RootExplorer ဆိုတဲ့ဆော့ဝဲလေးနဲ့ သူ့ရဲ့အသုံးဝင်ပုံလေးတွေကို တစ်ပိုင်းချင်းစီ တင်ပေးသွားပါမယ်။ အကုန်လုံးတစ်ပြိုင်တည်းတင်ပေးဖို့ အဆင်မပြေလို့ပါ။
၁။ root explorer အသုံးပြု၍ free space တိုးအောင်ပြုလုပ်နည်း။
ဒါကတော့ ဘာလည်းဆိုတော့ android ဖုန်းတစ်ချို့မှာ ကဒ်ထဲမှာလည်း ဘာမှထည့်မထားဘဲ storage ကိုကြည့်လိုက်ရင် နေရာတော်တော်စားနေတတ်ပါတယ်။ ဖိုင်မန်နေဂျာထဲကနေကြည့်တော့လည်း ဘာမှမရှိဘူး။ အဲ့ဒါက ဘာလည်းဆိုတော့ image တွေ video တွေရဲ့ thumbnail cache ဖိုင်မှာ တစ်အားနေရာယူနေလို့ပါ။ ဒါကိုဖြေရှင်းဖို့ root explorer ဆော့ဝဲကို အောက်မှာဒေါင်းပါ။ ပြီးရင်ဖွင့်လိုက်ပြီး root access တောင်းရင် allow or grant ပေးလိုက်ပါ။ ပြီးရင် အပေါ်နားက rw ဖြစ်နေတာလေးကိုနှိပ်ပြီး ro လို့ပြောင်းပေးပါ။ ပြီးရင် sd card ကိုရောက်အောင်သွားပြီး Dcim ဖိုလ်ဒါ ကိုရှာပါ။ တွေ့ရင်အထဲကိုဝင်ပြီး .thumbnail ဆိုတဲ့ folder ကို ဖိထားပြီး delete လုပ်ပေးလိုက်ပါ။ sdcard ကော internal sd ပါ ဖျက်ချင်ရင်တော့ storage ဆိုတဲ့အထဲကိုဝင်လိုက်ပါ။ အဲ့မှာ sdcard 1 နဲ့ sdcard 0 ဆိုပြီး ၂ ခုတွေ့ပါမယ်။ တစ်ခုက internal ဖြစ်ပြီး တစ်ခုကတော့ external ပေါ့။ စမ်းကြည့်လိုက်ပါ
https://www.dropbox.com/s/1kkte7uq9egzdbh/Root_Explorer_2.13.2.apk?dl=1
အဆင်ပြေပါစေ
No comments:
Post a Comment