ညီ..
အမှန်တကယ်က ဖေ့ဘုက်အကောင့်ဆိုတာ
တန်ကြေးမရှိပါဘူးကွာ
တန်ကြေးရှိတာက သုံးနေတဲ့လူတစ်ယောက်ရဲ့ အမူအကျင့်
မင်းအနေနဲ့ဖေ့ဘုက်
အကောင့်တခုယူတတ်လိုက်ရုံနဲ့
ဟက်ကာမဟုက်ဖူးလေကွာ
Recovery ,ဆိုတာ အကူမဲ့နေတာကို
ဖြေရှင်းပေးတာ စေတနာပါတယ်ကွာ
ကိုယ်သိတိုင်းတလွဲအသုံးချနေတဲ့
လူရဲ့လက်ထဲရောက်သွားရင်
အဲ့ဒါ recovery , ဗန်းပြနဲ့ သူခိုးပဲ
Hack ,နည်းတွေရှေ့ရှေ့ဆရာတွေ
ဘာလို့ချခဲ့လည်းသိလား
ယိုပေါက်တွေပြခဲ့တာ .. နည်းပညာထိုးထွင်းမြင်ပါစေတော့ဆိုပြီးတော့ပေါ့ ... ဒါကိုတချို့က သိတယ်
ဥပမာ သားရေးသမီးရေးကိစွတွေ
Recovery ,လှန်ပြီး
အကြောင်းအရာတချို့သိလိုတဲ့အတွက်
အကူအညီပေးကြတယ်
Sex page ကိုင်တွယ်ပြီးညစ်ငြမ်းပေ့စ်တွေ
ဖြေရှင်းပေးကြတယ်
ဒါrecovery ကိုကောင်းကျိုးအသုံးချတာပါ။
အလိုမကျတိုင်းခိုးယူနေတာက
ခိုးတတ်တာပါ ဟက်ကာမဟုက်ဖူးလေနော့ သတိချပ်
(စာအုပ်ကြီးအတိုင်းချပေးထားတဲ့
Recovery , hack နည်းအပုံအပင်ပါ
တကယ်လုပ်ရင် စာတတ်ဖို့မလိုပါဘူး
ခိုးတတ်တယ် စိတ်ဓာတ်ပိုင်းတွေ
မပြည့်ဝရင် မင်းဟာ ဟက်ကာတော့
မဖြစ်ဖူး ဘယ်လောက်တတ်တတ်
ခိုးရတာအရသာတွေ့နေရင် သူခိုးပြဲဖစ်မှာပါ )
ဟက်ကာဖြစ်ချင်တယ်
ဘယ်လိုဟက်ကာဖြစ်ချင်တာလည်း
ဟက်ကာဆိုတာဘာလည်း
အရင်သိအောင်လုပ်
အကိုသိတာကတော့ ဟက်ကာဆိုတာ
ခက်ခဲခြင်းနဲ့ အလျင်းမလွယ်ကူ
သောကိစ္စ မှန်သမျှ ထိုးထွင်းကြံဆ
ပြုပြင်ဖန်တီးပေးသူ စိတ်နှလုံးမွန်မြတ်သူ တည်ငြိမ်သူ
ပညာရပ်တခုကိုဆုံးခန်းတိုင်
သိမ်မွေ့စွာအောင်နိုင်သူ တဲ့
ကွာတယ်နော်
ဟက်ကာနဲ့ခရက်ကာ
ခရက်ကာဆိုတာက ဖျက်လိုဖျက်စီး
လုပ်တဲ့သူတဲ့ ထူးချွန်ပေမဲ့ အဆိုးဖက်မယ်နေတယ် ... ဒါဘာလို့လည်း စိတ်ဓာတ်ပေါ့
သူ့ရဲ့ပင်ကိုယ်စိတ်ကို မထိန်းသိမ်းနိုင်တော့ လမ်းမှားကိုရောက်အောင်ပို့ခံရတာ
လောဘမြိုက်တာပါမယ် မောဟ..
