★Pages And Wordpress Site★

Tuesday, August 16, 2016

Qualcomm Imei & Sim invalid Solution

..............................................................

Qualcomm ဖုန်းတွေ  firmware တင်ပြီးရင် sim မသိတော့တာတွေဖြေရှင်းချင်သူများအတွက်ရည်ရွယ်ပြီးရေးလိုက်ပါတယ်

လုပ်နည်းကတော့ အမျိုးမျိုးရှိပါတယ်

bootloader unlock မလိုပါဘူး

အောက်ပါနည်းလမ်းတွေထဲက

ကျနော်  OFFICIAL UPDATE.APP ကိုခွဲထုတ်ပြီးပြန်ထည့်တဲ့နည်းလမ်း

ကိုပြသွားပါ့မယ်  OEM(BOOTLOADER  ကို မFLASH ရသေးရင်ရပါတယ်)

1  block backup & restore( အကောင်းထဲက ဆွဲထုတ်ပြီး ပြန်ထည့်တာ  အန္တရယ်များပါတယ်)

2 imei backup & restore (qpst)

3  DFS TOOL

4  IMEI  ပိုင်းကို ဆွဲထုတ်ပြီး  HEX နဲ့ပြင်တာ

5  OFFICIAL UPDATE.APP ကိုခွဲထုတ်ပြီး
    ပြန်ထည့်တာ

.................................................................


လိုင်းမတက်ရခြင်းအကြောင်းရင်းက

buildnumber အနှိမ့်အမြင့်ကြောင့်ဖြစ်သလို

region ကြောင့်လဲ sim မသိခြင်းများဖြစ်တက်ပါတယ်

ဥပမာ  u6 u00 နဲ့ ပြပါမယ်

G6-U00V100R001C541B122  ဒါဆို မြန်မာနိုင်ငံ REGIONပါ
(C541) က  region ပါ
b122 က buildnumberပါ

ဟုတ်ပြီ အပေါ်က (G6-U00V100R001C541B122)  ဒီ firmwareကို

ကျနော်တို့  (G6-U00,Android 4.3,Emot=ion UI,V100R001CHNC17B192)
firmware  တင်မိပြီဆိုပါဆို့

sim 1  မသိတဲ့ error ဖြစ်သွားပါမယ်

ဘာလို့လဲ  regionအမှန်(C541B122) နဲ့  အမှား(C17B192)  လွှဲသွားလို့ပါ

အဲ့တော့ ကျနော်တို့ အမှန် C541B122  ပြန်တင်ရင်  firmware update fail ပါမယ်

ဒါဆို လုပ်လို့မရတော့ဘူးလားဆိုတော့  ရပါတယ်

ဘယ်လိုလုပ်မလဲ

....................................................................................................................................................

လိုအပ်တဲ့  software တွေက

1. block တွေ  အကြောင်း နားလည်ဖို့လိုပါမယ်ဒါဆိုရပါပြီ

2. Huawei Hacker toolkit

3.  hex editor

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(1. block တွေ  အကြောင်း နားလည်ဖို့လိုပါမယ်ဒါဆိုရပါပြီ)

block တွေ  ဘယ်လိုစစ်မလဲကြည့်ရအောင်

block တွေ ကြည့်ဖို့အတွက်  ကျနော်တို့ ဖုန်းတွေမှာ

root access ရှိဖို့တော့လိုပါတယ်

root လုပ်ပါ

ပြီးရင်  adb folder ထဲကို

shift+right click နှိပ်ပါ

open control window here ကိုနှိပ်ပါ

adb devices

adb shell

su

ls dev/block/platform

ls -al /dev/block/platform/msm_sdcc.1/by-name

ဒါဆို ဘယ် block  ဘယ် partition မှာ ဘာပါလဲဆိုတဲ့ list တစ်ခုကျလာပါပြီ

ဒါဆို ကျနော်တို့ အလုပ်ဆက်လုပ်လို့ရပြီ

ဘယ် block  ဘယ် partition မှာ ဘာပါလဲဆိုတဲ့

အသိရှိသွားရင် ကျနော်တို့  ပြန်ထည့်လို့ရပြီပေါ့

////////////////////////////////////////////////////////////////////////////////////////////

