ခဲ့ရင်​ phone ရဲ့ broswer ကို clear data လုပ်​ပေးပြီးပြန်​​ဒေါင်းယူပါ♥

Saturday, July 30, 2016

Samsung Galaxy J7 ကို Root လုပ်ချင်တဲ့သူတွေအတွက်





Root လုပ်နည်းလေးတင်ပေးလိုက်ပါတယ်။ TWRP လေးကိုကျတော်လဲတော်တော်လေးရှာလိုက်
ရပါတယ်။ တွေ့တဲ့လင့်တွေက အဆင်မပြေပါဘူး။ အခုကျတော်ရှာရင်း အဆင်ပြေတဲ့လင့်လေးကို
တင်ပေးလိုက်ပါတယ်။
ပြုလုပ်​နည်းနဲ့ အားလုံ​ဒေါင်းရန်​ >>>>>








အဆင်​​ပြေပါ​စေ

IOS 9.3.3 jailbreak လုပ်နည်း






ios အတွက်နောက်ဆုံးထွက်ခဲ့တဲ့ pp jailbreak tool ကအလုပ်မလုပ်တော့ပါဘူး။

အခု နောက်ဆုံး jailbreak လုပ်နည်းကတော့ ios 9.3.3 တစ်ခုကိုပဲ support ပေးတော့မှာပါ။
အာ့တော့ မိမိဖုန်းကို jailbreak လုပ်ချင်ရင် အရင်ဆုံး 9.3.3 ကို မြှင့်ပါ။
ပြီးလိုအပ်တဲ့ဖိုင်ကို အောက်မှာပေးထားတဲ့ link ကနေ down ပါ။



download ဆွဲထားသော file ကို zip ဖြည်ပါ။

window user များက window folder ထဲက Impactor software ကိုဖွင့်ပါ။

ပြီးရင် download folder ထဲမှာပါတဲ့ NvwaStone 1.0.ipa file ကိုဖိပြီး ပုံမှာပြထားတဲ့အတိုင်း impactor software ပေါ်ကို copy ပေးပါ။

box တစ်ခုပေါ်လာလျှင် မိမိ apple id ကိုထည့်ပေးပါ။ ( jail လုပ်ရန် သီးသန့် id တစ်ခုလုပ်ထားသင့်သည် )
နောက် box ပေါ်လာရင် id password ထည့်ပေးပါ။
ဖုန်းမှာ pangu application ပေါ်လာလျှင် တစ်ချက်နှိပ်ပါ။ ပြီး setting > general > profile > ထဲမှာ မိမိ ထည့်ခဲ့တဲ့ id ကို trust လုပ်ပေးပါ။

နောက်ဆုံးအဆင့်က pangu app ကိုတစ်ချက် နှိပ်ပြီး phone ကို sleep လုပ်ပေးပါ။ ပြီး home key တစ်ချက်နှိပ် ပြီး screen ကိုဖွင့်ပေးလိုက်ပါ။
Cydia application လေးပေါ်လာရင်ရပါပြီ ။


















Credit:Thi ha Aung

Friday, July 29, 2016

Service သမားများအတွက် အသုံးချဆော့ဝဲလ်များ




========================
Mobile service သမားများ ဖုန်းထဲမှာဆောင်ထားသင့်တဲ့ အသုံးချဆော့ဝဲလ်လေးတွေ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ... ကျနော့်လို beginner များအတွက်ပါဗျ... apk ဖိုင်ဆိုဒ်သေးသလို အရမ်းလည်း အသုံးဝင်ပါတယ်။ ရှိပြီးသားတွေလဲဖြစ်ချင်ဖြစ်မှာပါ...



