Programmatic display ad မှာ RTB ကို အသုံးပြုထားခြင်းက အသုံးပြုသူတွေကို ဘယ်လိုသက်ရောက်မှုတွေ
ရှိနိုင်မလဲ ?
(၁) Display Ads နဲ့ Programmatic Advertising မှ ငွေရအောင် လုပ်ဖို့အတွက် User တွေဟာ Ad Space လွတ်နေတဲ့ Website တွေဆီ လာအောင်လုပ်ပေးရပါမယ်။ ဒီလိုသာဖြစ်မယ်ဆိုရင်တာ့ SSP (Supply Side Platform) ကနေ bid request ကို လှုံ့နှိုးပေးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ဒါဟာ programmatic technology ရဲ့ လုပ်ဆောင်ချက် အပိုင်းအစတစ်ခုဖြစ်ပြီး Publisher တွေက သူတို့ရဲ့ Ad Space တွေကို Programmatic Advertising ဖြင့် စီမံခန့်ခွဲနိုင်မှာပါ။
(၂) SSP ဟာ အပေါ်မှာ ပြောပြထားသလို Bid Request ကို DSP (Demand Side Platform) သို့ ဖြတ်စေပါတယ်။ ဒါဟာလည်း System ရဲ့ လုပ်ဆောင်ချက်ထဲ အပါအဝင်ဖြစ်တာမို့လို့ Advertiser တွေကို Google AdWords Display နဲ့အခြား Site တွေရဲ့ Network ပေါ်မှာရှိတဲ့ Ad exchanges ထဲက Bid လုပ်ထားတာတွေနဲ့ data exchange တွေကိုစီမံခန့်ခွဲဖို့အတွက် အကူအညီပေးပါတယ်။ Google Double Click’s Bid Mananger ဟာဆိုရင်တော့ DSP ရဲ့ ဥပမာတစ်ခုပါပဲ။ Audience targeting လုပ်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို အသုံးပြုပြီး Real-time bidding ကို ad exchange တွေမှာ အသုံးပြူဖို့ လုပ်ပေးပြီး Google AdWords လိုမျိုးပဲ KIP တွေမှာ ပိုကောင်းမွန်စေဖို့အတွက်ကိုလည်း လုပ်ဆောင်ပေးပါတယ်။ (ဥပမာ-cost per click or cost per action)
(၃) အကယ်၍ ကြော်ငြာရှင်တွေပြုလုပ်တဲ့ Campaign တွေဟာ Targeting နဲ့ ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်းအခြေခံထားတဲ့ ဈေ.းနှုန်းတွေ၊ ကြော်ငြာနေရာလစ်လပ်နေမှု၊ ကြော်ငြာရဲ့ပုံစံတွေနဲ့ အသုံးပြုသူတွေကိုထပ်တူညီစေဖို့ ပြုလုပ်ပေးပါတယ်။ ဒီအပြင် သူတို့ bit လုပ်ထားတာတွေဟာလည်း SSP ကို DSP နဲ့လိုက်ပြီး တင်သွင်းနိုင်ပါတယ်။
(၄) အသုံးပြုသူနဲ့ ကိုက်ညီလိုက်ဖက်မှုအရှိဆုံးဖြစ်တဲ့ Campaign ရဲ့ Bit ကတော့ Auction မှာ အနိုင်ယူနိုင်မှာပဲဖြစ်တယ်။ ဆိုလိုတာက Display ad တွေဟာ အသုံးပြုသူတွေ Page ပေါ်ရောက်နေပြီဆိုတာ သိနိုင်အောင် Publisher တွေရဲ့ Site နဲ့ ပူးပေါင်းပြီးသားဖြစ်သွားပါလိမ့်မယ်။
ဒီအရာတွေအကုန်လုံးဟာ (၁၀၀) မီလီစက္ကန့်အတွင်းမျာတင်ဖြစ်ပျက်နိုင်ပြီး ဒီဘက်ကသိနေတယ်ဆိုတာ User တွေဆီမှာ သွားမပေါ်နေပါဘူး။ အသုံးပြုသူတွေရဲ့ ဘက်မှာတော့ GDN ဒါမှမဟုတ် Programmatic Ad ပေါ်မှာရှိတဲ့ အခြေခံ Display Ad တွေရဲ့ခြားနားချက်ကို ကွဲကွဲပြားပြားမသိနိုင်ပါဘူး။
Google AdWords Display network ဟာ DSP နဲ့ အမျိုးအစားပဲလား?
