★Pages And Wordpress Site★

Saturday, August 22, 2015

myanmar mp3 apk

/မင်္ဂလာပါ။ နိုင်ငံတစ်ကာရှိ တေးချစ်သူများ အားလုံး မြန်မာအမ်ပီသရီး ၏ Android App ဗားရှင်းအသစ်ကို ဒေါင်းလုပ်ရယူနိုင်ပါပြီ။ 

ယခု ဗားရှင်အသစ်မှာ ပါဝင်တဲ့စနစ်သစ်တွေကတော့၊
၁) သီချင်းတွေကို အမျိုးအစားလိုက် လွယ်ကူစွာ ရှာဖွေနိုင်ခြင်း (ပေါ့၊ ရော့ခ်၊ မြန်မာသံစဉ်၊ ဟစ်ဟော့၊ တီးလုံး၊ ရေဒီယို ဇတ်လမ်းများ)

၂) မိမိတို့နားထောင်ခဲ့တဲ့ သီချင်းတွေကို အပတ်စဉ် သိမ်းဆည်းထားသော သီချင်း ဒိုင်ယာရီ စနစ်အသစ်

၃) သီချင်းတွေကို ပထမဦးဆုံး တစ်ခါ နားထောင်ပြီးလျှင် နောင်အခါများမှာ မိုဘိုင်း အင်တာနက်ကို အသုံးမပြုပဲ အလွယ်တကူ နားထောင်နိုင်ခြင်း

၎) လတ်တလော နားထောင်ထားသော သီချင်းများ နှင့် ဖုန်းပေါ်တွင် သိမ်းဆည်းထားသော သတင်းအချက်အလက်များကို လွယ်ကူစွာ ပယ်ဖျက်နိုင်ခြင်း နှင့်

၅) အဆိုတော်များကို အမျိုးသား၊ အမျိုးသမီး နှင့် အဖွဲ့အလိုက် လွယ်ကူစွာ ရှာဖွေနိုင်ခြင်း တို့ဖြစ်ပါတယ်။

မြန်မာအမ်ပီသရီး Android App ကို မိုဘိုင်းဖုန်များပေါ်မှာသာ အသုံးပြုနိုင်ရန်အတွက်သာ ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်တဲ့အတွက် Tablet များပေါ်မှာ အသုံးပြုမယ်ဆိုရင်တော့ လောလောဆယ်မှာတော့ အဆင်ပြေမှာ မဟုတ်ပါဘူး

။ မြန်မာအမ်ပီသရီး App ကို Android ဗားရှင်း 4 နှင့်အထက် ဖုန်များမှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး မြန်မာလိုပြောင်းရန်အတွက် ဗားရှင်း 4.3 လိုအပ်ပါတယ်။

 ဒီဗားရှင်း အသစ်မှာ ယခင်ကလိုအပ်ချက်များကို စုစည်းပြီး ပြုပြင်မှုများ ဆောင်ရွက်ထားသော်လည်း စမ်းသပ်ကာလဖြစ်တဲ့ အတွက် အခက်အခဲများကတော့ ရှိနေအုံးမှာ ဖြစ်ပါတယ်။ 

ကြုံတွေ့လာတဲ့ မပြေလည်မှုများကို တတ်အားသ၍ ကျေးဇူးပြုပြီး ယခု ဖေ့စ်ဘွတ် (သို့) မြန်မာအမ်ပီသရီး ဝက်ဆိုက်မှတဆင့် ပေးပို့ကူညီပေးနိုင်ပါတယ်။




အသုံးပြုရ​အောင်​မျှ​ဝေပါသည်​။

★ ♪ ★ ♪ ★ ♪ ★ ♪ ★ ♪ ★ ♪ ★ ♪ ★ 




No comments:

Post a Comment