၁။ Magnifier
ဒီဆော့ဝဲလေးက circuit ထဲက component လေးတွေကို အနီးကပ် ပုံကြီးချဲ့ရိုက်ယူနိုင်တဲ့ဆော့ဝဲလေးပါ။ IC တွေ မဖြုတ်ခင် မှတ်တမ်းတင်ထားဖို့ဖြစ်စေ၊ မေးစရာရှိရင်ဖြစ်စေ၊ ပြန်လည်မျှဝေပေးဖို့ဖြစ်စေ အသုံးကျပါတယ်။ microscope ကြီးတွေဝယ်သုံးစရာ မလိုတော့ဘူးပေါ့နော်။





၂။ iFixit
ကျနော်တို့ ဖုန်းတစ်လုံးကိုဖြုတ်တော့မယ်ဆို စနစ်တကျဘယ်လိုဖြုတ်ရမလဲဆိုတာ အရင်က Youtube မှာရှာရသလို၊ www.ifixit.com  မှာ သွားရှာကြရပါတယ်။ ခုတော့ အင်တာနက်လေးဖွင့်ပြီး ဒီ apk လေးထဲကနေ လိုချင်တဲ့ model ကိုရိုက်ရှာလိုက်ယုံပါပဲ။ ဖြုတ်ပုံဖြုတ်နည်း တွေကို တစ်ပုံချင်းစီပြသပေးပါလိမ့်မယ်...။





၃။ RepliGo Reader
ဖုန်းထဲမှာ Schemetic diagram တွေ၊ ebook တွေဖတ်နိုင်ဖို့ ဆော့ဝဲလေးပါ။ Adobe reader က တစ်ချို့ဖုန်းတွေမှာ အလုပ်ကောင်း²မလုပ်တတ်လို့  ဒီ apk လေးကို သုံးကြည့်လိုက်ပါ။ အင်္ဂလိပ်စာအုပ် တွေဆို အသံထွက်ဖတ်ပြပေးတဲ့ Readout loud စနစ်ပါ ပါဝင်ပါတယ်။





၎။ PicSay Pro
ဒါလေးကတော့ ဓာတ်ပုံပေါ်မှာ စာရေး၊ အညွှန်းတပ်၊ ပုံပြင် ကြိုက်ရာလုပ်လို့ရတဲ့ 
ဆော့ဝဲလေးပါ။ Hardware error လေးတွေ မေးဖို့ ၊ ပြောပြဖို့အတွက် Magnifier လေးနဲ့ရိုက်ပြီး ဒီဆော့ဝဲနဲ့ စာရေး အညွှန်းတပ်လိုက်ရင် အိုကေပေါ့ဗျာ...





၅။ ElectroDroid
ဒီဆော့ဝဲလေးက ဖုန်းနဲ့ ကွန်ပျူတာထဲမှာပါတဲ့ electronic components ပစ္စည်းလေးတွေ အသေးစိတ်အလုပ်လုပ်ပုံ သိရှိဖို့၊ တန်ဖိုးတွေတွက်ထုတ်ခိုင်းဖို့၊ စတဲ့ လေ့လာစရာတွေ စုစည်းထားတဲ့ အကောင်းဆုံး ဆော့ဝဲလေးတစ်ခုပါ...





၆။ Hardwares 
Samsung ဖုန်းတွေရဲ့ Image layout ပုံတွေနဲ့အတူ hardware ဆိုင်ရာ ပြစ်ချက်ပြုပြင်ခြင်းတွေကို လေ့လာနိုင်စေမယ့် ဆော့ဝဲလေးပါ။ ဆရာဦးမောင်နိုင် ရေးသားခဲ့တဲ့ tutorial တွေအများဆုံး ပါဝင်ပါတယ်။





၇။ GNotes
Colour note ဆော့ဝဲထက်ပိုကောင်းတဲ့ ဒီ apk လေးက စာတွေမှတ်ရုံတင်မဟုတ်ဘဲ ဓာတ်ပုံတွေပါ တွဲပြီးမှတ်လို့ရပါတယ်၊ email နဲ့ချိတ်ထားရင် ဖုန်းနောက်တလုံးပြောင်းလဲ ဒီဆော့ဝဲပြန်သွင်းပြီး email ထည့်လိုက်တာနဲ့ မှတ်ထားသမျှတွေပြန် ပေါ်ပါတယ်။ Facebook ကဆရာတွေတင်သမျှ copy, paste လုပ်ပြီး သိမ်းဆည်းထားနိုင်တာပေါ့နော်...