GDN ဟာ DSP နဲ့ Optimization Tools နဲ့ Performance Metrics တွေလို တူညီတဲ့အချက်တွေ ရှိနေသော်လည်း Demand Side Platform မှာတော့ အကွာကြီးကွာနေပါတယ်။ Demind side Platform ဆိုတာလည်း ကြားနေရောင်သူဖြစ်နိုင်ပါတယ်။ အခြေခံ Google AdWords display အတွက် GDN ထဲက Website ထဲကို ဝင်လိုက်တဲ့အချိန် Programmatic ကို ရောက်သွားတဲ့အခါ ဒီ network ထက်ပိုပြီး ဝင်ရောက်နိုင်စေပါတယ်။
DSP နဲ့ Programmatic နှစ်ခုပေါင်းလိုက်တဲ့အခါ online Advertising Game တွေမှာ ပေါ်နိုင်တဲ့ Human Error တွေကို ဖယ်ထုတ်ပေးနိုင်တဲ့အပြင် ကုန်ကျစရိတ်ကိုလည်း လျော့နည်းစေနိုင်တဲ့အတွက် Driving Conversations မှာ Bid လုပ်ထားတာတွေက ပိုပြီး တန်ဖိုးရှိသွားပါတယ်။
Programmatic Advertising ဟာ Real-time Bidding ပဲလား?
Programmatic Advertising နဲ့ Real-time Bidding တို့ရဲ့ ဆိုလိုရင်းဟာ အနည်းငယ်တော့ ရှုပ်ထွေးစေနိုင်ပါတယ်။ သူတို့တွေကို အပြန်အလှန်သုံးနေတယ်ဆိုတာဟာလည်း Programmatic Advertising ဟာ RTB ကို အသုံးပြုတဲ့ပေမယ့် တကယ်တမ်းတော့ ဒီထက်ပိုပြီး နက်နဲနေပါတယ်။ RTB ဆိုတာ Aution ရဲ့ နည်းလမ်းလို့ ဆိုလို့ရရုံသာဖြစ်တယ်။ Programmatic ဟာ RTB ရဲ့လုပ်နိုင်စွမ်းအားကို အကျယ်ဖြန့်လိုက်ခြင်းလို့ နားလည်ထားကြပေမယ့် အမှန်မှာတော့ Programmatic Advertising ရဲ့ ပုံစံအမျိုးမျိုးပဲဖြစ်ပါတယ်။
Open Auction/ Open Marketplace - ဒီ auction နည်းလမ်းကတော့ RTB ကို အပေါ်ကနည်းလမ်းအတိုင်း အသုံးပြုထားတာပါ။ ကိုယ်ပိုင် Metrit မှာရှိတဲ့ Impression တစ်ခုချင်းစီတိုင်းကို တန်ဖိုးဖြတ်ပေးပြီး လက်တွေ့အသုံးပြုတဲ့အချိန်မှာ Open Auction ဖြစ်တဲ့အတွက် Pre-buying လည်း လုပ်စရာမလိုတော့ပါဘူး။
Private Marketplace – Publisher နဲ့ သီးသန့်သဘောတူထားတဲ့အရာတွေ ရှိပါတယ်။ ဒါကို PMPs လို့ နယ်ပယ်တွင်းကလူတွေက ခေါ်တတ်ကြတယ်။ တိုက်ရိုက်ဝယ်ယူတဲ့ပုံစံမျိုးလို အသွင်ဆောင်နိုင်ပါတယ်။ Open auction တွေမှာရှိတဲ့ RTB က စွန့်စားရာကျပေမယ့် ကြော်ငြာရှင်တွေကတော့ Website ပေါ်မှာရှိတဲ့ ad space တွေရဲ့ ချက်ကျတဲ့နေရာတွေကို ဝယ်ယူချင်နေတုန်းပါ။ အကယ်၍ ခင်ဗျားရဲ့ Product ဒါမှမဟုတ် Service ဟာ တိကျတဲ့ Publisher