★Pages And Wordpress Site★

Saturday, April 18, 2015

.ASUS..✌AIS Lava Phone မြန်မာစာသွင်းနည်း✌

မင်္ဂလာပါ AIS ဖုန်းလေးတွေ ဈေးတော်တော်နဲ့ သုံးလို့ကောင်း
တာမို့ လူကြိုက်များလာပါတယ် သူ့မှ နဂိုက Unicode
ပါပြီးသားမို့ မြန်မာစာပေါ်ပေမယ့် စာမမှန်တဲ့အတွက်
ဇော်ဂျီ ဖောင့်သွင်းချင်တဲ့ ညီအကိုတွေအတွက် ကျနော်
လေ့လာမိသလောက်လေး ပြန်မျှဝေပေးချင်ပါတယ်
ဒီဖုန်းတွေက Version 4.4.2တွေနဲ့ပေမယ့် Root
ဖောက်ရ အရမ်းလွယ်တာမို့ ပြမနေပဲ မြန်မာစာ
သွင်းနည်းပဲ ရွေးပြပေးပါမယ် အဓိက ကတော့
FontChange နဲ့ထည့်တဲ့အခါ ထိုင်းစာပျောက်ခြင်း
English စာပျောက်ခြင်း စတဲ့ ပြသနာနဲ့ ယပင့် ကပ်တဲ့
ပြသနာတွေ ရှိပါတယ် အခု ကျနော် ပြောတဲ့နည်းကတော့
100%error ကင်းပါတယ် ယုံကြည်တယ်ဆို လိုက်ခဲ့ပါ ������
Root အတွက် KingRoot ကိုသုံးပါ နှစ်ခါသုံးခါလောက်ဆို
အဆင်ပြေသွားမှာပါ မဖောက်ခင် ဖုန်း
Setting ထဲက About ကိုသွားပါ
Build Number ကို 7ချက်လောက်
နိုပ်ပါ စာကြောင်းလေးပေါ်လာရင် အဲ့ကထွက်ပါ
Setting ထဲမှာ Developer Options ဆိုတာလေး
ဆက်တိုက်ပိုလာပါပြီ အဲ့ထဲဝင်လိုက်ပါ USB debugging
ဆိုတာရှာပြီး အမှန်ခြစ်ပေးလိုက်ပါ ပြီးမှ KingRoot
ထဲဝင်ပြီး သော့ပုံလေးနိုပ် ပေး အ၀ိုင်းလည်တာကြာရင်
ပြန်ထွက် Setting App manager ထဲဝင်ပြီး
KingRoot ကို Clear data လုပ်ပြီး ပြန်ဖောက်ပါ
ဖုန်းပိတ်သွားလည်း ဘာမှမဖြစ်ပါ ပြန်ဝင်ပြန်ဖောက်ပါ
နှစ်ခါလောက်ပဲ လုပ်ရပါတယ်

ဒီကနေဒေါင်းပါ➳ ➳ ➳ http://pc.cd/uAy7

ကဲ အမှန်ခြစ်ပေါ်လာရင် တော့ Root အောင်ပါပြီ
ဖုန်းထဲမှာ KingUser လေးတစ်ခုပိုလာပါလိမ့်မယ်
မြန်မာစာအတွက် ကတော့
RootExplorer ကိုသုံးပါမယ်
မရှိသေးရင် ဒီကယူပါ ဗျာ

>>> http://pc.cd/4QJ7

ပြီးရင်တော့မြန်မာဖောင့်အတွက် ဒီ
ttfလေးကို ဒေါင်းထားလိုက်ပါ ရှာရလွယ်အောင် ရွေ့ထားခြင်း နေရာ
မှတ်ထားပေးပါနော်