၈။ ZArchiver
သင်ဒေါင်းလုတ်ဆွဲခဲ့တဲ့ ဖိုင်တွေက zip ဖိုင်တွေဖြစ်နေခဲ့ရင် တစ်ချို့ဖုန်းတွေထဲမှာ ဖွင့်ကြည့်လို့မရနိုင်ပါဘူး။ ဒီဆော့ဝဲလေးက အဲ့ဒီ zip ဖိုင်တွေကို ဖုန်းထဲမှာတင် ဖြည်နိုင်၊ ဖွင့်သုံးနိုင်စေပါတယ် ခင်ဗျာ...






အားလုံးအဆင်ပြေကြပါစေ..


Credit===AungAung

မြန်မာဖောင့်ထည့်သွင်းဖို့ အတွက် apk ပေါင်းစုံ





'မင်္ဂလာပါ...ဗျာ..မြန်မာဖောင့်ထည့်သွင်းဖို့ အတွက် apk ပေါင်းစုံကို တင်ထားပေးပါတယ်။ ဒီ apk လေးတွေရှိယုံဖြင့် မိမိ ရဲ့ Android ဖုန်းကို ကိုယ်တိုင် ဘဲ မြန်မာဖောင့်ထည့်သွင်းနိုင်မှာ ဖြစ်ပါသည်။
ုမြန်မာဖောင့် ထည့်သွင်းဖို့ အရေးကြီးတာက Kyeboard ဘဲ kyeboard မရှိရင် ဘယ်ကမြန်မာ လက်ကွက်ကို သွားရေးမလဲ ဒါကြောင့် မြန်မာကီးဘုတ် အမျိုးမျိုး ကိုလည်းပထမဦးစွာ တင်ပေးထားပါတယ်။


၁။ Myanmar Kyeboard အမျိုးမျိုး
.............................................




Sulsur





၂။ Root apps အမျိုးမျိုး
............................
နောက် တစ်ခုက Root ဖောင့်ဖို့ပါဘဲ ဒီ root ဆိုတာကတော့ မြန်မာစာ အားလုံးမမြင့်ရလို့ root ဖောင့်ပေးကြသလို. အခြားသော Application များကို root ဖောင့်မှ သုံးလို့ ရမှာ ဖြင့်လို့ Root ဖောင့် ပေးကြတာပေါ့ ဒါကြောင့် Android for root apps အမျိုးမျိုးကိုလည်း တင်ထားပေးပါတယ်။




Wandou root





360 root .


Z4Root


၃။ MM Aio Font Changer
....................................
နောက်တစ်ခု ကျတော့ MM Aio Font Changer .လို့ခေါ်တဲ့ apk လေးပါ။ ဒီapk လေးက အရေးကြီးဆုံးပါဘဲ ဒီကောင်လေး မြန်မာစာ အကုန် မမြင်ရလို့ Root ဖောင့်ပြီးရင် မြန်မာစာ အကုန်မြင်ရအောင် Android ဖုန်း အားလုံးနီးပါးကို မြန်မာစာ သွင်းဖို့ ဖုန်းကို Restart ချ ဖို့ apk ပါဘဲ Restart ပြန်တတ် လာရင်တော့ မြန်မာစာ အကုန်မြင်ရပြီးပေါ့။





၎။ မြန်မာစာ မှန်အောင်လုပ်ဖို့ fepfz apk
...............................................

Android ဖုန်း
4.0ကျော်တွေမှာ ဖြစ်တတ်တဲ့ မြန်မာစာ
လွဲ နေတာ စာဖတ်ရင် တချိုစာလုံးက
ဘာရေးထားမှန်းတောင် မသိရအောင်
မြန်မာစာလွဲနေတာတွေကို အမှန်ဖြစ်အောင်
အခု ဒီဆော့ဝဲလေးနဲ ခနလေးလုပ်ဆောင်
လိုက်တာနဲ မြန်မာစာကို အမှန်အကန်ဖြစ်သွားမှာ
ဖြစ်ပါတယ် ဘာဘဲဖြစ်ဖြစ် မြန်မာစာမလွဲတဲ့
သူတွေပါ လေ့လာထားပါ နောက်သူငယ်ချင်းတစ်
ယောက် မြန်မာစာလွဲနေရင် ကိုယ်တိုင်လုပ်ပေးလို့
ရအောင်လို့ပါ ……

