မင်္ဂလာပါ;;;
ဆော့ဝဲအလန်းလေးတွေ့လို့မျှဝေ ပေးလိုက်ပါတယ်။သူငယ်ချင်းတို့်
ကိုယ့်ဖုန်းက နေSMS ပို့လိုက်တဲ့ ဖုန်းက ဘယ်ကိုရောက်နေတယ်ဆိုတာ မသိချင်ဘူးလား။
.
.
ဒီ App လေးရဲ့ အဓိက ရည်ရွယ်ချက်က
- စိတ်ပူတက်တဲ့ မိဘတွေ အနေနဲ့ သူတို့ရဲ့ ကလေး ဘယ်ရောက်နေလဲ။
- ဂရုစိုက်တက်သူတွေအတွက် သူတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ ဘယ်မှာလဲ။
- Delivery လုပ်ငန်းတွေ အတွက် သူတို့ရဲ့ ယာဉ်တွေ ဘယ်ကိုသွားနေတယ်။
- သူငယ်ချင်းရဲ့ ကျပျောက်သွားတဲ့ ဖုန်း ဘယ်နားမှာလဲ။
ဆိုတာတွေကို အရေးပေါ်အခြေအနေမှာ ရှာနိုင်ဖို့ပေါ့ဗျာ ။
.
ပြီးတော့ အစိမ်းသက်သက်နေရာတစ်ခုမှာ မျက်စိလည်နေတယ် ဆိုရင်လဲ ကိုယ့်သယ်ချင်းတွေဆီ ရောက်နေတဲ့နေရာကို လှမ်းပို့ပြီး အကူအညီတောင်းလို့လဲ ရပါတယ်။
.
***သူငယ်ချင်းတို့ ကိုယ်တိုင်ရဲ့ ဖုန်းထဲမှာရော နောက်ပြီး ရှာချင်တဲ့ဖုန်းထဲမှာပါ ဒီ App လေးရှိဖို့တော့ဆိုတာတော့ ပြောဖို့လိုမယ် မထင်ဘူး***
.
အလုပ်လုပ်ပုံကဒီလိုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~
App ကိုဖွင့်ပြီး New Trace ကိုနှိပ်လိုက်တာနဲ့ Phone Number တစ်ခုတောင်းလိမ့်မယ်။ သယ်ချင်းရှာချင်တဲ့ ဖုန်းနံပါတ်ကိုထည့် ပြီးရင် Request Location ဆိုတာကိုနှိပ်။ ဒါဆိုရင် တစ်ဖက်က ဖုန်းထဲကို 3%eE@&1e ဆိုတဲ့ message လေး SMS ကနေပို့မှာပါ
.
တစ်ဖက်က ဖုန်းမှာ ဒီ App ရှိတယ်ဆိုရင် နောက်ပြီး GPS လဲဖွင့်ထားတယ်ဆိုရင် အဲ့ msg ဝင်လာတာနဲ့
****ဘယ်ဖုန်းနံပါတ်က မင်းကိုရှာနေတယ်ဆိုတာလေး အရင်ပြမယ်။****
ပြီးရင် GPS ရဲ့ Lat,Lon တန်ဖိုးတွေကို SMS ကနေ ပြန်ပို့ပေးမှာပါ။ GPS ပိတ်ထားတယ်ဆိုရင်လဲ ပိတ်ထားကြောင်း ပို့ပေးမှာပါပဲ။
.
Lat,Lon တန်ဖိုးတွေက ရှာတဲ့သူဘက်ကိုရောက်လာပြီ ဆိုရင် App ထဲမှာ ပို့တဲ့အချိန်ရယ်၊ Lat,Lon တန်ဖိုးတွေရယ်၊ ဘယ်လောက်ထိ တိကျမှုရှိတယ်ဆိုတာတွေကို Google Map နဲ့တကွ တွဲဖက် ထုတ်ပြပေးထားမှာပါ။ တကယ်လို့ သယ်ချင်းရဲ့ ဖုန်းက Screen Size သေးတယ်ဆိုရင်လဲ Google Map ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး Google Map Application ထဲမှာ အားရပါးရကြည့်ပေါ့ကွာ
.
သယ်ချင်းတို့ သတိထားရမှာ တစ်ခုက
SMS ကို အသုံးပြုတာဆိုတော့ ရှာတဲ့သူရော ရှာခံရတဲ့သူရော Msg တစ်စောင်စာ ကုန်မှာနော်။ ဆယ်ခါရှာမိရင် SMS ဆယ်စောင် ပို့မှာဖြစ်သလိုပဲ ဆယ်စောင်ပြန်လက်ခံရမှာပါ။ နှစ်ဘက်လုံးက ကုန်မှာနော် ။ ကျန်တဲ့ အချိန်တွေမှာ Internet မလိုပေမဲ့၊ Google Map မှာ မြင်ချင်တယ်ဆိုရင်တော့ Internet ဖွင့်ထားဖို့ လိုပါတယ်။

လိုအပ်မယ်ဆိုရင်တော့ Download ရယူလိုက်ပါ။လင့်အတူပါပဲ။
အဆင်ပြေပါစေ ။
Credit: Orguplo
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
No comments:
Post a Comment