ဒ်ီကဒေါင်းပါ padauk.ttf
>>> http://pc.cd/mRJ7

ဒေါင်းပြီးရင်တော့ RootExplorer ကို
ဖွင့်ပါ အောက်နားက Systems ဖိုဒါထဲ
ဝင်ပါ ပြီးရင် Fonts ခန်းထဲထက်ဝင်ပါ
Ok .ttf နဲ့ ဆုံးတဲ့ ဖောင့်အများကြီးရှိတယ်
ထားလိုက် အစောက ဒေါင်းထားတဲ့
ttfကို Stoarge မှာ လိုက်ရှာပါ တွေ့ရင်
ကြာကြာလေး ဖိထားလိုက်ပါ ဘောက်တစ်ခု တက်လာရင် move သို့ Copy
ဆိုတာလေးနိုပ်ပါ ကဲ System Fonts
ခန်းထဲပြန်သွားလိုက်ပါ ရောက်ရင် အောက်နားက
Move H -Copy H ကိုနိုပ်ပါ ဘောက်တစ်ခု
တက်လာရင် ok သာနိုပ်ပေးပါ ပြောင်း
ရွေ့ပြီး သွားရင်တော့ ဖုန်းကို Restart
ချပေးလိုက်ပါ ဖုန်းပြန်တက်လာရင်
မြန်မာစာ မလွဲပဲ ကျန်တဲ့ စာတွေ လုံးဝ
ပျက်ဆီးခြင်း မရှိပဲ အသုံးပြုခွင့်ရပါပြီ
ပြီးပြီနော်
ဒီအောက်ကတော့ အနည်းငယ် ကလိတက်
သူများအတွက် လမ်းညွန်ပါ ဒါက ကျနော်တို့
နဂိုက Unicode ပါပြီးသားကို အခုက
ဇော်ဂျီဖောင့် ပြောင်းထည့်တာမို့ Uni
ပြန်သုံးချင်ရင် နဂိုအတိုင်း ပြန်ရှိချင်ရင်တော့ ကျနော့်နည်းလေးက firmware
ပြန်တင်ရန်မလိုပဲ ၀ယ်လာတဲ့ ဖောင့်အတိုင်း
အချိန်မရွေးပြန်လည် ထားရှိလို့ရမှာပါ
FontChange တွေနဲ့ သုံးရင်တော့ ဒီအခွင့်အရေး ရမှာမဟုက်ပါ ဒါဆို ဘယ်လိုပြန်လုပ်ရမလည်း ဗျ ဆိုရင်
လွယ်ပါတယ် အထက်ကနည်းအတိုင်း
ttf မထည့်ခင်မှာ အရင် RootExplorer
နဲ့ Systems >>>Fonts ခန်းထဲမှာ
Padauk.ttf လေးကို Copy ကူးထားလိုက်ပါ
ပြီးရင်တော့ အထက်ကလို ဖောင့်သွင်းလို့ ရပါပြီ မိမိ Copy ကူးထားတာလေးတော့ မပျက်အောင် သိမ်းထားပါ
နဂိုအတိုင်းထားချင်တဲ့အခါ အထက်ကလိုပဲ
ပြန်ပြီးထည့်ပေးယုံနဲ့ နဂို Unicode တွေ
ပြန်မှန်သွားပါလိမ့်မယ် အဆင်ပြေအောင်တော့
ပုံလေးတွေနဲ့ ပြပေးပါတယ်

ပုံလေးတွေကို စာအုပ်အဖြစ်သိမ်းထား
ချင်ရင် ဒီလင့်ကဒေါင်းပါ
>>> http://pc.cd/zmJ7

ပုံလေးတွေကို apk အဖြစ်သိမ်းထားချင်ရင်တော့ ဒီလင့်ကဒေါင်းပါ
>>> http://pc.cd/FbJ7

(ကျနော်ပြောသလိုပဲလုပ်ပေးပါ တစ်ခြားဖောင့်တွေ တော့ ၀င်မကလိပါနဲ့ )အဆင်ပြေကြပါစေ

Credit:Org

Myartko Orange

No comments:

Post a Comment