အသုံးပြုနည်းလေးပြောပြပါမယ်

…………………………………………

(1) Root ရှိထားရပါမယ်

(2) fepfz ဆော့ဝဲကို ဒီမှာဒေါင်းပါ

(3)ဆော့ဝဲထဲက GOTIT ကို နှိပ်ပေးပါ

(4) ပြီးရင် I AGREE ကို ထပ်နှိပ်ပါ

(5) ပြီးရင် ပေါ်လာတဲ့ အပေါ်ဆုံးက
PATCH(v2) and REBOOT ကို နှိပ်ပြီး
ရင်တော့ ဖုန်းကပါဝါ Restset ချသွားပြီး
ပြန်တတ်လာရင် မြန်မာစာမှန်ကန်ပါပြီး။

၅။ Zawgyi Font
..........................

ဒီ Apk ကိုတော့ အားလုံးသိပြီးသားပါဘဲ မိမိ ဖုန်းမှာ မြန်မာစာလုံး လှလှ လေးတွေနဲ အသုံးပြုဖို့ ဆော့ဝဲလေးပါ။အောက်မှာ ဒေါင်းနိုင်ပါတယ်။



မှတ်ချက်။ ။ Android ဖုန်း အားလုံးနီးပါးအတွက် လွယ်ကူစွား မြန်မာဖောင့် ထည့်သွင်းနိုင်အောင်း ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။


Ref: Black Devil

iPhone များတွင်မြန်မာဖေါင့် ထည့်နည်း






Iso ​တွေမြန်​မာ​ဖောင့်​ထည့်​နည်း
ကို တင်လိုက်ပါတယ်။
ဒီနည်းက ဘလော့တခုမှာတင်ထားတဲ့ ဗီဒီယို ကလစ်ပ် လေးကို Image ပုံစံပြောင်းပြီးတင်ပေးလိုက်ခြင်း
ဖြစ်ပါတယ်။ပုံတွေအတိုင်း အစဉ်လိုက်သာလုပ်ဆောင်သွားပါ။အိုကေပါလိမ့်မယ်။
မြန်မာဖေါင့်ထည့်မဲ့ iOS က Jailbreak လုပ်ပြိးသားဖြစ်ရပါမယ်။








အဆင်​​ပြေပါ​စေ ။





Credit ' win

Android Partition များကို Flashing လုပ်ခြင်း

***************************************************


Parititon များကို Flashing လုပ်တယ်ဆိုတာ ၎င်း Partition များထဲရှိ တန်ဖိုးများကို အကုန်ဖျက်ပြီးအသစ်ပြန်ရေးခြင်းဖြစ်တယ်။ ဥပမာ − recovery partition ကို Flashing လုပ်ရင် recovery အဟောင်းပျက်သွားပြီး recovery အသစ်ဖြစ်သွားမှာဖြစ်ပါတယ်။၎င်း Partition တစ်ခုချင်းစီကို Flash လုပ်နိုင်တဲ့ ဖိုင်အမျိုးအစားတွေက Binary File (.bin) နဲ့ Image File (.img) တို့ဖြစ်ပါတယ်။ Flashing လုပ်ဖို့အတွက် အသုံးပြုဖို့ Software များစွာရှိသည့်အနက် fastboot ကိုအသုံးများပါတယ်။ Google ကထုတ်ပေးထားတဲ့ Command Line Tool ဖြစ်ပါတယ်။ Command Line Tool ဖြစ်တဲ့အတွက် ၎င်းကိုအသုံးပြုမယ်ဆိုရင် Command နဲ့သာအသုံးပြုစေခိုင်းရမှာပါ။

Fastboot ကိုစတင်အသုံးပြုခြင်း
Fastboot ကိုWindows Platform မှာသုံးမယ်ဆိုရင် fastboot.exe, AdbWinApi.dll, AdbWinUsbApi.dll တို့လိုပါတယ်။စာဖတ်သူ Computer မှာ မရှိသေးရင် အောက်ကလင့်မှာသွားရောက် Download ပြုလုပ်နိုင်ပါတယ်။