ဘယ် block  ဘယ် partition မှာ ဘာပါလဲဆိုတဲ့ list  ကြည့်လို့ရပြီဆို
ကျနော်တို့ block ပြန်ထည့်ရအောင်

ဒီနည်းလမ်းက block ပြန်ထည့်တယ်ဆိုပေမဲ့

တစ်ခြားအကောင်းတစ်လုံးထဲကနေ  backup ယူပြီး ပြန်ထည့်မှာ မဟုတ်ပါဘူး

bootloader unlock မလုပ်ထားတဲ့ အလုံးတွေဆို အလွန်တရာမှ  အန္တရယ်များပါတယ်

ကျနော်မသုံးပါဘူး

huawei update.app ထဲကနေ ယူသုံးတဲ့နည်းလမ်းပဲ ပြပါမယ်

official  နည်းလမ်းဖြစ်တဲ့အတွက်  bootloader unlock မဖြစ်လဲရပါတယ်

ကဲစရအောင်

huawei hacker toolkit ကို

downloads ဆွဲပါ

G6-U00_Firmware_V100R001C541B122  ဒီ firmware ထဲက

update.app ကို ဆွဲထုတ်ပြီး huaweihacker toolkit ထဲကို ထည့်လိုက်ပါ

ပြီးရင် huaweihackertoolkit ကိုဖွင့်ပါ

့BOX တစ်ခုတက်လာပါမယ်

တက်လာတဲ့ BOX နေရာက browse နေရာကို နှိပ်ပြီး

ခုနက ထည့်ထားတဲ့ update.app ကို ရွေးပေးလိုက်ပါ

ပြီးရင်  unpack ကို နှိပ်ပါ

update ဆိုတဲ့  folder ထဲမှာ  update.app

ကိုဖြည်ချထားတဲ့ ဖိုင်တွေတွေ့ ရပါလိမ့်မယ်

တစ်ဖိုင်ချင်းကို  hex editor နဲ့ လိုက်ဖွင့်ကြည့်ပါ

တစ်ခုက  file_08.body  နဲ့ပေါ်ပါမယ်

တစ်ခုက extension မရှိတာနဲ့ပေါ်ပါမယ်   (file_08)  အဲ့လိုပါ

ဖွင့်ကြည့်တဲ့အချိန်မှာလဲ KB နဲတာကိုပဲဖွင့်ကြည့်ပါ  or   extension မရှိတာကိုပဲဖွင့်ကြည့်ပါ

ဒါဆို  kb နဲတာ extension မရှိတာက  file_08  ပါ

g6 ကိုဖြည်လိုက်တော့  

file_08  က  modem  လို့ရေးထားတာတွေ့ရပါလိမ့်မယ်


file_12  က  modemst1 ပါ


file_13 က modemst2 ပါ

အဲ့တော့  ကျနော်တို့ update.app  ကို ခွဲထုတ်လိုက်လို့ ထွက်လာတဲ့ ဖိုင်တွေထဲက

ဘယ်နေရာ  ဘယ်ဖိုင်က ဘာ တွေဆိုတာသိသွားပြီ

file_08  က  modem

file_12  က  modemst1

file_13 က modemst2

ဟုတ်တယ်နော်

အဲ့တော့  ကျနော်တို့ ဖိုင်တွေယူလိုက်ကြရအောင်

ခုနက  အပေါ်မှာ ကျနော်ပြောခဲ့တာ ကြည့်ရင် kb နဲတာ extension မရှိတာကို  ကြည့်ရတယ်

ခုဖိုင်ယူပြီဆိုရင်တော့   extension ရှိတာ kb များတာကိုပဲယူရပါမယ်

အဲ့တော့  

file_08.body   modem

file_12.body  modemst1

file_13.body  modemst2


ဒီဖိုင်တွေကိုယူပြီး  folder တစ်ခုထဲမှာ အတူတူထားလိုက်ပါ

ပြီးရင် rename ပြောင်းလိုက်ပါ

file_08.body  ကို  modem.img


file_12.body  ကို  modemst1.img

file_13.body ကို  modemst2.img

လို့ပြောင်းလိုက်ပါ


ဒါဆို ကျနော်တို့ update.app  ထဲကဆွဲထုတ်ထားတဲ့ဖိုင်တွေကို့ဖုန်းမှာ ပြန်ထည့်လို့ရပါပြီ