ရဲ့ Site မှာ ပိုများတဲ့ Traffic အားအလုံးအရင်းနဲ့ ရစေနိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်။ Online စာစောင်မှာ Fashion ကဏ္ဍပါသလိုမျိုပဲ နယ်ပယ်တစ်ခုအတွင်း သူနဲ့သက်ဆိုင်တဲ့ အစုခွဲလေးတွေ ပါနေပြီးသားဖြစ်မှာပါ။ သီးသန့်သဘောတူညီထားတဲ့အတိုင်း အသေးစိတ် ad space တွေရဲ့ Impression Value တွေကို Programmatic advertising က စမ်းစစ်ကြည့်နိုင်ပါတယ်။ ဒါဟာ one to one model အတွက် Real auction မပါတဲ့ Purchasing Ad Space ဖြစ်ပါတယ်။ Publisher နဲ့ ညှိကတည်းကိုက တိကျတဲ့ဈေးနှုန်းတစ်ခုကို အရင်စဉ်းစားထားဖို့တော့ လိုအပ်ပါတယ်။
သီးသန့်သဘောတူထားမှုတွေရဲ့ Programmatic Handling တွေဟာ Proposal တင်နေတဲ့အချိန်မှာ ကောင်းကောင်းကျော်ဖြတ်နိုင်ဖို့ Targeted Data နဲ့ KPIs တွေအတိုင်း လူကိုယ်တိုင်လုပ်ခြင်းထက် ပိုမိုကောင်းမွန်စေတဲ့အပြင် ကြော်ငြာကိုစတင်ထုတ်လွှင့်လိုက်တာနဲ့ လုပ်ဆောင်ခြင်းကိုရပ်တန့်လိုက်နိုင်ပြီး Ad Space ဟာ Open Auction Market ထဲသို့ ပြန်ဝင်သွားမှာဖြစ်ပါတယ်။ PMP ကတော့ ကြော်ငြာရှင်တွေကို Site မှာ ပိုတိကျတဲ့ အပိုင်းလေးရအောင်လို့ ကူညီပေးတာ ပိုသင့်လျော်ပါတယ်။
Unreserved Fixed - ပြောင်းလဲထားတဲ့ ပတ်ဝန်းကျင်ကို ကိုင်တွယ်ဖို့အတွက်ဖြစ်ပေမယ့် CPC (cost per clike) ဒါမှမဟုတ် CPM (cost per impression) အတွက် တိကျတဲ့ဈေးနှုန်းတစ်ခုအတွက်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ဒီအချက်ကတော့ Publisher တွေ သတ်မှတ်ထားတဲ့အချက်ဖြစ်ပြီး Spot Buying လို့ ခေါ်လေ့ရှိကြပါတယ်။
Display ads တွေ ဖန်တီးမှုကို အထူးပြုတဲ့လူတွေအတွက်ကတော့ Programmatic ဟာ Creative Ad Development တွေအတွက် လမ်းဆုံးဖြစ်သွားမှာကို စိုးရိမ်ကြပေမယ့် Google Media Lab နဲ့ Double Click တို့ရဲ့ ဗီဒီယိုတွေဟာ Programmatic Advertising ကဘာလဲဆိုတာကို နားလည်နိုင်ဖို့ ကူညီပေးတာကို တွေ့ရတယ်။
ပထမဦးဆုံး Programmatic Advertising Campaign ကို စလုပ်တော့မယ်ဆိုရင်တော့ Google ရဲ့ Introductory guide ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Google AdWords display advertising နဲ့ programmatic display မှာ ဘယ်ဟာကို သုံးသင့်လဲ ?