ပြီးတော့ ကျော်ကြားလိုမှု ဒါတွေနဲ့ပြည့်နေတဲ့စိတ်ဟာ
ဖြူစင်တဲ့ဟက်ကာတွေအတွက်
နာမည်ပျက်ရသလို ဟက်ကာဆိုရင်
မသိနားမလည်သူတွေက
သူခိုးထင်ကုန်တာပေါ့။
မြန်မာပြည်နည်းပညာကအခုမှ
လူရာဝင်မလိုရှိသေးတယ်
ဖေ့ဘုက်ကိုဖြင့် security မနိုင်သေးဘူး အကောင့်ခိုးနည်းက
အရင်တောင်းနေပြီ ... မသိခင်တော့
ပေးပါအုံးဆရာတို့ရယ် ဟိုဟာအတွက်
ဒီဟာအတွက် အဲ သိလည်းသိရော
Profile ,ပုံမိန့်မိန့်ကြီးတင်
သူခိုးအကြီးစားဆိုဒ်ဖမ်းတော့တာ
ဟွင်း ဟွင်း .. ဟုဟု ..သောက်ဆန်းကြီးဟ နဲ့ မသိရင်သူပဲ
အကုန်ထထွင်ထားသလိုလို
.. အောက်ကအချို့ကလည်း
ငါ့မကိုက်ပြီးရော
ဆာ .. ကွီးနဲ့ ပင့်ပင့်ပေးရော
သကောင့်သားခိုးတတ်တာကို
ဖီးတွေတတက်ပြီးတော့ ..တောင်မရောက်မြောက်မရောက်ဖြစ်
ဟိုကိစ္စလိုလိုဒီကိစ္စလိုလို
အုံဖွဲ့နေတတ်ကြတာကလား
ဘာမှလည်းဟုက်တာမဟုက်ဖူး
ဘာတေပက်ရှာလှည့်လာတုန်းတော့မသိဘူး ... လက်ထဲရောက်ပြီးမှ
လွတ်လိုက်ရတဲ့ web ကြီးကွာနဲ့
လုပ်လိုက်သေးတယ် .... ကျယ်တာကျယ်တာ ... ဒီဖတ်ပြန်လာလှည့်အော် ဆြာကြီးပေါ့ဗျာ
အာ့လိုရီးများမြင်ရင်လေ
ကျုပ်တော့အူးရားတာလက်ကုန်ပဲ
ဟက်ကာဆိုတာတွေကျော်ကြားသမျှ
လိုက်ဖတ်ကြည့်တဲ့အခါ
ထောင်ရယ် သူခိုးရယ် စိတ္တဇသမားရယ်
အရူးရယ် ... ရူးသွားတဲ့လူတွေပဲတွေ့တယ်ဗျာ
လွန်ခဲ့တဲ့၅ရက်လောက်ကဖတ်မိလိုက်ရတဲ့ သတင်းတပုဒ်မယ်ဆို
ဟက်ကာတယောက်ရဲ့ထောင်သက်
တန်း ၄၀၀ နီးပါးရှိရဲ့ ....
နောက်ကျနော်လက်တွေ့
သုံးလာတဲ့(fb)တလျှောက်
ဟက်ကာလိုင်းကွဆိုတဲ့ fri တော်တော်များကို သတိထားကြည့်မိတာ မိုက်ရိုင်းတယ်
အတ္တဆန်တယ် ... အုံးနောက်မူမမှန်ဘူး
တင်သမျှပို့ဆိုရင် .. မသောကျားသော
ဘုန်းကြီးရောနားမလည်ဘူး
ရိုင်းပျတာ ...
ပြီးတော့သူတို့စိတ် အကြိုက်လှမ်းပြီး
အလိုမရောက်တဲ့အခါကျတော့
ပေါင်းမိလိုက်ရင် အရေးမကြီးတာကို
အရေးတကြီးလုပ်ချင်တယ်
တကယ်အရေးကြီးတာ ကို
မစဉ်းစားမတွေးခေါ်နိုင်တော့ဘူး
အလှမ်းကျယ်အလယ်လပ်ပေါ့ဗျာ
အင်းတော်အူးမယ်ဗျာ
မောပြီ တချို့အမြင်လေးတွေ
ဒီမယ်တင်ရပ်နေစိုးမို့ ရေးပြလိုက်တာပါ
ဒါပဲညီ အကောင့်ကလူတိုင်းဖွင့်တတ်နေပါပြီ
သူ့ရဲ့အမူအကျင့်နဲ့ပြယုဒ်ကို
မင်းမှခိုးမရတာ report and recovery
ဆိုတာ မင်းအတွက် သူခိုးအမည်မခံမိပါစေနဲ့လို့
အကြံပေးခဲ့ပါရစေ
အားလုံးကိုလေးစားလျှက်
Myartko Orange
မှန်တာပေါ့ အကိုရ
ReplyDelete