★Pages And Wordpress Site★

Wednesday, August 5, 2015

Gallery Lock Pro Password မေ့နေသူတွေအတွက် Password အမှန် ပြန်ရှာနည်း

မင်္ဂလာပါ

ကျွန်တော်တို့ဟာ အခြားလူမမြင်စေချင်တဲ့ ဓါတ်ပုံနှင့် ဗွီဒီယိုများကို Application တွေသုံးပြီး သော့ခတ် သိမ်းတတ်ကြပါတယ်။ 

ကိုယ်ပေးထားတဲ့ Password မမှတ်မိတဲ့အခါ အဲဒီဓါတ်ပုံတွေ ဗွီဒီယိုတွေကို ပြန်ယူဖို့ အခက်အခဲရှိပါတယ်။

အခု ကျွန်တော်ပြောပြမှာက Gallery Lock Pro မှာ ကိုယ်ပေးထားတဲ့ Password ကို ပြန်လည်ရှာဖွေနိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်။ 

သိပြီးသားသူတွေအတွက်တော့ ဟာသဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ဒါကြောင့် မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

1. ပြုလုပ်မယ့်ဖုန်းဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်။

2. Root Explorer (File Manager) Aplication ရှိထားရပါမယ်။ 

မရှိသေးရင်တော့ အောက်မှာ Download ဆွဲလိုက်ပါ။



OR




3. Root Explorer ကို Install လုပ်ပြီးဖွင့်ပါ။ 

Superuser Request တောင်းရင် Grant နှိပ်ပေးလိုက်ပါ။

4. data ထဲကိုဝင်ပြီး နောက်တစ်ကြိမ် ထပ်တွေ့လာတဲ့ data ထဲကို ဆက်ဝင်ပါ။

5. com.morrison.gallerylock ထဲကို ဝင်ပြီး shared_prefs ကို ဖွင့်ပါ။

6. com.morrison.gallerylock_preferences.xml ကို Text Editor နဲ့ ဆက်ဖွင့်ပါ။

7. XML file ထဲက "pwd"> ရဲ့နောက်က နံပါတ်ဟာ သူငယ်ချင်းတို့ပေးထားတဲ့ Password ပဲဖြစ်ပါတယ်။

(ဥပမာ ဒါမျိုးလေးပေါ့… <string name="pwd">123456789</string>) အဲဒီ Password လေးကိုမှတ်ထားပြီး Gallery Lock Pro ကို ပြန်ဝင်ကြည့်ပါ။

မှတ်ချက်။     ။ XML file ထဲမှာ ဘာကိုမှ မပြင်မိပါစေနဲ့နော် Password ကြည့်ရုံသက်သက်ပါပဲ။

အဆင်​​ပြေပါ​စေဗျာ

✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ 


No comments:

Post a Comment