★Pages And Wordpress Site★
Saturday, March 21, 2015
Viberမှာမလိုအပ်​တဲ့ဖုန်း​တွေblock မယ်
Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block ကြမယ်
သင့် Viber ထဲက မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block ထားလို့ ရအောင် ကျနော် ဒီနေ့  ဗဟုသုတ မျှ ဝေမှာဖြစ်ပါတယ်၊ သင့် ရဲ့ဖုန်း ထဲမှာရှိသမျှ ဖုန်းနံပါတ်တွေကို Viber ကနေ Save လုပ်ထားမှာဖြစ်လို့ ဖုန်းထဲက Contacts နံပါတ်အားလုံးဟာ Viber List
ထဲမှာရှိနေမှာဖြစ်ပါတယ် ဒိအပြင် Save မလုပ်ရသေးတဲ့ နံပါတ်တွေနဲ့ လဲ Message ပို့ တာတို့  Free Call ပြောတာတို့ လုပ်လို့ ရပါတယ် ဒီတော့ သင် Block လုပ်လိုတဲ့ နံပါတ်ဟာ Save မလုပ်ရသေးရင်တော့ Save အရင်လုပ်လိုက်ပါ ပြီးရင်အောက်မှာရှင်းပြထားတဲ့ အချက်တွေကို လိုက်နာလုပ်ဆောင်ပါ။ ဒီလို Block လုပ်ထားပြီးသား နံပါတ်တွေက်ုလဲ Unblock ပြန်ဖွင့်ပေးလို့ လဲရပါတယ်။ မြန်မာ မိတ်ဆွေများအဆင် ပြေကြမယ်လို့  မျှော်လင့်ပါတယ်။ 
 ကဲ စပြီးလုပ်ဆောင်ရန်ပထမ အဆင့်ကတော့ အပ်ါကပုံမှာပြထားသလို Viber Icon အပေါ်မှာ နှိပ်ပြီးဝင်ပေးပါ ပြီးသွားရင် အောက်ပုံကိုကြည့်ပါ။ ပုံ ၁..
 အပေါ်ပုံမှာ ပြထားတဲ့နေရာက လက်နဲ့ ထောက်ပြထားတဲ့ နေရာကို နှိပ်လိုက်ရင် အောက်ကပုံကိုပြောင်းသွားမှာ ဖြစ်ပါတယ်။ 
ပုံ..၂
အပေါ်ပုံမှာ ပြထားတဲ့ နေရာက Settings ဖြစ်ပါတယ် ဒီ Settings ထဲကို ခုကျနော်ပြောသလို မဟုပ်ဘဲ အခြား ဘယ်နည်းနဲ့ ဖြစ်ဖြစ်ဝင် လို့ ရပါသေးတယ် အဓိကတော့ Settings ထဲရောက်ဖို့ သာအဓိကဖြစ်ပါတယ် ဒီ Settings ထဲကိုဝင်ပြီးရင်  အောက်ပါပုံကို မြင်ရမှာဖြစ်ပါတယ် ။
ပုံ..၃
ဒီအဆင့်မှာ အထက်ကပုံလို Privacy ကိုမမြက်ရဘူးဆိုရင်တော့ သင့်ရဲ့ Viber ကို Update လုပ်ပေးရမှာဖြစ်ပါတယ် ဒီလို Update လုပ်ဖို့ အတွက်ကတော့ Play Store ထဲကိုဝင်ပြီး Viber လို့ ရိုက်ထဲပေးလိုက်ရင် Update ကိုတွေ့ ရမှာဖြစ်ပါတယ် ဒီလို Update လုပ်ပေးမှသာ Privacy ကိုတွေ့ ရမှာဖြစ်ပါတယ် သင့် ဖုန်းက Settings ထဲကို ဝင် လိုက်တာနဲ့  Privacy ပါနေပြီးသား ဆိုရင်တော့ Update လုပ်ပေးနေစရာမလိုပါဘူး။ ဒါဆိုရင် Privacy ထဲကိုဝင် လိုက် ပါအောက်က ပုံကိုပြောင်းသွားမှာဖြစ်ပါတယ်။ 
ပုံ..၎
ဒီအပေါ်က ပုံ ကိုမြင်ရပြီးဆိုရင် တော့ Block List ကို နှိပ်ပြီးထပ်ဝင်ပေးပါ အောက်ပါပုံကို ပြောင်းသွားမှာဖြစ်ပါတယ်။ 
ပုံ..၅
ပုံ..၆
အပေါ်ကပုံထဲက ဥပမာ နံပါတ်လေးကိုကြည့်ပါ တကယ်လို့  သင့် အနေနဲ့  Unblock အဖြစ် Block ထားတဲ့ နံပါတ်တွေကို ပြန်ဖွင့်ပေးလို့ ရတာကိုလဲ ပြထားပေးပါတယ်။ ကဲ့ Viber အသုံး ပြု ကြသောမိတ်ဆွေအပေါင်းတို့  အဆင်ပြေကြပါစေဗျား။ 
ဒီ နည်းကို ကျနော် WikiHow ဝက်ဆိုဒ်ထဲမှာ ကြည့်ပြီးကိုယ်ဆိုင် စမ်းလုပ်ကြည့်ပြီးမှ တင်ပေးလိုက်တာပါ မူရင်း ကိုသွားရောက်ကြည့်လိုပါက ဒီကနေသွားပါ
http://www.wikihow.com/Block-Mobile-Numbers-in-Viber
Credit:Than min naing..
No comments:
Post a Comment