DOWNLOAD





Download လုပ်လို့ရလာတဲ့ fastboot.zip ကို Extract လုပ်ပြီး ရလာတဲ့ Fastboot Folder ထဲသို့ဝင်ပါ။ ၎င်း Folder ထဲမှာ လွတ်တဲ့နေရာကို Pointer ထောက်ပြီး Keyboard က Shift key နဲ့ Right Click ကိုတွဲနှိပ်ပါ။ကျလာတဲ့ Option ထဲက Open Command Windows here ကိုရွေးပေးပါ။ ပြီးနောက် Device ကို Fastboot Mode ခေါ်ပြီး Computer နဲ့ချိတ်ပါ။ ဒါဆိုရင်တော့ Fastboot Command တွေ စပြီးသုံးလို့ရပြီပဲဖြစ်ပါတယ်။
Boot Partition ကို Flashing လုပ်ခြင်း
မိမိသွင်းလိုတဲ့ Boot Image File ကို Fastboot Folder ထဲသို့ Copy ကူးထည့်ထားပါ။Fastboot Floder ထဲမှာ Command Box ခေါ်ပါ။ Command Box ခေါ်ပုံကို ရှေ့မှာ ရှင်းပြထားပြီးသားဆိုတော့ ထပ်မရှင်းပြတော့ဘူး။ လုပ်တတ်မယ်ထင်ပါတယ်။ Command Box ထဲမှာ −


fastboot  flash  boot  boot.img

လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ဒီနေရာမှာတစ်ခုသတိပြုရမှာက စာဖတ်သူသွင်းချင်တဲ့ boot image နာမည်က boot လို့ဖြစ်နေရင် ပြဿနာမရှိပေမယ့် တခြားနာမည်ဖြစ်နေရင်တော့ boot.img နေရာမှာ အဲ့ဒီနာမည်ကိုပြောင်းပေးရမှာဖြစ်ပါတယ်။စာဖတ်သူထည့်သွင်းလိုက်တဲ့ Boot File က ဖုန်းနဲ့ကိုက်ညီမှုမရှိရင်တော့ ဖုန်းမှာ Error တစ်ခုခုဖြစ်သွားနိုင်ပါတယ်။
Recovery Partition ကို Flashing လုပ်ခြင်း
မိမိသွင်းလိုတဲ့ Boot Image File ကို Fastboot Folder ထဲသို့ Copy ကူးထည့်ထားပါ။Fastboot Floder ထဲမှာ Command Box ခေါ်ပါ။ Command Box ထဲမှာ −


fastboot  flash  recovery  recovery.img

လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ဒီနေရာမှာတစ်ခုသတိပြုရမှာက စာဖတ်သူသွင်းချင်တဲ့ recovery image နာမည်က recovery လို့ဖြစ်နေရင် ပြဿနာမရှိပေမယ့် တခြားနာမည်ဖြစ်နေရင်တော့ recovery.img နေရာမှာ အဲ့ဒီနာမည်ကိုပြောင်းပေးရမှာဖြစ်ပါတယ်။ စာဖတ်သူသွင်းလိုက်တဲ့ Recovery ကဖုန်းနဲ့ ကိုက်ညီမှုမရှိရင်တော့ ဖုန်းကို Recovery Mode ခေါ်လို့မရဖြစ်တတ်ပါတယ်။
System Partition ကို Flashing လုပ်ခြင်း
မိမိသွင်းလိုတဲ့ System Image File ကို Fastboot Folder ထဲသို့ Copy ကူးထည့်ထားပါ။Fastboot Floder ထဲမှာ Command Box ခေါ်ပါ။ Command Box ထဲမှာ −


fastboot  flash  system  system.img

လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ဒီနေရာမှာတစ်ခုသတိပြုရမှာက စာဖတ်သူသွင်းချင်တဲ့ system image နာမည်က system လို့ဖြစ်နေရင် ပြဿနာမရှိပေမယ့် တခြားနာမည်ဖြစ်နေရင်တော့ system.img နေရာမှာ အဲ့ဒီနာမည်ကိုပြောင်းပေးရမှာဖြစ်ပါတယ်။ System ကိုသွင်းတဲ့ နေရာမှာ ဒီ Command က တချို့ဖုန်းတွေမှာ အဆင်ပြေချင်မှ ပြေမှာပါ။ System ကို Flash တဲ့တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။
အာလုံးအဆင်ပြေပါစေ။
Credit:Original uploder