Display Advertising ဆိုတာ Google AdWords GDN တို့လို Performance အားကောင်းတဲ့ platforms တွေကို အသုံးပြုပြီး Audience အသစ်တွေရှာလို့ရနိုင်ပြီး Brand Awareness အတွက်ရယ် လိုအပ်တဲ့ Data တွေကို ရှာဖွေစုဆောင်းဖို့အတွက်ရယ်တို့မှာ အသုံးပြုနိုင်ပါတယ်။ ခိုင်မာတဲ့ Data တွေကို အလုံအလောက်ရရှိသွားပြီ၊ Paid Search, Display Network နဲ့လည်း ရင်းနှီးနေပြီဆိုရင်တော့ Campaign တွေကို ပိုကောင်းအောင်စီစဉ်နိုင်ပြီး Creative တွေကို ကောင်းကောင်းပြုလုပ်နိုင်မှာပါ။ Campaign Characteristics တွေနဲ့ User တွေကို Programmatic Real-time Bidding Auctions ထဲ ကွက်တိသွားကျအောင် ကိုယ်ကိုယ်တိုင်ကိုက အချက်အလက်တွေကို ထဲထဲဝင်ဝင် သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။
Display Advertising မှာ Limit တစ်ခုကိုလည်း ရောက်သွားပြီ၊ ဒါပေမဲ့ ဒီထက်ပိုပြီး အပြောင်းအလဲတွေ လိုချင်တဲ့အတွက် ပိုတိကျတဲ့ data တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ Programmatic ဟာ အကောင်းဆုံး Tool ပါပဲ။ Efficiency ပိုကောင်းကောင်းရမယ်၊ Human Error
တွေပိုနည်းမယ်၊ Relevancy ပိုကောင်းလာတဲ့အတွက် Banner Blindness
အတွက်ေဖြေရှင်းချက်တွေကိုတော
င် တစ်ခါတစ်ရံရှာတွေ့နိုင်ပါသေးတယ်။
GDN ဟာ Behavioral Targeting အပိုင်းမှာ Google AdWords ထက်ပိုသာနေတဲ့အတွက် Behavioral data အပိုင်းမှာ Programmatic ဟာ ပိုပြီးရှင်းရှင်းလင်းလင်းနဲ့အသုံးဝင်စေတယ်။ Site တွေကိုလည်း ပိုပြီး စုံစုံလင်လင်ဖြစ်သွားတဲ့အတွက် ROI ကို Improve လုပ်ဖို့အတွက် အသုံးပြုနိုင်မယ့် Consumer တွေရဲ့ Data တွေကို မတူညီတဲ့ ရှုထောင့်တွေကနေ မြင်ရစေပါတယ်။
အခုမှ Programmatic အပိုင်းကို စလုပ်မယ့် စီးပွားရေးလုပ်ငန်းတွေအတွက်ကတော့ စစချင်း ဘယ်ကနေဘယ်လိုစရမှန်းမသိဖြစ်တာတို့၊ ဘယ် Software ကို အသုံးပြုရမလဲ ရေရေရာရာမသိတာတို့ဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း Programmatic Advertising အပိုင်းအတွက် အတွေ့အကြုံရှိပြီးသား ကြောငြာ Agency တွေကို ငှားရမ်းကြတာဖြစ်ပါတယ်။ အကယ်၍သင်ဟာ PPC Campaign အတွက် Google AdWords Display ကို အသုံးပြုဖို့ စဉ်းစားထားတယ်ဆိုရင်တော့ Paid Traffic အတွက် AdWordws Experts တွေနဲ့ ရင်းနှီးအောင် လုပ်ထားပါလို့ အကြံပေးချင်ပါတယ်။
Credit to Nza ads_help
No comments:
Post a Comment