ပြန်ထည့်မယ်ဆိုတော့  အထက်က ကျနော်တို့ကြည့်ခဲ့တဲ့ block  partition တွေကို ပြန်ကြည့်ရအောင်

ကြည့်လိုက်တော့

modem က   block 11ပါ

modemst1 က block9 ပါ

modemst2 က block 10 ပါ

ဒါဆို ကျနော်တို့ comment ရိုက်ပြီး ထည့်ပါမယ်

ကျနော်တို့ထည့်ချင်တဲ့ ဖိုင်တွေကို  ဖုန်းထဲကို ဒါရိုက်ထည့်လို့မရပါဘူး

temp(ယာယီ) ဖိုင်အနေနဲ့ အရင်ထည့်ရပါတယ်

ပြီးမှ   su permissiom တောင်းပြီး သက်ဆိုင်ရာ block ထဲကို အပြီးသက်ထည့်ရပါတယ်


ဆက်ရအောင်

ကျနော်တို့ထည့်ချင်တဲ့ဖိုင်သုံးဖိုင်ကို  temp ဖိုင်အနေနဲ့ ပို့လိုက်ကြရအောင်


adb push modem.img /data/local/tmp
adb push modemst1.img /data/local/tmp
adb push modemst2.img /data/local/tmp

သဘောကတော့  data/local/tmp ထဲမှာ ခနထည့်ထားမယ်လို့ပြောတာပါ

ဒါဆို tmp ဖိုင်ထဲရောက်သွားပါပြီ

ပြီးရင်  su permission ခေါ်ရအောင်

adb shell
su

su permission ခေါ်ပြီးရင်

ကျနော်တို့ tmp(ယာယီ) ထဲမှာထည်.ထားတဲ့ ဖိုင်တွေကို သက်ဆိုင်ရာ block ထဲ ကို အပြီးသက်ထည့်လိုက်ကြရအောင်

ဒီလိုထည့်မဲ့အချိန်မှာ

comment က အမျိုးမျိုးရှိပါတယ်

cat comment သုံးတာ

dd comment သုံးတာ

ခု ကျနော်ပြမှာ  dd comment ပါ


dd if=/data/local/tmp/modem.img of=/dev/block/mmcblk0p11

dd if=/data/local/tmp/modemst1.img of=/dev/block/mmcblk0p9

dd if=/data/local/tmp/modemst2.img of=/dev/block/mmcblk0p10

သဘောကတော့  ကျနော်တို့ tmp(ယာယီ) /data/local/tmp/modem.img  ထည့်ထားတဲ့ ဖိုင်တွေက သက်ဆိုင်ရာ  block (/dev/block/mmcblk0p11)နဲ့ ညီမျှပါတယ်ဆိုတာကို

ကြေငြာပေးတာပါ


ပြီးရင်တော့  

adb reboot ပေါ့ဗျာ


စက်ပြန်တက်လာရင်  သင့်ဖုန်းလေး  လိုင်းတက်နေတာတွေ့ရပါလိမ့်မယ်


g730  u30 firmware မှားလို့ imei null တာလဲ

ဒီနည်းအတိုင်း အောင်မြင်ပါတယ်


post နဲ့ ပါတ်သက်ပြီး မရှင်းတာ သိချင်တာရှိရင်မေးလို့ရပါတယ်

နောင်လဲ အဆင်သင့်သလို  mtk post တင်ပေးပါအုံးမယ်


''သင်တက်မြှောက်သွားလျှင်  သင်တော်လို့

သင်မတက်မြှောက်သေးလျှင် ကျွနိုပ်ညံ့လို့''





pdf  လိုချင်  ဒီမှာဒေါင်းပါ

DOWNLOAD


Credit..New star mobile



No comments:

Post a Comment