Thursday, July 28, 2016

ဖုန်းတစ်လုံးပါဝါမလာရင် No Power

ဖုန်းတစ်လုံးပါဝါမလာရင် အရင်ဆုံး ဖြစ်နိင်တဲ့အချက် (၂) ချက်ရှိပါတယ်၊
တစ်ချက်ကတော့ hardware ပိုင်းမှာ error ရှိလို့ ပါ၊နောက်တစ်ချက်ကတော့
software ပိုင်း error ကြောင့်ပါ၊ ဖုန်းကိုအဖုန်းမဖွင့်သေးပဲအကြမ်းဖျင်း စစ်ကြည့်လို့ 
ရပါတယ်။ power supply နဲ့ ချိတ်လိုက်လို့ အသံမြည်ပြီး အမ်ပီယာအဆုံးထိတက်
သွားရင် ဗို့ လမ်းကြောင်းမှာရှိတဲ့ components တွေ တစ်ခုခုရှော့ဖြစ်နေပါပြီ။
နောက်တစ်မျိုးက ရှော့တော့မရှိဘူး အမ်ပီယာလေး 0.2 လောက်ပြပြီး၊ပြန်ကျသွား
လိုက် ပြန်တက်လာလိုက်နဲ့ ဖြစ်နေရင် software ပိုင်း error ဖြစ်နိင်ပါတယ်၊
boot မတက်နိင်တဲ့ပြသနာပါ၊ huawei တွေမှာဆိုရင် flashtool firmware ရှာပြီး
တင်ကြည့်ပါ၊ samsung ဆိုရင်တော့ down load mode ၀င်တဲ့ usb jig လေးနဲ့ 
တပ်ကြည့်လိုက်လို့ ၇ရင် odin နဲ့  firmware ပြန်တင်လို့ ရပါတယ်။
hardware ပိုင်းကြောင့်ပါဝါမတက်ရင်တော့ဗို့ လမ်းကြောင်းကိုစစ်ရပါတော့မယ်၊
battery ငုတ်ရဲ့အပေါင်းဗို့ လိုင်းပေါ်မှာ တိုက်ရိုက်တတ်ဆင်ထားတဲ့ပစ္စည်းတွေ
ကိုလေ့လာကြည့်ရင် zener diode,capacitor, pa,pmu,back light ic,blue tooth
ic, charging ic အစရှိတဲ့ ပစ္စည်းလေးတွေကို 4v တိုက်ရိုက်ရောက်နေပါတယ်။
ရေ၀င်တဲ့အလုံးဆိုရင် back light ic နဲ့ 
pmu ရှော့ဖြစ်တာများပါတယ်။တကယ်လို့ အားသွင်းရင်း
ဖြစ်တာဆိုရင် zener diode,charging ic တို့ ရှော့ဖြစ်တတ်ပါတယ်၊သုံးတာအချိန်ကြာ
လို့ ပိတ်သွားပြီးပြန်ဖွင့်တဲ့အခါရှော့ဖြစ်ရင် wifi,bluetooth ic,pa ic တို့  ကြောင့်ဖြစ်တတ်ပါတယ်။
components လေးတွေရှော့ရှာမယ်ဆိုရင်အကောင်းဆုံးနည်းကတော့၊ထင်းရှုးဆီ
အငွေ့ ကိုမှိုင်းခံပြီးစစ်ချင်တဲ့နေရာလေးပေါ်မှာ ဖြူနေအောင်တင်ပေးလိုက်ပါ၊
ပြီးရင် 3A,5A, power supply ကိုသုံးပြီးရှော့ဖြစ်တဲ့အရာလေးတွေကိုရှာနိင်ပါတယ်။
pmu pm 8029 လဲအဖြစ်များပါတယ်၊ တကယ်လို့ power နိုးပြီး pmu ic တအားပူ
နေရင်အထွက်ပိုင်းဗို့ လမ်းကြောင်းပေါ်မှာရှိတဲ့ components လေးတွေစစ်ကြည့်
ရပါမယ်။ တစ်ချို့ ဖုန်းတွေမှာ emmc ရဲ့အ၀င်ဗို့ တစ်ခုဖြစ်တဲ့ 1.5v လမ်းကြောင်းပေါ်
မှာ 1.5v zenzer diode လေးတတ်ထားတတ်ပါတယ်၊အဲဒီ diode လေးရှော့ဖြစ်ရင်
pmu ရဲ့ output section မှာရှိတဲ့ transistor လေးပူလာပါတယ်။ 8029 မှာ
output transistor သုံးလုံး ပါရှိပါတယ်။
မော်ဒယ်မြင့်ဖုန်းတွေမှာတော့ second pmu ဖြစ်တဲ့ u2 ic လေးတွေကြောင့်လဲ
power ပြန်သေတတ်ပါတယ်။ဖုန်းလေးတွေမှာပုံမှန်အတိုင်းbattery တတ်လိုက်ရင်
4v ရောက်နေတဲ့နေရာလေးတွေရှိပါတယ်။ဒီနေရာလေးတွေမှာဗို့မရောက်ရင် နိးဖို့ 
မလွယ်တော့ပါဘူး၊ပုံမှာနမူနာပြပေးထားပါတယ်၊အနီအစက်လေးတွေက ပုံမှန်ရောက်
နေရမဲ့ဗို့ နေရာလေးတွေပါ။အစိမ်းရောင်ကတော့ ပါဝါနိုးလိုက်တဲ့အခါမှာ ဘာ error မှ
မရှိရင်ဗို့ ထွက်ရှိနေမယ့်နေရာလေးတွေပါ။အားလုံးပဲအဆင်ပြေကြပါစေ။










