သင့်ရဲ့ Android Phone , Tablet တို့မှာ မတော်တဆ ဓါတ်ပုံတွေကို ဖျက်မိသွားတဲ့ အဖြစ်အပျက်မျိုး ဖြစ်ဖူးကြမှာပါ။ အဲဒီအတွက်တော့ စိတ်ပျက်စရာမလိုပါဘူး။ Android Device တွေမှာ မှားဖျက်မိတဲ့ ဓါတ်ပုံများကို ပြန်လည်ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ တစ်ခုအရေးကြီးတာက မှားဖျက်မိတာကို သိတာနဲ့ အလျှင်အမြန် ပြန်ရှာဖို့လိုပါတယ်။
ဓါတ်ပုံ၊ သီချင်း နဲ့ ဖိုင်များကို ဖျက်မိတဲ့အခါမှာ ဖုန်းထဲကနေ ချက်ချင်း ပျောက်သွားတာမဟုတ်ပါဘူး။ ဒေတာအသစ်တွေ ၀င်ရောက်လာမှသာ အဲဒီမှားဖျက်မိတဲ့ ဖိုင်တွေကို အမှန်တကယ် ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒေတာအသစ်တွေ မ၀င်လာအောင် အရင်ဆုံး သင့်ဖုန်းမှာ WiFi နဲ့ Mobile Data ကို ပိတ်ပါ။
မှတ်ချက်။ ။ အခုဖြော်ပမယ့် နည်းလမ်းကို ပြုလုပ်ဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။
ပျောက်ဆုံးသွားတဲ့ ဓါတ်ပုံများကို ပြန်ရှာနည်း
Android Device မှာ ဓါတ်ပုံများကို ပြန်လည် ရှာဖွေနိုင်တဲ့ Programs များစွာ ရှိပေမယ့် Wondershare က ထုတ်တဲ့ Dr Fone for Android ရဲ့ ရလဒ်တွေက ကျေနပ်စရာဖြစ်ပါတယ်။ အဲဒီ Program ကို အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
Or
http://www.androiddata-recovery.com/download-now-free.php#wondershare
Dr fone ကိုwindow pc မှာအင်စတော့လုပ်ဖွင့်ပါ
သင့်ရဲ့ စမတ်ဖုန်းကို USB ကြိုးကနေ တစ်ဆင့် ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။ ဖုန်းမှာ USB Debuggng ကို Enable လုပ်ပေးထားရပါမယ်။ မလုပ်ရသေးရင် Settings> Developer Options ထဲသွားပြီး USB Debugging ကို Enable လုပ်ပါ။ ( Developer Options ကို သင့်ဖုန်းရဲ့ Settings ထဲမှာ မတွေ့ရရင် Settings> About Phone ထဲသွားပြီး Build Number ကို ထပ်ခါ ထပ်ခါ နှိပ်ပါ။ Developer Options ကို Enable လုပ်ပြီးကြောင်း
Notifaction တက်လာမှာဖြစ်ပါတယ်
Dr Fone က သင့်ဖုန်းနဲ့ ချိတ်ဆက်မိပြီဆိုရင် ရှာဖွေချင်တဲ့ ဖိုင်အမျိုးအစားကိုရွေးပေးရမှာပါgallry
ကိုရွေးပေးပါ။
နောက်အဆင့်မှာတော့ Deleted Files or All Files ကိုရွေးချယ်ရမှာပါ။ မှားဖျက်မိတဲ့ ဓါတ်ပုံတွေကို ရှာဖွေဖို့အတွက် Deleted Files ကိုရွေးချယ်ပေးပါ။ ဖုန်းမှာ Superuser Permission တောင်းခံရင် Accept လုပ်ပေးပါ။
ပြီးရင်တော့ Dr Fone က သင့်ဖုန်းကို Scan လုပ်မှာပါ။ သင့်ရဲ့ ဖုန်းမှာ Screen အချို့ ပေါ်ထွက်လာပြီး ဖုန်းဟာ Reboot ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းထားပေးပါ။ Dr Fone က သင့်ဖုန်းမှာ အလုပ်များ နေတာဖြစ်ပါတယ်။
Dr Fone က သင့်ဖုန်းကို Scan လုပ်ပြီးရင် ဖျက်ဆီးမိတဲ့ ဖိုင်များကို ပြပေးမှာပါ။ ပြန်လည်ရယူချင်တဲ့ ဖိုင်များကို Check Box မှာ ရွေးချယ်ပေးပြီး Recover ခလုတ်ကို နှိပ်ပေးပါ။
Android Device များမှာ ဓါတ်ပုံများ မှားဖျက်မိရင် Dr Fone ကို အသုံးပြုပြီး ဒီနည်းအတိုင်း ပြန်လည်ရယူနိုင်ပါတယ်။ သတိပြုစရာတစ်ခုက သင့်ဖုန်းမှ အရေးကြီး ဖိုင်များ၊ ဒေတာများကို ကွန်ပြူတာ၊ Portable Memory Stick, Drive တို့မှာ အမြဲတစ်စေ Backup ပြုလုပ်ထားသင့်ပါတယ်။
Ref:DJTL မှမျှဝေပါသည်။
No comments:
Post a Comment