Credit: ko Aung

Tuesday, July 26, 2016

မြန်​မာစာမမှန်​တာ​တွေအတွက်​ Smart Zawgyi pro App(need root)






Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro (Bat tool) ကိုတော့သုံးဖူးကြမှာပါ။ ၂၀၁၃ နိုဝင်ဘာလောက်ကတည်းက ထုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက်ဖုန်းတွေအထိ error ကင်းကင်းနဲ့ font သွင်းနိုင်ပါတယ်။

မနေ့ညက အဲဒါသုံးရင်း အဲဒီ Smart Zawgyi Pro (Bat tool) ကို Android App အနေနဲ့ဆို Users တွေအတွက်သုံးရတာ ပိုအဆင်ပြေမယ်ထင်လို့ Smart Zawgyi Pro (Android Version) အနေနဲ့ ပြန်လည်ရေးသားဖန်တီးပေးလိုက်ပါတယ်။
ယခု Smart Zawgyi Pro (Android version) ဟာ အရင်ကထွက်ပြီးသား ကွန်ပျူတာ tool ဖြစ်တဲ့ Smart Zawgyi Pro ရဲ့ Shell script တွေကို Android ဖုန်းပေါ်ကနေ တိုက်ရိုက်တင် run ပေးလိုက်တာဖြစ်တာကြောင့် ယခု Smart Zawgyi Pro (Android version) ရဲ့ အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။

-Android version အားလုံးမှာအလုပ်လုပ်ပါတယ်။
-မြန်မာစာမှန်ကန်စွာထည့်သွင်းပေးနိုင်ပါတယ်။
-သွင်းထားသော Smart Zawgyi Font ကိုမကြိုက်ပါက Uninstall ပြန်လုပ်နိုင်ပါမယ်။
-ကိုယ့်ဖုန်းရဲ့ Android version နဲ့ကိုက်မယ့် Font သွင်းနည်း Method ကို ဆော့ဝဲက auto ရွေးချယ်အသုံးပြုပြီး font သွင်းပေးသွားမှာပါ။ ဒီထက်ပိုကောင်းတဲ့ Font Changer Tool တွေလည်းရှိမှာပါ။ အခုဟာကတော့ မူရင်း Smart Zawgyi Pro ကို Android App အနေနဲ့ပြန်ဖန်တီးထားခြင်းပါ။

Smart Zawgyi Pro အား ကိုကျော်စွာသွင်မှရေးသားပါသည်။
Smart Zawgyi Pro (Android version) အား ကိုသက်နိုင်စိုး မှပြန်လည်ရေးသားပါသည်။
Smart Zawgyi Pro (Android version) အားအောက်က link မှာရယူနိုင်ပါတယ်။
Smart Zawgyi Pro v1.0 for Android အားရယူရန်
(Download Site ထဲရောက်သွားရင် Direct Download Link ကိုနှိပ်ပြီး download ရယူပါ)





App ရယူရန်​ >>>♥DOWNLOAD ♥<<<<<<



အဆင်​​ပြေပါ​စေ ။

Box အသုံးပြုစရာမလိုပဲ Note 3 SM-N9005 Deadboot နှိုးနည်း

လိုအပ်ရင်ဆွဲဖို့လင့်ပါထည့်ပေးထားပါတယ်။ကဲစလိုက်ရအောင်........ ပထမဦးစွာ အောက်ဖော်ပြပါပုံအတိုင်း
Win32 Disk Imager ရယ် Deadboot နှိုးမည့် Image ဖိုင်ရယ်လိုအပ်ပါမယ်.....





ဆက်​လက်​ပြီး>>>>>




အ​ပေါ်ကဖိုင်၂ဖိုင်​​ဒေါင်းပြီးရင်​ ပုံပါအတိုင်း image file ထည့်​သွင်း​ပေးပါ။
ပုံကအတိုင်းပဲ SD card device ကို​ရွေး​ပေးပါ။





File လည်းသိပြီ Device လည်း​ရွေးပြီးပြီဆိုရင်​  write ကိုနိပ်​​ပေးပါ။





ဒါဆို deadboot card ​လေးရပါပြီ။





SD card ကို ဖုန်းထဲထည့်​ပြီး jit ထိုးလိုက်​တာနဲ့ Dead ​နေတာ​လေးနိုးထလာပြီ​ပေါ့။


အဆင်​​ပြေပါ​စေ။





Credit:  Ye Thway from FB

ဖုန်းနဲ့ photoshop လုပ်​ချင်​သူများအတွက်​ Apk






မေးထားသူ​ရော လိုအပ်​သူများအတွက်​ တင်​​ပေးလိုက်​တာပါ။
ကျ​နော်​မသုံးရ​သေးပါဘူး ။ အခုပဲ​ဒေါင်း​နေရင်းတင်ျပးလ်ုက်​တာပါ။
Apk ​လေးက update ​လေးဖြစ်​ပါတယ်​။
ကဲ စအ်းသပ်​ကလိကြည့်​ရ​အောင်​ ​အောက်​မယ်​​ဒေါင်းယူနိုင်​ပါတယ်​။





>>>♥ DOWNLOAD ♥<<<<<<





အဆင်​​ပြေပါ​စေ။

Monday, July 25, 2016

Myartko Orange blog အပါအဝင်​ firmware and Soware sPDF စုစည်းမှု App




ကဲ တင်​ပါအုံးမယ်​ဗျာ ကျ​နော့အရင်​ blog
app ​လေးကို Offline လုပ်​​ပေးပါဆိုသူများနဲ့
နောက်​ထပ်​ blog ​လေး​တွေနဲ့ တန်​ဖိုးရှိတာ​လေး​တွေ အမြဲဆက်​ရှာ​ဖွေချိတ်​​ပေးချင်​တဲ့ ဆန္ဒ​ကြောင့်​ ဒီ App ​လေး 
လုပ်​ဖြစ်​သွားတာပါ။
နည်းပညာ အချစ်​​ဗေဒင်​ firmware rool tools driver pdf...etc 
သတင်းနဲ့ကျန်းမာ​ရေးအစုံပါပဲ။
စုထားတဲ့တန်​ဖိုးရှိ ဘ​လော့​လေး​တွေလည်း ရှိပါ​သေးတယ်​။
Adroid pc other etc နှစ်​သက်​သလိုထည့်​သွင်းသွားမှာပါ။
ဒေါင်းယူအား​ပေးမယ်​လို့ ​မျှော်​လင့်​ပါတယ်​ ။
       အားလုံးကို ​ကျေးဇူးတင်​ပါတယ်​ ။

App ယူရန်





                    ♥ ♥DOWNLOAD ♥♥





အဆင်​​ပြေပါ​စေ ။